အာရပ်ကမ္ဘာမှာ ပြန်လည်တည်ဆောက်ရန် လိုအပ်လာတဲ့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှု (ဘာသာပြန်ဆောင်းပါး)
624
Alynn (NP News) - ဇွန် ၂၉
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် နေ့သည် အစ္စရေးအတွက်သာမက အာရပ်ကမ္ဘာ အတွက်ပါ ရေဝေရေလဲအခိုက်အတန့်ဖြစ်လာသည်။ ဟားမတ်စ်၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုက ဒေသတွင်းတွင် အခင်းအကျင်းသစ်တစ်ခုကို ပေါ်ပေါက်လာစေခဲ့သည်။ လွန်ခဲ့သောသုံးနှစ်က အာရပ် လိဂ်အဖွဲ့ဝင် လေးနိုင်ငံဖြစ်သည့် ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နှင့်အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် အစ္စရေးနှင့် ၎င်းတို့အကြား သံတမန်ဆက်ဆံရေး ပုံမှန်အနေအထားအတိုင်းဖြစ်စေရန် ခြေလှမ်းများ စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် နွေရာသီအလွန်တွင် အစ္စရေးကို အသိအမှတ်မပြုရသေးသော အရေးကြီးဆုံး အာရပ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျကလည်း အဆိုပါလမ်းစဉ်ကိုလိုက်ရန် အသင့်အနေအထားရှိခဲ့ သည်။ သို့သော် ဟားမတ်စ်၏တိုက်ခိုက်မှုနှင့်အတူ ဂါဇာတွင် နောက်ဆက်တွဲ အစ္စရေး၏ပြင်းထန်သော စစ်ဆင်ရေးများသည် အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်မှုဆီသို့ ချီတက်ရာခရီးကို တုံ့ဆိုင်းသွားစေသည်။ ထို့နောက် ပါလက်စတိုင်းနိုင်ငံထူထောင်ရေး လွယ်ကူချောမွေ့ စေရန်အတွက် အစ္စရေးက ပြတ်ပြတ်သားသား ခြေလှမ်းများ မလုပ်ဆောင်မချင်း ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်း သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဆော်ဒီအာရေဗျ က ၎င်း၏ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသလာသည်။
ဂျော်ဒန်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင် အစ္စရေးနိုင်ငံဆိုင်ရာ ၎င်း၏သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အစ္စရေး ဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟု၏ မော်ရိုကို နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားသောခရီးစဉ်သည်လည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။ အာရပ်နိုင်ငံသားများ၏ ဂါဇာစစ်ပွဲအပေါ် ဆန့်ကျင်မှုများ ကြီးထွားလာသောကြောင့် အာရပ် ခေါင်းဆောင်များက သတိအနေအထားဖြင့် စောင့်ကြည့်နေကြရသည်။ အာရပ်နိုင်ငံအများအပြားတွင် အစ္စရေး၏စစ်ပွဲနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းကို ဆန့်ကျင်ဆန္ဒပြရန် လူထောင်ပေါင်းများစွာ ထွက်လာခဲ့ကြသည်။
ဂျော်ဒန်နှင့်မော်ရိုကိုရှိ ဆန္ဒပြသူများက ၎င်းတို့၏နိုင်ငံများနှင့် အစ္စရေးအကြား ငြိမ်းချမ်းရေး စာချုပ်များကိုအဆုံးသတ်ရန် တောင်းဆိုလာကြပြီး ၎င်းတို့၏အစိုးရများမှာ ပြည်သူ့ဆန္ဒကို အလေး မထားသည့်အတွက် စိတ်ပျက်မိကြောင်း ကြွေးကြော်ခဲ့ကြသည်။
