ယခုနှစ်တွင် စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၁၀၀)ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့
527
ယွန်း (NP News) - ဇွန် ၂၇
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၁၀၀)ဘီလျံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(ဇွန် ၂၆ ရက်)တွင် ကျင်းပခဲ့သည့် အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို နေပြည်တော် အပါအဝင် တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်(၆)ခုမှ မြို့နယ်(၂၄)မြို့နယ်တို့တွင် ကျင်းပခဲ့ပြီး တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့ သည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်း ကုန်တင်ယာဥ်ရပ်နားကွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးခဲ့ရာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း ၀ ဒသမ ၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၆.၈၉ သန်း) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးမြို့တွင်လည်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ရာ မန္တလေးတိုင်း အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၉၀၀၀ ကီလိုကျော်၊ ကက်တမင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်း ၂၀ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၂၅.၅၄ သန်း) အား ဖျက်ဆီးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့် ထီဖောင်းကျေးရွာအုပ်စု၌ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီး ခြင်းတို့ကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၆၀၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၃၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တမင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၅၆ ဘီလျံကျော် (အမေရိကန် ဒေါ်လာ ၁၃၇.၀၁၃ သန်း) အား ဖျက်ဆီးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ကြောင့် ယခုနှစ်တွင် ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်း ကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၇၇ မျိုး၊ စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) တို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အခမ်းအနားတွင် ငွေကျပ် (၉၃၆ ဒသမ ၇၂၃)ဘီလျံ (အမေရိကန်ဒေါ်လာအားဖြင့် ၄၄၆ ဒသမ ၀၅၈ သန်း) တန်ဖိုးရှိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း(၁၀၈)မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Zawgyi Version;
ယခုႏွစ္တြင္ စုစုေပါင္းတန္ဖိုး ေငြက်ပ္(၁၁၀၀)ဘီလ်ံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့
ယြန္း (NP News) - ဇြန္ ၂၇
(၃၇) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ တြင္ စုစုေပါင္းတန္ဖိုး ေငြက်ပ္(၁၁၀၀)ဘီလ်ံ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔(ဇြန္ ၂၆ ရက္)တြင္ က်င္းပခဲ့သည့္ အဆိုပါ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားမ်ားကို ေနျပည္ေတာ္ အပါအဝင္ ေတာင္ႀကီး၊ ရန္ကုန္၊ မႏၲေလးႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္(၆)ခုမွ ၿမိဳ႕နယ္(၂၄)ၿမိဳ႕နယ္တို႔တြင္ က်င္းပခဲ့ၿပီး တစ္ႏွစ္တာ ကာလအတြင္း ဖမ္းဆီးရမိခဲ့ သည့္ မူးယစ္ေဆးဝါးမ်ား၊ ဓာတုပစၥည္းမ်ားကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာအေနာက္ပိုင္း ကုန္တင္ယာဥ္ရပ္နားကြင္း၌ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါး မ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ရာ ရန္ကုန္၊ ဧရာဝတီ၊ ပဲခူး၊ တနသၤာရီ၊ မြန္၊ ကရင္၊ ရခိုင္ႏွင့္ အျမန္လမ္းရဲတပ္ဖြဲ႕တို႔မွ ဖမ္းဆီးရမိေသာ ဘိန္း ၀ ဒသမ ၂၆၂ ကီလိုေက်ာ္၊ ဘိန္းျဖဴ ၅၆ ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၂ သန္းေက်ာ္၊ အိုက္စ္ ၉၅၇၄ ကီလိုေက်ာ္၊ ဘိန္းစာမႈန႔္ ၁၇၇၅ ကီလိုေက်ာ္၊ ကက္တမင္း ၂၃၈၂ ကီလိုေက်ာ္၊ ေဆးေျခာက္ ၅၄၁ ကီလိုေက်ာ္ အပါအဝင္ မူးယစ္ေဆးဝါး ၂၆ မ်ိဳးႏွင့္ ဓာတုပစၥည္း ၁၁ မ်ိဳးတို႔၏ စုစုေပါင္းတန္ဖိုး ျမန္မာေငြက်ပ္ ၂၈၉ ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ ၈၆.၈၉ သန္း) ကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
အလားတူ မႏၲေလးၿမိဳ႕တြင္လည္း ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ား မီးရႈိ႕ဖ်က္ဆီးခဲ့ရာ မႏၲေလးတိုင္း အပါအဝင္ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသမ်ားႏွင့္ အလယ္ပိုင္းေဒသမ်ားမွ ဖမ္းဆီးရမိသည့္ ဘိန္း ၇၆၆ ကီလိုေက်ာ္၊ ဘိန္းျဖဴ ၁၀၈၅ ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၅ သန္းေက်ာ္၊ အိုက္စ္ ၉၀၀၀ ကီလိုေက်ာ္၊ ကက္တမင္း ၁၀၁၈ ကီလိုေက်ာ္၊ ေဆးေျခာက္ ၄၅၈ ကီလိုေက်ာ္ အပါအဝင္ မူးယစ္ေဆးဝါး ၂၁ မ်ိဳးႏွင့္ ဓာတုပစၥည္း ၂၀ မ်ိဳးတို႔၏ စုစုေပါင္းတန္ဖိုး ျမန္မာေငြက်ပ္ ၄၁၈ ဘီလီယံေက်ာ္ (အေမရိကန္ ေဒၚလာ ၁၂၅.၅၄ သန္း) အား ဖ်က္ဆီးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပုံးပ်ံကြင္းႏွင့္ ထီေဖာင္းေက်း႐ြာအုပ္စု၌ ဖမ္းဆီးရမိသည့္မူးယစ္ေဆးဝါးမ်ား မီးရႈိ႕ ဖ်က္ဆီးျခင္းႏွင့္ ဓာတုပစၥည္းမ်ား ေျမျမႇဳပ္ဖ်က္ဆီး ျခင္းတို႔ကို ျပဳလုပ္ခဲ့ရာ ရွမ္းျပည္နယ္၊ ကယားျပည္နယ္တို႔မွ ဖမ္းဆီးရမိသည့္ ဘိန္း ၆၀၀ ကီလိုေက်ာ္၊ ဘိန္းျဖဴ ၁၀၃၇ ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၁ သန္းေက်ာ္၊ အိုက္စ္ ၄၇၇၁ ကီလိုေက်ာ္၊ ကက္တမင္း ၇၆၄ ကီလိုေက်ာ္၊ ေဆးေျခာက္ ၂၅၆ ကီလိုေက်ာ္ အပါအဝင္ မူးယစ္ေဆးဝါး ၁၇ မ်ိဳးႏွင့္ ဓာတုပစၥည္း ၂၅ မ်ိဳး စုစုေပါင္းတန္ဖိုး ျမန္မာေငြက်ပ္ ၄၅၆ ဘီလ်ံေက်ာ္ (အေမရိကန္ ေဒၚလာ ၁၃၇.၀၁၃ သန္း) အား ဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ေၾကာင့္ ယခုႏွစ္တြင္ ဘိန္း ၁၃၆၆ ကီလိုေက်ာ္၊ ဘိန္းျဖဴ ၂၁၇၈ ကီလိုေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၃၉ သန္း ေက်ာ္၊ အိုက္စ္ ၂၃၃၉၃ ကီလိုေက်ာ္၊ ဘိန္းစာမႈန႔္ ၁၇၇၅ ကီလိုေက်ာ္၊ ေဆးေျခာက္ ၁၂၅၇ ကီလိုေက်ာ္၊ ကက္တမင္း ၄၁၆၅ ကီလိုေက်ာ္ႏွင့္ ဘိန္းညိဳမႈန္႔ ၁၂ ကီလိုေက်ာ္အပါအဝင္ မူးယစ္ေဆးဝါးႏွင့္ ဓာတု ပစၥည္း ၇၇ မ်ိဳး၊ စုစုေပါင္း တန္ဖိုး ျမန္မာေငြက်ပ္ ၁၁၆၃ ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ ၃၄၉.၄၄၃ သန္း) တို႔အား ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၃၆)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ ေရးေန႔အခမ္းအနားတြင္ ေငြက်ပ္ (၉၃၆ ဒသမ ၇၂၃)ဘီလ်ံ (အေမရိကန္ေဒၚလာအားျဖင့္ ၄၄၆ ဒသမ ၀၅၈ သန္း) တန္ဖိုးရွိ ဖမ္းဆီးရမိခဲ့ေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ဓာတုပစၥည္း(၁၀၈)မ်ိဳးကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။