မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ နယ်စပ်အနီး မတည်မငြိမ်မှုတွေကြောင့် လက်နက်နဲ့မူးယစ်ဆေးကုန်ကူးမှုမြင့်တက်လာတဲ့အပေါ် အိန္ဒိယစိုးရိမ်
436
Htay Oung (NP News) - ဇွန် ၂၉
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်ကူးမှုက ခြိမ်းခြောက်လာတဲ့အတွက် နက်ရှိုင်းစွာစိုးရိမ်ပူပန်ကြောင်း ဗုဒ္ဓဟူးနေ့ နယူးဒေလီမြိုမှာ မြန်မာဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေနဲ့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်က ပြောပြတယ်လို့ “ဟိန္ဒူစတန်တိုင်းမ်”က ဇွန်လ ၁၇ ရက်ကရေးသားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဦးသန်းဆွေဟာ ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံအေးချမ်းသာ ယာနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရရဲ့ နိုင်ငံခြားရေးဌာန ခေါင်းဆောင်ဖြစ်ပါတယ်။ နေပြည်တော်သို့အပြန်ခရီး နယူးဒေလီမြို့မှာ တစ်ထောက်နားခိုက် ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန် မာနိုင်ငံမှာ စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ မြို့တော်ကို လူသိရှင် ကြား ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် မြန်မာနိုင်ငံ အကြမ်းဖက်မှုများနဲ့ နှစ်နိုင်ငံနယ်စပ် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အိန္ဒိယက အလွန်အမင်း စိုးရိမ်မိ ကြောင်းး၊ အထူးသဖြင့် တရားမဝင် လက်နက်မူးယစ်ဆေးဝါးနဲ့ လူမှောင်ခို ကုန်ကူးမှုတို့ဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုများဖြစ် နေကြောင်း၊ ပြဿနာကို ကူညီဖြေရှင်းဖို့အတွက် ပါဝင်ပတ်သက်သူ အင်အားစုအားလုံးတို့နဲ့ ပူးပေါင်းလုပ် ဆောင်ရန် ဆန္ဒရှိကြောင်း ပြောပြခဲ့တယ်လို့ ဂျိုင်ရှန်ကာက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။
မြန်မာအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို စောစီးစွာ ပြန်လာရန် တိုက်တွန်း လိုက် ပြီး အိန္ဒိယက ဘယ်လိုနည်းဖြင့်မဆို ကူညီရန် အသင့်ရှိကြောင်း ပြောပါတယ်။ အဲ့ဒီအချက်ဟာ မြန်မာ့အရေးမှာ ပါဝင်နေကြသူအားလုံး ရန်လိုမှုများကို ရပ်တန့်ပြီး အဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ ပြန်သွားသင့်တယ်ဆိုတဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်နဲ့အညီ ဖြစ်ပါတယ်။
