ထိုင်းတို့ ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းနိုင်မှာလား (ဘာသာပြန်ဆောင်းပါး)

 3115

သန်းထိုက်စိုး (NP News) - ဇွန် ၃ဝ

BRICS အဖွဲ့သို့ဝင်ရောက်ရန် ဆန္ဒပြုသည့် နိုင်ငံများတွင် ထိုင်းနိုင်ငံလည်းပါဝင်လာခဲ့ပြီသည်။ BRICS အဖွဲ့သို့ဝင်ရောက်ရန် လျှောက်ထားခဲ့သည့် အရှေ့တောင်အာရှ၏ ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် BRICS သို့ ဝင်ရောက်ခွင့်ရမည်ဆိုပါက တရုတ်ကဲ့သို့သောနိုင်ငံများနှင့် လက်ရှိ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များမှ အကျိုးအမြတ်များစွာရရှိနိုင်သည်ဟု ကျွမ်းကျင်သူများကသုံးသပ်ပြောဆိုနေကြသည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်သာဝီဆင်သည် ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင် ရုရှားနိုင်ငံ Kazan ၌ကျင်းပမည့် BRICS ထိပ်သီးဆွေးနွေးပွဲကာလအတွင်း BRICS အဖွဲ့သို့ ဝင်ရောက်မည့်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ထိုင်းနိုင်ငံအနေ ဖြင့် နိုင်ငံတကာစီးပွားရေးမူဝါဒချမှတ်ခြင်း၊ ကမ္ဘာ့အထိုင်သစ်ဖန်တီးခြင်နှင့် နိုင်ငံတကာမျက်နှာစာတွင် ထိုင်းနိုင်ငံ၏အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရန်အတွက် BRICS အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ် သည်ဟု ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် Chai Wacharonke က သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်း နိုင်ငံ အနေဖြင့် BRICS အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းခြင်းသည် တရုတ်နှင့်ရုရှားနိုင်ငံတို့က အရှေ့တောင် အာရှဒေသတွင် ၎င်းတို့၏ စီးပွားရေးဩဇာစက်ဝန်း ချဲ့ထွင်မှုအပေါ် ထောက်ခံပေးခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် Observer Rese­arch Foundation မှ သုတေသီတစ်ဦးဖြစ်သူ Soumya Bhowmickက ဗွီအိုအေ သတင်းဌာနကို ပြောဆိုခဲ့သည်။ ဒေသတွင်းတွင် တရုတ်နှင့်ရုရှားတို့၏ မဟာ ဗျူဟာရည်မှန်းချက်များကို ထောက်ပံ့ပေးခြင်းဖြင့် BRICS အဖွဲ့က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် ထိုင်းနိုင်ငံ၏အခန်းကလည်း ပါဝင်နိုင်ရန် မျှော်လင့်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၅ ဘီလျံအထိ တိုးမြင့်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်အဖြစ်ရပ်တည်မှုကို ခိုင်မာစေခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းရှိလာခဲ့သည်။ ထိုင်းနိုင်ငံသည် Asia-Pacific Economic Coop­er­ation (APEC) နှင့် Indo-Pacific Economic Framework (IPEF) ကဲ့သို့သော အဖွဲ့များတွင် လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ BRICS အဖွဲ့သို့ဝင်ရောက်ခြင်းဖြင့် ထိုင်းနိုင်ငံ အတွက် နိုင်ငံရေးအရ သိသာထင်ရှားသည့်အရွေ့တစ်ခု ရရှိမည်ဖြစ်ပြီး အင်အားကြီးနိုင်ငံအားလုံးနှင့် ဆက်ဆံခွင့်ရရှိမည်ဖြစ်သကဲ့သို့ အာဆီယံ၏ ချဉ်းကပ်မှုနှင့်လည်း လိုက်လျောညီထွေရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသည် နိုင်ငံစုံဆက်ဆံရေးမူဝါဒ၌ အရေးကြီးသည့် နေရာတွင်ရှိနေပြီး နိုင်ငံတကာစနစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှု တိုးမြှင့်နိုင် ရေးကြိုးပမ်းခြင်း မှာ BRICS ၏စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့သို့ဝင်ရောက်ရန် အချိန်ရပါသေးသည်။ အာဂျင်တီးနား နိုင်ငံဆိုပါကအဖွဲ့သို့ဝင်ရောက်ရန် ဖိတ်ခေါ်ခံ ရပြီးနောက်တွင် စိတ်ပြောင်းသွားခဲ့ဖူးသည်။ အလားတူ ဆော်ဒီအာရေးဗျနိုင်ငံမှာလည်း BRICS သို့ ဝင်ရောက်နိုင်ရေးနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာနေမှုများရှိခဲ့သည်။ BRICS အဖွဲ့သည် မူလအဖွဲ့ဝင် များဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့အပြင် ထပ်တိုးအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ယူအေအီးနှင့် ဆော်ဒီ တို့လည်း ပါဝင်လာခဲ့ပြီဖြစ်သည်။

အာဂျင်တီးနားသမ္မတ Javier Milei သည် ၂၀၂၃ ခုနှစ်က BRICS အဖွဲ့သို့ဝင်ရောက်မည့် အစီအစဉ်ကို ရုပ်သိမ်းသွားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ကမူ BRICS အဖွဲ့သို့ဝင် ရောက်ရန် လျှောက်လွှာတင်ထားသည့်နိုင်ငံပေါင်း (၃၀)ကျော်ရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းခြင်းမှာ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံ အပေါ် အမှီပြုရသကဲ့သို့ စီးပွားရေးအတွက် တရုတ်နိုင်ငံအပေါ် အမှီပြုနေရခြင်းဖြစ်သည်ဆိုသည်ကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်သည်ဟု ပေကျင်းရှိ Ren­min တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ တစ်ဦးဖြစ်သူ Wang Yiwei က ဆိုသည်။ နေတိုး အဖွဲ့ဝင်မဟုတ်သည့် အမေရိကန်၏မဟာမိတ် ထိုင်း နိုင်ငံအနေဖြင့် BRICS အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းသည် အနာဂတ်လားရာကို ဖော်ညွှန်း ပြနေခြင်းဖြစ်ကြောင်း၊ နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူကီယဲနိုင်ငံသည်ပင် BRICS အဖွဲ့သို့ဝင်ရောက် ရန်စိတ်ဝင်စားသည်ဟု ပါမောက္ခတစ်ဦးဖြစ်သူ Wang Yiwei ကယူဆသည်။ ရုရှားနိုင်ငံသည် ယခုနှစ် တွင် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနေရာကို ရယူရမည်ဖြစ်ရာ တူကီယဲနိုင်ငံကလည်း အဖွဲ့သို့ ဝင်ရောက်နိုင်ရေး ဆွေးနွေးလိမ့်မည်ဟုမျှော်လင့်ရသည်။

အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံကို ၂၀ဝ၃ ခုနှစ်တွင် နေတိုးအဖွဲ့ဝင်မဟုတ်သည့် မဟာမိတ် နိုင်ငံအဖြစ်သတ်မှတ်ခဲ့သည်။ ထိုင်းနိုင်ငံသည်လည်း အရှေ့တောင်အာရှတွင် အမေရိကန်နှင့် စာချုပ် ချုပ် ဆိုပြီး မိတ်ဖက်အဖြစ်ဆက်ဆံနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် BRICSအဖွဲ့သို့ ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည် BRICS၏ အဖွဲ့ ဝင်အင်အားတိုးချဲ့မှု တည်တည်ငြိမ်ငြိမ်ဖြင့်တိုးတက် နေခြင်းကိုပြသနေခြင်းဖြစ်ကြောင်း ပေကျင်းအခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Anbound

မှ သုတေသီတစ်ဦးဖြစ်သူ Zhao Zhijiang ကဆိုလာသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် စံပြနိုင်ငံဖြစ်နိုင်ပြီး အာဆီယံ၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှာလည်း BRICS သို့ဝင်ရောက်လာနိုင်သည်ဟု Xiamen တက္ကသိုလ် Research School for Southeast Asian Studies ၏ပါမောက္ခတစ်ဦးဖြစ်သူ Wang Qin ကယူဆသည်။ BRICS အဖွဲ့သို့ ဝင်ရောက်ခြင်းဖြင့် အကျိုးအမြတ် များစွာရရှိနိုင်သည်ဟု အင်ဒိုနီးရှား နိုင်ငံကလည်း ယူဆထားသည်။ BRICS အဖွဲ့သည် လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကာလက စီးပွားရေးကို အခြေပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံရေးပလက်ဖောင်းတစ်ခုအဖြစ်လည်း ရောက်ရှိလာခဲ့သည်။ Global South မှာလည်း ကမ္ဘာ့ရေးရာများတွင် ဩဇာပိုမိုကြီးမားလာခဲ့သည်။

BRICS အဖွဲ့ဝင်အင်အား တိုးချဲ့ခြင်းကို အမေရိကန်နိုင်ငံနှင့်လည်းကောင်း၊ စက်မှုဖွံ့ဖြိုးပြီး (၇)နိုင်ငံနှင့်လည်းကောင်း နှိုင်းယှဉ်ပြောဆိုကြသည်။ သို့သော် အဖွဲ့ကို ဖွံဖြိုးပြီးနိုင်ငံများနှင့် ပြိုင်ဘက် အဖြစ် ရည်ရွယ်ဖွဲ့စည်းထားခြင်းမဟုတ်ကြောင်း BRICS ခေါင်းဆောင်များက ထုတ်ဖော်ပြောဆို ထားသည်။ BRICS တိုးချဲ့ဖွဲ့စည်းခြင်းကို တရုတ်နိုင်ငံကဦးဆောင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ရှုမြင်သည် များရှိသကဲ့သို့ အမေရိကန်နိုင်ငံ၏ ပထဝီနိုင်ငံရေးဖိ အားကိုအန်တုရန်အတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်နေခြင်းဖြစ်သည်ဟု ရှုမြင်ချက်များလည်း ရှိသည်။ ရုရှားသမ္မတ ပူတင်သည် ၂၀၂၄ ခုနှစ် မေလ တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင် တို့သည် BRICS အဖွဲ့ဝင်သစ်များလက်ခံရေး၊ နိုင်ငံတကာရေးရာနှင့် နိုင်ငံတကာ အာဂျင်ဒါချမှတ်ရာတွင် BRICS ယန္တရားဩဇာ စက်ဝန်းတိုးချဲ့ရေးတို့ကို သဘောတူခဲ့ ကြသည်။ BRICS အဖွဲ့မှာ အမေရိကန် ဗီတိုအာဏာရှိသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကဲ့သို့မဟုတ်ဘဲ ဖွဲ့စည်းမှုပုံစံသစ်ဖြစ်ရာ တရုတ်နှင့်ရုရှားတို့က မလွှမ်းမိုးနိုင်ပါဟု ပါမောက္ခ Wang Qin ကဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ လွှမ်းမိုးမှုနည်းသည့် ကမ္ဘာ့အထိုင် သစ်ပေါ်ပေါက်လာခြင်းကို လက်မခံနိုင်စရာမရှိဘဲ ယင်းကဲ့သို့သောအထိုင်မျိုးတည်ဆောက်ရာတွင် ပါဝင်ရန် ဆန္ဒရှိနေပုံရသည်။ သို့သော် ထိပ်တိုက်ရင် ဆိုင်မှုများဖြစ်စေနိုင်သည့် ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုများကို အားပေးလိုပုံမရပါ။ နိုင်ငံစုံဝါဒ ကျင့်သုံးရေး အားပေးသည့်ထိုင်းနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကိုမဆို ဝင်ရောက်နိုင်သည့် အခွင့်အရေးရှိသည်။