အောက်တိုဘာ ၇ ရက်ဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုအတွက်လည်း ရေဝေရေလဲအ ခိုက်အတန့်တစ်ခု ဖြစ်လာနိုင်သည်။ ဂါဇာတွင် စစ်ပွဲကြောင့် အာရပ်လူထု၏ သဘောထားသည် အစ္စရေး ၏ အခိုင်မာဆုံးမဟာမိတ်ဖြစ်သော အမေရိကန်ဘက် သို့လှည့်လာခဲ့ပါတယ်။ ဂါဇာကမ်းမြောင် အကျပ် အတည်းကိုဖြေရှင်းခြင်းနှင့်အတူ အီရန်ကို ထိန်းချုပ်ရန်နှင့် တရုတ်၏ဩဇာလွှမ်းမိုးမှုကိုတွန်းလှန်ရန် အမေရိကန်၏ ကြိုးပမ်းမှုများအပေါ် အာရပ်ကမ္ဘာက သတိထားစောင့်ကြည့်လာပါတယ်။ လာမည့် ကာလ များအတွင်း အမေရိကန်ခေါင်းဆောင်များသည် ဂါဇာ ကမ်းမြောင်ဒေသပဋိပက္ခကိုအဆုံးသတ်ရန် ကြိုးပမ်းမည်ဖြစ်ပြီး နာတာရှည်ဖြစ်နေသည့် အစ္စရေး- ပါလက်စတိုင်းတင်းမာမှုများအတွက် အဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုများ စတင်သွားဖွယ်ရှိသည်။ အမေရိကန်သည် နိုင်ငံတကာ စီးပွားရေးလမ်းကြောင်းကို ကာကွယ်ရန်အတွက် ပင်လယ်နီတွင် အီရန်လက်ဝေခံ များ၏တိုက်ခိုက်မှုများကို ကာကွယ်ရန် လိုအပ် မည်ဖြစ်သလို ဒေသတွင်းတွင် တရုတ်တို့၏ ကျယ်ပြန့်လာသောလွှမ်းမိုးမှုများကို ကန့်သတ်နိုင်ရန်လည်း ကြိုးပမ်းရဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါရည်မှန်းချက်များအောင်မြင်ရန် ဝါရှင်တန်သည် အာရပ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေပြီး အာရပ်လူမျိုးများသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ရည်မှန်းချက်များအပေါ် သံသယ ရှိနေပါက အောင်မြင်ရန် ပိုမိုခက်ခဲလာမည်ဖြစ်သည်။
လေ့လာသုံးသပ်သူများနှင့် နိုင်ငံရေးသမား အချို့က အာရပ်လမ်းစဉ်ကိုလျှောက်လှမ်းရာတွင် အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ အနည်းငယ်သာ သက်ဆိုင်နေသည်ဟု ထောက်ပြကြသည်။ အာရပ် ခေါင်းဆောင်အများစုမှာ အာဏာရှင်ဖြစ်သောကြောင့် ပြည်သူများ၏ ထင်မြင်ယူဆချက်အပေါ် အလေးထားခြင်းမျိုး မရှိသည့်အတွက် အမေရိကန်အနေဖြင့် အာရပ်နိုင်ငံသားများ၏စိတ်နှလုံးကို အနိုင်ယူခြင်းထက် အာဏာရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းက ၎င်းတို့၏ ရည်မှန်းချက်ကို ပိုမိုနီးစပ်နိုင် မည်ဟု နိုင်ငံရေးသမား အချို့ကအကြံပြုထားကြသည်။ သို့သော် အာရပ်လူထု၏အမြင်က ခေါင်းဆောင် များအပေါ် သက်ရောက်မှုမရှိနိုင်ဟူသည်မှာ ယေဘုယျကောက်ချက်တစ်ခုပါပဲ။ အကြောင်းမှာ အာရပ် နွေဦးတော်လှန်ရေးသည် နိုင်ငံလေးခုရှိအစိုးရများကိုဖြုတ်ချနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဆန္ဒပြမှုများက ပိုမိုကျယ်ပြန့်လာခဲ့ကာ အခြား အာရပ်နိုင်ငံလေးနိုင်ငံတွင်လည်း ခေါင်းဆောင် အပြောင်းအလဲများ ဖြစ် စေခဲ့သည်။ ထို့ကြောင့် အာဏာရှင်ဖြစ်လင့်ကစား အုပ်ချုပ်ခံပြည်သူများ၏အမြင်ကို ထည့်သွင်းစဉ်းစား ပေးရန်လိုအပ်သည်ကိုတွေ့ရပါတယ်။ ယခုအခါ အာရပ်လူထုများကြားတွင် အမေရိ ကန်ဆန့်ကျင်ရေး စိတ်ဓာတ်များ သိသိသာသာမြင့်တက်လာခြင်းကြောင့် အာရပ်ခေါင်းဆောင် အနည်းငယ်ကသာ ဝါရှင် တန်နှင့် ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ တစ်ဖက်သတ် ရပ်တည် နေသော အမေရိကန် နိုင်ငံခြားရေးမူဝါဒအပေါ် အာရပ်နိုင်ငံသားများ၏ မကျေနပ်ချက်များကြောင့် အမေရိကန်အတွက် ပြင်းထန်သော အကျိုးဆက်များရှိလာနိုင်သည်။