အင်အားကြီးလက်နက်ကိုင် သုံးဖွဲတို့က ယမန်နှစ်မှာ စုပေါင်းပြီး “ Operation 1027” (ထိုးစစ်စတင်တဲ့ ရက်စွဲကို အမည်ပေးထားတဲ့) စစ်ဆင်ရေး စတင်ချိန်နောက်ပိုင်း မြန်မာနစကအစိုးရဟာ အရှက်ရဖွယ် ရှုံး နိမ့်မှုများနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ပါတယ်။ မြောက်ပိုင်း ညီနောင်တွေဟာ လက်နက်ကိုင် အရပ်သားအဖွဲ့ငယ် လေးများနဲ့ ပူးပေါင်းပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့နဲ့ နယ်နိမိတ်တစ်လျှောက်မှာရှိတဲ့ အဓိကမြို့များနဲ့ ကုန်သွယ်ရေးစခန်းများအပြင် ရာနဲ့ချီတဲ့ စစ်အခြေစိုက်စခန်းများနဲ့ တပ်စွဲရာနေရာများကိုလည်း သိမ်းပိုက်ခဲ့ ပါတယ်။ နစကအစိုးရရဲ့ အာဏာပိုင်စိုးမှုဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အများစုမှာ အကန့်အသတ်နဲ့သာ ကျန်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဖျား ကုန်းတွင်းပိတ်ပြည်နယ်များကို ဆက်သွယ်ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံ အ တွင်း ကုလားတန်စီမံကိန်းကို နယူးဒေလီက တည်ဆောက်ထားပါတယ်။ ဧပြီလမှာ အဲ့ဒီဆိပ်ကမ်းတည်ရှိရာ စစ်တွေမြို့အနီးတစ်ဝိုက် တော်လှန်ရေးတပ်ဖွဲ့များက အခိုင်အမာ တပ်စွဲလာခြင်းဟာ နယူးဒေလီရဲ့ အကျိုးစီး ပွားများအတွက် ထိခိုက်စရာဖြစ်လာပါတယ်။ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးကို နယူးဒေလီက ပိတ် ပစ်လိုက်ရပြီ သံတမန်များကိုလည်း မြို့ပြင်ကို ဆွဲထုတ်ခဲ့ရပါတယ်။ အာရုနာချယ်ပရာဒက်ရှ်၊ မဏိပူရ၊ နာဂလန်းစတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ဖျားပြည်နယ်များနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရတပ်များနဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား လတ်တ လောရက်သတ္တပတ်များအတွင်း ပဋိပက္ခဟာ အိန္ဒိယအတွက် စိုးရိမ်မှုများ မြင့်တက်လာဖို့ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံပိုင်နက်အတွင်းမှာရှိတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေဟာ မဏိပူရပြည်နယ်ကို လက်နက်များ မှောင်ခို တင်သွင်းနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ မဏိပူရဟာ မငြိမ်သက်မှုများနဲ့ လုံခြုံရေးကျဆင်းနေ တာ တစ်နှစ်ကျော်ကြာ ရှိနေပါပြီ။ လွန်ခဲ့တဲ့ လများတုန်းက မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့မှာ ပိတ်မိ နေတဲ့ အိန္ဒိယနိုင်ငံသားကို အမြန်ဆုံး ပြန်လည်ထွက်ခွာလာနိုင်ဖို့ ဂျိုင်ရှန်ကာက နေပြည်တော်နဲ့ ပူး ပေါင်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ အလားတူ မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံကဆောင်ရွက်နေတဲ့ ပရောဂျက်များ အ တွက် ယုံကြည်စိတ်ချရလောက်တဲ့ လုံခြုံရေး အကာအကွယ်များကို ဆောင်ရွက်ပေးဖို့ နယူးဒေလီနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။
