အိန္ဒိယဓါတ်အားပေးစက်ရုံ ရပ်တန့်သွားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လျှပ်စစ်ပြတ်တောက်မှု သိသာစွာဖြစ်ပေါ်

 792

Htay Oung (NP News) - ဇူလိုင် ၁

အိန္ဒိယနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအတော်များများကို စုပေါင်းလုပ်ကိုင်နေတဲ့ “အက်ဒါနီဂရု” လုပ်ငန်းစုကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ “အက်ဒါနီ စွမ်းအင်”က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုဟာ စနေနေ့(ဇွန်လ ၂၉ ရက်)မှာ လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေ့စဉ်လျှပ်စစ်ဓာတ်အား ၁၄၀၀ မှ ၁၅၀၀ မဂ္ဂါဝပ်ပို့လွှတ်ပေးနေတဲ့ အိန္ဒိယနိုင်ငံ ဂျာခန်ပြည်နယ် ဂေါ်ဒါးခရိုင်ရှိ အက်ဒါနီ ကျောက်မီးသွေး အခြေခံဓာတ်အားပေးစက်ရုံယူနစ်နှစ်ခုမှာ လည်ပတ်မှုရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်တယ်လို့ သိရှိရကြောင်း၊ ဒီအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ပြတ်တောက်မှု သိသာစွာဖြစ်ပေါ်နေတယ်လို့ ဒါကာအခြေစိုက် bdnews24 က ဇွန်လ ၂၉ ရက်ကရေးသားပါတယ်။

အက်ဒါနီဟာ နိုင်ငံတကာ စီးပွားရေလုပ်ငန်းများကို လုပ်ကိုင်နေပေမယ့် အိန္ဒိယနိုင်ငံအတွင်း ကျောက်မီးသွေး သုံး ဓါတ်အားပေးစက်ရုံများ ပိုင်ဆိုင်မှုမှာတော့ သူ့ရှေ့မှာ NTPC အုပ်စုရှိနေပြီး စုစုပေါင်း ကုမ္ပဏီကြီး (၅)ခုတို့က အပြိုင်အဆိုင်ထုတ်လုပ်နေကြပါတယ်။ လျှပ်စစ် ၄၇၆၀ မဂ္ဂါဝပ် ဖြန့်ဖြူးနိုင်တဲ့ NTPC ပိုင်စက်ရုံဟာ ကမ္ဘာ့ ၁၀-ခုမြောက် အကြီးဆုံး ကျောက်မီးသွေးသုံး စက်ရုံဖြစ်ပြီး အိန္ဒိယမှာလည်း အကြီးဆုံးဖြစ်ပါတယ်။ PDP ခေါ် ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဖွံံဖြိုးရေး ဘုတ်အဖွဲ အမှုဆောင်အရာရှိတစ်ဦးရဲ့ အဆိုအရ အက်ဒါနီစက်ရုံရဲ့ ပထမယူနစ်ဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအတွက် စောစောပိုင်းကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ဒုတိယ ယူနစ်ကိုလည်း သောကြာနေ့မှာ တွေ့ရှိရတဲ့ ချို့ယွင်းချက်ကြောင့် လုံးဝပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါ တယ်။