အောက်တိုဘာ ၇ ရက် ဖြစ်ရပ်များမတိုင်မီက အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာအခင်း အကျင်းသစ်ထွက်ပေါ်လာသည်မှာ ထင်ရှားသည်။ အနှစ် ၃၀ နီးပါးအတွင်း ပထမဆုံးသော အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် အာရပ်အစိုးရအချို့ကကြိုးပမ်းခဲ့သဖြင့် ဒေသတွင်းတွင် အဓိက စိတ်ဝမ်းကွဲမှုသည် အစ္စရေးနှင့်အာရပ်ပြည်နယ်များကြားတွင် ရှိနိုင်တော့မည်မဟုတ်ဟု ယူဆမိခဲ့ကြပါ တယ်။ ယင်းအစား အရှေ့အလယ်ပိုင်းမှာ အီရန်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာသည့်အာရပ်နိုင်ငံများနှင့် အီရန်အကြား ကွဲပြားမှုဆီသို့သာ ကူးပြောင်းလာစေခဲ့သည်။ ဒေသတွင်းတွင် အစ္စရေးအပါအဝင် အာရပ် အင်အားကြီးနိုင်ငံများပေါင်းစည်းပြီး အီရန်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာကြသည်မှာ ဒေသတွင်း တည်ငြိမ် ရေးအတွက်များစွာအကျိုးရှိနိုင်မည်ဟု ရှုမြင်သုံးသပ်ခဲ့ကြသည်။
အမေရိကန်သည် ထိုကဲ့သို့ ညွန့်ပေါင်းအဖွဲ့များတွင် ကြားခံပွဲစားအဖြစ် ရပ်တည်လျက်ရှိနေ သည်။ ဂျော်ဒန်သည် ဧပြီလ ၁၃ ရက်တွင် အီရန်၏ မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည်တိုက်ခိုက်မှုကို ချေမှုန်းရာတွင် အစ္စရေးကိုကူညီပေးခဲ့ခြင်းနှင့် ထိုတိုက်ခိုက်မှုမတိုင်မီ ဆော်ဒီအာရေဗျနှင့် ယူအေအီး တို့သည် အမေရိကန်ကို ထောက်လှမ်းရေး သတင်းအချက်အလက်များပေးအပ်ခဲ့ခြင်းတို့က အာရပ် အစိုးရများ၏ အမေရိကန်အပေါ် ယုံကြည်ကိုးစားမှုများ ဆက်လက်ကျန်ရှိနေသေးကြောင်းကို ပြသနေ သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အာရပ်ခေါင်းဆောင်များသည် ၎င်းတို့အကျိုးစီးပွားအတွက် ဒေသ ဆိုင်ရာ အာဏာပြန်လည်ချိန်ညှိမှုလိုအပ်မည်ဖြစ်ကြောင်း ယုံကြည်နေကြဆဲဖြစ်သည်ကိုတွေ့ရသည်။ အာရပ်နိုင်ငံများတွင် အောက်တိုဘာ ၇ ရက် နောက်ပိုင်းကောက်ယူခဲ့သည့်စစ်တမ်းများအရ အာရပ်ပြည် သူများကြားမှာ အီရန်ကိုထောက်ခံမှု နည်းပါးနေသေးသည်ကို တွေ့ရှိခဲ့ရသည်။ လက်ဘနွန်လူမျိုး ၃၆ ရာခိုင်နှုန်း၊ ဂျော်ဒန်နိုင်ငံသား ၂၅ ရာခိုင်နှုန်းနှင့် ကူဝိတ်လူမျိုး ၁၅ ရာခိုင်နှုန်းကသာ အီရန်အပေါ် ကောင်းမွန်သောအမြင်ကို ဖော်ပြထားကြသည်။
သို့သော် အပြည့်အဝပြန်လည်ချိန်ညှိရန်အတွက်မူ ဒေသတွင်း၌ အမေရိကန်ကိုထောက်ခံမှု ကျဆင်းနေသမျှကာလပတ်လုံး ရုန်းကန်ရဦးမည်ဖြစ်သည်။ အစ္စရေး၊ အီဂျစ်နှင့်ဂျော်ဒန်တို့ကြား အေး စက်နေသော ငြိမ်းချမ်းရေး သဘောတူညီချက်များသည် အချိန်မရွေး ပြိုပျက်သွားမည့်အနေအထားတွင် ရှိနေသည်။ အမေရိကန်ပြည်ထောင်စုသည် သဘောထားပြန်လည်သင့်မြတ်ရေးစာချုပ်များအတွက် အကောင်းဆုံးသော ကြားခံပွဲစားအဖြစ် ရှိနေဆဲပင်။ အီဂျစ်-အစ္စရေး၊ အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်းရေးသဘောတူညီချက်များအတွက် အမေရိကန်က အာရပ် နှစ်နိုင်ငံစလုံးကို အထောက်အပံ့ ကြီးကြီးမားမား ပေးခဲ့သည်။ ထို့ပြင် အမေရိကန်က ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်သဘောတူညီချက်များ အတွက် အာရပ်နိုင်ငံများကို ကတိကဝတ်များစွာပေးခဲ့သည်။ ယင်းတို့အနက် အနောက်ဆာဟာရ ဒေသ တွင် မော်ရိုကို၏အချုပ်အခြာအာဏာကို အသိအမှတ်ပြုပေးခြင်း၊ အကြမ်းဖက်များကို ထောက်ပံ့သူများ စာရင်း မှ ဆူဒန်ကိုဖယ်ရှားပေးခြင်းနှင့် ယူအေအီးသို့ F-35 တိုက်လေယာဉ်များ ရောင်းချပေးခြင်းတို့ပါ ဝင်နေသည်။
