အစ္စရေးထံ ဗုံးများ ပြန်လည်ပေးပို့သွားမည်ဟု အမေရိကန်ဆုံးဖြတ်

 989

ALynn (NP News) - ဇူလိုင် ၁

ဂါဇာရှိ ရာဖာမြို့ပျက်စီးမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ပြီးခဲ့သည့်လအတော်ကြာက အစ္စရေးနိုင်ငံသို့ ဗုံးအလုံး (၁၈၀၀)တင်ပို့ရန် ဆိုင်းငံ့ထားမှုကို ယခုအခါ အမေရိကန်က ပြန် လည်ပေးပို့ဖို့ဆုံးဖြတ်ခဲ့ကြောင်း Axios က ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်)တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အစ္စရေးအရာရှိများ၏အဆိုအရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရသည် ဧပြီလတွင် ခေတ္တဆိုင်းငံ့ထားသည့် ပေါင် ၅၀၀ (၂၂၆ ကီလိုဂရမ်)ရှိ ဗုံးများကို ပြန်လည်ပေးပို့ရန် ဆန္ဒရှိကြောင်း သိရသည်။ ထိုအချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က “အစ္စရေးသည် တိုက်ပွဲအတွင်း အရပ်သားများကို အကာအကွယ်မပေးဘဲ ရာဖာမြို့ကို ထိခိုက်စေခဲ့ကြောင်း”သတိပေးခဲ့သည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက တင်းမာနေသည့် အရှေ့အလယ်ပိုင်းမဟာမိတ်များနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် အစ္စရေးက ကြိုးပမ်းနေသောကြောင့် အဆိုပါ ဗုံးများကို ဂါဇာတွင် အသုံးပြုနိုင်မှုနည်းပါးကြောင်း Axios က သုံးသပ်ထားသည်။ ရာဖာတွင် အစ္စရေး၏စစ်ဆင်ရေးပြီးဆုံးပြီးနောက် နှစ်ပတ်အတွင်း ဗုံးများပေးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ပေါင် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀) ရှိသော ဗုံး ၁၈၀၀ ပါဝင်သော ပို့ဆောင်မှုနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတာဝန်ရှိသူများက ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက အမေရိကန်သည် အစ္စရေးအား ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံး ၁၄၀၀၀၊ ပေါင် ၅၀၀ ရှိဗုံး ၆၅၀၀၊ ငရဲမီးတောက်ဗုံး ၃၀၀၀ နှင့် အခြားခဲယမ်းများ ပေးအပ်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ဝါရှင်တန်သည် အောက်တိုဘာလ ၇ ရက်ကတည်းက လုံခြုံရေးအကူအညီ ဒေါ်လာ ၆ ဒသမ ၅ ဘီလျံပေးပို့ခဲ့သည်။ အစ္စရေးနှင့် ဂါဇာအခြေစိုက် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၃၇,၀၀၀ ကျော်နှင့် အစ္စရေး ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဂါဇာတွင် မကြုံစဖူး ပျက်စီးမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့သည်။

zawgyi version
အစၥေရးထံ ဗုံးမ်ား ျပန္လည္ေပးပို႔သြားမည္ဟု အေမရိကန္ဆုံးျဖတ္
ALynn (NP News) - ဇူလိုင္ ၁

ဂါဇာရွိ ရာဖာၿမိဳ႕ပ်က္စီးမႈႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္လအေတာ္ၾကာက အစၥေရးႏိုင္ငံသို႔ ဗုံးအလုံး (၁၈၀၀)တင္ပို႔ရန္ ဆိုင္းငံ့ထားမႈကို ယခုအခါ အေမရိကန္က ျပန္ လည္ေပးပို႔ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္း Axios က ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္)တြင္ ေဖာ္ျပခဲ့သည္။

အေမရိကန္ႏွင့္ အစၥေရးအရာရွိမ်ား၏အဆိုအရ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္အစိုးရသည္ ဧၿပီလတြင္ ေခတၱဆိုင္းငံ့ထားသည့္ ေပါင္ ၅၀၀ (၂၂၆ ကီလိုဂရမ္)ရွိ ဗုံးမ်ားကို ျပန္လည္ေပးပို႔ရန္ ဆႏၵရွိေၾကာင္း သိရသည္။ ထိုအခ်ိန္တြင္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က “အစၥေရးသည္ တိုက္ပြဲအတြင္း အရပ္သားမ်ားကို အကာအကြယ္မေပးဘဲ ရာဖာၿမိဳ႕ကို ထိခိုက္ေစခဲ့ေၾကာင္း”သတိေပးခဲ့သည္။

အစၥေရး-ဟားမတ္စ္စစ္ပြဲ စတင္ကတည္းက တင္းမာေနသည့္ အေရွ႕အလယ္ပိုင္းမဟာမိတ္မ်ားႏွင့္ဆက္ဆံေရးတိုးတက္ေကာင္းမြန္လာေစရန္ အစၥေရးက ႀကိဳးပမ္းေနေသာေၾကာင့္ အဆိုပါ ဗုံးမ်ားကို ဂါဇာတြင္ အသုံးျပဳႏိုင္မႈနည္းပါးေၾကာင္း Axios က သုံးသပ္ထားသည္။ ရာဖာတြင္ အစၥေရး၏စစ္ဆင္ေရးၿပီးဆုံးၿပီးေနာက္ ႏွစ္ပတ္အတြင္း ဗုံးမ်ားေပးပို႔ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ေပါင္ ၂,၀၀၀ (ကီလိုဂရမ္ ၉၀၀) ရွိေသာ ဗုံး ၁၈၀၀ ပါဝင္ေသာ ပို႔ေဆာင္မႈႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္ အစၥေရးတာဝန္ရွိသူမ်ားက ေဆြးေႏြးေနဆဲျဖစ္ေၾကာင္း သိရသည္။ အစၥေရး-ဟားမတ္စ္စစ္ပြဲ စတင္ကတည္းက အေမရိကန္သည္ အစၥေရးအား ေပါင္ ၂၀၀၀ အေလးခ်ိန္ရွိ ဗုံး ၁၄၀၀၀၊ ေပါင္ ၅၀၀ ရွိဗုံး ၆၅၀၀၊ ငရဲမီးေတာက္ဗုံး ၃၀၀၀ ႏွင့္ အျခားခဲယမ္းမ်ား ေပးအပ္ခဲ့ေၾကာင္း Reuters သတင္းတြင္ ေဖာ္ျပထားသည္။ ဝါရွင္တန္သည္ ေအာက္တိုဘာလ ၇ ရက္ကတည္းက လုံၿခဳံေရးအကူအညီ ေဒၚလာ ၆ ဒသမ ၅ ဘီလ်ံေပးပို႔ခဲ့သည္။ အစၥေရးႏွင့္ ဂါဇာအေျခစိုက္ စစ္ေသြးႂကြအဖြဲ႕ ဟားမတ္စ္တို႔ၾကား တိုက္ခိုက္မႈမ်ားေၾကာင့္ ပါလက္စတိုင္း ၃၇,၀၀၀ ေက်ာ္ႏွင့္ အစၥေရး ၁၄၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး ဂါဇာတြင္ မႀကဳံစဖူး ပ်က္စီးမႈမ်ားႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းမ်ားကို ျဖစ္ေပၚေစခဲ့သည္။

Related news

© 2021. All rights reserved.