နယူးဒေလီက ခေါ်ထုတ်ပေးခဲ့တယ်ဆိုတဲ့ အိန္ဒိယနိုင်ငံသားများဆိုတာ အရေအတွက် ရာချီရှိခဲ့ပြီး ဒေတာအော် ပရေတာလို အိုင်တီနည်းပညာကုမ္ပဏီမှာ အလုပ်ရမယ်လို့ လိမ်လည်ကတိကို ယုံကြည်ပြီး ကျားဖြန့်အွန်လိုင်း လိမ်လည်မှုမှာ အတင်းအကျပ် ခိုင်းစေခံနေရသူများဖြစ်တယ်လို့ အဲ့ဒီကိစ္စအကြောင်းသိရှိတဲ့ အမည်မဖော် လိုသူတစ်ဦးက ရှင်းပြပါတယ်။ ကျားဖြန့်ဆိုတာ သတ်မယ့် ဝက်ကို အသားဆူဖြိုးအောင် ကျွေးမွေးခြင်းမှ ဆင်းသက်လာတဲ့ တရုတ်ဘာသာစ ကားဖြစ်ပါတယ်။ တမင်ဖန်တီးထားတဲ့ အင်တာနက် ပလက်ဖောင်းအတုများမှ လူအများကို ငွေပေးချင်လာ အောင် လိမ်လည်သွေးဆောင်ရတဲ့အလုပ်ဖြစ်ဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်း နောက်ကွယ်မှာ တရုတ်ရာဇဝတ်ဂိုဏ်း တွေ ရှိနေတယ်လို့ ယူဆရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းတွင် အိန္ဒိယနိုင်ငံသားများကို ပစ်မှတ်ထားတဲ့ အလားတူ လှည့်စားမှုများကို ကမ္ဘော ဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာလည်း တွေ့ရှိခဲ့ရပါတယ်။ အိန္ဒိယအာဏာပိုင်များဟာ အဲ့ဒီနိုင်ငံများမှာ သွေး ဆောင်ခေါ်ယူခြင်းခံထားရသူ သူတို့နိုင်ငံသားများကို နေရပ်ပြန်ဖို့အတွက် ကူညီပေးခဲ့ရတာ လူပေါင်းရာချီရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံပိုင်နက်အတွင်းမှာ ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့ အိန္ဒိယဆန့်ကျင်ရေး စစ်သွေးကြွအဖွဲ့များကို နှိမ် နင်းရာမှာ စစ်တပ်က ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက် လွန်ခဲ့တဲ့နှစ်များအတွင်း နယူးဒေလီဟာ မြန်မာ နစက အစိုးနဲ့ ဆက်ဆံရေးကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသအတွင်း အရာခပ်သိမ်းကို ပိုမိုလုံခြုံစေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ နယူးဒေလီဟာ မြန်မာ အစိုးရအနေနဲ့ တရုတ်နဲ့ အလွန်အမင်း နီးစပ်တာမျိုးကို မလိုလားပေမယ့် ယခုလများအတွင်း တော်လှန်ရေး အဖွဲ့များ၊ ပြည်ပရောက် NUG မြန်မာအစိုးရတို့နဲ့လည်း ဆက်သွယ်ရန် စတင်နေပြီ ဖြစ်ပါတယ်။