အဖွဲ့ဝင်အင်အားတိုးပွားလာသည့် BRICS အဖွဲ့သည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံများကြား ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲအတွက် အရေးကြီးပလက်ဖောင်းဖြစ်လာသည်မှာ ယုံမှား သံသယဖြစ်စရာမရှိပါ။ BRICS ကို ဖွဲ့စည်းခဲ့သည်မှာ ဆယ်စုနှစ်တစ်စုကျော်ကြာပြီးနောက် အဖွဲ့သည် နိုင်ငံတကာစနစ်အတွင်း နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ အင်အားတစ်ခုဖြစ်လာသည်ကို မြင် တွေ့ရသည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံရေးအရရပ်တည်မှုကိုမြှင့်တင် နိုင်မည့်အလားအလာရှိသော မည်သည့်အုပ်စုတွင် ဖြစ်စေပါဝင်ခြင်းမှာ အန္တရာယ်မရှိနိုင်ဟု ယူဆထားပုံရ သည်။ BRICS အဖွဲ့ဝင်ဖြစ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အင်အားမျှခြေအရွေ့ကို ထိန်းညှိရေးအတွက် အရေးကြီးသည့်နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် အမေရိကန်အပေါ်မှီခိုမှု လျှော့ချ သည့် နိုင်ငံခြားဆက်ဆံရေးမဟာဗျူဟာကို မဖြစ်မနေ ထိန်းညှိရမည်ဖြစ်ကြောင်း၊ သို့သော် ကာလ ရှည်ကြာ မိတ်ဖက်ဆက်ဆံရေးရှိခဲ့သည့် အမေရိကန်နိုင်ငံနှင့် ပြဿနာဖြစ်ခြင်းမျိုးကို သတိပြုရှောင်ရှား ရမည်ဟု ထိုင်းအစိုးရဘဏ္ဍာရေးဝန်ကြီး Thirachai Phuva natnaranubala က ထုတ်ဖော်ပြောဆိုခဲ့ ဖူးကြောင်း The Nationသတင်းစာက ၎င်း၏ပြောဆိုချက်အပေါ်ကိုးကားဖော်ပြဖူးသည်။ ထိုင်းနိုင်ငံ သည် Orga­n­i­zation for Economic Co-operation and Development(OECD) အဖွဲ့သို့လည်း ဝင်ရောက် ရန်အဆိုပြုထားသည်။ သို့သော် OECD သို့ဝင် ရောက်ရေးမှာ BRICS အဖွဲ့သို့ဝင်ရောက် ရေးထက်ပင် ပို၍ကြာမြင့်နိုင်သည်။ ပထဝီစီးပွားရေးအရ အား ပြိုင်နေသည့်အဖွဲ့ကြီးနှစ်ဖွဲ့သို့ ဝင်ရောက် ရန် ကြိုးပမ်းခြင်းသည် ဝန်ကြီးချုပ် ဆာရက်သာဝီဆင်၏ စီးပွားရေးမူဝါဒ အာဂျင်ဒါတစ်ခုဖြစ်နိုင်သည်။ အလားတူ အားပြိုင်နေသည့် အင်အားကြီးနှစ်နိုင်ငံကြား ထိုင်း နိုင်ငံ၏ရပ်တည်ချက်ကိုပြသလိုခြင်းလည်း ဖြစ်နိုင်သည်။ ထိုင်းနိုင်ငံအနေဖြင့် အဖွဲ့ကြီးနှစ်ဖွဲ့သို့ မည်သည့်အချိန်တွင် ဝင်ရောက်ခွင့်ရမည်ကို ရှင်းရှင်း လင်းလင်း မသိနိုင်သေးသော်လည်း အဖွဲ့နှစ်ဖွဲ့လုံးသို့ ဝင်ရောက်လိုသည့်ဆန္ဒနှင့် ဝင်ရောက်နိုင်ကြောင်း ယုံကြည်ချက်ရှိနေခြင်းသည်ပင် ထိုင်းနိုင်ငံခြားရေးမူဝါဒ၏ ပြောင်းလွယ်ပြင်လွယ်ရှိမှုကို ပြသနေခြင်းပင် ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် Kasikorn Research Center မှထုတ်ပြန်သည့်အစီရင်ခံစာအရ ထိုင်း နိုင်ငံအနေဖြင့် BRICS ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသို့ ဝင်ရောက်ခွင့်ရရှိခဲ့မည်ဆိုပါက ဖွံ့ဖြိုးမှု အခွင့်အလမ်းသစ်များရရှိမည်ဖြစ်သည်ဟု ဆိုထားသည်။ ထိုင်းနိုင်ငံ၏ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ရေးမှာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ ၂၂.၈ ရာခိုင်နှုန်းရှိသည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ အမျိုးသားအကျိုးစီးပွားကို မြှင့်တင် ကာကွယ်ရန်အတွက် ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါသည့်ပလေယာတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ် သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sang­­iampongsa က ရုရှားနိုင်ငံ Nizhn Novgo- rod တွင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ပြုလုပ်သည့် BRICS ဆွေးနွေးပွဲ တက်ရောက်အပြီး သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ အနေဖြင့် BRICSအဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်း ခြင်းသည် ဘက်တစ်ဖက်သို့ရွေးချယ်ခြင်း သို့မဟုတ် မည်သည့်အခြားအုပ်စုကိုမှ တန်ပြန်ဟန်ချက် ထိန်း ညှိခြင်းအဖြစ် ဝင်ရောက်ခြင်း မဟုတ်ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် OECD အဖွဲ့သို့လည်းကောင်း၊ BRICSအဖွဲ့သို့လည်းကောင်း ဝင်ရောက်ရန် ဆက်သွယ်ထားခြင်းသည် နိုင်ငံ၏စွမ်းဆောင်ရည်ကိုမြှင့် တင်ရန်နှင့် ကမ္ဘာ့စင်မြင့်တွင် ထိုင်းနိုင်ငံ၏ အခန်း ကဏ္ဍကိုတိုးချဲ့ရန် နည်းလမ်းရှာခြင်းသာဖြစ်သည် ဟုလည်း အသေးစိတ် ရှင်းလင်းပြောဆိုခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ထူးခြားသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပြီး နိုင်ငံအားလုံးနှင့် မိတ်ဆွေဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ရန်သူဟုသဘောမထားကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကြား တံတားတစ်စင်းအဖြစ် ဆက်သွယ်ပေးနိုင်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုမြန်ဆန်သည့် နိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏အရေးပါမှုကို ကမ္ဘာ့အသိုက် အဝန်းက အသိအမှတ်ပြုလာစေရန် အကူအညီဖြစ်စေပြီး BRICS အဖွဲ့၏ စေ့စပ်ညှိနှိုင်းနိုင်စွမ်းကိုလည်း ခိုင်မာစေမည်ဖြစ်ကြောင်းလည်း Maris San­g­i­a­mpongsa က ပြောဆိုခဲ့သည်။

