သံတွဲစစ်ရှောင်များ ရခိုင်ရိုးမကိုဖြတ်ကျော်နိုင်လျှင် 'ပြီးပြီ'ဟု စိတ်ပိုင်းဖြတ်လာကြ

 6597

သုတကျော် (NP News) - ဇူလိုင် ၂

စစ်ဘေးရှောင် သံတွဲမြို့ခံများအနက် ငွေကြေးမပြည့်စုံသူများက ရခိုင်ရိုးမကို ဖြတ်ကျော်ရလျှင် 'ပြီးပြီဆိုသော သဘောမျိုးဖြင့် တိမ်းရှောင်မှုများရှိနေကြောင်း သံတွဲမြို့ခံတစ်ဦးကို NP News က မေးမြန်းထားချက်အရ သိရသည်။

သံတွဲမြို့နယ်တွင် ဧပြီလနှောင်းပိုင်းမှစတင်၍ AA က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ သည့်အတွက် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါမြို့ခံများနှင့် မြို့နယ်အတွင်းနေထိုင်သူ အရပ်သားများက ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်ကာ ယခုနောက်ပိုင်း ကာလများတွင် တိမ်ရှောင်သူအရေအတွက် ပိုမိုများပြားလာခြင်း ဖြစ်သည်။

'အခုကတော့ မြို့မှာမတတ်သာလို့ နေခဲ့တဲ့သူတွေရယ် ပြီးတော့ ဒီခေတ်ကာလမှာ အကျပ်အတည်းပေါ့နော် ငတ်တာပြတ်တာ ဖြစ်တဲ့သူတွေက လည်းမထူးတော့ဘူးဆိုပြီး သူများအိမ်တက်နေ၊ အဲဒီမှာ ကျန်ခဲ့တဲ့အစားအသောက်ဘာညာတွေကို ယူစားတယ်လို့ ပြောတယ်။ တချို့ကလည်း အဲဒီအိမ်မှာ အဖိုးတန်ပစ္စည်းရှိရင် ရောင်းပြီးတော့ရသလို ဝယ် စားတာတွေ ရှိနေတယ်လို့ သတင်းကြားရတယ်'ဟု အထက်ပါ မြို့ခံက ဆိုသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားချိန်၌ သံတွဲမြို့မှ တိမ်းရှောင်သူ မြို့ခံနည်းပါးခဲ့ပြီး နောက်ပိုင်း တိုက်ပွဲပြင်းထန်လာချိန်တွင်မှ မြို့ကို စွန့်ခွာတိမ်းရှောင်မှု များပြားလာခြင်းဖြစ်ကာ လက်ရှိတွင် မြို့ ခြောက်ကပ် သည့်အထိတိမ်းရှောင်နေပြီး သံတွဲမြို့နယ်ဘက်မှလည်း တိမ်းရှောင်သူ အရေအတွက် များပြားနေခြင်းဖြစ်သည်။

'ကျွန်တော်က ရန်ကုန်လို့ချည်းပဲ အပြတ်မပြောချင်ဘူး။ မန္တလေးအထိ တက်သွားတဲ့သူလည်း ရှိတယ်။ တချို့ကလည်း သူတို့မှာရှိတဲ့ ပိုက်ဆံနဲ့ ရန် ကုန်ရဲ့ အင်အားကိုမနိုင်လို့ အဓိကကတော့ ရခိုင်ရိုးမတောင်ကို ကျော်ရင်ပြီးပြီပေါ့နော်။ ကျော်လိုက်ရင် သူတို့တွက်တာက သူတို့နေလို့ရမယ့်နေရာကို စဉ်းစား တာက နံပါတ်တစ်ပဲခူးပေါ့နော်။ အဲဒီဘက်တွေမှာ နေ ဖို့ စဉ်းစားတဲ့သူရှိတယ်။ နောက်တစ်ခုက ဂွဘက် ကနေ ဧရာဝတီဘက်ပေါ့နော်။ အသုတ်တို့၊ ရေကြည်တို့ နောက် မအူပင်ဘက် သွားတဲ့သူတွေ၊ တချို့ ပုသိမ်လောက်တောင်သွားဖို့ မနိုင်တဲ့သူတွေက မြို့ခပ်တန်တန်တွေဘက် သွားတာပေါ့} ဟု စစ်ဘေးရှောင်များ ပျံ့နှံ့နေထိုင်နေကြရသည့် အခြေအနေနှင့် ပတ်သက်၍၎င်းက ဆိုသည်။

သံတွဲမြို့သည် သမိုင်းအစဉ်အဆက် တစ်လျှောက် ငြိမ်းချမ်းလာသော မြို့တစ်မြို့ဖြစ်ကာ ငပလီကမ်းခြေလည်းရှိသည့်အတွက် စီးပွားရေးကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့သော် လည်း လက်ရှိတွင် စစ်ပွဲ၏ဒဏ်ကို ကြုံတွေ့ကာ စီးပွားရေးဆုတ်ယုတ်သည့် မြို့တစ်မြို့အသွင်ရောက်ရှိနေသည်။

zawgyi version
သံတြဲစစ္ေရွာင္မ်ား ရခိုင္႐ိုးမကိုျဖတ္ေက်ာ္ႏိုင္လွ်င္ 'ၿပီးၿပီ'ဟု စိတ္ပိုင္းျဖတ္လာၾက
သုတေက်ာ္ (NP News) - ဇူလိုင္ ၂

