မောင်တောမြို့နယ်ရှိ (WFP)ဂိုဒေါင်ကို AA အဖွဲ့က Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် မီးလောင်ခဲ့ ခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

 568

သန့်ဇင် (NP News) - ဇွန် ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဂိုဒေါင်ကို AA အဖွဲ့က Drone များဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် မီးလောင်ခဲ့ခြင်းဖြစ်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့(ဇွန် ၂၆ရက်)၊ ညပိုင်းက မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် မေလကပင် မောင်တော-ဘူးသီးတောင်သွားကားလမ်း၏ တောင်ဘက်ရှိ ကမ္ဘာ့ဘာစားနပ်ရိက္ခာအစီအစဉ်(WFP) နှင့် UNHCR အစရှိသော ကုလသမဂ္ဂ အဖွဲ့အစည်းရုံးများ၊ ဂိုဒေါင်များတွင် ရုံးထိုင်သူမရှိတော့သည့်အတွက် နယ်မြေခံဘင်္ဂါလီအစောင့်များသာ ထားရှိခဲ့ရကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါရုံးနှင့် ဂိုထောင်များကို ဝင်ရောက်ခြင်းမရှိပဲ ဘေးကနေ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ခြင်းသာဖြစ်ပြီး ကင်းလှည့်နေစဉ် AA အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားကာ AA အဖွဲ့အနေဖြင့် (WFP) ဂိုဒေါင်အတွင်းရှိ ပစ္စည်းများအား လုယက်ယူဆောင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုသည်။

“ဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်တောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူပေါင်းလုံခြုံရေးအဖွဲ့က ဒီနေရာတွေ ကင်းလှည့်ရပါတယ်။ ကင်းလှည်ဆောင်ရွက်တဲ့နေရာမှာ ဒီ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့အရှေ့ဘက် ဝေသာလီကျေးရွာအရောက်မှာ စိမ့်ဝင်နေတဲ့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိ ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာ AAအကြမ်းဖက်အဖွဲ့အနေနဲ့ Drone များကို အဓိကသုံးပြီးတော့ တိုက်ခိုက်ခဲ့ တာတွေ့ရပါတယ်။ အဲဒီမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ AA အကြမ်းဖက်အဖွဲ့အနေနဲ့ အဲဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ အဲဒီမှာရှိနေတဲ့ပစ္စည်းတွေကို လုယက်ဖို့ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့နောက် ဇွန် ၂၂ ရက်တွင် ဒေသခံ ဘင်္ဂါလီ ရွာသားများက ဂိုဒေါင်အတွင်းရှိ ပစ္စည်းများအား AA လက်ထဲမရောက်ရှိ စေရေးအတွက် အနီးအနားမှာရှိတဲ့ လုံခြုံတဲ့နေရာများကို ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ထို့နောက် ပစ္စည်းများ ပြောင်းရွှေ့နေမှုကို AA အဖွဲ့က Drone ဖြင့် ကင်းထောက်ထောက်လှမ်းပြီးနောက် (WFP) ဂိုဒေါင်များအား Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်အချို့၏ ခေါင်မိုးများ ပေါက်ပြဲကာ မီးလောင်ပျက်စီးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန်လ ၂၂ ရက်မှာတော့ ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိလိုတဲ့အတွက် AA အနေနဲ့ Drone နဲ့ ကင်းထောက် ထောက်လှမ်းပြီး WFP ဂိုဒေါင်တွေကို ဗုံးကြဲခံတယ်။ Drop Bomb များ ချတိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချိုု့မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ သူတို့ထုတ်ပြန်ထားတဲ့ ပုံတွေမှာကြည့်ရင် ဒီအချက်အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

ထို့ပြင် ဂိုဒေါင်များနှင့် အနီးနားရှိ ရုံများတွင် UNဆိုသည့် ကုလသမဂ္ဂအမှတ်အသားများကို ဂိုဒေါင်အမိုးများတွင် ထင်ထင်ရှားရှားရေးထားသည့်အတွက် သိလျက်နှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရက ဆိုသည်။

ထို့နောက် ဒေသခံများသယ်ထုတ်ထားသည့် ဆန်အိတ်များသည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်များအား ထောက်ပံ့ရန် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် ရပ်ကွက်(၆)ခုရှိ အိမ်ထောင်စု(၂၀၀၀)ကျော်ကို ဖြန်ဝေပေးခဲ့ ကြောင်း သိရသည်။