အောက်တိုဘာ ၇ ရက်ဖြစ်ရပ်အလွန်တွင် အာရပ်နိုင်ငံသားများ၏ထောက်ခံမှုကို ဆုံးရှုံးလာ ခြင်းသည် အာရပ်ခေါင်းဆောင်များ၏ထောက်ခံမှုကိုပါ ဆုံးရှုံးနိုင်မည်ဖြစ်သလို အမေရိကန်၏ အဓိက အာရပ်မဟာမိတ်များ၏ ပြည်တွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာစေသည်။ ဆင်းရဲဒုက္ခ အတိကျရောက် နေသော ပါလက်စတိုင်းများအတွက် ခံပြင်းဒေါသများက လမ်းမများထက်ဆီ ပျံ့လွင့်လာသည်။ အာရပ် နိုင်ငံများတွင် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ ဆန္ဒပြမှုများသည် အမေရိကန် ကျောထောက်နောက်ခံပြု ပေးထားသော ယူအေအီး၊ ဂျော်ဒန်နှင့် အစ္စရေးတို့ အကြား ရေနှင့် စွမ်းအင်ဆိုင်ရာ သဘောတူညီချက် များအပေါ် ထိခိုက်လာစေပါတယ်။ အမေရိကန်သည် အစ္စရေးဘက်မှရပ်တည်ပြီး အီရန်ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် အာရပ်အစိုးရများသည် ၎င်း တို့နိုင်ငံသားများ၏ဒေါသ ပိုမိုကြီးထွားလာမည် ကို စိုးရိမ်လာကာ ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ တတ်နိုင်သမျှ ငြိမ်သက်နေခဲ့ကြသည်။ ထို့ကြောင့် အမေရိ ကန်အနေဖြင့် ဒေသတွင်း အီရန်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက်ဆိုလျှင် အစ္စရေးနှင့် ပူးပေါင်း ဆောင်ရွက်ရန်စိုးရွံ့နေသော အာရပ်အစိုးရများ၏ ကြောင့်ကြမှုများကို ကနဦး ဖြေလျှော့ပေးရန် လိုအပ်မည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသသည် အချက်အချာကျသော ပထဝီအနေအထားတွင်ရှိနေပြီး အမေရိ ကန်သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးရရှိရန်နှင့် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး ဆီသို့လျှောက်လှမ်းရာတွင် ၎င်း၏ဒေသ တွင်းလွှမ်းမိုးနိုင်မှု ဩဇာကိုအသုံးချပြီး ကြားဝင်စေ့ စပ်ပေးခြင်း က ၎င်း၏ ဒေသတွင်းဩဇာအာဏာကို ပြန်လည်တည်ဆောက်ရန်အတွက် အခွင့်ကောင်းဖြစ်လာနိုင် သည်။ သို့သော် ၎င်း၏ ဒေသဆိုင်ရာ ယုံကြည်ကိုးစားမှုကို ပြန်လည်ရယူဖို့အတွက် အမေရိကန်သည် စစ်ပွဲအလွန် ဂါဇာကမ်းမြောင်ဒေသ၌ ထိရောက်သော အုပ်ချုပ်မှုပုံစံနှင့် အစ္စရေး-ပါလက် စတိုင်းတို့ အကြား ထာဝရငြိမ်းချမ်းရေးဆီသို့ တက်လှမ်းနိုင်ရေး ခိုင်မာပြီး လက်တွေ့ကျသော ဦးတည်ချက်များ ချမှတ်ပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပံ့ပိုးပေးရုံသာမကအနောက်ဘက် ကမ်းမြောင်တွင် အစ္စရေးအခြေချနေထိုင်မှုများ တိုးချဲ့လာမှုကို အဆုံးသတ်ပေးရန် အစ္စရေးအစိုးရကို နားချပေးရန်လည်းလိုအပ်နေသည်။ အချုပ်ဆိုရလျှင် အရှေ့ အလယ်ပိုင်းရှိ လက်ရှိအခြေအနေသည် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်များနှင့်အခွင့် အလမ်းများအကြား လွန်ဆွဲနေသောအနေအထားဖြစ်သည်။ ဂါဇာစစ်ပွဲအတွင်း အစ္စရေးနှင့်ပတ်သက်၍ အမေရိကန်၏ရပ်တည်ချက်ကို သိသိသာသာပြောင်းလဲမှုမရှိလျှင် ရေရှည်တွင် ကြီးထွားလာနေသော အာရပ်နိုင်ငံများ၏ အမေရိကန်ဆန့်ကျင်ရေးဝါဒက ရှင်းရှင်းလင်းလင်း သရုပ်ပေါ်လာမည်ဖြစ်သည်။ ၎င်း ၏အကျိုးဆက်အနေဖြင့် တရုတ်အပါအဝင် အခြားအင်အားကြီးနိုင်ငံများက အမေရိကန်ကို အရှေ့အ လယ်ပိုင်းဒေသတွင် ၎င်း၏ဦးဆောင်မှုအခန်းကဏ္ဍမှ ဖယ်ထုတ်သွားရန်အလားအလာများ ရှိလာလိမ့်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