ဓာတ်အားပေးစက်ရုံရဲ့ ဘွိုင်လာအိုးက ပူနေသေးတဲ့အတွက် ဘယ်နေရာမှာ အပြစ်ဖြစ်သလဲဆိုတာ ချက်ချင်း မစစ်ဆေးနိုင်ပဲ ဖြစ်နေကြောင်း၊ ချွတ်ယွင်းချက်ကို ဖော်ထုတ်ပြီးမှ ပြုပြင်ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ အက်ဒါနီတာဝန်ရှိသူတွေအနေနဲ့ သတ်မှတ်နိုင်လိမ့်လို့ ဆိုပါတယ်။ အက်ဒါနီ စွမ်းအင်စက်ရုံရဲ့ စက်ပိုင်းဆိုင်ရာ ပုံမှန် စစ်ဆေးထိန်းသိမ်းရေး ရည်ရွယ်ချက်အတွက် ၇၄၈ မဂ္ဂါဝပ်ရှိ ပထမဆုံး ယူနစ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ စတင်၍ ပိတ်ခဲ့ရပြီး ဇူလိုင်လ ၅ ရက်နေ့ရောက်မှ ပြန်လည် မောင်းနှင်နိုင်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံ အက်ဒါနီကုမ္ပဏီရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ယူနစ်များကို ဝယ်ယူသုံးစွဲနေတဲ့အပြင် ပြည်တွင်းမှာလည်း ဖက်စပ်နဲ့ နိုင်ငံပိုင်လုပ်ကိုင်နေတဲ့ လောင်စာဆီ၊ သဘာဝဓါတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲနဲ့ ကျောက်မီး သွေးစက်ရုံအများအပြား ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်း တိုးချဲ့ဖို့အတွက် လျှပ်စစ်ဟာ မရှိမဖြစ် လိုအပ်နေ သေးတဲ့အတွက် နျူကလီ ယာနည်းပညာသုံး ဓါတ်အားပေးစက်ရုံကိုလည်း ရုရှားနိုင်ငံအကူအညီနဲ့ တည် ဆောက်နေပြီး ယခုနှစ်အတွင်းမှာ လည်ပတ်နိုင်ပါလိမ့်မယ်။ မြစ်ချောင်း အလွန်နည်းပါးတဲ့အတွက် ရေအား လျှပ်စစ် စက်ရုံငယ် တစ်ခုသာ ရှိပါတယ်။

၂၀၀၆ ခုနှစ် ဖူဘာရီနဲ့ ဒင်နာ့ချ်ပူ ကျောက်မီးသွေးတူးဖော်ရေး ရှေ့ပြေးစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကာကွယ်ရေး ပြင်းထန်တဲ့ လူထုဆန္ဒပြပွဲများဖြစ်ပေါ်စေခဲ့ပြီး လူ (၆)ဦး သေဆုံး ရာချီဒဏ်ရာ ရရှိခဲ့ရပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကမ္ဘာ့ကျောက်မီးသွေး အရင်းအမြစ်လှုပ်ရှားမှု အာရှ စွမ်း အင်စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ အဲဒီစီမံကိန်းကို ပြန်လည်ဖွင့်လှစ်ဖို့ ပုဂ္ဂလိကဆက်သွယ်မှု နဲ့ တိုက်တွန်း ကူညီလာတဲ့နိုင်ငံကတော့ အမေရိကန်ပဲဖြစ်ပါတယ်။

ယခု အက်ဒါနီဖြစ်ရပ်မတိုင်မီ ပြည်တွင်း ပါတူခါလီမြို့ရှိ ပေယာ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေး စက်ရုံရဲ့ ပထမယူနစ်ကိုလည်း ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့အတွက် ပိတ်ထားခဲ့ရတာ ရက်အနည်းငယ် ရှိနေပါပြီ၊ ဒီအတွက် ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ထုတ်လုပ်မှုမှာ ၁၂၄၄ မဂ္ဂါဝပ် လျော့နည်းနေခိုက်ဖြစ်ပါတယ်။ ယခုလို အဓိက လျှပ်စစ်ထုတ်လုပ်ပေးနေတဲ့ စက်ရုံများကို ပိတ်ထားလိုက်ရခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ပြတ်တောက်မှု သိသာစွာ ဖြစ်ပေါ်လာရပါတယ်။ ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဖွံံဖြိုးရေးဘုတ်အဖွဲနဲ့ မဟာဓါတ်အားလိုင်းကုမ္ပဏီတို့ရဲ့ အစီရင်ခံစာအရ ပြည်တွင်း စွမ်းအင်လိုအပ်ချက် အမြင့်ဆုံးအချိန်မှာ လျှပ်စစ်ဓာတ်အား ၁၄,၀၀၀ မဂ္ဂါဝပ်ကို ဖြည့်ဆည်းပေးရန်အတွက် ၁၀၀၀ မဂ္ဂါဝပ်ခန့်ကို ဖြတ်တောက်ခဲ့ရတယ်လို့ သိရှိရပါတယ်။