(Hindustan Times., 26 June 2024,” India raises concerns about Myanmar violence; flags arms, narcotics” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈနဲ႔ နယ္စပ္အနီး မတည္မၿငိမ္မႈေတြေၾကာင့္ လက္နက္နဲ႔မူးယစ္ေဆးကုန္ကူးမႈျမင့္တက္လာတဲ့အေပၚ အိႏၵိယစိုးရိမ္
Htay Oung (NP News) - ဇြန္ ၂၉
ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈနဲ႔ မတည္မၿငိမ္ျဖစ္မႈေတြေၾကာင့္ မူးယစ္ေဆးဝါးနဲ႔ လက္နက္ကုန္ကူးမႈက ၿခိမ္းေျခာက္လာတဲ့အတြက္ နက္ရႈိင္းစြာစိုးရိမ္ပူပန္ေၾကာင္း ဗုဒၶဟူးေန႔ နယူးေဒလီၿမိဳမွာ ျမန္မာဒုတိယဝန္ႀကီးခ်ဳပ္ ဦးသန္းေဆြနဲ႔ေတြ႕ဆုံစဥ္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး အက္စ္ဂ်ိဳင္ရွန္က ေျပာျပတယ္လို႔ “ဟိႏၵဴစတန္တိုင္းမ္”က ဇြန္လ ၁၇ ရက္ကေရးသားပါတယ္။
ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္သူ ဦးသန္းေဆြဟာ ၁၉၉၂ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အထိ ျမန္မာႏိုင္ငံေအးခ်မ္းသာ ယာနဲ႔ ဖြံ႕ၿဖိဳးေရးေကာင္စီ (နအဖ) အစိုးရရဲ႕ ႏိုင္ငံျခားေရးဌာန ေခါင္းေဆာင္ျဖစ္ပါတယ္။ ေနျပည္ေတာ္သို႔အျပန္ခရီး နယူးေဒလီၿမိဳ႕မွာ တစ္ေထာက္နားခိုက္ ဂ်ိဳင္ရွန္ကာနဲ႔ ေတြ႕ဆုံျခင္းျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ျမန္ မာႏိုင္ငံမွာ စစ္တပ္က အာဏာရယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္ကို လူသိရွင္ ၾကား ေရာက္ရွိလာျခင္းျဖစ္ပါတယ္။ ၎တို႔ႏွစ္ဦးေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ အၾကမ္းဖက္မႈမ်ားနဲ႔ ႏွစ္ႏိုင္ငံနယ္စပ္ မတည္ၿငိမ္မႈမ်ား ဆက္လက္ျဖစ္ပြားေနျခင္းအေပၚ အိႏၵိယက အလြန္အမင္း စိုးရိမ္မိ ေၾကာင္းး၊ အထူးသျဖင့္ တရားမဝင္ လက္နက္မူးယစ္ေဆးဝါးနဲ႔ လူေမွာင္ခို ကုန္ကူးမႈတို႔ဟာ သိသာထင္ရွားတဲ့ စိန္ေခၚမႈမ်ားျဖစ္ ေနေၾကာင္း၊ ျပႆနာကို ကူညီေျဖရွင္းဖို႔အတြက္ ပါဝင္ပတ္သက္သူ အင္အားစုအားလုံးတို႔နဲ႔ ပူးေပါင္းလုပ္ ေဆာင္ရန္ ဆႏၵရွိေၾကာင္း ေျပာျပခဲ့တယ္လို႔ ဂ်ိဳင္ရွန္ကာက သူ႔ရဲ႕ X လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားပါတယ္။
ျမန္မာအေနနဲ႔ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လမ္းေၾကာင္းေပၚကို ေစာစီးစြာ ျပန္လာရန္ တိုက္တြန္း လိုက္ ၿပီး အိႏၵိယက ဘယ္လိုနည္းျဖင့္မဆို ကူညီရန္ အသင့္ရွိေၾကာင္း ေျပာပါတယ္။ အဲ့ဒီအခ်က္ဟာ ျမန္မာ့အေရးမွာ ပါဝင္ေနၾကသူအားလုံး ရန္လိုမႈမ်ားကို ရပ္တန႔္ၿပီး အေျဖရွာဖို႔အတြက္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းသို႔ ျပန္သြားသင့္တယ္ဆိုတဲ့ အိႏၵိယရဲ႕ ရပ္တည္ခ်က္နဲ႔အညီ ျဖစ္ပါတယ္။
