ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် နေ့စဉ်သွားလာရာ၌ လုံခြုံမှုမရှိသည့်အခြေအနေကို ခံစားနေရပြီး ယခင်ထက် ပိုမိုဂရုစိုက်နေထိုင်သွားလာနေကြရ
929
သန့်ဇင် (NP News) - ဇွန် ၂၇
ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် နေ့စဉ်သွားလာရာ၌ လုံခြုံမှုမရှိသည့် အခြေအနေကို ခံစားနေရပြီး ယခင်ထက်ပိုမိုဂရုစိုက် နေထိုင်သွားလာနေကြရကြောင်း NP News က ဆက်သွယ် မေးမြန်းစုံစမ်းထားသည့် အချက်အလက်များအရ သိရသည်။
၂၀၂၂ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၃ နှစ်စပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင် လုယက်မှုဖြစ်စဉ်များ၊ ဓားပြ တိုက်ခံရမှု ဖြစ်စဉ်များနှင့် ခါးပိုက်နှိုက်ခံရမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားဖြစ်ပွားလာခဲ့ကြောင်း မေးမြန်းထားသည့် အချက်အလက် များနှင့် ကာယကံရှင်ကိုယ်တိုင်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမျှဝေမှုများအရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့၌ ခါးပိုက်နှိုက်ခံရမှု၊ လုယက်မှုဖြစ်စဉ်များသည် ယခင်ကထက်ပိုမိုများပြားလာပြီး လူသွားလူလာ များသောနေရာများ၊ ဘတ်စကားမှတ်တိုင်များနှင့် ဘတ်စကားများပေါ်တွင် အများစု ဖြစ်ပွားလျက်ရှိကြောင်း သိရကာ အုပ်စုဖွဲ့(သို့မဟုတ်)တစ်ဦးချင်း ကျူးလွန်လျက်ရှိကြောင်း သိရသည်။
အထက်ပါလုယက်မှုများ၊ ခါးပိုက်နှိုက်မှုဖြစ်စဉ်များ တိုးမြင့်လာသည့်အပေါ် နေ့စဉ်အများ ပြည်သူ သုံးယာဉ်များကို အလုပ်သွားအလုပ်ပြန် စီးနင်းနေရသူများအနေဖြင့် စိုးရိမ်မှုများ ပိုမိုကြီးမားလာပြီး ယခင်ထက်ပိုမို သတိထားနေကြ ရကြောင်း NP News က မေးမြန်းထားသည့် သတင်းအရင်းအမြစ်များက ဆိုသည်။
“အဓိကအချက်ကတော့ ရုံးသွားရုံးလာပေါ့။ အထူးသဖြင့် မိန်းကလေးတွေပိုပြီးကြောက်လာတယ်။ နောက်ပြီး လူအသွားအလာပြတ်တဲ့ နေရာတွေ၊ ညဘက်ပြန်ရင် မီးပျက်တဲ့ အဲဒီလိုနေရာမှာ ဒီလိုဖြစ်စဉ်တွေက ပိုပြီး ကြောက်လန့်ရတယ်။ စက်ဘီးရှိရင် စက်ဘီးလုတာမျိုး ရှိတယ်။ ဆွဲကြိုးရှိရင် ဆွဲကြိုး၊ နားကပ် အတင်းတောင်းလု တာတွေရှိတာပေါ့နော်။ အဲဒါကြောင့် အိမ်ကနေ ဦးလေးတို့၊ အဖေတို့၊ အစ်ကိုက လာစောင့်ပြီးကြိုနေရတဲ့ အနေ အထားတောင်ဖြစ်နေတာတွေတွေ့ရတယ်။ နောက်ပြီးတော့လည်း လူတွေက ဖုန်းပဲဖြစ်ဖြစ်၊ ပိုက်ဆံပဲဖြစ်ဖြစ်ကို အရင်ကလောက် ယုံကြည်စိတ်ချပြီး မသယ်ရဲတော့ဘူး။ ကားစီးရင်တောင် ဘတ်စကားမှာ လူများလာရင် ကြောက်လာကြတယ်” ဟု အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ထိုသို့ စိတ်မလုံခြုံမှုများ တိုးမြင့်လာသည့် အခြေအနေကြောင့် ဝန်ထမ်းအချို့မှာ ၎င်းတို့နေအိမ် နှင့် နီးစပ်သည့် အလုပ်ဌာနများသို့ ပြောင်းရွှေ့သည့် အနေအထားများကိုပင် တွေ့မြင်လာရကြောင်း ၎င်းကဆိုသည်။
“အခုနောက်ပိုင်းဆို ပိုပြီးသိသာတယ်။ ပန်းဆိုးတန်းက ဘတ်စကားမှတ်တိုင်တွေမှာ အရင်တုန်းက ကြိတ်ကြိတ်တိုး ဖြစ်နေရာကနေ အခုတော့ ကျီးလန့်စာ စားပုံစံမျိုးလို ငါအလုပ်ပြီးရင် အိမ်ပြန်ရမယ်။ အိမ်မှာလူကြီးတွေက စောင့်နေမှာ ငါတို့လမ်းက လူပြတ်တယ်။ အကုန်လုံးနီးပါက ကျီးလန့်စာစားပုံစံမျိုး၊ အကြောက်တရားနဲ့ ပုံစံမျိုးနေရ တာပေါ့။ ဘယ်လောက်ထိတောင် စိုးရိမ်လာကြလဲဆိုရင် တချို့ဆို အရင်က အလုပ်အကိုင်အဆင်ပြေနေတဲ့ လုပ်ငန်းခွင်တွေကနေ သူတို့အိမ်တွေနဲ့နီးစပ်တဲ့ အလုပ်တွေ ဆီကို ပြောင်းတဲ့အထိ ဖြစ်လာကြတယ်။ သန်လျင်မှာ နေတယ်ဆိုရင် သူတို့နဲ့နီးစပ်တဲ့ သာကေတတို့ ဒေါပုံတို့ နေရာတွေမှာ အလုပ်စမ်းပြီးလျှောက်ကြည့်ပြီး အဆင်ပြေရင် အဲဒီမှာပဲပြောင်းပြီးလုပ်ကိုင်သွား ကြတာ များတယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် ခါးပိုက်နှိုက်ခံရမှုများကို ဒေသခံ ပြည်သူများအပြင် သာသနာ့နွယ်ဝင် သံဃာတော်နှင့် သီလရှင်အချို့လည်း ကြုံတွေ့နေရပြီး ထင်ရှားသည့် ဖြစ်စဉ်တစ်ခုအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘတ်စကားပေါ်တွင် သီလရှင်(၂)ပါး ၏ ဖုန်း(၂)လုံး ခါးပိုက်နှိုက်ခံခဲ့ရကာ သီလရှင်(၂)ပါးက ခါးပိုက်နှိုက် ထံမှ ဖုန်းကို ပြန်လည်တောင်းယူခဲ့ရကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသား ထားသည်။
အလားတူ လူမှုကွန်ရက် Facebook စာမျက်နှာထက်၌ ကာယကံရှင် သံဃာတော်အချို့၏ ရေးသားမျှဝေထားချက် များအရ သံဃာတော်များပင်လျှင် အများပြည်သူသုံး ဘတ်စကားများထက်တွင် ဖုန်းနှင့် ဝတ္ထုငွေ ခါးပိုက်နှိုက်ခံ ရသည့်ဖြစ်စဉ်များရှိနေကြောင်းသိရပြီး အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများသည် စားဝတ်နေရေး အခက်အခဲများကြောင့် ကိုယ်ကျင့်တရားပျက်ပြားလာခဲ့ပြီး အထက်ပါကဲ့သို့ ကျူးလွန်ခြင်းဖြစ်ကြောင်း ဆရာတော် တစ်ပါးက သုံးသပ်မိန့်ကြားသည်။