(ဘင်္ဂလားဒေ့ရှ်ဟာ ရှမ်းပြည်နယ်လောက်သာ ဧရိယာကျယ်ဝန်းပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေ (၃)ဆကျော် နေထိုင်လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လအထိ လျှပ်စစ်တပ်ဆင်ထုတ်လုပ်နိုင်မှု ၂၅၇၀၀ မဂွါဝပ်ရှိနေတဲ့ အတွက် နိုင်ငံသားတိုင်း ၁၀၀ ရာနှုန်းပြည့် လျှပ်စစ်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတစ်ဦးချင်း စွမ်းအင်သုံးစွဲလိုမှုဟာ ဆက်လက်မြင့်တက်နေပြီး နိုင်ငံ့စီးပွားရေး လျှင်မြန်စွာ တိုးတက်လာခြင်းနဲ့အညီဖြစ်အောင် စွမ်းအင်အလုံအလောက်ရရှိဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ၂၀၂-ပြည့်နှစ် မြန်မာနိုင်ငံ စုစုပေါင်းလျှပ်စစ်တပ် ဆင်ထုတ် လုပ်နိုင်မှုမှာ ၆,၀၃၄ မဂ္ဂါဝပ်ရှိတဲ့အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ၂၅,၇၀၀ မဂ္ဂါဝပ်ရဲ့ ထောင်ဂ ဏန်းအစွန်း ထွက်မျှသာရှိပါတယ်။

ယခုသတင်းကို ဖတ်ရသည့်အခါ ကျွန်တော့်နိုင်ငံတွင် သဘာ၀၀တ်ဝန်းကျင် ထိန်းသိမ်းရေး ရှု့ဒေါင့်မှ တစ်ခု တည်းမှ ကြည့်လျှက် ကျောက်မီးသွေးလည်း ကန့်ကွက်၊ ဆည်ဆောက်လျှင်လည်း သဘောမတူနိုင်ပဲ ကန့်ကွက်ခဲ့သည့် ပညာရှင်နှင့် ကြွတက်လှုပ်ရှားသူတို့၏ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် စေတနာမွဲပုံကို အတိုင်းသား မြင်လိုက်ရပါတယ်။

ကမ္ဘာ့မြေပုံကို စာရွက်ပေါ်မှာ ကြည့်လျှင် နိုင်ငံတစ်ခုချင်းစီအလိုက် သီးခြားတွေမြင်နိုင်ပါတယ်။ ဒါပေမဲ့ မိုးလေဝသဖြစ်စဉ်ဆိုတာ နိုင်ငံအလိုက် သီးခြား ကွက်ကွက်လေး ဖြစ်ပေါ်နေခြင်း မရှိပါ။ ကမ္ဘာ့ကြီးပူနွေးမှုကို ဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု အများဆုံး တိုင်းပြည်များမှာ တရုတ်-အမေရိကန်-အိန္ဒိယ-ရုရှား-ဂျာမနီ-တောင်ကိုရီးယား-ဂျပန်စသည့် စက်မှုနိုင်ငံကြီးများ ဖြစ်နေပါတယ်။ တရုတ်တစ်နိုင်ငံတည်းပင်လျှင် တစ် ကမ္ဘာလုံး ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၃၂ ဒသမ ၈ ရာခိုင်နှုန်း ၊ အိန္ဒိယက ၆ ဒသမ ၉ ရာခိုင်နှုန်းကို ထုတ်လွှတ်နေပါတယ်။

တရုတ်နဲ့ အိန္ဒိယကြားရှိ မြန်မာမှာ တစ်ကမ္ဘာလုံး ကာဗွန်ထုတ်လွှတ်မှုရဲ့ ဝ ဒသမ ၀၉၇ ရာခိုင်နှုန်း၊ နီပေါမှာ ဝ ဒသမ ၀၄၁ ရာခိုင်နှုန်းသာရှိ၍ ဖန်လုံအိမ်ဓါတ်ငွေ့ မထုတ်လွှတ်သလောက်ပဲလို့ ပြောနိုင်ပါတယ်။ ဘူတန်ဆိုလျှင် ဝ ဒသမ ၀၀၄ ရာခိုင်နှုန်း ကာဗွန်ထုတ် လွှတ်တဲ့အတွက် သူ့နိုင်ငံအတွင်းသစ်တောများရဲ့ကာဗွန်စုပ်ယူမှုထက် အများကြီးနည်းနေပါတယ်။ ဆိုလို တာ ကာဗွန်ထုတ်လွှတ်မှု ဘူတန်ဟာ အနှုတ်လက္ခဏာပြနေပါတယ်။ ဒါပေမဲ့ကမ္ဘာကြီးပူနွေးလာမှုကြောင့် မူမမှန် ရာသီဥတုများဖြစ်ပေါ်ပြီး မိုးသည်းထန်ခြင်း၊ ရေကြီး ရေလျှံ၊ အပူလှိုင်း အအေးလှိုင်းဖြတ်၊ သဘာဝလွန် မုန်တိုင်းဖြစ်ပေါ်ခြင်းများဟာ သက်ဆိုင်ရာ နိုင်ငံကြီးများအတွင်း၌သာ မဟုတ်ပဲ အိမ်နီးချင်းနိုင်ငံများမှာလည်း ဖြစ်ပေါ်နေပါတယ်။

