ပထမစကားစစ်ထိုးပွဲအပြီး ဘိုင်ဒန်၏စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများမြင့်တက်လာ

 3347

ALynn (NP News) - ဇွန် ၂၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်)က ဒေါ်နယ်ထရမ့်နှင့် ပထမဆုံး စကားစစ်ထိုးပွဲအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သော်လည်း ၂၀၂၄ ရွေးကောက်ပွဲမှ နုတ်ထွက်မည်မဟုတ်ကြောင်း မဲဆွယ်စည်းရုံးရေးပြောရေးဆိုခွင့်ရှိသူ Seth Schuster က ပြောကြားခဲ့သည်။ စကားစစ်ထိုးပွဲအပြီးတွင် ဒီမိုကရက်များကပင် ဘိုင်ဒန်ကို အကြီးအကျယ် ကန့်ကွက်ခဲ့ပြီး ပါတီတွင်းမှ အများစုက သမ္မတနေရာကို အစားထိုးသင့်သည်ဟု အကြံပြုခဲ့ ကြသည်။

“ဘိုင်ဒန်သည် ဒေါ်နယ်ထရမ့်ကို အနိုင်ယူဖူးသူတစ်ဦးဖြစ်သောကြောင့် ၎င်းသည်ပြိုင်ပွဲတွင်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း”သမ္မတ၏အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက Politico သို့ပြောကြားခဲ့သည်။ ဘိုင်ဒန်ကိုယ်တိုင်ကလည်း ပြိုင်ပွဲမှ နုတ်ထွက်သင့်သည်ဟူသော အယူအဆကို ပယ်ချခဲ့ပြီး “လူလိမ်တစ်ယောက်နှင့် ပြိုင်ငြင်းခုံရန် ခက်ခဲသည်” ဟု ကြာသပတေးနေ့က Waffle House တွင် သတင်းထောက်များအား ရှင်းပြခဲ့သည်။

တစ်ချိန်တည်းတွင် Politico ၏အဆိုအရ ဘိုင်ဒန်သည် ထရမ့်ကိုဆန့်ကျင် စကားစစ်ထိုးရာတွင် တုန်လှုပ်ခြောက်ခြားမှုအရိပ်အယောင်များကြောင့် ဒီမိုကရက်တစ်ပါတီသည် ၎င်းကို အခြားသမ္မတ လောင်းနှင့် အစားထိုးဖို့ တက်ကြွစွာဆွေးနွေးနေသည်။ အကြီးတန်း ဒီမိုကရက်တစ် အကြံပေးတစ်ဦးက “ဘိုင်ဒန်သည် တင်ဆက်ပုံလည်းမကောင်း၊ တန်ပြန်စကားစစ်ထိုးရာမှာလည်း မကျွမ်းကျင်တာကြောင့် ဒီဆွေးနွေးပွဲမှာ သူ့အတွက် တောက်ပတဲ့ နေရာကို မတွေ့ခဲ့ရပါဘူး” ဟု သုံးသပ်ထားသည်။ ဘိုင်ဒန်၏ စွမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများကိုလည်း ဒီမိုကရက်တစ် အလှူရှင် အများအပြားက ထုတ်ဖော်ပြောဆိုခဲ့ပြီး တစ်ဦးကမူ စကားစစ်ထိုးပွဲအတွင်း သမ္မတသည် “သမိုင်းတွင် အဆိုးရွားဆုံးစွမ်းဆောင်ရည်” ကို ပြသခဲ့ပြီး “နုတ်ထွက်ဖို့ လိုအပ်သည်” ဟု Politico အား ပြောပြခဲ့သည်။

သို့သော် ဘိုင်ဒန်၏အဖွဲ့သည် သမ္မတ၏ ညံ့ဖျင်းသော စွမ်းဆောင်မှုအား ရှင်းပြရန် ကြိုးစားနေကြသည်။ ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နှင့် နီးစပ်သူတစ်ဦးမှ “အသက် ၈၁ နှစ်အရွယ် သည် အရေးအရာအားလုံးကို အာရုံစိုက်နေရပြီး ပြင်ဆင်မှုလွန်ကဲခဲ့ခြင်းကြောင့် အရေးကြီးသည့် အနည်းစုကိုသာ ချပြနိုင်ခဲ့သည်" ဟုဆိုသည်။ စကားစစ်ထိုးပွဲအတွင်း ဘိုင်ဒင်၏ တုန်လှုပ်နေသောပုံစံသည် အအေးမိခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြ ခဲ့ကြပြီး အချေအတင်ဆွေးနွေးခြင်းမပြုမီ သမ္မတအား ဆေးစစ်ခဲ့သော ဆရာဝန်တစ်ဦးမှ အတည်ပြုခဲ့ကြောင်း ၎င်းတို့က ဆိုထားသည်။

zawgyi version
ပထမစကားစစ္ထိုးပြဲအၿပီး ဘိုင္ဒန္၏စြမ္းေဆာင္ရည္အေပၚ ေဝဖန္မႈမ်ားျမင့္တက္လာ
ALynn (NP News) - ဇြန္ ၂၉