“ဒီဘတ်စကားတွေပေါ်မှာ ဦးဇင်းတွေ၊ ဆရာလေးတွေ ခါးပိုက်နှိုက်ခံရတာတွေက အရင်ကလည်းဖြစ် Online တွေမရှိလို့သာပေါ့။ တွေ့ကြုံ နေရတွေ တွေ့ရတယ်။ အရင်က ဘုန်းကြီးကျောင်းတွေမှာလည်း လာလိမ်တာတွေရှိ တယ်။ ဒါကဘာဖြစ်တာလဲဆိုတော့ ကုန်ဈေးနှုန်းကြီးမြင့်လာတော့ ဝင်ငွေထွက်ငွေ မမျှတတဲ့အခါမှာ အူမ မတောင့် ခြင်းကြောင့် သီလစောင့်ဖို့ခက်ခဲတယ်ဆိုတာ သွားတွေ့ရတာပါ ဟု အထက်ပါဆရာတော်က မိန့်ကြားသည်။
ယခုနောက်ပိုင်းဖြစ်ပေါ်လာသည့် လုယက်မှု ဖြစ်စဉ်များသည် စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းများရှားပါးလာမှုများနှင့် အများစု သက်ဆိုင်ကြောင်း ပရဟိလုပ်ငန်းများလုပ်ကိုင်နေသူ ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
“ညပိုင်းတင်မဟုတ်ဘူး။ နေ့ပိုင်းတွေပါ လုယက်ခံလာရတဲ့အတွက် စိတ်လုံခြုံမှုမရှိဘဲ အားလုံး ကနေထိုင်နေကြ ရတယ်။ အခုနောက်ပိုင်းမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေကျပ်တည်းလာတဲ့အတွက် ဒါတွေဖြစ်လာတာ ကလည်း သိပ်တော့မထူးဆန်းဘူးပေါ့နော်။ မြို့ခံလူထုက စိတ်မပျော်ရွှင်ဘူးဆိုတာတော့ အကုန်လုံးကမြင်နေရ တာဖြစ်တဲ့အတွက် ထင်တာတောင်မဟုတ်ဘူး။ ဘာလို့ဆို အခုနောက်ပိုင်းက ပွဲလမ်းသဘင်လည်းရှားလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးလည်း ကျပ်တည်းလာတာကလည်း မပျော်ရွှင်မှုတွေဖြစ်လာစေတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုနောက်ပိုင်းကာလများ၌ နေအိမ်ဖောက်ထွင်းခိုးယူခြင်းများလည်း ယခင်ထက်ပိုမို များပြားလာသော ကြောင့် အိမ်များ၊ တိုက်ခန်းများနှင့် ဈေးဆိုင်များ၏ လုံခြုံမှုကို ယခင်ထက်ပိုမိုလုံခြုံစေရန် ဆောင်ရွက်လာကြ ကြောင်း တွေ့မြင်ရသည်။
“အခုနောက်ပိုင်းမြင်ရတာကတော့ တိုက်ခန်းလှေကားတွေကို သော့တွေခတ်လာကြတယ်။ စက်ဘီးတွေဘာတွေ သိမ်းတယ်ဆိုရင်တောင် ပိုပြီးလုံခြုံအောင်သိမ်းလာကြတယ်။ အခုက တော်ရုံတန်ရုံ သိမ်းလို့မရတော့ဘူး။ ရေစက် မော်တာတွေတောင်မှ အရင်ထက်ပိုပြီးတော့ လုံခြုံအောင်လုပ်လာကြတယ်။ လုံခြုံရေးကို ပိုပြီးတော့ သတိထား လာကြတဲ့သဘောပေါ့ ဗျာ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် နေထိုင်သူ ဦးမောင်မောင်ကျော်က ဆိုသည်။
အလားတူ မန္တလေးမြို့တွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ရွှေဆိုင်ဓားပြတိုက်ခံရမှုများ၊ ဖုန်းဆိုင် များနှင့် ကား၊ ဆိုင်ကယ် လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့် ကာ သွားလာနေရကြောင်း ဒေသခံများက ထုတ်ဖော်ပြောခဲ့ဖူးသည်။
Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားအေနျဖင့္ ေန႔စဥ္သြားလာရာ၌ လုံၿခဳံမႈမရွိသည့္အေျခအေနကို ခံစားေနရၿပီး ယခင္ထက္ ပိုမိုဂ႐ုစိုက္ေနထိုင္သြားလာေနၾကရ
သန႔္ဇင္ (NP News) - ဇြန္ ၂၇
ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားအေနျဖင့္ ေန႔စဥ္သြားလာရာ၌ လုံၿခဳံမႈမရွိသည့္ အေျခအေနကို ခံစားေနရၿပီး ယခင္ထက္ပိုမိုဂ႐ုစိုက္ ေနထိုင္သြားလာေနၾကရေၾကာင္း NP News က ဆက္သြယ္ ေမးျမန္းစုံစမ္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၂ ခုႏွစ္ကုန္ပိုင္းႏွင့္ ၂၀၂၃ ႏွစ္စပိုင္းမွ စတင္ကာ ရန္ကုန္ၿမိဳ႕တြင္ လုယက္မႈျဖစ္စဥ္မ်ား၊ ဓားျပ တိုက္ခံရမႈ ျဖစ္စဥ္မ်ားႏွင့္ ခါးပိုက္ႏႈိက္ခံရမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားျဖစ္ပြားလာခဲ့ေၾကာင္း ေမးျမန္းထားသည့္ အခ်က္အလက္ မ်ားႏွင့္ ကာယကံရွင္ကိုယ္တိုင္က ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေရးသားမွ်ေဝမႈမ်ားအရ သိရသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕၌ ခါးပိုက္ႏႈိက္ခံရမႈ၊ လုယက္မႈျဖစ္စဥ္မ်ားသည္ ယခင္ကထက္ပိုမိုမ်ားျပားလာၿပီး လူသြားလူလာ မ်ားေသာေနရာမ်ား၊ ဘတ္စကားမွတ္တိုင္မ်ားႏွင့္ ဘတ္စကားမ်ားေပၚတြင္ အမ်ားစု ျဖစ္ပြားလ်က္ရွိေၾကာင္း သိရကာ အုပ္စုဖြဲ႕(သို႔မဟုတ္)တစ္ဦးခ်င္း က်ဴးလြန္လ်က္ရွိေၾကာင္း သိရသည္။
အထက္ပါလုယက္မႈမ်ား၊ ခါးပိုက္ႏႈိက္မႈျဖစ္စဥ္မ်ား တိုးျမင့္လာသည့္အေပၚ ေန႔စဥ္အမ်ား ျပည္သူ သုံးယာဥ္မ်ားကို အလုပ္သြားအလုပ္ျပန္ စီးနင္းေနရသူမ်ားအေနျဖင့္ စိုးရိမ္မႈမ်ား ပိုမိုႀကီးမားလာၿပီး ယခင္ထက္ပိုမို သတိထားေနၾက ရေၾကာင္း NP News က ေမးျမန္းထားသည့္ သတင္းအရင္းအျမစ္မ်ားက ဆိုသည္။
“အဓိကအခ်က္ကေတာ့ ႐ုံးသြား႐ုံးလာေပါ့။ အထူးသျဖင့္ မိန္းကေလးေတြပိုၿပီးေၾကာက္လာတယ္။ ေနာက္ၿပီး လူအသြားအလာျပတ္တဲ့ ေနရာေတြ၊ ညဘက္ျပန္ရင္ မီးပ်က္တဲ့ အဲဒီလိုေနရာမွာ ဒီလိုျဖစ္စဥ္ေတြက ပိုၿပီး ေၾကာက္လန႔္ရတယ္။ စက္ဘီးရွိရင္ စက္ဘီးလုတာမ်ိဳး ရွိတယ္။ ဆြဲႀကိဳးရွိရင္ ဆြဲႀကိဳး၊ နားကပ္ အတင္းေတာင္းလု တာေတြရွိတာေပါ့ေနာ္။ အဲဒါေၾကာင့္ အိမ္ကေန ဦးေလးတို႔၊ အေဖတို႔၊ အစ္ကိုက လာေစာင့္ၿပီးႀကိဳေနရတဲ့ အေန အထားေတာင္ျဖစ္ေနတာေတြေတြ႕ရတယ္။ ေနာက္ၿပီးေတာ့လည္း လူေတြက ဖုန္းပဲျဖစ္ျဖစ္၊ ပိုက္ဆံပဲျဖစ္ျဖစ္ကို အရင္ကေလာက္ ယုံၾကည္စိတ္ခ်ၿပီး မသယ္ရဲေတာ့ဘူး။ ကားစီးရင္ေတာင္ ဘတ္စကားမွာ လူမ်ားလာရင္ ေၾကာက္လာၾကတယ္” ဟု အဆိုပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေလ့လာေစာင့္ၾကည့္ေနသူတစ္ဦးက ေျပာသည္။
