ဖိလစ်ပိုင်ရဲ့ရန်စမှုတွေအပေါ် ကူညီထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံကို တရုတ်အစိုးရတိုက်တွန်းတောင်းဆို

 1177

ဂျန်ဇက် (NP News) - ဇွန် ၂၉

တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံရဲ့ရန်စမှုတွေကို ကူညီထောက်ပံ့ပေးနေတာတွေကိုရပ်တန့်ဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုတ်ကမ်းဘဲလ်က တရုတ်အစိုးရရဲ့လုပ်ရပ်များဟာ တောင်တရုတ်ပင်လယ်အတွင်း မတည်ငြိမ်မှုတွေဖြစ်လာစေခဲ့ ကြောင်း ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံရဲ့ရန်စတဲ့လုပ်တွေအပေါ် သည်းခံနေတာတွေကို ရပ်တန့်သွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က "အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေဖြစ်လာအောင် ဖိလစ်ပိုင်နိုင်ငံရဲ့ရန်စမှုတွေကို ကူညီထောက်ပံ့ပေးနေတာတွေ၊ ရပ်တန့်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ပိုင်နက်နယ်မြေအငြင်းပွားနေပြီး တရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားရာ အငြင်းပွားမှုတွေဖြစ်လာခဲ့ပါတယ်။ မာအိုနင်က ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ရရှိထားတဲ့သဘောတူညီမှုတွေကို နောက်ပြန်ဆုတ်ခဲ့ကြောင်း၊ ဖိလစ်ပိုင်ဟာ ၎င်းတို့ရဲ့အချုပ်အခြာအာဏာပိုင်နက်များ ပြန်လည်ပေးဖို့ တောင်းဆိုတာတွေလည်းရှိလာခဲ့ကြောင်း ပြောပါတယ်။
တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ ကျွန်းရှိ ဖိလစ်ပိုင်စစ်သားတွေထံ ရိက္ခာလာပိုတဲ့ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို ဟန့်တားနှောင့်ယှက်ခဲ့ရာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာ ခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင် နဲ့ တရုတ်တို့ဟာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ခဲ့ရာ ခုံရုံးက ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ရဲ႕ရန္စမႈေတြအေပၚ ကူညီေထာက္ပံ့ေပးေနျခင္းကို ရပ္တန႔္ဖို႔ အေမရိကန္ႏိုင္ငံကို တ႐ုတ္အစိုးရတိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉

တ႐ုတ္အစိုးရက ဖိလစ္ပိုင္ႏိုင္ငံရဲ႕ရန္စမႈေတြကို ကူညီေထာက္ပံ့ေပးေနတာေတြကိုရပ္တန႔္ဖို႔ အေမရိကန္ႏိုင္ငံကို တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ကုတ္ကမ္းဘဲလ္က တ႐ုတ္အစိုးရရဲ႕လုပ္ရပ္မ်ားဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း မတည္ၿငိမ္မႈေတြျဖစ္လာေစခဲ့ ေၾကာင္း ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။

တ႐ုတ္အစိုးရက ဖိလစ္ပိုင္ႏိုင္ငံရဲ႕ရန္စတဲ့လုပ္ေတြအေပၚ သည္းခံေနတာေတြကို ရပ္တန႔္သြားမွာျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က "အေမရိကန္ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးေတြျဖစ္လာေအာင္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ရန္စမႈေတြကို ကူညီေထာက္ပံ့ေပးေနတာေတြ၊ ရပ္တန႔္ရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ပိုင္နက္နယ္ေျမအျငင္းပြားေနၿပီး တ႐ုတ္ႏိုင္ငံကေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပိုင္နက္အားလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္တယ္လို႔ ေျပာဆိုထားရာ အျငင္းပြားမႈေတြျဖစ္လာခဲ့ပါတယ္။ မာအိုနင္က ဖိလစ္ပိုင္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ရရွိထားတဲ့သေဘာတူညီမႈေတြကို ေနာက္ျပန္ဆုတ္ခဲ့ေၾကာင္း၊ ဖိလစ္ပိုင္ဟာ ၎တို႔ရဲ႕အခ်ဳပ္အျခာအာဏာပိုင္နက္မ်ား ျပန္လည္ေပးဖို႔ ေတာင္းဆိုတာေတြလည္းရွိလာခဲ့ေၾကာင္း ေျပာပါတယ္။
တ႐ုတ္စစ္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေနတဲ့ ကြၽန္းရွိ ဖိလစ္ပိုင္စစ္သားေတြထံ ရိကၡာလာပိုတဲ့ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြကို ဟန႔္တားေႏွာင့္ယွက္ခဲ့ရာ တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာ ခဲ့ေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္ နဲ႔ တ႐ုတ္တို႔ဟာ ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး ၂၀၁၆ ခုႏွစ္က ႏိုင္ငံတကာခုံ႐ုံးမွာ တရားရင္ဆိုင္ခဲ့ရာ ခုံ႐ုံးက ဖိလစ္ပိုင္ႏိုင္ငံကို အႏိုင္ေပးခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.