အင္အားႀကီးလက္နက္ကိုင္ သုံးဖြဲတို႔က ယမန္ႏွစ္မွာ စုေပါင္းၿပီး “ Operation 1027” (ထိုးစစ္စတင္တဲ့ ရက္စြဲကို အမည္ေပးထားတဲ့) စစ္ဆင္ေရး စတင္ခ်ိန္ေနာက္ပိုင္း ျမန္မာနစကအစိုးရဟာ အရွက္ရဖြယ္ ရႈံး နိမ့္မႈမ်ားနဲ႔ ဆက္တိုက္ႀကဳံေတြ႕ခဲ့ပါတယ္။ ေျမာက္ပိုင္း ညီေနာင္ေတြဟာ လက္နက္ကိုင္ အရပ္သားအဖြဲ႕ငယ္ ေလးမ်ားနဲ႔ ပူးေပါင္းၿပီး အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္တို႔နဲ႔ နယ္နိမိတ္တစ္ေလွ်ာက္မွာရွိတဲ့ အဓိကၿမိဳ႕မ်ားနဲ႔ ကုန္သြယ္ေရးစခန္းမ်ားအျပင္ ရာနဲ႔ခ်ီတဲ့ စစ္အေျခစိုက္စခန္းမ်ားနဲ႔ တပ္စြဲရာေနရာမ်ားကိုလည္း သိမ္းပိုက္ခဲ့ ပါတယ္။ နစကအစိုးရရဲ႕ အာဏာပိုင္စိုးမႈဟာ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ အမ်ားစုမွာ အကန႔္အသတ္နဲ႔သာ က်န္ရွိေနပါတယ္။
အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ဖ်ား ကုန္းတြင္းပိတ္ျပည္နယ္မ်ားကို ဆက္သြယ္ေထာက္ပံ့ဖို႔အတြက္ ျမန္မာႏိုင္ငံ အ တြင္း ကုလားတန္စီမံကိန္းကို နယူးေဒလီက တည္ေဆာက္ထားပါတယ္။ ဧၿပီလမွာ အဲ့ဒီဆိပ္ကမ္းတည္ရွိရာ စစ္ေတြၿမိဳ႕အနီးတစ္ဝိုက္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက အခိုင္အမာ တပ္စြဲလာျခင္းဟာ နယူးေဒလီရဲ႕ အက်ိဳးစီး ပြားမ်ားအတြက္ ထိခိုက္စရာျဖစ္လာပါတယ္။ စစ္ေတြၿမိဳ႕ရွိ အိႏၵိယႏိုင္ငံေကာင္စစ္ဝန္႐ုံးကို နယူးေဒလီက ပိတ္ ပစ္လိုက္ရၿပီ သံတမန္မ်ားကိုလည္း ၿမိဳ႕ျပင္ကို ဆြဲထုတ္ခဲ့ရပါတယ္။ အာ႐ုနာခ်ယ္ပရာဒက္ရွ္၊ မဏိပူရ၊ နာဂလန္းစတဲ့ အိႏၵိယရဲ႕ အေရွ႕ေျမာက္ဖ်ားျပည္နယ္မ်ားနဲ႔ ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အစိုးရတပ္မ်ားနဲ႔ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားအၾကား လတ္တ ေလာရက္သတၱပတ္မ်ားအတြင္း ပဋိပကၡဟာ အိႏၵိယအတြက္ စိုးရိမ္မႈမ်ား ျမင့္တက္လာဖို႔ျဖစ္ခဲ့ရပါတယ္။
ျမန္မာႏိုင္ငံပိုင္နက္အတြင္းမွာရွိတဲ့ ခ်င္းလက္နက္ကိုင္အဖြဲ႕ေတြဟာ မဏိပူရျပည္နယ္ကို လက္နက္မ်ား ေမွာင္ခို တင္သြင္းေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ မဏိပူရဟာ မၿငိမ္သက္မႈမ်ားနဲ႔ လုံၿခဳံေရးက်ဆင္းေန တာ တစ္ႏွစ္ေက်ာ္ၾကာ ရွိေနပါၿပီ။ လြန္ခဲ့တဲ့ လမ်ားတုန္းက ျမန္မာႏိုင္ငံ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ပိတ္မိ ေနတဲ့ အိႏၵိယႏိုင္ငံသားကို အျမန္ဆုံး ျပန္လည္ထြက္ခြာလာႏိုင္ဖို႔ ဂ်ိဳင္ရွန္ကာက ေနျပည္ေတာ္နဲ႔ ပူး ေပါင္း ေဆာင္႐ြက္ခဲ့ဖူးပါတယ္။ အလားတူ ျမန္မာႏိုင္ငံအတြင္း အိႏၵိယႏိုင္ငံကေဆာင္႐ြက္ေနတဲ့ ပေရာဂ်က္မ်ား အ တြက္ ယုံၾကည္စိတ္ခ်ရေလာက္တဲ့ လုံၿခဳံေရး အကာအကြယ္မ်ားကို ေဆာင္႐ြက္ေပးဖို႔ နယူးေဒလီႏိုင္ငံျခားေရးဝန္ႀကီးက တိုက္တြန္းပါတယ္။