ထိုသို႔ စိတ္မလုံၿခဳံမႈမ်ား တိုးျမင့္လာသည့္ အေျခအေနေၾကာင့္ ဝန္ထမ္းအခ်ိဳ႕မွာ ၎တို႔ေနအိမ္ ႏွင့္ နီးစပ္သည့္ အလုပ္ဌာနမ်ားသို႔ ေျပာင္းေ႐ႊ႕သည့္ အေနအထားမ်ားကိုပင္ ေတြ႕ျမင္လာရေၾကာင္း ၎ကဆိုသည္။
“အခုေနာက္ပိုင္းဆို ပိုၿပီးသိသာတယ္။ ပန္းဆိုးတန္းက ဘတ္စကားမွတ္တိုင္ေတြမွာ အရင္တုန္းက ႀကိတ္ႀကိတ္တိုး ျဖစ္ေနရာကေန အခုေတာ့ က်ီးလန႔္စာ စားပုံစံမ်ိဳးလို ငါအလုပ္ၿပီးရင္ အိမ္ျပန္ရမယ္။ အိမ္မွာလူႀကီးေတြက ေစာင့္ေနမွာ ငါတို႔လမ္းက လူျပတ္တယ္။ အကုန္လုံးနီးပါက က်ီးလန႔္စာစားပုံစံမ်ိဳး၊ အေၾကာက္တရားနဲ႔ ပုံစံမ်ိဳးေနရ တာေပါ့။ ဘယ္ေလာက္ထိေတာင္ စိုးရိမ္လာၾကလဲဆိုရင္ တခ်ိဳ႕ဆို အရင္က အလုပ္အကိုင္အဆင္ေျပေနတဲ့ လုပ္ငန္းခြင္ေတြကေန သူတို႔အိမ္ေတြနဲ႔နီးစပ္တဲ့ အလုပ္ေတြ ဆီကို ေျပာင္းတဲ့အထိ ျဖစ္လာၾကတယ္။ သန္လ်င္မွာ ေနတယ္ဆိုရင္ သူတို႔နဲ႔နီးစပ္တဲ့ သာေကတတို႔ ေဒါပုံတို႔ ေနရာေတြမွာ အလုပ္စမ္းၿပီးေလွ်ာက္ၾကည့္ၿပီး အဆင္ေျပရင္ အဲဒီမွာပဲေျပာင္းၿပီးလုပ္ကိုင္သြား ၾကတာ မ်ားတယ္” ဟု ၎ကဆိုသည္။
ထို႔ျပင္ ခါးပိုက္ႏႈိက္ခံရမႈမ်ားကို ေဒသခံ ျပည္သူမ်ားအျပင္ သာသနာ့ႏြယ္ဝင္ သံဃာေတာ္ႏွင့္ သီလရွင္အခ်ိဳ႕လည္း ႀကဳံေတြ႕ေနရၿပီး ထင္ရွားသည့္ ျဖစ္စဥ္တစ္ခုအေနျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းက ဘတ္စကားေပၚတြင္ သီလရွင္(၂)ပါး ၏ ဖုန္း(၂)လုံး ခါးပိုက္ႏႈိက္ခံခဲ့ရကာ သီလရွင္(၂)ပါးက ခါးပိုက္ႏႈိက္ ထံမွ ဖုန္းကို ျပန္လည္ေတာင္းယူခဲ့ရေၾကာင္း လူမႈကြန္ရက္ Facebook စာမ်က္ႏွာထက္တြင္ ေရးသား ထားသည္။
အလားတူ လူမႈကြန္ရက္ Facebook စာမ်က္ႏွာထက္၌ ကာယကံရွင္ သံဃာေတာ္အခ်ိဳ႕၏ ေရးသားမွ်ေဝထားခ်က္ မ်ားအရ သံဃာေတာ္မ်ားပင္လွ်င္ အမ်ားျပည္သူသုံး ဘတ္စကားမ်ားထက္တြင္ ဖုန္းႏွင့္ ဝတၳဳေငြ ခါးပိုက္ႏႈိက္ခံ ရသည့္ျဖစ္စဥ္မ်ားရွိေနေၾကာင္းသိရၿပီး အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားသည္ စားဝတ္ေနေရး အခက္အခဲမ်ားေၾကာင့္ ကိုယ္က်င့္တရားပ်က္ျပားလာခဲ့ၿပီး အထက္ပါကဲ့သို႔ က်ဴးလြန္ျခင္းျဖစ္ေၾကာင္း ဆရာေတာ္ တစ္ပါးက သုံးသပ္မိန႔္ၾကားသည္။