“ဇွန်လ ၂၂ ရက်မှာ မောင်တောမှာရှတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့ အတွက်ကြောင့် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု(၂၀၀၀) ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီများကို နေအိမ်များမှ နှင်ထုတ်ထားခြင်းဖြစ်ပြီး မောင်တော မြို့ကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည့်အချိန်တွင် ဒေသခံဘင်္ဂါလီများ၊ ဒုက္ခသည်များကို ထောက်ပံ့ရန် ရည်ရွယ် ထားသည့်ပစ္စည်းများကို လုယက်ရန် ကြံစည်ပြီး မအောင်မြင်သည့်အတွက် မီးရှို့ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version;
ေမာင္ေတာၿမိဳ႕နယ္ရွိ (WFP)ဂိုေဒါင္ကို AA အဖြဲ႕က Drone မ်ားျဖင့္ Drop Bomb ခ်တိုက္ခိုက္ခဲ့သျဖင့္ မီးေလာင္ခဲ့ ျခင္းျဖစ္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို
သန႔္ဇင္ (NP News) - ဇြန္ ၂၇

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ရွိ ကမာၻစားနပ္ရိကၡာအစီအစဥ္ (WFP) ၏ ဂိုေဒါင္ကို AA အဖြဲ႕က Drone မ်ားျဖင့္ Drop Bomb ခ် တိုက္ခိုက္ခဲ့သျဖင့္ မီးေလာင္ခဲ့ျခင္းျဖစ္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယမန္ေန႔(ဇြန္ ၂၆ရက္)၊ ညပိုင္းက မီဒီယာမ်ားမွတစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ရခိုင္ျပည္နယ္တြင္ တိုက္ပြဲမ်ားျပင္းထန္လာၿပီးေနာက္ ေမလကပင္ ေမာင္ေတာ-ဘူးသီးေတာင္သြားကားလမ္း၏ ေတာင္ဘက္ရွိ ကမာၻ႔ဘာစားနပ္ရိကၡာအစီအစဥ္(WFP) ႏွင့္ UNHCR အစရွိေသာ ကုလသမဂၢ အဖြဲ႕အစည္း႐ုံးမ်ား၊ ဂိုေဒါင္မ်ားတြင္ ႐ုံးထိုင္သူမရွိေတာ့သည့္အတြက္ နယ္ေျမခံဘဂၤါလီအေစာင့္မ်ားသာ ထားရွိခဲ့ရေၾကာင္း သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ အဆိုပါ႐ုံးႏွင့္ ဂိုေထာင္မ်ားကို ဝင္ေရာက္ျခင္းမရွိပဲ ေဘးကေန လုံၿခဳံေရး ေဆာင္႐ြက္ေပးခဲ့ျခင္းသာျဖစ္ၿပီး ကင္းလွည့္ေနစဥ္ AA အဖြဲ႕ႏွင့္တိုက္ပြဲျဖစ္ပြားကာ AA အဖြဲ႕အေနျဖင့္ (WFP) ဂိုေဒါင္အတြင္းရွိ ပစၥည္းမ်ားအား လုယက္ယူေဆာင္ရန္ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဆိုသည္။