အာရပ္ကမာၻမွာ ျပန္လည္တည္ေဆာက္ရန္ လိုအပ္လာတဲ့ အေမရိကန္ရဲ႕ ဩဇာလႊမ္းမိုးမႈ (ဘာသာျပန္ေဆာင္းပါး)
Alynn (NP News) - ဇြန္ ၂၉
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္ ေန႔သည္ အစၥေရးအတြက္သာမက အာရပ္ကမာၻ အတြက္ပါ ေရေဝေရလဲအခိုက္အတန႔္ျဖစ္လာသည္။ ဟားမတ္စ္၏ ေၾကာက္မက္ဖြယ္ရာတိုက္ခိုက္မႈက ေဒသတြင္းတြင္ အခင္းအက်င္းသစ္တစ္ခုကို ေပၚေပါက္လာေစခဲ့သည္။ လြန္ခဲ့ေသာသုံးႏွစ္က အာရပ္ လိဂ္အဖြဲ႕ဝင္ ေလးႏိုင္ငံျဖစ္သည့္ ဘာရိန္း၊ ေမာ္႐ိုကို၊ ဆူဒန္ႏွင့္အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုတို႔သည္ အစၥေရးႏွင့္ ၎တို႔အၾကား သံတမန္ဆက္ဆံေရး ပုံမွန္အေနအထားအတိုင္းျဖစ္ေစရန္ ေျခလွမ္းမ်ား စတင္ခဲ့သည္။ ၂၀၂၃ ခုႏွစ္ ေႏြရာသီအလြန္တြင္ အစၥေရးကို အသိအမွတ္မျပဳရေသးေသာ အေရးႀကီးဆုံး အာရပ္ႏိုင္ငံျဖစ္သည့္ ေဆာ္ဒီအာေရဗ်ကလည္း အဆိုပါလမ္းစဥ္ကိုလိုက္ရန္ အသင့္အေနအထားရွိခဲ့ သည္။ သို႔ေသာ္ ဟားမတ္စ္၏တိုက္ခိုက္မႈႏွင့္အတူ ဂါဇာတြင္ ေနာက္ဆက္တြဲ အစၥေရး၏ျပင္းထန္ေသာ စစ္ဆင္ေရးမ်ားသည္ အာရပ္ႏိုင္ငံမ်ားႏွင့္ အစၥေရးအၾကား ပုံမွန္ဆက္ဆံေရး ျပန္လည္ထူေထာင္မႈဆီသို႔ ခ်ီတက္ရာခရီးကို တုံ႔ဆိုင္းသြားေစသည္။ ထို႔ေနာက္ ပါလက္စတိုင္းႏိုင္ငံထူေထာင္ေရး လြယ္ကူေခ်ာေမြ႕ ေစရန္အတြက္ အစၥေရးက ျပတ္ျပတ္သားသား ေျခလွမ္းမ်ား မလုပ္ေဆာင္မခ်င္း ပုံမွန္ဆက္ဆံေရး ထူေထာင္ျခင္း သေဘာတူညီခ်က္ကို ဆက္လက္လုပ္ေဆာင္သြားမည္မဟုတ္ေၾကာင္း ေဆာ္ဒီအာေရဗ် က ၎၏ရပ္တည္ခ်က္ကို ျပတ္ျပတ္သားသား ျပသလာသည္။
ေဂ်ာ္ဒန္သည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ တြင္ အစၥေရးႏိုင္ငံဆိုင္ရာ ၎၏သံအမတ္ကို ျပန္လည္ ေခၚယူခဲ့ၿပီး ၂၀၂၃ ခုႏွစ္ေႏွာင္းပိုင္းတြင္ အစၥေရး ဝန္ႀကီးခ်ဳပ္ဘန္ဂ်မင္ေနတန္ယာဟု၏ ေမာ္႐ိုကို ႏိုင္ငံသို႔ အလည္အပတ္သြားေရာက္ရန္ စီစဥ္ထားေသာခရီးစဥ္သည္လည္း အေကာင္အထည္မေဖာ္ႏိုင္ခဲ့ေပ။ အာရပ္ႏိုင္ငံသားမ်ား၏ ဂါဇာစစ္ပြဲအေပၚ ဆန႔္က်င္မႈမ်ား ႀကီးထြားလာေသာေၾကာင့္ အာရပ္ ေခါင္းေဆာင္မ်ားက သတိအေနအထားျဖင့္ ေစာင့္ၾကည့္ေနၾကရသည္။ အာရပ္ႏိုင္ငံအမ်ားအျပားတြင္ အစၥေရး၏စစ္ပြဲႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအက်ပ္အတည္းကို ဆန႔္က်င္ဆႏၵျပရန္ လူေထာင္ေပါင္းမ်ားစြာ ထြက္လာခဲ့ၾကသည္။
ေဂ်ာ္ဒန္ႏွင့္ေမာ္႐ိုကိုရွိ ဆႏၵျပသူမ်ားက ၎တို႔၏ႏိုင္ငံမ်ားႏွင့္ အစၥေရးအၾကား ၿငိမ္းခ်မ္းေရး စာခ်ဳပ္မ်ားကိုအဆုံးသတ္ရန္ ေတာင္းဆိုလာၾကၿပီး ၎တို႔၏အစိုးရမ်ားမွာ ျပည္သူ႔ဆႏၵကို အေလး မထားသည့္အတြက္ စိတ္ပ်က္မိေၾကာင္း ေႂကြးေၾကာ္ခဲ့ၾကသည္။