ကျောက်မီးသွေး အသုံးပြုခြင်းမှာ သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ်ပင် ညစ်ညမ်းစေပါတယ်။ ယနေ့ခေတ်ပေါ် Clean Coal Technology သန့်စင်ကျောက်မီးသွေးနည်းပညာကို သုံးလျှင် အများကြီး လျော့ချ နိုင်ပေမယ့် ရာနှုန်းတစ်ခုအထိ တော့ ညမ်းညမ်းနိုင်ပါသေးတယ်။ တကယ်တော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များဖြစ်တဲ့ နေရောင်ခြည်နဲ့ လေအားလျှပ်စစ်တို့လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ စင်းလုံးချောများ မဟုတ်ကြပါ။ တစ်နှစ်လျှင် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်မှုဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံတည်းရဲ့ ထုတ်လွှတ်မှုလောက်သာ ရှိနေပါတယ်။ မြန်မာထက် အဆပေါင်းများစွာ ချမ်းသာဖွံ့ဖြိုးတဲ့ ဂျာမနီလိုတိုင်းပြည်ပင်လျှင် သူ့နိုင်ငံ စီးပွားရေး ကျဆင်း မခံ နိုင်၍ ကျောက်မီးသွေး အသုံးပြုမှုကို မစွန့်လွှတ်နိုင်သေးပါ။ သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်)

(Bdnews24., 29 June 2024,” Adani power plant shutdown causes major electricity shortfall in Bangladesh” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အိႏၵိယ ဓါတ္အားေပးစက္႐ုံ ရပ္တန႔္သြားသျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လွ်ပ္စစ္ျပတ္ ေတာက္မႈ သိသာစြာျဖစ္ေပၚ
Htay Oung (NP News) - ဇူလိုင္ ၁

အိႏၵိယႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းအေတာ္မ်ားမ်ားကို စုေပါင္းလုပ္ကိုင္ေနတဲ့ “အက္ဒါနီဂ႐ု” လုပ္ငန္းစုႀကီးရဲ႕ လုပ္ငန္းခြဲတစ္ခုျဖစ္တဲ့ “အက္ဒါနီ စြမ္းအင္”က လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပးေနမႈဟာ စေနေန႔(ဇြန္လ ၂၉ ရက္)မွာ လုံးဝရပ္ဆိုင္းသြားၿပီျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေန႔စဥ္လွ်ပ္စစ္ဓာတ္အား ၁၄၀၀ မွ ၁၅၀၀ မဂၢါဝပ္ပို႔လႊတ္ေပးေနတဲ့ အိႏၵိယႏိုင္ငံ ဂ်ာခန္ျပည္နယ္ ေဂၚဒါးခ႐ိုင္ရွိ အက္ဒါနီ ေက်ာက္မီးေသြး အေျခခံဓာတ္အားေပးစက္႐ုံယူနစ္ႏွစ္ခုမွာ လည္ပတ္မႈရပ္ဆိုင္းသြားျခင္းေၾကာင့္ ျဖစ္တယ္လို႔ သိရွိရေၾကာင္း၊ ဒီအတြက္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံမွာ လွ်ပ္စစ္ျပတ္ေတာက္မႈ သိသာစြာျဖစ္ေပၚေနတယ္လို႔ ဒါကာအေျခစိုက္ bdnews24 က ဇြန္လ ၂၉ ရက္ကေရးသားပါတယ္။