“ဇြန္လ ၂၁ ရက္ေန႔မွာေတာ့ ေမာင္ေတာမွာရွိတဲ့ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ပူေပါင္းလုံၿခဳံေရးအဖြဲ႕က ဒီေနရာေတြ ကင္းလွည့္ရပါတယ္။ ကင္းလွည္ေဆာင္႐ြက္တဲ့ေနရာမွာ ဒီ WFP ႐ုံးေတြ၊ ဂိုေဒါင္ေတြရဲ႕အေရွ႕ဘက္ ေဝသာလီေက်း႐ြာအေရာက္မွာ စိမ့္ဝင္ေနတဲ့ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့တာရွိ ပါတယ္။ ဒီလိုတိုက္ပြဲျဖစ္ပြားေနခ်ိန္မွာ AAအၾကမ္းဖက္အဖြဲ႕အေနနဲ႔ Drone မ်ားကို အဓိကသုံးၿပီးေတာ့ တိုက္ခိုက္ခဲ့ တာေတြ႕ရပါတယ္။ အဲဒီမွာ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားေနပါတယ္။ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားေနတဲ့အခ်ိန္မွာပဲ AA အၾကမ္းဖက္အဖြဲ႕အေနနဲ႔ အဲဒီ WFP ဂိုေဒါင္ေတြကို ဝင္ေရာက္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ပါတယ္။ အဓိကကေတာ့ အဲဒီမွာရွိေနတဲ့ပစၥည္းေတြကို လုယက္ဖို႔ပဲျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ေနာက္ ဇြန္ ၂၂ ရက္တြင္ ေဒသခံ ဘဂၤါလီ ႐ြာသားမ်ားက ဂိုေဒါင္အတြင္းရွိ ပစၥည္းမ်ားအား AA လက္ထဲမေရာက္ရွိ ေစေရးအတြက္ အနီးအနားမွာရွိတဲ့ လုံၿခဳံတဲ့ေနရာမ်ားကို ေျပာင္းေ႐ႊ႕ခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ ပစၥည္းမ်ား ေျပာင္းေ႐ႊ႕ေနမႈကို AA အဖြဲ႕က Drone ျဖင့္ ကင္းေထာက္ေထာက္လွမ္းၿပီးေနာက္ (WFP) ဂိုေဒါင္မ်ားအား Drop Bomb ခ်တိုက္ခိုက္ခဲ့သျဖင့္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ဂိုေဒါင္အခ်ိဳ႕၏ ေခါင္မိုးမ်ား ေပါက္ၿပဲကာ မီးေလာင္ပ်က္စီးသြားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ဇြန္လ ၂၂ ရက္မွာေတာ့ ဘယ္လိုေ႐ႊ႕ေျပာင္းတယ္ဆိုတာကို သိလိုတဲ့အတြက္ AA အေနနဲ႔ Drone နဲ႔ ကင္းေထာက္ ေထာက္လွမ္းၿပီး WFP ဂိုေဒါင္ေတြကို ဗုံးႀကဲခံတယ္။ Drop Bomb မ်ား ခ်တိုက္ခိုက္ခဲ့တယ္ဆိုတာကို သိရပါတယ္။ ဒါေၾကာင့္ ဒီဂိုေဒါင္ေတြ တခ်ိဳု႔မီးေလာင္ပ်က္စီးခဲ့တယ္ဆိုတာလည္း ေတြ႕ရွိရပါတယ္။ သူတို႔ထုတ္ျပန္ထားတဲ့ ပုံေတြမွာၾကည့္ရင္ ဒီအခ်က္အလက္ကို သိသာႏိုင္တယ္လို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ေျပာသည္။

ထို႔ျပင္ ဂိုေဒါင္မ်ားႏွင့္ အနီးနားရွိ ႐ုံမ်ားတြင္ UNဆိုသည့္ ကုလသမဂၢအမွတ္အသားမ်ားကို ဂိုေဒါင္အမိုးမ်ားတြင္ ထင္ထင္ရွားရွားေရးထားသည့္အတြက္ သိလ်က္ႏွင့္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း နစကေျပာခြင့္ရက ဆိုသည္။

ထို႔ေနာက္ ေဒသခံမ်ားသယ္ထုတ္ထားသည့္ ဆန္အိတ္မ်ားသည္ ေမာင္ေတာၿမိဳ႕နယ္ရွိ ဒုကၡသည္မ်ားအား ေထာက္ပံ့ရန္ ရည္႐ြယ္ထားျခင္းျဖစ္ေသာေၾကာင့္ ရပ္ကြက္(၆)ခုရွိ အိမ္ေထာင္စု(၂၀၀၀)ေက်ာ္ကို ျဖန္ေဝေပးခဲ့ ေၾကာင္း သိရသည္။

“ဇြန္လ ၂၂ ရက္မွာ ေမာင္ေတာမွာရွတဲ့ ဒုကၡသည္ေတြကို ေထာက္ပံ့ဖို႔ ရည္႐ြယ္ထားတဲ့ ဆန္အိတ္ေတြျဖစ္တဲ့ အတြက္ေၾကာင့္ ရပ္ကြက္ ၁၊ ၂၊ ၃၊ ၄၊ ကညင္တန္းရပ္ကြက္၊ ေမာင္နီရပ္ကြက္ေတြမွာရွိတဲ့ အိမ္ေထာင္စု(၂၀၀၀) ေက်ာ္ကို အိမ္ေထာင္စုတစ္စုကို တစ္အိတ္စီနဲ႔ ဆန္အိတ္မ်ားကို ျဖန႔္ေဝေပးခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

AA အေနျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ဘဂၤါလီမ်ားကို ေနအိမ္မ်ားမွ ႏွင္ထုတ္ထားျခင္းျဖစ္ၿပီး ေမာင္ေတာ ၿမိဳ႕ကို တိုက္ခိုက္ရန္ လုပ္ေဆာင္ေနသည့္အခ်ိန္တြင္ ေဒသခံဘဂၤါလီမ်ား၊ ဒုကၡသည္မ်ားကို ေထာက္ပံ့ရန္ ရည္႐ြယ္ ထားသည့္ပစၥည္းမ်ားကို လုယက္ရန္ ႀကံစည္ၿပီး မေအာင္ျမင္သည့္အတြက္ မီးရႈိ႕ျခင္းျဖစ္ေၾကာင္း နစကေျပာခြင့္ရ ပုဂၢိဳလ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.