BRICS အဖွဲ့သို့ဝင်ရောက်ရန် ဆက်သွယ်ခြင်းသည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအ ထိုင်မှ ခွဲထွက်လိုခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်သည့်နေရာသို့ ရောက်ရှိနိုင်မည့် နည်းလမ်းကို ချဲ့ထွင်နိုင်သမျှချဲ့ထွင်နေခြင်းသာဖြစ်သည်ဟုဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက် ရေးကြိုးပမ်းရာတွင် ကမ္ဘာတစ်ဝန်းမှ အရင်းအမြစ်မျိုးစုံကို ရနိုင်သမျှရယူနေသည်မှာ ထိုင်းအစိုးရ၏ မကြာသေးမီကချမှတ်ခဲ့သည့် နိုင်ငံခြားရေးနှင့် စီးပွားရေးဆုံးဖြတ်ချက်များကိုကြည့်ပါက ရှင်းရှင်းလင်း လင်းသိနိုင်သည်။ ထိုင်းနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်တွင် လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး တရုတ်နိုင်ငံမှ အရှေ့တောင်အာရှသို့ ရွှေ့ပြောင်းထုတ်လုပ် သည့် အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ရင်းနှီးမြှပ်နှံမှုရရှိရန်လည်း စိတ် အားထက်သန်စွာဖြင့် ရှာဖွေနေသည်။ ထိုင်းနိုင်ငံသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တရုတ်နိုင်ငံထက် အမေရိကန်နိုင်ငံနှင့် ပို၍နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်။ ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေး အတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက် သည်။ ပိုမိုပူးပေါင်းနိုင်ရန်အတွက် BRICS သို့ ဝင် ရောက်ရန်ကြိုးပမ်းလာသည်။ OECD သို့ ဝင်ရောက် ရန်လည်း ဆက်သွယ်ထားပြီးဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးအသုံးအရ ဆိုရပါမူ multi alignment ပြုလုပ်ခြင်းပင်ဖြစ်သည်။ မြန်မာစကားအရဆိုရလျှင် ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းရန်ကြိုးပမ်းနေ ခြင်းသာဖြစ်သည်။

zawgyi version
ထိုင္းတို႔ ငါးရံ႕ႏွစ္ေကာင္ တစ္ၿပိဳင္တည္း ဖမ္းႏိုင္မွာလား (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇြန္ ၃ဝ

BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ဆႏၵျပဳသည့္ ႏိုင္ငံမ်ားတြင္ ထိုင္းႏိုင္ငံလည္းပါဝင္လာခဲ့ၿပီသည္။ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ေလွ်ာက္ထားခဲ့သည့္ အေရွ႕ေတာင္အာရွ၏ ပထမဆုံးႏိုင္ငံလည္း ျဖစ္လာခဲ့သည္။

ထိုင္းႏိုင္ငံအေနျဖင့္ BRICS သို႔ ဝင္ေရာက္ခြင့္ရမည္ဆိုပါက တ႐ုတ္ကဲ့သို႔ေသာႏိုင္ငံမ်ားႏွင့္ လက္ရွိ လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာတူညီခ်က္မ်ားမွ အက်ိဳးအျမတ္မ်ားစြာရရွိႏိုင္သည္ဟု ကြၽမ္းက်င္သူမ်ားကသုံးသပ္ေျပာဆိုေနၾကသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာဝီဆင္သည္ ၂၀၂၄ ခုႏွစ္ ေအာက္တို ဘာလတြင္ ႐ုရွားႏိုင္ငံ Kazan ၌က်င္းပမည့္ BRICS ထိပ္သီးေဆြးေႏြးပြဲကာလအတြင္း BRICS အဖြဲ႕သို႔ ဝင္ေရာက္မည့္လုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္ရန္ စီစဥ္ထားသည္။ ထိုင္းႏိုင္ငံအေန ျဖင့္ ႏိုင္ငံတကာစီးပြားေရးမူဝါဒခ်မွတ္ျခင္း၊ ကမာၻ႔အထိုင္သစ္ဖန္တီးျခင္ႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ ထိုင္းႏိုင္ငံ၏အခန္းက႑ကိုျမႇင့္တင္ႏိုင္ရန္အတြက္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္းျခင္းျဖစ္ သည္ဟု ထိုင္းအစိုးရေျပာခြင့္ရပုဂၢိဳလ္ Chai Wacharonke က သတင္းထုတ္ျပန္ခဲ့သည္။ ထိုင္း ႏိုင္ငံ အေနျဖင့္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္းျခင္းသည္ တ႐ုတ္ႏွင့္႐ုရွားႏိုင္ငံတို႔က အေရွ႕ေတာင္ အာရွေဒသတြင္ ၎တို႔၏ စီးပြားေရးဩဇာစက္ဝန္း ခ်ဲ႕ထြင္မႈအေပၚ ေထာက္ခံေပးျခင္းျဖစ္သည္ဟု အိႏၵိယႏိုင္ငံအေျခစိုက္ Observer Rese­arch Foundation မွ သုေတသီတစ္ဦးျဖစ္သူ Soumya Bhowmickက ဗြီအိုေအ သတင္းဌာနကို ေျပာဆိုခဲ့သည္။ ေဒသတြင္းတြင္ တ႐ုတ္ႏွင့္႐ုရွားတို႔၏ မဟာ ဗ်ဴဟာရည္မွန္းခ်က္မ်ားကို ေထာက္ပံ့ေပးျခင္းျဖင့္ BRICS အဖြဲ႕က ကမာၻလုံးဆိုင္ရာ စီးပြားေရးမူဝါဒမ်ား ခ်မွတ္ရာတြင္ ထိုင္းႏိုင္ငံ၏အခန္းကလည္း ပါဝင္ႏိုင္ရန္ ေမွ်ာ္လင့္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ထိုင္းႏိုင္ငံ၏ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈတန္ဖိုးမွာ ၂၀၂၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၇၅ ဘီလ်ံအထိ တိုးျမင့္လာခဲ့သည္။ ထိုင္းႏိုင္ငံ၏ ထိပ္တန္း ကုန္သြယ္ဖက္အျဖစ္ရပ္တည္မႈကို ခိုင္မာေစခဲ့ၿပီး စုစုေပါင္းကုန္သြယ္မႈ၏ ၂၀ ရာခိုင္ႏႈန္းရွိလာခဲ့သည္။ ထိုင္းႏိုင္ငံသည္ Asia-Pacific Economic Coop­er­ation (APEC) ႏွင့္ Indo-Pacific Economic Framework (IPEF) ကဲ့သို႔ေသာ အဖြဲ႕မ်ားတြင္ လည္း တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္လ်က္ရွိသည္။ BRICS အဖြဲ႕သို႔ဝင္ေရာက္ျခင္းျဖင့္ ထိုင္းႏိုင္ငံ အတြက္ ႏိုင္ငံေရးအရ သိသာထင္ရွားသည့္အေ႐ြ႕တစ္ခု ရရွိမည္ျဖစ္ၿပီး အင္အားႀကီးႏိုင္ငံအားလုံးႏွင့္ ဆက္ဆံခြင့္ရရွိမည္ျဖစ္သကဲ့သို႔ အာဆီယံ၏ ခ်ဥ္းကပ္မႈႏွင့္လည္း လိုက္ေလ်ာညီေထြရွိသည္ဟု ဆိုရမည္ျဖစ္သည္။ ထိုင္းအစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ထိုင္းႏိုင္ငံသည္ ႏိုင္ငံစုံဆက္ဆံေရးမူဝါဒ၌ အေရးႀကီးသည့္ ေနရာတြင္ရွိေနၿပီး ႏိုင္ငံတကာစနစ္တြင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ ကိုယ္စားျပဳမႈ တိုးျမႇင့္ႏိုင္ ေရးႀကိဳးပမ္းျခင္း မွာ BRICS ၏စည္းမ်ဥ္းမ်ားႏွင့္ ကိုက္ညီသည္ဟု ဆိုသည္။ ထိုင္းႏိုင္ငံအေနျဖင့္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ အခ်ိန္ရပါေသးသည္။ အာဂ်င္တီးနား ႏိုင္ငံဆိုပါကအဖြဲ႕သို႔ဝင္ေရာက္ရန္ ဖိတ္ေခၚခံ ရၿပီးေနာက္တြင္ စိတ္ေျပာင္းသြားခဲ့ဖူးသည္။ အလားတူ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာလည္း BRICS သို႔ ဝင္ေရာက္ႏိုင္ေရးႏွင့္ပတ္သက္၍ ေႏွာင့္ေႏွးၾကန႔္ၾကာေနမႈမ်ားရွိခဲ့သည္။ BRICS အဖြဲ႕သည္ မူလအဖြဲ႕ဝင္ မ်ားျဖစ္သည့္ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏွင့္ ေတာင္ကိုရီးယား ႏိုင္ငံတို႔အျပင္ ထပ္တိုးအဖြဲ႕ဝင္ ငါးႏိုင္ငံျဖစ္သည့္ အီရန္၊ အီဂ်စ္၊ အီသီယိုပီးယား၊ ယူေအအီးႏွင့္ ေဆာ္ဒီ တို႔လည္း ပါဝင္လာခဲ့ၿပီျဖစ္သည္။