အက္ဒါနီဟာ ႏိုင္ငံတကာ စီးပြားေရလုပ္ငန္းမ်ားကို လုပ္ကိုင္ေနေပမယ့္ အိႏၵိယႏိုင္ငံအတြင္း ေက်ာက္မီးေသြး သုံး ဓါတ္အားေပးစက္႐ုံမ်ား ပိုင္ဆိုင္မႈမွာေတာ့ သူ႔ေရွ႕မွာ NTPC အုပ္စုရွိေနၿပီး စုစုေပါင္း ကုမၸဏီႀကီး (၅)ခုတို႔က အၿပိဳင္အဆိုင္ထုတ္လုပ္ေနၾကပါတယ္။ လွ်ပ္စစ္ ၄၇၆၀ မဂၢါဝပ္ ျဖန႔္ျဖဴးႏိုင္တဲ့ NTPC ပိုင္စက္႐ုံဟာ ကမာၻ႔ ၁၀-ခုေျမာက္ အႀကီးဆုံး ေက်ာက္မီးေသြးသုံး စက္႐ုံျဖစ္ၿပီး အိႏၵိယမွာလည္း အႀကီးဆုံးျဖစ္ပါတယ္။ PDP ေခၚ ဘဂၤလားေဒ့ရွ္ စြမ္းအင္ဖြံံၿဖိဳးေရး ဘုတ္အဖြဲ အမႈေဆာင္အရာရွိတစ္ဦးရဲ႕ အဆိုအရ အက္ဒါနီစက္႐ုံရဲ႕ ပထမယူနစ္ဟာ ပုံမွန္ျပဳျပင္ထိန္းသိမ္းမႈအတြက္ ေစာေစာပိုင္းကတည္းက ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး ယခု ဒုတိယ ယူနစ္ကိုလည္း ေသာၾကာေန႔မွာ ေတြ႕ရွိရတဲ့ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ လုံးဝပိတ္လိုက္ရျခင္းျဖစ္ေၾကာင္း သိရွိရပါ တယ္။

ဓာတ္အားေပးစက္႐ုံရဲ႕ ဘြိဳင္လာအိုးက ပူေနေသးတဲ့အတြက္ ဘယ္ေနရာမွာ အျပစ္ျဖစ္သလဲဆိုတာ ခ်က္ခ်င္း မစစ္ေဆးႏိုင္ပဲ ျဖစ္ေနေၾကာင္း၊ ခြၽတ္ယြင္းခ်က္ကို ေဖာ္ထုတ္ၿပီးမွ ျပဳျပင္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမယ္ဆိုတာ အက္ဒါနီတာဝန္ရွိသူေတြအေနနဲ႔ သတ္မွတ္ႏိုင္လိမ့္လို႔ ဆိုပါတယ္။ အက္ဒါနီ စြမ္းအင္စက္႐ုံရဲ႕ စက္ပိုင္းဆိုင္ရာ ပုံမွန္ စစ္ေဆးထိန္းသိမ္းေရး ရည္႐ြယ္ခ်က္အတြက္ ၇၄၈ မဂၢါဝပ္ရွိ ပထမဆုံး ယူနစ္ကို ၿပီးခဲ့တဲ့ ဇြန္လ ၂၅ ရက္ေန႔မွာ စတင္၍ ပိတ္ခဲ့ရၿပီး ဇူလိုင္လ ၅ ရက္ေန႔ေရာက္မွ ျပန္လည္ ေမာင္းႏွင္ႏိုင္ပါလိမ့္မယ္။ အိႏၵိယႏိုင္ငံ အက္ဒါနီကုမၸဏီရဲ႕ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ ယူနစ္မ်ားကို ဝယ္ယူသုံးစြဲေနတဲ့အျပင္ ျပည္တြင္းမွာလည္း ဖက္စပ္နဲ႔ ႏိုင္ငံပိုင္လုပ္ကိုင္ေနတဲ့ ေလာင္စာဆီ၊ သဘာဝဓါတ္ေငြ႕၊ ျပန္လည္ျပည့္ၿဖိဳးၿမဲနဲ႔ ေက်ာက္မီး ေသြးစက္႐ုံအမ်ားအျပား ရွိေနပါတယ္။ စီးပြားေရးလုပ္ငန္း တိုးခ်ဲ႕ဖို႔အတြက္ လွ်ပ္စစ္ဟာ မရွိမျဖစ္ လိုအပ္ေန ေသးတဲ့အတြက္ န်ဴကလီ ယာနည္းပညာသုံး ဓါတ္အားေပးစက္႐ုံကိုလည္း ႐ုရွားႏိုင္ငံအကူအညီနဲ႔ တည္ ေဆာက္ေနၿပီး ယခုႏွစ္အတြင္းမွာ လည္ပတ္ႏိုင္ပါလိမ့္မယ္။ ျမစ္ေခ်ာင္း အလြန္နည္းပါးတဲ့အတြက္ ေရအား လွ်ပ္စစ္ စက္႐ုံငယ္ တစ္ခုသာ ရွိပါတယ္။

