ယူကရိန်းသမ္မတ ဇီလန်စကီးက ပဋိပက္ခအဆုံးသတ်ရေးအတွက် ပြင်ဆင်နေ
1647
ALynn (NP News) - ဇွန် ၂၉
ယူကရိန်းသည် ယခုနှစ်ကုန်တွင် အဆင်သင့်ဖြစ်သင့်သည့် ရုရှားနှင့် ပဋိပက္ခအဆုံးသတ်ရန် အတွက် ပြီးပြည့်စုံသောအစီအစဉ်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ဗလာဒီမာဇီလန်စကီးက ပြောကြားခဲ့သည်။ ဇီလန်စကီးသည် သောကြာနေ့ (ဇွန်လ ၂၈ ရက်)တွင် စလိုဗေးနီးယားသမ္မတNatasa Pirc Musar နှင့် ကိယက်ဗ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ မှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဖော်မြူလာဟုခေါ်တွင်သည့် ဆယ်ချက်ပါ စာရွက်စာတမ်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဇီလန်စကီး ထုတ်ဖော်ပြသခဲ့သည့် စာတမ်းဖြစ်ပြီး ၎င်းတွင် ရုရှားသည် ယခင်က ယူကရိန်းပိုင်နက်အားလုံးကို စွန့်လွှတ်ခြင်း၊ ၎င်း၏တပ်များအားလုံးကို ရုပ်သိမ်းခြင်း၊ လျော်ကြေး ငွေပေးဆောင်ခြင်းနှင့် စစ်ရာဇဝတ်မှုခုံရုံးများထံတင်ပြခြင်း စသည့်အချက်များ ပါဝင်သည်ဟု ယူဆရသည်။ မော်စကိုက ၎င်းစာတမ်းအား လက်တွေ့မကျဘဲ အမှန်တရားနှင့် ကင်းကွာနေသည်ဟုဆိုကာ ပယ်ချခဲ့သည်။
“ရုရှားသည် အင်အားကိုသာ လေးစားလိုက်နာတတ်သောကြောင့် ယူကရိန်းသည် စစ်မြေပြင်တွင် အားကောင်းနေဖို့လိုအပ်မည်” ဟု ဇီလန်စကီးက ထပ်လောင်းပြောခဲ့သည်။ “စစ်မြေပြင်မှာ အားကောင်းဖို့နဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်ရေးဆွဲဖို့ တစ်ပြိုင်တည်းလုပ်ရမှာဖြစ်ပြီး ဒီနှစ်တော့ အဆင်သင့်ဖြစ်မှာပါ” ဟု ၎င်းက သတင်းထောက် များအား ပြောကြားခဲ့သည်။
အီးယူနှင့် ရေရှည်လုံခြုံရေးသဘောတူစာချုပ်ကို ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်) တွင် လက်မှတ်ရေးထိုးကာ ဇီလန်စကီးက အီးယူအား နှစ်ပေါင်းများစွာ စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများပေးရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်အများအပြားသည် ကိယက်ဗ်နှင့် သီးခြားအကူ အညီပေးရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲ စေရမည်ဟု ကတိပြုခဲ့ကြသည်။ ၎င်းစာချုပ်များ၏ ရည်ရွယ်ချက်မှာ နိုဝင်ဘာလ၊ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့လျှင် ယူကရိန်းအား ဆက်လက်အကာ အကွယ်ပေးနိုင်ဖို့ ကြိုတင်စီစဉ်ထားသော အစီအမံဖြစ်ကြောင်း အနောက်သံတမန်များက ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။
ေ
ဘရပ်ဆဲလ်တွင် ဇီလန်စကီးက မိန့်ခွန်းပြောဆိုရာတွင် က “ယူကရိန်းသည် စစ်ပွဲကို မရှည်ကြာ စေချင်ကြောင်း” ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ စစ်မြေပြင်မှာ ဒဏ်ရာရပြီး သေဆုံးတာတွေ အများကြီးရှိပါတယ်။ လအနည်းငယ်အတွင်း စစ်ပြေငြိမ်းရေးအစီအစဉ်ကို စတင်ဖို့ လိုအပ် ပါတယ်” ဟု အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ ၎င်းက ပြောခဲ့သည်။ ယူကရိန်း အသေအပျောက် ကိန်းဂဏန်းများနှင့် ပတ်သက်၍ ကိယက်ဗ်သည် ကြီးမားစွာ ဆုံးရှုံးမှု ဖြစ်ခဲ့သည် ဟုသာ ပြောဆိုခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ မေလတစ်လထဲတွင်ပင် ယူကရိန်းတပ်ဖွဲ့ဝင် ၃၅,၀၀၀ ဆုံးရှုံးခဲ့ပြီး ပဋိပက္ခစတင်ချိန်မှစ၍ ၅၀၀,၀၀၀ နီးပါးသေဆုံးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
zawgyi version