အာဂ်င္တီးနားသမၼတ Javier Milei သည္ ၂၀၂၃ ခုႏွစ္က BRICS အဖြဲ႕သို႔ဝင္ေရာက္မည့္ အစီအစဥ္ကို ႐ုပ္သိမ္းသြားခဲ့သည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာဂ်ီလာေရာ့ကမူ BRICS အဖြဲ႕သို႔ဝင္ ေရာက္ရန္ ေလွ်ာက္လႊာတင္ထားသည့္ႏိုင္ငံေပါင္း (၃၀)ေက်ာ္ရွိသည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။ ထိုင္းႏိုင္ငံအေနျဖင့္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္းျခင္းမွာ လုံၿခဳံေရးအတြက္ အေမရိကန္ႏိုင္ငံ အေပၚ အမွီျပဳရသကဲ့သို႔ စီးပြားေရးအတြက္ တ႐ုတ္ႏိုင္ငံအေပၚ အမွီျပဳေနရျခင္းျဖစ္သည္ဆိုသည္ကို ထင္ဟပ္ေဖာ္ျပေနျခင္းျဖစ္သည္ဟု ေပက်င္းရွိ Ren­min တကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရး ပါေမာကၡ တစ္ဦးျဖစ္သူ Wang Yiwei က ဆိုသည္။ ေနတိုး အဖြဲ႕ဝင္မဟုတ္သည့္ အေမရိကန္၏မဟာမိတ္ ထိုင္း ႏိုင္ငံအေနျဖင့္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္းလာျခင္းသည္ အနာဂတ္လားရာကို ေဖာ္ၫႊန္း ျပေနျခင္းျဖစ္ေၾကာင္း၊ ေနတိုးအဖြဲ႕ဝင္ျဖစ္သည့္ တူကီယဲႏိုင္ငံသည္ပင္ BRICS အဖြဲ႕သို႔ဝင္ေရာက္ ရန္စိတ္ဝင္စားသည္ဟု ပါေမာကၡတစ္ဦးျဖစ္သူ Wang Yiwei ကယူဆသည္။ ႐ုရွားႏိုင္ငံသည္ ယခုႏွစ္ တြင္ BRICS အဖြဲ႕၏ အလွည့္က်ဥကၠ႒ေနရာကို ရယူရမည္ျဖစ္ရာ တူကီယဲႏိုင္ငံကလည္း အဖြဲ႕သို႔ ဝင္ေရာက္ႏိုင္ေရး ေဆြးေႏြးလိမ့္မည္ဟုေမွ်ာ္လင့္ရသည္။

အေမရိကန္ႏိုင္ငံသည္ ထိုင္းႏိုင္ငံကို ၂၀ဝ၃ ခုႏွစ္တြင္ ေနတိုးအဖြဲ႕ဝင္မဟုတ္သည့္ မဟာမိတ္ ႏိုင္ငံအျဖစ္သတ္မွတ္ခဲ့သည္။ ထိုင္းႏိုင္ငံသည္လည္း အေရွ႕ေတာင္အာရွတြင္ အေမရိကန္ႏွင့္ စာခ်ဳပ္ ခ်ဳပ္ ဆိုၿပီး မိတ္ဖက္အျဖစ္ဆက္ဆံေနသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ BRICSအဖြဲ႕သို႔ ဝင္ေရာက္ရန္ႀကိဳးပမ္းျခင္းသည္ BRICS၏ အဖြဲ႕ ဝင္အင္အားတိုးခ်ဲ႕မႈ တည္တည္ၿငိမ္ၿငိမ္ျဖင့္တိုးတက္ ေနျခင္းကိုျပသေနျခင္းျဖစ္ေၾကာင္း ေပက်င္းအေျခစိုက္ သုေတသနအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ Anbound