၂၀၀၆ ခုႏွစ္ ဖူဘာရီနဲ႔ ဒင္နာ့ခ်္ပူ ေက်ာက္မီးေသြးတူးေဖာ္ေရး ေရွ႕ေျပးစီမံကိန္းဟာ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈကာကြယ္ေရး ျပင္းထန္တဲ့ လူထုဆႏၵျပပြဲမ်ားျဖစ္ေပၚေစခဲ့ၿပီး လူ (၆)ဦး ေသဆုံး ရာခ်ီဒဏ္ရာ ရရွိခဲ့ရပါတယ္။ ဒီအတြက္ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ကမာၻ႔ေက်ာက္မီးေသြး အရင္းအျမစ္လႈပ္ရွားမႈ အာရွ စြမ္း အင္စီမံကိန္းကို ရပ္ဆိုင္းခဲ့ရပါတယ္။ ၂၀၀၉ ခုႏွစ္မွာ အဲဒီစီမံကိန္းကို ျပန္လည္ဖြင့္လွစ္ဖို႔ ပုဂၢလိကဆက္သြယ္မႈ နဲ႔ တိုက္တြန္း ကူညီလာတဲ့ႏိုင္ငံကေတာ့ အေမရိကန္ပဲျဖစ္ပါတယ္။

ယခု အက္ဒါနီျဖစ္ရပ္မတိုင္မီ ျပည္တြင္း ပါတူခါလီၿမိဳ႕ရွိ ေပယာ ေက်ာက္မီးေသြးစြမ္းအင္သုံး ဓါတ္အားေပး စက္႐ုံရဲ႕ ပထမယူနစ္ကိုလည္း ပုံမွန္ျပဳျပင္ထိန္းသိမ္းဖို႔အတြက္ ပိတ္ထားခဲ့ရတာ ရက္အနည္းငယ္ ရွိေနပါၿပီ၊ ဒီအတြက္ ဘဂၤလားေဒ့ရွ္ လွ်ပ္စစ္ထုတ္လုပ္မႈမွာ ၁၂၄၄ မဂၢါဝပ္ ေလ်ာ့နည္းေနခိုက္ျဖစ္ပါတယ္။ ယခုလို အဓိက လွ်ပ္စစ္ထုတ္လုပ္ေပးေနတဲ့ စက္႐ုံမ်ားကို ပိတ္ထားလိုက္ရျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လွ်ပ္စစ္ျပတ္ေတာက္မႈ သိသာစြာ ျဖစ္ေပၚလာရပါတယ္။ ဘဂၤလားေဒ့ရွ္ စြမ္းအင္ဖြံံၿဖိဳးေရးဘုတ္အဖြဲနဲ႔ မဟာဓါတ္အားလိုင္းကုမၸဏီတို႔ရဲ႕ အစီရင္ခံစာအရ ျပည္တြင္း စြမ္းအင္လိုအပ္ခ်က္ အျမင့္ဆုံးအခ်ိန္မွာ လွ်ပ္စစ္ဓာတ္အား ၁၄,၀၀၀ မဂၢါဝပ္ကို ျဖည့္ဆည္းေပးရန္အတြက္ ၁၀၀၀ မဂၢါဝပ္ခန႔္ကို ျဖတ္ေတာက္ခဲ့ရတယ္လို႔ သိရွိရပါတယ္။

