မြန်မာအရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလကိုယ်စားလှယ်တို့ ဆွေးနွေး

 1082

ဂျန်ဇက် (NP News) - ဇွန် ၂၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် ဂျူလီဘိုင်ရှော့သည် အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံပြီး မြန်မာအရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။ အာဆီယံအထွေထွေအတွင်းရေးမှူးချုုပ် ဒေါက်တာကာအိုကင်ဟွန် နှင့် ဂျူလီဘိုင်ရှော့တို့သည် မြန်မာနိုင်ငံရှိ ပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် အာဆီယံအဖွဲ့၏ကြိုးပမ်းမှုများအပြင် အာဆီယံသဘောတူညီချက်ငါးချက် အပြည့်အဝအကောင်အထည်ဖော်ရန် ကူညီပေးရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြောင်းသိရသည်။

ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ဂူတာရက်စ်သည် ပြီးခဲ့သော ဧပြီလ ၅ ရက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိတာဝန်ယူခဲ့ဖူးသော ဂျူလီဘိုင်ရှော့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီနောက်ပိုင်းဖြစ်လာခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း (၃)သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး ယခုနှစ်အတွင်းတွင် လူပေါင်း (၁)သန်းကျော် နေရပ်စွန့်ခွာခဲ့ရကာ လူသားချင်းဆိုင် ရာစာနာမှုအကူအညီများလိုအပ်နေကြောင်းသိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ပါဝင်နေသည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဥပဒေကို လေးစားလိုက်နာရန် နှင့် အကူအညီလိုအပ်နေသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီလွှဲပြောင်းပေးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန်တိုက်တွန်းတောင်းဆိုထားသည်။

zawgyi version
ျမန္မာအေရးအတြက္ အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ ကုလကိုယ္စားလွယ္တို႔ ေဆြးေႏြး
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အသစ္ ဂ်ဴလီဘိုင္ေရွာ့သည္ အာဆီယံအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ႏွင့္ေတြ႕ဆုံၿပီး ျမန္မာအေရးကိစၥမ်ားကို အဓိကထား ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳုပ္ ေဒါက္တာကာအိုကင္ဟြန္ ႏွင့္ ဂ်ဴလီဘိုင္ေရွာ့တို႔သည္ ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးႏိုင္ရန္ အာဆီယံအဖြဲ႕၏ႀကိဳးပမ္းမႈမ်ားအျပင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အျပည့္အဝအေကာင္အထည္ေဖာ္ရန္ ကူညီေပးေရးအတြက္ အဓိကထားေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ကုသလမဂၢအတြင္းေရးမႉးခ်ဳပ္ျဖစ္သူ ဂူတာရက္စ္သည္ ၿပီးခဲ့ေသာ ဧၿပီလ ၅ ရက္တြင္ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိတာဝန္ယူခဲ့ဖူးေသာ ဂ်ဴလီဘိုင္ေရွာ့ကို ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏အထူးကိုယ္စားလွယ္ခန႔္အပ္ေၾကာင္း ေၾကညာခဲ့သည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးျပႆနာမ်ားျဖစ္လာခဲ့ၿပီေနာက္ပိုင္းျဖစ္လာခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ လူေပါင္း (၃)သန္းေက်ာ္ ေနရပ္စြန႔္ခြာေနထိုင္ေနရၿပီး ယခုႏွစ္အတြင္းတြင္ လူေပါင္း (၁)သန္းေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရကာ လူသားခ်င္းဆိုင္ ရာစာနာမႈအကူအညီမ်ားလိုအပ္ေနေၾကာင္းသိရသည္။

ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားအတြင္း ပါဝင္ေနသည့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ႏိုင္ငံတကာလူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးဥပေဒကို ေလးစားလိုက္နာရန္ ႏွင့္ အကူအညီလိုအပ္ေနသူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလႊဲေျပာင္းေပးရာတြင္ ေဘးကင္းလုံၿခဳံမႈရွိေစရန္အတြက္ ဝိုင္းဝန္းႀကိဳးပမ္းေပးရန္တိုက္တြန္းေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.