“ဒီဘတ္စကားေတြေပၚမွာ ဦးဇင္းေတြ၊ ဆရာေလးေတြ ခါးပိုက္ႏႈိက္ခံရတာေတြက အရင္ကလည္းျဖစ္ Online ေတြမရွိလို႔သာေပါ့။ ေတြ႕ႀကဳံ ေနရေတြ ေတြ႕ရတယ္။ အရင္က ဘုန္းႀကီးေက်ာင္းေတြမွာလည္း လာလိမ္တာေတြရွိ တယ္။ ဒါကဘာျဖစ္တာလဲဆိုေတာ့ ကုန္ေဈးႏႈန္းႀကီးျမင့္လာေတာ့ ဝင္ေငြထြက္ေငြ မမွ်တတဲ့အခါမွာ အူမ မေတာင့္ ျခင္းေၾကာင့္ သီလေစာင့္ဖို႔ခက္ခဲတယ္ဆိုတာ သြားေတြ႕ရတာပါ ဟု အထက္ပါဆရာေတာ္က မိန႔္ၾကားသည္။
ယခုေနာက္ပိုင္းျဖစ္ေပၚလာသည့္ လုယက္မႈ ျဖစ္စဥ္မ်ားသည္ စီးပြားေရးက်ပ္တည္းမႈ၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရွားပါးလာမႈမ်ားႏွင့္ အမ်ားစု သက္ဆိုင္ေၾကာင္း ပရဟိလုပ္ငန္းမ်ားလုပ္ကိုင္ေနသူ ရန္ကုန္ၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
“ညပိုင္းတင္မဟုတ္ဘူး။ ေန႔ပိုင္းေတြပါ လုယက္ခံလာရတဲ့အတြက္ စိတ္လုံၿခဳံမႈမရွိဘဲ အားလုံး ကေနထိုင္ေနၾက ရတယ္။ အခုေနာက္ပိုင္းမွာ စားဝတ္ေနေရးနဲ႔ အလုပ္အကိုင္ေတြက်ပ္တည္းလာတဲ့အတြက္ ဒါေတြျဖစ္လာတာ ကလည္း သိပ္ေတာ့မထူးဆန္းဘူးေပါ့ေနာ္။ ၿမိဳ႕ခံလူထုက စိတ္မေပ်ာ္႐ႊင္ဘူးဆိုတာေတာ့ အကုန္လုံးကျမင္ေနရ တာျဖစ္တဲ့အတြက္ ထင္တာေတာင္မဟုတ္ဘူး။ ဘာလို႔ဆို အခုေနာက္ပိုင္းက ပြဲလမ္းသဘင္လည္းရွားလာတယ္။ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ စီးပြားေရးလည္း က်ပ္တည္းလာတာကလည္း မေပ်ာ္႐ႊင္မႈေတြျဖစ္လာေစတာေပါ့” ဟု ၎က ေျပာသည္။
ထို႔ျပင္ ယခုေနာက္ပိုင္းကာလမ်ား၌ ေနအိမ္ေဖာက္ထြင္းခိုးယူျခင္းမ်ားလည္း ယခင္ထက္ပိုမို မ်ားျပားလာေသာ ေၾကာင့္ အိမ္မ်ား၊ တိုက္ခန္းမ်ားႏွင့္ ေဈးဆိုင္မ်ား၏ လုံၿခဳံမႈကို ယခင္ထက္ပိုမိုလုံၿခဳံေစရန္ ေဆာင္႐ြက္လာၾက ေၾကာင္း ေတြ႕ျမင္ရသည္။
“အခုေနာက္ပိုင္းျမင္ရတာကေတာ့ တိုက္ခန္းေလွကားေတြကို ေသာ့ေတြခတ္လာၾကတယ္။ စက္ဘီးေတြဘာေတြ သိမ္းတယ္ဆိုရင္ေတာင္ ပိုၿပီးလုံၿခဳံေအာင္သိမ္းလာၾကတယ္။ အခုက ေတာ္႐ုံတန္႐ုံ သိမ္းလို႔မရေတာ့ဘူး။ ေရစက္ ေမာ္တာေတြေတာင္မွ အရင္ထက္ပိုၿပီးေတာ့ လုံၿခဳံေအာင္လုပ္လာၾကတယ္။ လုံၿခဳံေရးကို ပိုၿပီးေတာ့ သတိထား လာၾကတဲ့သေဘာေပါ့ ဗ်ာ” ဟု ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္တြင္ ေနထိုင္သူ ဦးေမာင္ေမာင္ေက်ာ္က ဆိုသည္။
အလားတူ မႏၲေလးၿမိဳ႕တြင္လည္း ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ကာ ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈမ်ား၊ ဖုန္းဆိုင္ မ်ားႏွင့္ ကား၊ ဆိုင္ကယ္ လုယက္မႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ထိတ္လန႔္ ကာ သြားလာေနရေၾကာင္း ေဒသခံမ်ားက ထုတ္ေဖာ္ေျပာခဲ့ဖူးသည္။