(ဘဂၤလားေဒ့ရွ္ဟာ ရွမ္းျပည္နယ္ေလာက္သာ ဧရိယာက်ယ္ဝန္းေပမယ့္ ျမန္မာႏိုင္ငံရဲ႕ လူဦးေရ (၃)ဆေက်ာ္ ေနထိုင္လ်က္ရွိပါတယ္။ ၂၀၂၂ ခုႏွစ္ ဇြန္လအထိ လွ်ပ္စစ္တပ္ဆင္ထုတ္လုပ္ႏိုင္မႈ ၂၅၇၀၀ မဂြါဝပ္ရွိေနတဲ့ အတြက္ ႏိုင္ငံသားတိုင္း ၁၀၀ ရာႏႈန္းျပည့္ လွ်ပ္စစ္သုံးစြဲႏိုင္ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံသားတစ္ဦးခ်င္း စြမ္းအင္သုံးစြဲလိုမႈဟာ ဆက္လက္ျမင့္တက္ေနၿပီး ႏိုင္ငံ့စီးပြားေရး လွ်င္ျမန္စြာ တိုးတက္လာျခင္းနဲ႔အညီျဖစ္ေအာင္ စြမ္းအင္အလုံအေလာက္ရရွိဖို႔ ႀကိဳးစားေနရဆဲျဖစ္ပါတယ္။ ၂၀၂-ျပည့္ႏွစ္ ျမန္မာႏိုင္ငံ စုစုေပါင္းလွ်ပ္စစ္တပ္ ဆင္ထုတ္ လုပ္ႏိုင္မႈမွာ ၆,၀၃၄ မဂၢါဝပ္ရွိတဲ့အတြက္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ၂၅,၇၀၀ မဂၢါဝပ္ရဲ႕ ေထာင္ဂ ဏန္းအစြန္း ထြက္မွ်သာရွိပါတယ္။

ယခုသတင္းကို ဖတ္ရသည့္အခါ ကြၽန္ေတာ့္ႏိုင္ငံတြင္ သဘာ၀၀တ္ဝန္းက်င္ ထိန္းသိမ္းေရး ရႈ႕ေဒါင့္မွ တစ္ခု တည္းမွ ၾကည့္လွ်က္ ေက်ာက္မီးေသြးလည္း ကန႔္ကြက္၊ ဆည္ေဆာက္လွ်င္လည္း သေဘာမတူႏိုင္ပဲ ကန႔္ကြက္ခဲ့သည့္ ပညာရွင္ႏွင့္ ႂကြတက္လႈပ္ရွားသူတို႔၏ မိမိတို႔ လူ႔အဖြဲ႕အစည္းအေပၚ ေစတနာမြဲပုံကို အတိုင္းသား ျမင္လိုက္ရပါတယ္။

ကမာၻ႔ေျမပုံကို စာ႐ြက္ေပၚမွာ ၾကည့္လွ်င္ ႏိုင္ငံတစ္ခုခ်င္းစီအလိုက္ သီးျခားေတြျမင္ႏိုင္ပါတယ္။ ဒါေပမဲ့ မိုးေလဝသျဖစ္စဥ္ဆိုတာ ႏိုင္ငံအလိုက္ သီးျခား ကြက္ကြက္ေလး ျဖစ္ေပၚေနျခင္း မရွိပါ။ ကမာၻ႔ႀကီးပူေႏြးမႈကို ျဖစ္ေပၚေစတဲ့ ဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈ အမ်ားဆုံး တိုင္းျပည္မ်ားမွာ တ႐ုတ္-အေမရိကန္-အိႏၵိယ-႐ုရွား-ဂ်ာမနီ-ေတာင္ကိုရီးယား-ဂ်ပန္စသည့္ စက္မႈႏိုင္ငံႀကီးမ်ား ျဖစ္ေနပါတယ္။ တ႐ုတ္တစ္ႏိုင္ငံတည္းပင္လွ်င္ တစ္ ကမာၻလုံး ကာဗြန္ဒိုင္ေအာက္ဆိုက္ဓါတ္ေငြ႕ ထုတ္လႊတ္မႈရဲ႕ ၃၂ ဒသမ ၈ ရာခိုင္ႏႈန္း ၊ အိႏၵိယက ၆ ဒသမ ၉ ရာခိုင္ႏႈန္းကို ထုတ္လႊတ္ေနပါတယ္။