ယူကရိန္းသမၼတ ဇီလန္စကီးက ပဋိပကၡအဆုံးသတ္ေရးအတြက္ ျပင္ဆင္ေန
ALynn (NP News) - ဇြန္ ၂၉
ယူကရိန္းသည္ ယခုႏွစ္ကုန္တြင္ အဆင္သင့္ျဖစ္သင့္သည့္ ႐ုရွားႏွင့္ ပဋိပကၡအဆုံးသတ္ရန္ အတြက္ ၿပီးျပည့္စုံေသာအစီအစဥ္တစ္ရပ္ကို ျပင္ဆင္ေနေၾကာင္း ဗလာဒီမာဇီလန္စကီးက ေျပာၾကားခဲ့သည္။ ဇီလန္စကီးသည္ ေသာၾကာေန႔ (ဇြန္လ ၂၈ ရက္)တြင္ စလိုေဗးနီးယားသမၼတNatasa Pirc Musar ႏွင့္ ကိယက္ဗ္၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အဆိုပါ မွတ္ခ်က္ကို ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးေဖာ္ျမဴလာဟုေခၚတြင္သည့္ ဆယ္ခ်က္ပါ စာ႐ြက္စာတမ္းသည္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလတြင္ ဇီလန္စကီး ထုတ္ေဖာ္ျပသခဲ့သည့္ စာတမ္းျဖစ္ၿပီး ၎တြင္ ႐ုရွားသည္ ယခင္က ယူကရိန္းပိုင္နက္အားလုံးကို စြန႔္လႊတ္ျခင္း၊ ၎၏တပ္မ်ားအားလုံးကို ႐ုပ္သိမ္းျခင္း၊ ေလ်ာ္ေၾကး ေငြေပးေဆာင္ျခင္းႏွင့္ စစ္ရာဇဝတ္မႈခုံ႐ုံးမ်ားထံတင္ျပျခင္း စသည့္အခ်က္မ်ား ပါဝင္သည္ဟု ယူဆရသည္။ ေမာ္စကိုက ၎စာတမ္းအား လက္ေတြ႕မက်ဘဲ အမွန္တရားႏွင့္ ကင္းကြာေနသည္ဟုဆိုကာ ပယ္ခ်ခဲ့သည္။
“႐ုရွားသည္ အင္အားကိုသာ ေလးစားလိုက္နာတတ္ေသာေၾကာင့္ ယူကရိန္းသည္ စစ္ေျမျပင္တြင္ အားေကာင္းေနဖို႔လိုအပ္မည္” ဟု ဇီလန္စကီးက ထပ္ေလာင္းေျပာခဲ့သည္။ “စစ္ေျမျပင္မွာ အားေကာင္းဖို႔နဲ႔ ၿငိမ္းခ်မ္းေရးအစီအစဥ္တစ္ခုကို ရွင္းရွင္းလင္းလင္းနဲ႔အေသးစိတ္ေရးဆြဲဖို႔ တစ္ၿပိဳင္တည္းလုပ္ရမွာျဖစ္ၿပီး ဒီႏွစ္ေတာ့ အဆင္သင့္ျဖစ္မွာပါ” ဟု ၎က သတင္းေထာက္ မ်ားအား ေျပာၾကားခဲ့သည္။
အီးယူႏွင့္ ေရရွည္လုံၿခဳံေရးသေဘာတူစာခ်ဳပ္ကို ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္) တြင္ လက္မွတ္ေရးထိုးကာ ဇီလန္စကီးက အီးယူအား ႏွစ္ေပါင္းမ်ားစြာ စစ္ေရးႏွင့္ ဘ႑ာေရးဆိုင္ရာ အကူအညီမ်ားေပးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ ယခုကဲ့သို႔ မွတ္ခ်က္မ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။ အေမရိကန္ႏွင့္ ၎၏မဟာမိတ္အမ်ားအျပားသည္ ကိယက္ဗ္ႏွင့္ သီးျခားအကူ အညီေပးေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး ယူကရိန္းႏိုင္ငံ ေရရွည္တည္တံ့ခိုင္ၿမဲ ေစရမည္ဟု ကတိျပဳခဲ့ၾကသည္။ ၎စာခ်ဳပ္မ်ား၏ ရည္႐ြယ္ခ်က္မွာ ႏိုဝင္ဘာလ၊ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္ အႏိုင္ရခဲ့လွ်င္ ယူကရိန္းအား ဆက္လက္အကာ အကြယ္ေပးႏိုင္ဖို႔ ႀကိဳတင္စီစဥ္ထားေသာ အစီအမံျဖစ္ေၾကာင္း အေနာက္သံတမန္မ်ားက ပြင့္ပြင့္လင္းလင္း ေဖာ္ျပခဲ့သည္။
ေ
ဘရပ္ဆဲလ္တြင္ ဇီလန္စကီးက မိန႔္ခြန္းေျပာဆိုရာတြင္ က “ယူကရိန္းသည္ စစ္ပြဲကို မရွည္ၾကာ ေစခ်င္ေၾကာင္း” ေဖာ္ျပခဲ့သည္။ “ကြၽန္ေတာ္တို႔ စစ္ေျမျပင္မွာ ဒဏ္ရာရၿပီး ေသဆုံးတာေတြ အမ်ားႀကီးရွိပါတယ္။ လအနည္းငယ္အတြင္း စစ္ေျပၿငိမ္းေရးအစီအစဥ္ကို စတင္ဖို႔ လိုအပ္ ပါတယ္” ဟု အေသးစိတ္အခ်က္အလက္မ်ားကို မေဖာ္ျပဘဲ ၎က ေျပာခဲ့သည္။ ယူကရိန္း အေသအေပ်ာက္ ကိန္းဂဏန္းမ်ားႏွင့္ ပတ္သက္၍ ကိယက္ဗ္သည္ ႀကီးမားစြာ ဆုံးရႈံးမႈ ျဖစ္ခဲ့သည္ ဟုသာ ေျပာဆိုခဲ့သည္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန၏အဆိုအရ ေမလတစ္လထဲတြင္ပင္ ယူကရိန္းတပ္ဖြဲ႕ဝင္ ၃၅,၀၀၀ ဆုံးရႈံးခဲ့ၿပီး ပဋိပကၡစတင္ခ်ိန္မွစ၍ ၅၀၀,၀၀၀ နီးပါးေသဆုံးခဲ့သည္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဆိုသည္။