နယူးေဒလီက ေခၚထုတ္ေပးခဲ့တယ္ဆိုတဲ့ အိႏၵိယႏိုင္ငံသားမ်ားဆိုတာ အေရအတြက္ ရာခ်ီရွိခဲ့ၿပီး ေဒတာေအာ္ ပေရတာလို အိုင္တီနည္းပညာကုမၸဏီမွာ အလုပ္ရမယ္လို႔ လိမ္လည္ကတိကို ယုံၾကည္ၿပီး က်ားျဖန႔္အြန္လိုင္း လိမ္လည္မႈမွာ အတင္းအက်ပ္ ခိုင္းေစခံေနရသူမ်ားျဖစ္တယ္လို႔ အဲ့ဒီကိစၥအေၾကာင္းသိရွိတဲ့ အမည္မေဖာ္ လိုသူတစ္ဦးက ရွင္းျပပါတယ္။ က်ားျဖန႔္ဆိုတာ သတ္မယ့္ ဝက္ကို အသားဆူၿဖိဳးေအာင္ ေကြၽးေမြးျခင္းမွ ဆင္းသက္လာတဲ့ တ႐ုတ္ဘာသာစ ကားျဖစ္ပါတယ္။ တမင္ဖန္တီးထားတဲ့ အင္တာနက္ ပလက္ေဖာင္းအတုမ်ားမွ လူအမ်ားကို ေငြေပးခ်င္လာ ေအာင္ လိမ္လည္ေသြးေဆာင္ရတဲ့အလုပ္ျဖစ္ျဖစ္ပါတယ္။ အဲ့ဒီလုပ္ငန္း ေနာက္ကြယ္မွာ တ႐ုတ္ရာဇဝတ္ဂိုဏ္း ေတြ ရွိေနတယ္လို႔ ယူဆရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္းတြင္ အိႏၵိယႏိုင္ငံသားမ်ားကို ပစ္မွတ္ထားတဲ့ အလားတူ လွည့္စားမႈမ်ားကို ကေမာၻ ဒီးယား၊ လာအိုနဲ႔ ထိုင္းႏိုင္ငံတို႔မွာလည္း ေတြ႕ရွိခဲ့ရပါတယ္။ အိႏၵိယအာဏာပိုင္မ်ားဟာ အဲ့ဒီႏိုင္ငံမ်ားမွာ ေသြး ေဆာင္ေခၚယူျခင္းခံထားရသူ သူတို႔ႏိုင္ငံသားမ်ားကို ေနရပ္ျပန္ဖို႔အတြက္ ကူညီေပးခဲ့ရတာ လူေပါင္းရာခ်ီရွိတယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံပိုင္နက္အတြင္းမွာ ေျခကုပ္ယူၿပီး လႈပ္ရွားေနတဲ့ အိႏၵိယဆန႔္က်င္ေရး စစ္ေသြးႂကြအဖြဲ႕မ်ားကို ႏွိမ္ နင္းရာမွာ စစ္တပ္က ပါဝင္ေဆာင္႐ြက္ေပးခဲ့တဲ့အတြက္ လြန္ခဲ့တဲ့ႏွစ္မ်ားအတြင္း နယူးေဒလီဟာ ျမန္မာ နစက အစိုးနဲ႔ ဆက္ဆံေရးကို အစဥ္အလာမပ်က္ ဆက္လက္ထိန္းသိမ္းထားခဲ့ပါတယ္။ ဒီနည္းလမ္းဟာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ေဒသအတြင္း အရာခပ္သိမ္းကို ပိုမိုလုံၿခဳံေစခဲ့တာ အမွန္ပဲျဖစ္ပါတယ္။ နယူးေဒလီဟာ ျမန္မာ အစိုးရအေနနဲ႔ တ႐ုတ္နဲ႔ အလြန္အမင္း နီးစပ္တာမ်ိဳးကို မလိုလားေပမယ့္ ယခုလမ်ားအတြင္း ေတာ္လွန္ေရး အဖြဲ႕မ်ား၊ ျပည္ပေရာက္ NUG ျမန္မာအစိုးရတို႔နဲ႔လည္း ဆက္သြယ္ရန္ စတင္ေနၿပီ ျဖစ္ပါတယ္။
(Hindustan Times., 26 June 2024,” India raises concerns about Myanmar violence; flags arms, narcotics” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)