တ႐ုတ္နဲ႔ အိႏၵိယၾကားရွိ ျမန္မာမွာ တစ္ကမာၻလုံး ကာဗြန္ထုတ္လႊတ္မႈရဲ႕ ဝ ဒသမ ၀၉၇ ရာခိုင္ႏႈန္း၊ နီေပါမွာ ဝ ဒသမ ၀၄၁ ရာခိုင္ႏႈန္းသာရွိ၍ ဖန္လုံအိမ္ဓါတ္ေငြ႕ မထုတ္လႊတ္သေလာက္ပဲလို႔ ေျပာႏိုင္ပါတယ္။ ဘူတန္ဆိုလွ်င္ ဝ ဒသမ ၀၀၄ ရာခိုင္ႏႈန္း ကာဗြန္ထုတ္ လႊတ္တဲ့အတြက္ သူ႔ႏိုင္ငံအတြင္းသစ္ေတာမ်ားရဲ႕ကာဗြန္စုပ္ယူမႈထက္ အမ်ားႀကီးနည္းေနပါတယ္။ ဆိုလို တာ ကာဗြန္ထုတ္လႊတ္မႈ ဘူတန္ဟာ အႏႈတ္လကၡဏာျပေနပါတယ္။ ဒါေပမဲ့ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ မူမမွန္ ရာသီဥတုမ်ားျဖစ္ေပၚၿပီး မိုးသည္းထန္ျခင္း၊ ေရႀကီး ေရလွ်ံ၊ အပူလႈိင္း အေအးလႈိင္းျဖတ္၊ သဘာဝလြန္ မုန္တိုင္းျဖစ္ေပၚျခင္းမ်ားဟာ သက္ဆိုင္ရာ ႏိုင္ငံႀကီးမ်ားအတြင္း၌သာ မဟုတ္ပဲ အိမ္နီးခ်င္းႏိုင္ငံမ်ားမွာလည္း ျဖစ္ေပၚေနပါတယ္။

ေက်ာက္မီးေသြး အသုံးျပဳျခင္းမွာ သဘာဝပတ္ဝန္းက်င္ကို အမွန္တကယ္ပင္ ညစ္ညမ္းေစပါတယ္။ ယေန႔ေခတ္ေပၚ Clean Coal Technology သန႔္စင္ေက်ာက္မီးေသြးနည္းပညာကို သုံးလွ်င္ အမ်ားႀကီး ေလ်ာ့ခ် ႏိုင္ေပမယ့္ ရာႏႈန္းတစ္ခုအထိ ေတာ့ ညမ္းညမ္းႏိုင္ပါေသးတယ္။ တကယ္ေတာ့ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ မ်ားျဖစ္တဲ့ ေနေရာင္ျခည္နဲ႔ ေလအားလွ်ပ္စစ္တို႔လည္း ပတ္ဝန္းက်င္ညစ္ညမ္းမႈမွာ စင္းလုံးေခ်ာမ်ား မဟုတ္ၾကပါ။ တစ္ႏွစ္လွ်င္ ျမန္မာတစ္ႏိုင္ငံလုံးလွ်ပ္စစ္ထုတ္လုပ္မႈဟာ အိႏၵိယႏိုင္ငံရဲ႕ အႀကီးဆုံး ေက်ာက္မီးေသြးသုံး စက္႐ုံတစ္႐ုံတည္းရဲ႕ ထုတ္လႊတ္မႈေလာက္သာ ရွိေနပါတယ္။ ျမန္မာထက္ အဆေပါင္းမ်ားစြာ ခ်မ္းသာဖြံ႕ၿဖိဳးတဲ့ ဂ်ာမနီလိုတိုင္းျပည္ပင္လွ်င္ သူ႔ႏိုင္ငံ စီးပြားေရး က်ဆင္း မခံ ႏိုင္၍ ေက်ာက္မီးေသြး အသုံးျပဳမႈကို မစြန႔္လႊတ္ႏိုင္ေသးပါ။ သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္)

(Bdnews24., 29 June 2024,” Adani power plant shutdown causes major electricity shortfall in Bangladesh” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.