(ICC) တရားရုံးက အစ္စရေးအစိုးရတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်း
569
ဂျန်ဇက် (NP News) - ဇွန် ၂၉
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ICC တရားရုံးရှေနေ့တစ်ဦး ဖြစ်သူ ကာရင်ခန်က အစ္စရေးဝန်ကြီးချုပ် အပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကလည်း (ICC) ဟာ အစ္စရေးအစိုးရတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်မယ်ဆိုရင် (ICC) တာဝန်ရှိသူများကို ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အစောပိုင်းက သတိပေးခဲ့ပါတယ်။
ဗြိတိန်အစိုးရဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်မယ့် (ICC) တရားသူကြီးတွေကို မေးခွန်းထုတ်ခဲ့ရာ ဆုံးဖြတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ကြောင်း သိရပါတယ် (ICC) တရားရုံးဟာ ပါလက်စတိုင်းများ ကျူးလွန်တဲ့ရာဇဝတ်မှုများကို စီရင်ဆုံးဖြတ်ခြင်း မလုပ်ဆောင် ဘဲ အစ္စရေးနိုင်ငံသားများကို စီရင်ဆုံးဖြတ်သင့်သမားဆိုတဲ့အချက်အပြင် အစ္စရေးနိုင်ငံသားမျာကို ဖမ်းဝရမ်း ထုတ်တာဟာ Oslo Accords သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ သတိပေးပြောဆိုခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ရာဇဝတ်မှုများ ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး တောင်အာဖရိကနိုင်ငံက နိုင်ငံတကာရာဇဝတ်တရားရုံးမှာ တရားစွဲဆိုခြင်းကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
Zawgyi Version;
(ICC) တရား႐ုံးက အစၥေရးအစိုးရတာဝန္ရွိသူေတြကို ဖမ္းဝရမ္းထုတ္ဖို႔ ဆုံးျဖတ္မယ့္အစီအစဥ္ကို ေ႐ႊ႕ဆိုင္း
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC)ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု အပါအဝင္ အစၥေရးအစိုးရတာဝန္ရွိသူ ေတြကို ဖမ္းဝရမ္းထုတ္ဖို႔ ဆုံးျဖတ္မယ့္အစီအစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း သိရပါတယ္။
အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ICC တရား႐ုံးေရွေန႔တစ္ဦး ျဖစ္သူ ကာရင္ခန္က အစၥေရးဝန္ႀကီးခ်ဳပ္ အပါအဝင္ အစၥေရးအစိုးရတာဝန္ရွိသူမ်ားကို ဖမ္းဝရမ္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာ အျငင္းပြားမႈေတြျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကလည္း (ICC) ဟာ အစၥေရးအစိုးရတာဝန္ရွိသူေတြကို ဖမ္းဝရမ္းထုတ္မယ္ဆိုရင္ (ICC) တာဝန္ရွိသူမ်ားကို ပိတ္ဆို႔မႈေတြ ခ်မွတ္သြားမယ္လို႔ အေစာပိုင္းက သတိေပးခဲ့ပါတယ္။
ၿဗိတိန္အစိုးရဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု အပါအဝင္ အစၥေရးအစိုးရတာဝန္ရွိသူေတြကို ဖမ္းဝရမ္းထုတ္ဖို႔ ဆုံးျဖတ္မယ့္ (ICC) တရားသူႀကီးေတြကို ေမးခြန္းထုတ္ခဲ့ရာ ဆုံးျဖတ္မယ့္အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ (ICC) တရား႐ုံးဟာ ပါလက္စတိုင္းမ်ား က်ဴးလြန္တဲ့ရာဇဝတ္မႈမ်ားကို စီရင္ဆုံးျဖတ္ျခင္း မလုပ္ေဆာင္ ဘဲ အစၥေရးႏိုင္ငံသားမ်ားကို စီရင္ဆုံးျဖတ္သင့္သမားဆိုတဲ့အခ်က္အျပင္ အစၥေရးႏိုင္ငံသားမ်ာကို ဖမ္းဝရမ္း ထုတ္တာဟာ Oslo Accords သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ရာေရာက္မည္ျဖစ္ေၾကာင္း ၿဗိတိန္အစိုးရ သတိေပးေျပာဆိုခဲ့ပါတယ္။
အစၥေရးဟာ ဂါဇာစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္တယ္လို႔ စြပ္စြဲခံရၿပီး ေတာင္အာဖရိကႏိုင္ငံက ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွာ တရားစြဲဆိုျခင္းကိုလည္း ရင္ဆိုင္ခဲ့ရပါတယ္။