ေအာက္တိုဘာ ၇ ရက္ျဖစ္ရပ္သည္ အေမရိကန္ျပည္ေထာင္စုအတြက္လည္း ေရေဝေရလဲအ ခိုက္အတန႔္တစ္ခု ျဖစ္လာႏိုင္သည္။ ဂါဇာတြင္ စစ္ပြဲေၾကာင့္ အာရပ္လူထု၏ သေဘာထားသည္ အစၥေရး ၏ အခိုင္မာဆုံးမဟာမိတ္ျဖစ္ေသာ အေမရိကန္ဘက္ သို႔လွည့္လာခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ အက်ပ္ အတည္းကိုေျဖရွင္းျခင္းႏွင့္အတူ အီရန္ကို ထိန္းခ်ဳပ္ရန္ႏွင့္ တ႐ုတ္၏ဩဇာလႊမ္းမိုးမႈကိုတြန္းလွန္ရန္ အေမရိကန္၏ ႀကိဳးပမ္းမႈမ်ားအေပၚ အာရပ္ကမာၻက သတိထားေစာင့္ၾကည့္လာပါတယ္။ လာမည့္ ကာလ မ်ားအတြင္း အေမရိကန္ေခါင္းေဆာင္မ်ားသည္ ဂါဇာ ကမ္းေျမာင္ေဒသပဋိပကၡကိုအဆုံးသတ္ရန္ ႀကိဳးပမ္းမည္ျဖစ္ၿပီး နာတာရွည္ျဖစ္ေနသည့္ အစၥေရး- ပါလက္စတိုင္းတင္းမာမႈမ်ားအတြက္ အေျဖရွာရန္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား စတင္သြားဖြယ္ရွိသည္။ အေမရိကန္သည္ ႏိုင္ငံတကာ စီးပြားေရးလမ္းေၾကာင္းကို ကာကြယ္ရန္အတြက္ ပင္လယ္နီတြင္ အီရန္လက္ေဝခံ မ်ား၏တိုက္ခိုက္မႈမ်ားကို ကာကြယ္ရန္ လိုအပ္ မည္ျဖစ္သလို ေဒသတြင္းတြင္ တ႐ုတ္တို႔၏ က်ယ္ျပန႔္လာေသာလႊမ္းမိုးမႈမ်ားကို ကန႔္သတ္ႏိုင္ရန္လည္း ႀကိဳးပမ္းရဦးမည္ျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ အဆိုပါရည္မွန္းခ်က္မ်ားေအာင္ျမင္ရန္ ဝါရွင္တန္သည္ အာရပ္ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္ေနၿပီး အာရပ္လူမ်ိဳးမ်ားသည္ အေရွ႕အလယ္ပိုင္းတြင္ အေမရိကန္၏ရည္မွန္းခ်က္မ်ားအေပၚ သံသယ ရွိေနပါက ေအာင္ျမင္ရန္ ပိုမိုခက္ခဲလာမည္ျဖစ္သည္။
ေလ့လာသုံးသပ္သူမ်ားႏွင့္ ႏိုင္ငံေရးသမား အခ်ိဳ႕က အာရပ္လမ္းစဥ္ကိုေလွ်ာက္လွမ္းရာတြင္ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒမွာ အနည္းငယ္သာ သက္ဆိုင္ေနသည္ဟု ေထာက္ျပၾကသည္။ အာရပ္ ေခါင္းေဆာင္အမ်ားစုမွာ အာဏာရွင္ျဖစ္ေသာေၾကာင့္ ျပည္သူမ်ား၏ ထင္ျမင္ယူဆခ်က္အေပၚ အေလးထားျခင္းမ်ိဳး မရွိသည့္အတြက္ အေမရိကန္အေနျဖင့္ အာရပ္ႏိုင္ငံသားမ်ား၏စိတ္ႏွလုံးကို အႏိုင္ယူျခင္းထက္ အာဏာရွိသူမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးျခင္းက ၎တို႔၏ ရည္မွန္းခ်က္ကို ပိုမိုနီးစပ္ႏိုင္ မည္ဟု ႏိုင္ငံေရးသမား အခ်ိဳ႕ကအႀကံျပဳထားၾကသည္။ သို႔ေသာ္ အာရပ္လူထု၏အျမင္က ေခါင္းေဆာင္ မ်ားအေပၚ သက္ေရာက္မႈမရွိႏိုင္ဟူသည္မွာ ေယဘုယ်ေကာက္ခ်က္တစ္ခုပါပဲ။ အေၾကာင္းမွာ အာရပ္ ေႏြဦးေတာ္လွန္ေရးသည္ ႏိုင္ငံေလးခုရွိအစိုးရမ်ားကိုျဖဳတ္ခ်ႏိုင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ဆႏၵျပမႈမ်ားက ပိုမိုက်ယ္ျပန႔္လာခဲ့ကာ အျခား အာရပ္ႏိုင္ငံေလးႏိုင္ငံတြင္လည္း ေခါင္းေဆာင္ အေျပာင္းအလဲမ်ား ျဖစ္ ေစခဲ့သည္။ ထို႔ေၾကာင့္ အာဏာရွင္ျဖစ္လင့္ကစား အုပ္ခ်ဳပ္ခံျပည္သူမ်ား၏အျမင္ကို ထည့္သြင္းစဥ္းစား ေပးရန္လိုအပ္သည္ကိုေတြ႕ရပါတယ္။ ယခုအခါ အာရပ္လူထုမ်ားၾကားတြင္ အေမရိ ကန္ဆန႔္က်င္ေရး စိတ္ဓာတ္မ်ား သိသိသာသာျမင့္တက္လာျခင္းေၾကာင့္ အာရပ္ေခါင္းေဆာင္ အနည္းငယ္ကသာ ဝါရွင္ တန္ႏွင့္ ပြင့္ပြင့္လင္းလင္း ပူးေပါင္းေဆာင္႐ြက္လာသည္ကို ေတြ႕ရပါသည္။ တစ္ဖက္သတ္ ရပ္တည္ ေနေသာ အေမရိကန္ ႏိုင္ငံျခားေရးမူဝါဒအေပၚ အာရပ္ႏိုင္ငံသားမ်ား၏ မေက်နပ္ခ်က္မ်ားေၾကာင့္ အေမရိကန္အတြက္ ျပင္းထန္ေသာ အက်ိဳးဆက္မ်ားရွိလာႏိုင္သည္။
