ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ဂိုဏ်းဖွဲ့ကာ သယ်ဆောင်လာသည့် ကျပ်ဘီလျံ (၂၀)‌ကျော်တန် စိတ်ကြွရူးသွပ်ဆေးပြားများကို လမ်းခုလတ်၌ ကြားဖြတ်ဖမ်းဆီးရမိ

 9026

စော (NP News) - ဇူလိုင် ၃

ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ဂိုဏ်းဖွဲ့ကာ သယ်ဆောင်လာသည့် ကျပ်ဘီလျံ (၂၀)‌ကျော်တန် စိတ်ကြွရူးသွပ်ဆေးပြားများကို လမ်းခုလတ်၌ ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်၊ နံနက် (၇)နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ၎င်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော်မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာသည့် Light Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ရာ ငွေကျပ်တန်ဖိုး (၂၀ ဒသမ ၁၆)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ (၃) ဦးကို NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့်အတူ ရမည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပူးပေါင်းပါဝင်သူများဖြစ်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင်(ခ)ဗလနှင့် မြင့်အောင်တို့ ၃ ဦးကို TOYOTA WILL မော်တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီး နှင့်အတူ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကာ အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

အလားတူ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁ရက်၊ ည ၇နာရီအချိန်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် တင်ဇော် မောင်းနှင်၍ ကျော်စန်းဌေး လိုက်လာသည့် CHENGLONG ကားပေါ်မှ ဘိလပ်မြေအိတ်များဖြင့် အုပ်၍သယ်ဆောင်လာသော ငွေကျပ်(၁၀ ဒသမ ၄၄)ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၄၂သိန်းကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

zawgyi version
ရွမ္းျပည္နယ္မွ ရန္ကုန္သို႔ ဂိုဏ္းဖြဲ႕ကာ သယ္ေဆာင္လာသည့္ က်ပ္ဘီလ်ံ (၂၀ )‌ေက်ာ္တန္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို လမ္းခုလတ္၌ ၾကားျဖတ္ဖမ္းဆီးရမိ

ေစာ (NP News) - ဇူလိုင္ ၃

ရွမ္းျပည္နယ္မွ ရန္ကုန္သို႔ ဂိုဏ္းဖြဲ႕ကာ သယ္ေဆာင္လာသည့္ က်ပ္ဘီလ်ံ (၂၀)‌ေက်ာ္တန္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို လမ္းခုလတ္၌ ၾကားျဖတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ ဇြန္လ ၂၅ ရက္၊ နံနက္ (၇)နာရီအခ်ိန္တြင္ လယ္ေဝးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ ေတာင္စဥ္ေအးစစ္ေဆးေရးစခန္းတြင္ ၎မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစခန္းတြင္ ပ်ဥ္းမနားဘက္မွ ေရနီဘက္သို႔ ေဇယ်ာေက်ာ္ေမာင္းႏွင္ၿပီး ဟိန္းေက်ာ္မင္း လိုက္ပါလာသည့္ Light Truck ေမာ္ေတာ္ယာဥ္ကို သတင္းအရရွာေဖြခဲ့ရာ ေငြက်ပ္တန္ဖိုး (၂၀ ဒသမ ၁၆)ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၃ ဒသမ ၄၄ သန္းကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ကေလာမွ ေပ်ာ္ဘြယ္သို႔ သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ ျမတ္ပိုင္သူ၊ ၿဖိဳးစည္သူဟိန္းႏွင့္ ေအာင္ေအာင္(ခ)ေအာင္ႀကီးတို႔ (၃) ဦးကို NISSAN BOX ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္အတူ ရမည္းသင္းၿမိဳ႕နယ္၊ တြင္းေက်း႐ြာအနီးတြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ ႏြယ္နီသင္း၊ ရဲေဒြးလႈိင္(ခ)ဗလႏွင့္ ျမင့္ေအာင္တို႔ ၃ ဦးကို TOYOTA WILL ေမာ္ေတာ္ယာဥ္တစ္စီး၊ TOYOTA ESTIMA ေမာ္ေတာ္ယာဥ္တစ္စီး ႏွင့္အတူ ပ်ဥ္းမနားၿမိဳ႕၊ ႐ြာေကာက္ရပ္ကြက္ရွိ မိုတယ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ စီမံေဆာင္႐ြက္သူ ေဝမင္းၿဖိဳး(ခ)အုန္းအုန္းႏိုင္ကို ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၁)ရပ္ကြက္တြင္ အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆး ေဖာ္ထုတ္ခ်က္မ်ားအရ သိမ္းဆည္းရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ ဂိုဏ္းဖြဲ႕သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဆိုသည္။ ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားကို ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိကာ အမႈတြင္ဆက္စပ္ပါဝင္သူမ်ား၏ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူေဆာင္႐ြက္သြားရန္ရွိေၾကာင္း သိရသည္။

အလားတူ ၂၀၂၃ခုႏွစ္၊ ဒီဇင္ဘာ ၁ရက္၊ ည ၇နာရီအခ်ိန္က လယ္ေဝးၿမိဳ႕နယ္၊ ေတာင္စဥ္ေအးေက်း႐ြာအနီးတြင္ တင္ေဇာ္ ေမာင္းႏွင္၍ ေက်ာ္စန္းေဌး လိုက္လာသည့္ CHENGLONG ကားေပၚမွ ဘိလပ္ေျမအိတ္မ်ားျဖင့္ အုပ္၍သယ္ေဆာင္လာေသာ ေငြက်ပ္(၁၀ ဒသမ ၄၄)ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၄၂သိန္းကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္ရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.