မွ သုေတသီတစ္ဦးျဖစ္သူ Zhao Zhijiang ကဆိုလာသည္။ ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွတြင္ စံျပႏိုင္ငံျဖစ္ႏိုင္ၿပီး အာဆီယံ၏ စီးပြားေရးအင္အားႀကီးႏိုင္ငံျဖစ္သည့္ အင္ဒိုနီးရွားႏိုင္ငံမွာလည္း BRICS သို႔ဝင္ေရာက္လာႏိုင္သည္ဟု Xiamen တကၠသိုလ္ Research School for Southeast Asian Studies ၏ပါေမာကၡတစ္ဦးျဖစ္သူ Wang Qin ကယူဆသည္။ BRICS အဖြဲ႕သို႔ ဝင္ေရာက္ျခင္းျဖင့္ အက်ိဳးအျမတ္ မ်ားစြာရရွိႏိုင္သည္ဟု အင္ဒိုနီးရွား ႏိုင္ငံကလည္း ယူဆထားသည္။ BRICS အဖြဲ႕သည္ လြန္ခဲ့သည့္ ၁၅ ႏွစ္ေက်ာ္ကာလက စီးပြားေရးကို အေျချပဳၿပီး ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေသာ္လည္း ယခုအခါ အစိုးရအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ႏိုင္ငံေရးပလက္ေဖာင္းတစ္ခုအျဖစ္လည္း ေရာက္ရွိလာခဲ့သည္။ Global South မွာလည္း ကမာၻ႔ေရးရာမ်ားတြင္ ဩဇာပိုမိုႀကီးမားလာခဲ့သည္။

BRICS အဖြဲ႕ဝင္အင္အား တိုးခ်ဲ႕ျခင္းကို အေမရိကန္ႏိုင္ငံႏွင့္လည္းေကာင္း၊ စက္မႈဖြံ႕ၿဖိဳးၿပီး (၇)ႏိုင္ငံႏွင့္လည္းေကာင္း ႏႈိင္းယွဥ္ေျပာဆိုၾကသည္။ သို႔ေသာ္ အဖြဲ႕ကို ဖြံၿဖိဳးၿပီးႏိုင္ငံမ်ားႏွင့္ ၿပိဳင္ဘက္ အျဖစ္ ရည္႐ြယ္ဖြဲ႕စည္းထားျခင္းမဟုတ္ေၾကာင္း BRICS ေခါင္းေဆာင္မ်ားက ထုတ္ေဖာ္ေျပာဆို ထားသည္။ BRICS တိုးခ်ဲ႕ဖြဲ႕စည္းျခင္းကို တ႐ုတ္ႏိုင္ငံကဦးေဆာင္သည့္ ပလက္ေဖာင္းတစ္ခုအျဖစ္ ရႈျမင္သည္ မ်ားရွိသကဲ့သို႔ အေမရိကန္ႏိုင္ငံ၏ ပထဝီႏိုင္ငံေရးဖိ အားကိုအန္တုရန္အတြက္ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔က ဦးေဆာင္ေနျခင္းျဖစ္သည္ဟု ရႈျမင္ခ်က္မ်ားလည္း ရွိသည္။ ႐ုရွားသမၼတ ပူတင္သည္ ၂၀၂၄ ခုႏွစ္ ေမလ တ႐ုတ္ႏိုင္ငံခရီးစဥ္တြင္ သမၼတရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံခဲ့သည္။ ႏွစ္ႏိုင္ငံေခါင္းေဆာင္ တို႔သည္ BRICS အဖြဲ႕ဝင္သစ္မ်ားလက္ခံေရး၊ ႏိုင္ငံတကာေရးရာႏွင့္ ႏိုင္ငံတကာ အာဂ်င္ဒါခ်မွတ္ရာတြင္ BRICS ယႏၲရားဩဇာ စက္ဝန္းတိုးခ်ဲ႕ေရးတို႔ကို သေဘာတူခဲ့ ၾကသည္။ BRICS အဖြဲ႕မွာ အေမရိကန္ ဗီတိုအာဏာရွိသည့္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF)ကဲ့သို႔မဟုတ္ဘဲ ဖြဲ႕စည္းမႈပုံစံသစ္ျဖစ္ရာ တ႐ုတ္ႏွင့္႐ုရွားတို႔က မလႊမ္းမိုးႏိုင္ပါဟု ပါေမာကၡ Wang Qin ကဆိုသည္။ ထိုင္းႏိုင္ငံအေနျဖင့္ အေနာက္ႏိုင္ငံမ်ား လႊမ္းမိုးမႈနည္းသည့္ ကမာၻ႔အထိုင္ သစ္ေပၚေပါက္လာျခင္းကို လက္မခံႏိုင္စရာမရွိဘဲ ယင္းကဲ့သို႔ေသာအထိုင္မ်ိဳးတည္ေဆာက္ရာတြင္ ပါဝင္ရန္ ဆႏၵရွိေနပုံရသည္။ သို႔ေသာ္ ထိပ္တိုက္ရင္ ဆိုင္မႈမ်ားျဖစ္ေစႏိုင္သည့္ ပထဝီႏိုင္ငံေရးဆိုင္ရာ အားၿပိဳင္မႈမ်ားကို အားေပးလိုပုံမရပါ။ ႏိုင္ငံစုံဝါဒ က်င့္သုံးေရး အားေပးသည့္ထိုင္းႏိုင္ငံအေနျဖင့္ မည္သည့္ႏိုင္ငံတကာအဖြဲ႕အစည္းကိုမဆို ဝင္ေရာက္ႏိုင္သည့္ အခြင့္အေရးရွိသည္။