ေအာက္တိုဘာ ၇ ရက္ ျဖစ္ရပ္မ်ားမတိုင္မီက အေရွ႕အလယ္ပိုင္းတြင္ ေဒသဆိုင္ရာအခင္း အက်င္းသစ္ထြက္ေပၚလာသည္မွာ ထင္ရွားသည္။ အႏွစ္ ၃၀ နီးပါးအတြင္း ပထမဆုံးေသာ အစၥေရးႏွင့္ ဆက္ဆံေရးကို ပုံမွန္ျပန္ျဖစ္ေအာင္ အာရပ္အစိုးရအခ်ိဳ႕ကႀကိဳးပမ္းခဲ့သျဖင့္ ေဒသတြင္းတြင္ အဓိက စိတ္ဝမ္းကြဲမႈသည္ အစၥေရးႏွင့္အာရပ္ျပည္နယ္မ်ားၾကားတြင္ ရွိႏိုင္ေတာ့မည္မဟုတ္ဟု ယူဆမိခဲ့ၾကပါ တယ္။ ယင္းအစား အေရွ႕အလယ္ပိုင္းမွာ အီရန္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းလာသည့္အာရပ္ႏိုင္ငံမ်ားႏွင့္ အီရန္အၾကား ကြဲျပားမႈဆီသို႔သာ ကူးေျပာင္းလာေစခဲ့သည္။ ေဒသတြင္းတြင္ အစၥေရးအပါအဝင္ အာရပ္ အင္အားႀကီးႏိုင္ငံမ်ားေပါင္းစည္းၿပီး အီရန္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းလာၾကသည္မွာ ေဒသတြင္း တည္ၿငိမ္ ေရးအတြက္မ်ားစြာအက်ိဳးရွိႏိုင္မည္ဟု ရႈျမင္သုံးသပ္ခဲ့ၾကသည္။
အေမရိကန္သည္ ထိုကဲ့သို႔ ၫြန႔္ေပါင္းအဖြဲ႕မ်ားတြင္ ၾကားခံပြဲစားအျဖစ္ ရပ္တည္လ်က္ရွိေန သည္။ ေဂ်ာ္ဒန္သည္ ဧၿပီလ ၁၃ ရက္တြင္ အီရန္၏ ေမာင္းသူမဲ့ေလယာဥ္ႏွင့္ ဒုံးက်ည္တိုက္ခိုက္မႈကို ေခ်မႈန္းရာတြင္ အစၥေရးကိုကူညီေပးခဲ့ျခင္းႏွင့္ ထိုတိုက္ခိုက္မႈမတိုင္မီ ေဆာ္ဒီအာေရဗ်ႏွင့္ ယူေအအီး တို႔သည္ အေမရိကန္ကို ေထာက္လွမ္းေရး သတင္းအခ်က္အလက္မ်ားေပးအပ္ခဲ့ျခင္းတို႔က အာရပ္ အစိုးရမ်ား၏ အေမရိကန္အေပၚ ယုံၾကည္ကိုးစားမႈမ်ား ဆက္လက္က်န္ရွိေနေသးေၾကာင္းကို ျပသေန သည္။ ဤသည္ကိုၾကည့္ျခင္းအားျဖင့္ အာရပ္ေခါင္းေဆာင္မ်ားသည္ ၎တို႔အက်ိဳးစီးပြားအတြက္ ေဒသ ဆိုင္ရာ အာဏာျပန္လည္ခ်ိန္ညႇိမႈလိုအပ္မည္ျဖစ္ေၾကာင္း ယုံၾကည္ေနၾကဆဲျဖစ္သည္ကိုေတြ႕ရသည္။ အာရပ္ႏိုင္ငံမ်ားတြင္ ေအာက္တိုဘာ ၇ ရက္ ေနာက္ပိုင္းေကာက္ယူခဲ့သည့္စစ္တမ္းမ်ားအရ အာရပ္ျပည္ သူမ်ားၾကားမွာ အီရန္ကိုေထာက္ခံမႈ နည္းပါးေနေသးသည္ကို ေတြ႕ရွိခဲ့ရသည္။ လက္ဘႏြန္လူမ်ိဳး ၃၆ ရာခိုင္ႏႈန္း၊ ေဂ်ာ္ဒန္ႏိုင္ငံသား ၂၅ ရာခိုင္ႏႈန္းႏွင့္ ကူဝိတ္လူမ်ိဳး ၁၅ ရာခိုင္ႏႈန္းကသာ အီရန္အေပၚ ေကာင္းမြန္ေသာအျမင္ကို ေဖာ္ျပထားၾကသည္။
သို႔ေသာ္ အျပည့္အဝျပန္လည္ခ်ိန္ညႇိရန္အတြက္မူ ေဒသတြင္း၌ အေမရိကန္ကိုေထာက္ခံမႈ က်ဆင္းေနသမွ်ကာလပတ္လုံး ႐ုန္းကန္ရဦးမည္ျဖစ္သည္။ အစၥေရး၊ အီဂ်စ္ႏွင့္ေဂ်ာ္ဒန္တို႔ၾကား ေအး စက္ေနေသာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္မ်ားသည္ အခ်ိန္မေ႐ြး ၿပိဳပ်က္သြားမည့္အေနအထားတြင္ ရွိေနသည္။ အေမရိကန္ျပည္ေထာင္စုသည္ သေဘာထားျပန္လည္သင့္ျမတ္ေရးစာခ်ဳပ္မ်ားအတြက္ အေကာင္းဆုံးေသာ ၾကားခံပြဲစားအျဖစ္ ရွိေနဆဲပင္။ အီဂ်စ္-အစၥေရး၊ အစၥေရး-ေဂ်ာ္ဒန္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားအတြက္ အေမရိကန္က အာရပ္ ႏွစ္ႏိုင္ငံစလုံးကို အေထာက္အပံ့ ႀကီးႀကီးမားမား ေပးခဲ့သည္။ ထို႔ျပင္ အေမရိကန္က ပုံမွန္ဆက္ဆံေရး ျပန္လည္တည္ေဆာက္ရန္သေဘာတူညီခ်က္မ်ား အတြက္ အာရပ္ႏိုင္ငံမ်ားကို ကတိကဝတ္မ်ားစြာေပးခဲ့သည္။ ယင္းတို႔အနက္ အေနာက္ဆာဟာရ ေဒသ တြင္ ေမာ္႐ိုကို၏အခ်ဳပ္အျခာအာဏာကို အသိအမွတ္ျပဳေပးျခင္း၊ အၾကမ္းဖက္မ်ားကို ေထာက္ပံ့သူမ်ား စာရင္း မွ ဆူဒန္ကိုဖယ္ရွားေပးျခင္းႏွင့္ ယူေအအီးသို႔ F-35 တိုက္ေလယာဥ္မ်ား ေရာင္းခ်ေပးျခင္းတို႔ပါ ဝင္ေနသည္။
