ရုရှားစစ်တပ်ဖက်မှ တိုက်ခိုက်ပေးနေသော ၎င်း၏နိုင်ငံသားများကို ဆန္ဒအလျောက်နေအိမ်ပြန်ခွင့်ပြုရန် သီရိလင်္ကာအစိုးရတောင်းဆို
2900
Pika (NP News) - ဇွန် ၂၉
ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားဖက်မှတိုက်ခိုက်ပေးနေသော သီရိလင်္ကာနိုင်ငံသားများကို ၎င်းတို့၏ဆန္ဒအလျောက် နေအိမ်သို့ပြန်ခွင့်ပေးရန် ရုရှားအစိုးရကို သီရိလင်္ကာအစိုးရက ဇွန်လ(၂၇)ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်းသိရသည်။ယခုသီတင်းပတ်အတွင်း သီရိလင်္ကာ၏တရားဝင်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တွင် နှစ်ရက်ကြာဆွေးနွေးမှုများကိုလုပ်ဆောင်ခဲ့ပြီး စစ်ပွဲအတွင်းသေဆုံးသွားခဲ့သည့် နိုင်ငံသား(၁၇)ဦးအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားဖက်မှပါဝင်တိုက်ခိုက်ပေးနေသည့် သီရိလင်္ကာစစ်မှုထမ်းဟောင်း(၂၀၀၀)ခန့်ကို ခြေရာခံရန်အတွက် သီရိလင်္ကာလွှတ်တော်သည် စုံစမ်းရေးကော်မရှင်ကို ပြီးခဲ့သည့်လတွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ထို့ပြင် ယူကရိန်းဖက်မှပါဝင်တိုက်ခိုက်ပေးခဲ့သော သီရိလင်္ကာစစ်မှုထမ်းဟောင်း အနည်းဆုံး(၁)ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ပြောကြားချက်အရသိရသည်။မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော နှစ်ရက်ကြာဆွေးနွေးမှုများအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ပံ့ပိုးကူညီပေးရန်၊ပျောက်ဆုံးနေသူများကို ရှာဖွေရန်နှင့် စစ်သားအဖြစ်ပါဝင်ခဲ့သော သီရိလင်္ကာနိုင်ငံသားများကို ခြေရာခံနိုင်ရန်အတွက် အာရုံစိုက်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။၂၀၂၂ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၏စီးပွားရေးပျက်စီးခဲ့ပြီးနောက် စစ်မှုထမ်းဟောင်းများအပါအဝင် လူအများအပြားသည် နိုင်ငံခြားတွင် အလုပ်အကိုင်ရှာဖွေရန်အတွက် ထွက်ခွါသွားခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားသည် ထောင်ပေါင်းများစွာသော ကြေးစားစစ်သားများကို ငှားရမ်းခဲ့ပြီး အများစုမှာ တောင်အာရှမှဖြစ်ကြောင်းလည်းသိရသည်။
Zawgyi Version;
႐ုရွားစစ္တပ္ဖက္မွ တိုက္ခိုက္ေပးေနေသာ ၎၏ႏိုင္ငံသားမ်ားကို ဆႏၵအေလ်ာက္ေနအိမ္ျပန္ခြင့္ျပဳရန္ သီရိလကၤာအစိုးရေတာင္းဆို
Pika (NP News) - ဇြန္ ၂၉
ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲတြင္ ႐ုရွားဖက္မွတိုက္ခိုက္ေပးေနေသာ သီရိလကၤာႏိုင္ငံသားမ်ားကို ၎တို႔၏ဆႏၵအေလ်ာက္ ေနအိမ္သို႔ျပန္ခြင့္ေပးရန္ ႐ုရွားအစိုးရကို သီရိလကၤာအစိုးရက ဇြန္လ(၂၇)ရက္ေန႔တြင္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ယခုသီတင္းပတ္အတြင္း သီရိလကၤာ၏တရားဝင္ကိုယ္စားလွယ္အဖြဲ႕သည္ ေမာ္စကိုၿမိဳ႕တြင္ ႏွစ္ရက္ၾကာေဆြးေႏြးမႈမ်ားကိုလုပ္ေဆာင္ခဲ့ၿပီး စစ္ပြဲအတြင္းေသဆုံးသြားခဲ့သည့္ ႏိုင္ငံသား(၁၇)ဦးအတြက္ ေလ်ာ္ေၾကးေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း သီရိလကၤာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲတြင္ ႐ုရွားဖက္မွပါဝင္တိုက္ခိုက္ေပးေနသည့္ သီရိလကၤာစစ္မႈထမ္းေဟာင္း(၂၀၀၀)ခန႔္ကို ေျခရာခံရန္အတြက္ သီရိလကၤာလႊတ္ေတာ္သည္ စုံစမ္းေရးေကာ္မရွင္ကို ၿပီးခဲ့သည့္လတြင္ ဖြဲ႕စည္းခဲ့ေၾကာင္းသိရသည္။ထို႔ျပင္ ယူကရိန္းဖက္မွပါဝင္တိုက္ခိုက္ေပးခဲ့ေသာ သီရိလကၤာစစ္မႈထမ္းေဟာင္း အနည္းဆုံး(၁)ဦးေသဆုံးခဲ့ေၾကာင္း အာဏာပိုင္မ်ား၏ေျပာၾကားခ်က္အရသိရသည္။ေမာ္စကိုၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ ႏွစ္ရက္ၾကာေဆြးေႏြးမႈမ်ားအတြင္း ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ပံ့ပိုးကူညီေပးရန္၊ေပ်ာက္ဆုံးေနသူမ်ားကို ရွာေဖြရန္ႏွင့္ စစ္သားအျဖစ္ပါဝင္ခဲ့ေသာ သီရိလကၤာႏိုင္ငံသားမ်ားကို ေျခရာခံႏိုင္ရန္အတြက္ အာ႐ုံစိုက္ခဲ့ေၾကာင္း သီရိလကၤာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။၂၀၂၂ခုႏွစ္တြင္ သီရိလကၤာႏိုင္ငံ၏စီးပြားေရးပ်က္စီးခဲ့ၿပီးေနာက္ စစ္မႈထမ္းေဟာင္းမ်ားအပါအဝင္ လူအမ်ားအျပားသည္ ႏိုင္ငံျခားတြင္ အလုပ္အကိုင္ရွာေဖြရန္အတြက္ ထြက္ခြါသြားခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ယူကရိန္းႏွင့္ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားသည္ ေထာင္ေပါင္းမ်ားစြာေသာ ေၾကးစားစစ္သားမ်ားကို ငွားရမ္းခဲ့ၿပီး အမ်ားစုမွာ ေတာင္အာရွမွျဖစ္ေၾကာင္းလည္းသိရသည္။