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္)က ေဒၚနယ္ထရမ့္ႏွင့္ ပထမဆုံး စကားစစ္ထိုးပြဲအတြင္း စြမ္းေဆာင္ရည္ ညံ့ဖ်င္းခဲ့ေသာ္လည္း ၂၀၂၄ ေ႐ြးေကာက္ပြဲမွ ႏုတ္ထြက္မည္မဟုတ္ေၾကာင္း မဲဆြယ္စည္း႐ုံးေရးေျပာေရးဆိုခြင့္ရွိသူ Seth Schuster က ေျပာၾကားခဲ့သည္။ စကားစစ္ထိုးပြဲအၿပီးတြင္ ဒီမိုကရက္မ်ားကပင္ ဘိုင္ဒန္ကို အႀကီးအက်ယ္ ကန႔္ကြက္ခဲ့ၿပီး ပါတီတြင္းမွ အမ်ားစုက သမၼတေနရာကို အစားထိုးသင့္သည္ဟု အႀကံျပဳခဲ့ ၾကသည္။

“ဘိုင္ဒန္သည္ ေဒၚနယ္ထရမ့္ကို အႏိုင္ယူဖူးသူတစ္ဦးျဖစ္ေသာေၾကာင့္ ၎သည္ၿပိဳင္ပြဲတြင္ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း”သမၼတ၏အဖြဲ႕မွအဖြဲ႕ဝင္တစ္ဦးက Politico သို႔ေျပာၾကားခဲ့သည္။ ဘိုင္ဒန္ကိုယ္တိုင္ကလည္း ၿပိဳင္ပြဲမွ ႏုတ္ထြက္သင့္သည္ဟူေသာ အယူအဆကို ပယ္ခ်ခဲ့ၿပီး “လူလိမ္တစ္ေယာက္ႏွင့္ ၿပိဳင္ျငင္းခုံရန္ ခက္ခဲသည္” ဟု ၾကာသပေတးေန႔က Waffle House တြင္ သတင္းေထာက္မ်ားအား ရွင္းျပခဲ့သည္။

တစ္ခ်ိန္တည္းတြင္ Politico ၏အဆိုအရ ဘိုင္ဒန္သည္ ထရမ့္ကိုဆန႔္က်င္ စကားစစ္ထိုးရာတြင္ တုန္လႈပ္ေျခာက္ျခားမႈအရိပ္အေယာင္မ်ားေၾကာင့္ ဒီမိုကရက္တစ္ပါတီသည္ ၎ကို အျခားသမၼတ ေလာင္းႏွင့္ အစားထိုးဖို႔ တက္ႂကြစြာေဆြးေႏြးေနသည္။ အႀကီးတန္း ဒီမိုကရက္တစ္ အႀကံေပးတစ္ဦးက “ဘိုင္ဒန္သည္ တင္ဆက္ပုံလည္းမေကာင္း၊ တန္ျပန္စကားစစ္ထိုးရာမွာလည္း မကြၽမ္းက်င္တာေၾကာင့္ ဒီေဆြးေႏြးပြဲမွာ သူ႔အတြက္ ေတာက္ပတဲ့ ေနရာကို မေတြ႕ခဲ့ရပါဘူး” ဟု သုံးသပ္ထားသည္။ ဘိုင္ဒန္၏ စြမ္းေဆာင္ႏိုင္မႈအေပၚ စိုးရိမ္ပူပန္မႈမ်ားကိုလည္း ဒီမိုကရက္တစ္ အလႉရွင္ အမ်ားအျပားက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး တစ္ဦးကမူ စကားစစ္ထိုးပြဲအတြင္း သမၼတသည္ “သမိုင္းတြင္ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္” ကို ျပသခဲ့ၿပီး “ႏုတ္ထြက္ဖို႔ လိုအပ္သည္” ဟု Politico အား ေျပာျပခဲ့သည္။

သို႔ေသာ္ ဘိုင္ဒန္၏အဖြဲ႕သည္ သမၼတ၏ ညံ့ဖ်င္းေသာ စြမ္းေဆာင္မႈအား ရွင္းျပရန္ ႀကိဳးစားေနၾကသည္။ ၎၏ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး ႏွင့္ နီးစပ္သူတစ္ဦးမွ “အသက္ ၈၁ ႏွစ္အ႐ြယ္ သည္ အေရးအရာအားလုံးကို အာ႐ုံစိုက္ေနရၿပီး ျပင္ဆင္မႈလြန္ကဲခဲ့ျခင္းေၾကာင့္ အေရးႀကီးသည့္ အနည္းစုကိုသာ ခ်ျပႏိုင္ခဲ့သည္" ဟုဆိုသည္။ စကားစစ္ထိုးပြဲအတြင္း ဘိုင္ဒင္၏ တုန္လႈပ္ေနေသာပုံစံသည္ အေအးမိျခင္းေၾကာင့္ျဖစ္ေၾကာင္း အေမရိကန္မီဒီယာမ်ားက ေဖာ္ျပ ခဲ့ၾကၿပီး အေခ်အတင္ေဆြးေႏြးျခင္းမျပဳမီ သမၼတအား ေဆးစစ္ခဲ့ေသာ ဆရာဝန္တစ္ဦးမွ အတည္ျပဳခဲ့ေၾကာင္း ၎တို႔က ဆိုထားသည္။

Related news

© 2021. All rights reserved.