ေအာက္တိုဘာ ၇ ရက္ျဖစ္ရပ္အလြန္တြင္ အာရပ္ႏိုင္ငံသားမ်ား၏ေထာက္ခံမႈကို ဆုံးရႈံးလာ ျခင္းသည္ အာရပ္ေခါင္းေဆာင္မ်ား၏ေထာက္ခံမႈကိုပါ ဆုံးရႈံးႏိုင္မည္ျဖစ္သလို အေမရိကန္၏ အဓိက အာရပ္မဟာမိတ္မ်ား၏ ျပည္တြင္းတည္ၿငိမ္ေရးကိုပါ ထိခိုက္လာေစသည္။ ဆင္းရဲဒုကၡ အတိက်ေရာက္ ေနေသာ ပါလက္စတိုင္းမ်ားအတြက္ ခံျပင္းေဒါသမ်ားက လမ္းမမ်ားထက္ဆီ ပ်ံ႕လြင့္လာသည္။ အာရပ္ ႏိုင္ငံမ်ားတြင္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္၍ ဆႏၵျပမႈမ်ားသည္ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ ေပးထားေသာ ယူေအအီး၊ ေဂ်ာ္ဒန္ႏွင့္ အစၥေရးတို႔ အၾကား ေရႏွင့္ စြမ္းအင္ဆိုင္ရာ သေဘာတူညီခ်က္ မ်ားအေပၚ ထိခိုက္လာေစပါတယ္။ အေမရိကန္သည္ အစၥေရးဘက္မွရပ္တည္ၿပီး အီရန္ကိုတိုက္ခိုက္ဖို႔ ဆုံးျဖတ္လိုက္ျခင္းေၾကာင့္ အာရပ္အစိုးရမ်ားသည္ ၎ တို႔ႏိုင္ငံသားမ်ား၏ေဒါသ ပိုမိုႀကီးထြားလာမည္ ကို စိုးရိမ္လာကာ ဂါဇာစစ္ပြဲႏွင့္ပတ္သက္၍ တတ္ႏိုင္သမွ် ၿငိမ္သက္ေနခဲ့ၾကသည္။ ထို႔ေၾကာင့္ အေမရိ ကန္အေနျဖင့္ ေဒသတြင္း အီရန္၏ ဩဇာလႊမ္းမိုးမႈကို တန္ျပန္ရန္အတြက္ဆိုလွ်င္ အစၥေရးႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္စိုး႐ြံ႕ေနေသာ အာရပ္အစိုးရမ်ား၏ ေၾကာင့္ၾကမႈမ်ားကို ကနဦး ေျဖေလွ်ာ့ေပးရန္ လိုအပ္မည္ျဖစ္သည္။
အေရွ႕အလယ္ပိုင္းေဒသသည္ အခ်က္အခ်ာက်ေသာ ပထဝီအေနအထားတြင္ရွိေနၿပီး အေမရိ ကန္သည္ ဂါဇာတြင္ အပစ္အခတ္ရပ္စဲေရးရရွိရန္ႏွင့္ အစၥေရးႏွင့္ပါလက္စတိုင္းတို႔အၾကား ၿငိမ္းခ်မ္းေရး ဆီသို႔ေလွ်ာက္လွမ္းရာတြင္ ၎၏ေဒသ တြင္းလႊမ္းမိုးႏိုင္မႈ ဩဇာကိုအသုံးခ်ၿပီး ၾကားဝင္ေစ့ စပ္ေပးျခင္း က ၎၏ ေဒသတြင္းဩဇာအာဏာကို ျပန္လည္တည္ေဆာက္ရန္အတြက္ အခြင့္ေကာင္းျဖစ္လာႏိုင္ သည္။ သို႔ေသာ္ ၎၏ ေဒသဆိုင္ရာ ယုံၾကည္ကိုးစားမႈကို ျပန္လည္ရယူဖို႔အတြက္ အေမရိကန္သည္ စစ္ပြဲအလြန္ ဂါဇာကမ္းေျမာင္ေဒသ၌ ထိေရာက္ေသာ အုပ္ခ်ဳပ္မႈပုံစံႏွင့္ အစၥေရး-ပါလက္ စတိုင္းတို႔ အၾကား ထာဝရၿငိမ္းခ်မ္းေရးဆီသို႔ တက္လွမ္းႏိုင္ေရး ခိုင္မာၿပီး လက္ေတြ႕က်ေသာ ဦးတည္ခ်က္မ်ား ခ်မွတ္ေပးရန္ လိုအပ္မည္ျဖစ္သည္။ ထို႔ေၾကာင့္ အေမရိကန္သည္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားကို ပံ့ပိုးေပး႐ုံသာမကအေနာက္ဘက္ ကမ္းေျမာင္တြင္ အစၥေရးအေျခခ်ေနထိုင္မႈမ်ား တိုးခ်ဲ႕လာမႈကို အဆုံးသတ္ေပးရန္ အစၥေရးအစိုးရကို နားခ်ေပးရန္လည္းလိုအပ္ေနသည္။ အခ်ဳပ္ဆိုရလွ်င္ အေရွ႕ အလယ္ပိုင္းရွိ လက္ရွိအေျခအေနသည္ အေမရိကန္ျပည္ေထာင္စုအတြက္ အႏၲရာယ္မ်ားႏွင့္အခြင့္ အလမ္းမ်ားအၾကား လြန္ဆြဲေနေသာအေနအထားျဖစ္သည္။ ဂါဇာစစ္ပြဲအတြင္း အစၥေရးႏွင့္ပတ္သက္၍ အေမရိကန္၏ရပ္တည္ခ်က္ကို သိသိသာသာေျပာင္းလဲမႈမရွိလွ်င္ ေရရွည္တြင္ ႀကီးထြားလာေနေသာ အာရပ္ႏိုင္ငံမ်ား၏ အေမရိကန္ဆန႔္က်င္ေရးဝါဒက ရွင္းရွင္းလင္းလင္း သ႐ုပ္ေပၚလာမည္ျဖစ္သည္။ ၎ ၏အက်ိဳးဆက္အေနျဖင့္ တ႐ုတ္အပါအဝင္ အျခားအင္အားႀကီးႏိုင္ငံမ်ားက အေမရိကန္ကို အေရွ႕အ လယ္ပိုင္းေဒသတြင္ ၎၏ဦးေဆာင္မႈအခန္းက႑မွ ဖယ္ထုတ္သြားရန္အလားအလာမ်ား ရွိလာလိမ့္မည္ ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။