စစ္ေဘးေရွာင္ သံတြဲၿမိဳ႕ခံမ်ားအနက္ ေငြေၾကးမျပည့္စုံသူမ်ားက ရခိုင္႐ိုးမကို ျဖတ္ေက်ာ္ရလွ်င္ 'ၿပီးၿပီဆိုေသာ သေဘာမ်ိဳးျဖင့္ တိမ္းေရွာင္မႈမ်ားရွိေနေၾကာင္း သံတြဲၿမိဳ႕ခံတစ္ဦးကို NP News က ေမးျမန္းထားခ်က္အရ သိရသည္။

သံတြဲၿမိဳ႕နယ္တြင္ ဧၿပီလေႏွာင္းပိုင္းမွစတင္၍ AA က စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္လာ သည့္အတြက္ တပ္မေတာ္ႏွင့္ AA အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္ၿပီး အဆိုပါၿမိဳ႕ခံမ်ားႏွင့္ ၿမိဳ႕နယ္အတြင္းေနထိုင္သူ အရပ္သားမ်ားက ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနၾကျခင္းျဖစ္ကာ ယခုေနာက္ပိုင္း ကာလမ်ားတြင္ တိမ္ေရွာင္သူအေရအတြက္ ပိုမိုမ်ားျပားလာျခင္း ျဖစ္သည္။

'အခုကေတာ့ ၿမိဳ႕မွာမတတ္သာလို႔ ေနခဲ့တဲ့သူေတြရယ္ ၿပီးေတာ့ ဒီေခတ္ကာလမွာ အက်ပ္အတည္းေပါ့ေနာ္ ငတ္တာျပတ္တာ ျဖစ္တဲ့သူေတြက လည္းမထူးေတာ့ဘူးဆိုၿပီး သူမ်ားအိမ္တက္ေန၊ အဲဒီမွာ က်န္ခဲ့တဲ့အစားအေသာက္ဘာညာေတြကို ယူစားတယ္လို႔ ေျပာတယ္။ တခ်ိဳ႕ကလည္း အဲဒီအိမ္မွာ အဖိုးတန္ပစၥည္းရွိရင္ ေရာင္းၿပီးေတာ့ရသလို ဝယ္ စားတာေတြ ရွိေနတယ္လို႔ သတင္းၾကားရတယ္'ဟု အထက္ပါ ၿမိဳ႕ခံက ဆိုသည္။

တိုက္ပြဲမ်ား စတင္ျဖစ္ပြားခ်ိန္၌ သံတြဲၿမိဳ႕မွ တိမ္းေရွာင္သူ ၿမိဳ႕ခံနည္းပါးခဲ့ၿပီး ေနာက္ပိုင္း တိုက္ပြဲျပင္းထန္လာခ်ိန္တြင္မွ ၿမိဳ႕ကို စြန႔္ခြာတိမ္းေရွာင္မႈ မ်ားျပားလာျခင္းျဖစ္ကာ လက္ရွိတြင္ ၿမိဳ႕ ေျခာက္ကပ္ သည့္အထိတိမ္းေရွာင္ေနၿပီး သံတြဲၿမိဳ႕နယ္ဘက္မွလည္း တိမ္းေရွာင္သူ အေရအတြက္ မ်ားျပားေနျခင္းျဖစ္သည္။

'ကြၽန္ေတာ္က ရန္ကုန္လို႔ခ်ည္းပဲ အျပတ္မေျပာခ်င္ဘူး။ မႏၲေလးအထိ တက္သြားတဲ့သူလည္း ရွိတယ္။ တခ်ိဳ႕ကလည္း သူတို႔မွာရွိတဲ့ ပိုက္ဆံနဲ႔ ရန္ ကုန္ရဲ႕ အင္အားကိုမႏိုင္လို႔ အဓိကကေတာ့ ရခိုင္႐ိုးမေတာင္ကို ေက်ာ္ရင္ၿပီးၿပီေပါ့ေနာ္။ ေက်ာ္လိုက္ရင္ သူတို႔တြက္တာက သူတို႔ေနလို႔ရမယ့္ေနရာကို စဥ္းစား တာက နံပါတ္တစ္ပဲခူးေပါ့ေနာ္။ အဲဒီဘက္ေတြမွာ ေန ဖို႔ စဥ္းစားတဲ့သူရွိတယ္။ ေနာက္တစ္ခုက ဂြဘက္ ကေန ဧရာဝတီဘက္ေပါ့ေနာ္။ အသုတ္တို႔၊ ေရၾကည္တို႔ ေနာက္ မအူပင္ဘက္ သြားတဲ့သူေတြ၊ တခ်ိဳ႕ ပုသိမ္ေလာက္ေတာင္သြားဖို႔ မႏိုင္တဲ့သူေတြက ၿမိဳ႕ခပ္တန္တန္ေတြဘက္ သြားတာေပါ့} ဟု စစ္ေဘးေရွာင္မ်ား ပ်ံ႕ႏွံ႔ေနထိုင္ေနၾကရသည့္ အေျခအေနႏွင့္ ပတ္သက္၍၎က ဆိုသည္။

သံတြဲၿမိဳ႕သည္ သမိုင္းအစဥ္အဆက္ တစ္ေလွ်ာက္ ၿငိမ္းခ်မ္းလာေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ငပလီကမ္းေျခလည္းရွိသည့္အတြက္ စီးပြားေရးေကာင္းေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေသာ္ လည္း လက္ရွိတြင္ စစ္ပြဲ၏ဒဏ္ကို ႀကဳံေတြ႕ကာ စီးပြားေရးဆုတ္ယုတ္သည့္ ၿမိဳ႕တစ္ၿမိဳ႕အသြင္ေရာက္ရွိေနသည္။

Related news

© 2021. All rights reserved.