အဖြဲ႕ဝင္အင္အားတိုးပြားလာသည့္ BRICS အဖြဲ႕သည္ ဝင္ေငြအလယ္အလတ္အဆင့္ရွိသည့္ ႏိုင္ငံမ်ားၾကား ကမာၻလုံးဆိုင္ရာေဆြးေႏြးပြဲအတြက္ အေရးႀကီးပလက္ေဖာင္းျဖစ္လာသည္မွာ ယုံမွား သံသယျဖစ္စရာမရွိပါ။ BRICS ကို ဖြဲ႕စည္းခဲ့သည္မွာ ဆယ္စုႏွစ္တစ္စုေက်ာ္ၾကာၿပီးေနာက္ အဖြဲ႕သည္ ႏိုင္ငံတကာစနစ္အတြင္း ႏိုင္ငံေရးအရျဖစ္ေစ၊ စီးပြားေရးအရျဖစ္ေစ အင္အားတစ္ခုျဖစ္လာသည္ကို ျမင္ ေတြ႕ရသည္။ ထိုင္းႏိုင္ငံအေနျဖင့္ ကမာၻလုံးဆိုင္ရာ စီးပြားေရးႏွင့္ ႏိုင္ငံေရးအရရပ္တည္မႈကိုျမႇင့္တင္ ႏိုင္မည့္အလားအလာရွိေသာ မည္သည့္အုပ္စုတြင္ ျဖစ္ေစပါဝင္ျခင္းမွာ အႏၲရာယ္မရွိႏိုင္ဟု ယူဆထားပုံရ သည္။ BRICS အဖြဲ႕ဝင္ျဖစ္ျခင္းသည္ ကမာၻလုံးဆိုင္ရာ အင္အားမွ်ေျခအေ႐ြ႕ကို ထိန္းညႇိေရးအတြက္ အေရးႀကီးသည့္နည္းလမ္းတစ္ရပ္ျဖစ္ေၾကာင္း၊ ထိုင္း ႏိုင္ငံအေနျဖင့္ အေမရိကန္အေပၚမွီခိုမႈ ေလွ်ာ့ခ် သည့္ ႏိုင္ငံျခားဆက္ဆံေရးမဟာဗ်ဴဟာကို မျဖစ္မေန ထိန္းညႇိရမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ကာလ ရွည္ၾကာ မိတ္ဖက္ဆက္ဆံေရးရွိခဲ့သည့္ အေမရိကန္ႏိုင္ငံႏွင့္ ျပႆနာျဖစ္ျခင္းမ်ိဳးကို သတိျပဳေရွာင္ရွား ရမည္ဟု ထိုင္းအစိုးရဘ႑ာေရးဝန္ႀကီး Thirachai Phuva natnaranubala က ထုတ္ေဖာ္ေျပာဆိုခဲ့ ဖူးေၾကာင္း The Nationသတင္းစာက ၎၏ေျပာဆိုခ်က္အေပၚကိုးကားေဖာ္ျပဖူးသည္။ ထိုင္းႏိုင္ငံ သည္ Orga­n­i­zation for Economic Co-operation and Development(OECD) အဖြဲ႕သို႔လည္း ဝင္ေရာက္ ရန္အဆိုျပဳထားသည္။ သို႔ေသာ္ OECD သို႔ဝင္ ေရာက္ေရးမွာ BRICS အဖြဲ႕သို႔ဝင္ေရာက္ ေရးထက္ပင္ ပို၍ၾကာျမင့္ႏိုင္သည္။ ပထဝီစီးပြားေရးအရ အား ၿပိဳင္ေနသည့္အဖြဲ႕ႀကီးႏွစ္ဖြဲ႕သို႔ ဝင္ေရာက္ ရန္ ႀကိဳးပမ္းျခင္းသည္ ဝန္ႀကီးခ်ဳပ္ ဆာရက္သာဝီဆင္၏ စီးပြားေရးမူဝါဒ အာဂ်င္ဒါတစ္ခုျဖစ္ႏိုင္သည္။ အလားတူ အားၿပိဳင္ေနသည့္ အင္အားႀကီးႏွစ္ႏိုင္ငံၾကား ထိုင္း ႏိုင္ငံ၏ရပ္တည္ခ်က္ကိုျပသလိုျခင္းလည္း ျဖစ္ႏိုင္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ အဖြဲ႕ႀကီးႏွစ္ဖြဲ႕သို႔ မည္သည့္အခ်ိန္တြင္ ဝင္ေရာက္ခြင့္ရမည္ကို ရွင္းရွင္း လင္းလင္း မသိႏိုင္ေသးေသာ္လည္း အဖြဲ႕ႏွစ္ဖြဲ႕လုံးသို႔ ဝင္ေရာက္လိုသည့္ဆႏၵႏွင့္ ဝင္ေရာက္ႏိုင္ေၾကာင္း ယုံၾကည္ခ်က္ရွိေနျခင္းသည္ပင္ ထိုင္းႏိုင္ငံျခားေရးမူဝါဒ၏ ေျပာင္းလြယ္ျပင္လြယ္ရွိမႈကို ျပသေနျခင္းပင္ ျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ Kasikorn Research Center မွထုတ္ျပန္သည့္အစီရင္ခံစာအရ ထိုင္း ႏိုင္ငံအေနျဖင့္ BRICS ပူးေပါင္းေဆာင္႐ြက္ေရး ယႏၲရားသို႔ ဝင္ေရာက္ခြင့္ရရွိခဲ့မည္ဆိုပါက ဖြံ႕ၿဖိဳးမႈ အခြင့္အလမ္းသစ္မ်ားရရွိမည္ျဖစ္သည္ဟု ဆိုထားသည္။ ထိုင္းႏိုင္ငံ၏ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ေရးမွာ စုစုေပါင္းကုန္သြယ္မႈတန္ဖိုး၏ ၂၂.၈ ရာခိုင္ႏႈန္းရွိသည္။

ထိုင္းႏိုင္ငံအေနျဖင့္ ႏိုင္ငံ၏စြမ္းေဆာင္ရည္ကို ျမႇင့္တင္ရန္၊ အမ်ိဳးသားအက်ိဳးစီးပြားကို ျမႇင့္တင္ ကာကြယ္ရန္အတြက္ ကမာၻ႔ႏိုင္ငံေရးတြင္ အေရးပါသည့္ပေလယာတစ္ခုအျဖစ္ ရပ္တည္ႏိုင္ရန္ ရည္႐ြယ္ သည္ဟု ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Maris Sang­­iampongsa က ႐ုရွားႏိုင္ငံ Nizhn Novgo- rod တြင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားႏွင့္ျပဳလုပ္သည့္ BRICS ေဆြးေႏြးပြဲ တက္ေရာက္အၿပီး သတင္းဌာနတစ္ခုႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ေျပာဆိုခဲ့သည္။ ထိုင္းႏိုင္ငံ အေနျဖင့္ BRICSအဖြဲ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္း ျခင္းသည္ ဘက္တစ္ဖက္သို႔ေ႐ြးခ်ယ္ျခင္း သို႔မဟုတ္ မည္သည့္အျခားအုပ္စုကိုမွ တန္ျပန္ဟန္ခ်က္ ထိန္း ညႇိျခင္းအျဖစ္ ဝင္ေရာက္ျခင္း မဟုတ္ေၾကာင္း၊ ထိုင္း ႏိုင္ငံအေနျဖင့္ OECD အဖြဲ႕သို႔လည္းေကာင္း၊ BRICSအဖြဲ႕သို႔လည္းေကာင္း ဝင္ေရာက္ရန္ ဆက္သြယ္ထားျခင္းသည္ ႏိုင္ငံ၏စြမ္းေဆာင္ရည္ကိုျမႇင့္ တင္ရန္ႏွင့္ ကမာၻ႔စင္ျမင့္တြင္ ထိုင္းႏိုင္ငံ၏ အခန္း က႑ကိုတိုးခ်ဲ႕ရန္ နည္းလမ္းရွာျခင္းသာျဖစ္သည္ ဟုလည္း အေသးစိတ္ ရွင္းလင္းေျပာဆိုခဲ့သည္။ ထို႔ျပင္ ထိုင္းႏိုင္ငံသည္ ထူးျခားသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ ၿပီး ႏိုင္ငံအားလုံးႏွင့္ မိတ္ေဆြျဖစ္ၿပီး မည္သည့္ႏိုင္ငံကိုမွ ရန္သူဟုသေဘာမထားေၾကာင္း၊ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားၾကား တံတားတစ္စင္းအျဖစ္ ဆက္သြယ္ေပးႏိုင္ေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ျခင္းျဖင့္ ဖြံ႕ၿဖိဳးမႈျမန္ဆန္သည့္ ႏိုင္ငံမ်ားႏွင့္ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏အေရးပါမႈကို ကမာၻ႔အသိုက္ အဝန္းက အသိအမွတ္ျပဳလာေစရန္ အကူအညီျဖစ္ေစၿပီး BRICS အဖြဲ႕၏ ေစ့စပ္ညႇိႏႈိင္းႏိုင္စြမ္းကိုလည္း ခိုင္မာေစမည္ျဖစ္ေၾကာင္းလည္း Maris San­g­i­a­mpongsa က ေျပာဆိုခဲ့သည္။

BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ဆက္သြယ္ျခင္းသည္ အေမရိကန္ဦးေဆာင္သည့္ ႏိုင္ငံတကာအ ထိုင္မွ ခြဲထြက္လိုျခင္းမဟုတ္ဘဲ ထိုင္းႏိုင္ငံအေနျဖင့္ မဟာဗ်ဴဟာေျမာက္သည့္ေနရာသို႔ ေရာက္ရွိႏိုင္မည့္ နည္းလမ္းကို ခ်ဲ႕ထြင္ႏိုင္သမွ်ခ်ဲ႕ထြင္ေနျခင္းသာျဖစ္သည္ဟုဆိုသည္။ ထိုင္းႏိုင္ငံအေနျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရးႀကိဳးပမ္းရာတြင္ ကမာၻတစ္ဝန္းမွ အရင္းအျမစ္မ်ိဳးစုံကို ရႏိုင္သမွ်ရယူေနသည္မွာ ထိုင္းအစိုးရ၏ မၾကာေသးမီကခ်မွတ္ခဲ့သည့္ ႏိုင္ငံျခားေရးႏွင့္ စီးပြားေရးဆုံးျဖတ္ခ်က္မ်ားကိုၾကည့္ပါက ရွင္းရွင္းလင္း လင္းသိႏိုင္သည္။ ထိုင္းႏိုင္ငံသည္ အေမရိကန္ဦးေဆာင္သည့္ အင္ဒို-ပစိဖိတ္စီးပြားေရးမူေဘာင္တြင္ လည္း တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ၿပီး တ႐ုတ္ႏိုင္ငံမွ အေရွ႕ေတာင္အာရွသို႔ ေ႐ႊ႕ေျပာင္းထုတ္လုပ္ သည့္ အေမရိကန္တစ္ပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္သည့္ကုမၸဏီမ်ား၏ ရင္းႏွီးျမႇပ္ႏွံမႈရရွိရန္လည္း စိတ္ အားထက္သန္စြာျဖင့္ ရွာေဖြေနသည္။ ထိုင္းႏိုင္ငံသည္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို တ႐ုတ္ႏိုင္ငံထက္ အေမရိကန္ႏိုင္ငံႏွင့္ ပို၍နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္ေနသည္။ ထိုင္းႏိုင္ငံအေနျဖင့္ လုံၿခဳံေရး အတြက္ အေမရိကန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ စီးပြားေရးအတြက္ တ႐ုတ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ သည္။ ပိုမိုပူးေပါင္းႏိုင္ရန္အတြက္ BRICS သို႔ ဝင္ ေရာက္ရန္ႀကိဳးပမ္းလာသည္။ OECD သို႔ ဝင္ေရာက္ ရန္လည္း ဆက္သြယ္ထားၿပီးျဖစ္သည္။ ႏိုင္ငံတကာ ဆက္ဆံေရးအသုံးအရ ဆိုရပါမူ multi alignment ျပဳလုပ္ျခင္းပင္ျဖစ္သည္။ ျမန္မာစကားအရဆိုရလွ်င္ ငါးရံ႕ႏွစ္ေကာင္ တစ္ၿပိဳင္တည္း ဖမ္းရန္ႀကိဳးပမ္းေန ျခင္းသာျဖစ္သည္။

Related news

© 2021. All rights reserved.