မလေးရှား ကွာလာလမ်ပူလေဆိပ်မှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ (၃၉)ဦး မူးဝေအော့အန် ဖြစ်ခဲ့ရ

 964

ရောင်နီ (NP News) - ဇူလိုင် ၆

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်ရဲ့ အင်ဂျင်နီယာဌာနတစ်ခုမှာ ဇူလိုင်လ ၄ ရက်က ရေနံဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၃၉ ဦး မူးဝေအော့အန်ဖြစ်ခဲ့တယ်လို့ မလေးရှားအရေးပေါ်ဝန်ဆောင်မှု အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒေသခံ ကယ်ဆယ်ရေးအရာရှိ မိုဟာမက်နာခိုင်ရီဆမ်ဆူမင်က ရေနံဓာတ်ငွေ့ရဲ့ ပုပ်အက်အက် အနံ့အသက်ကြောင့် စုစုပေါင်း လူ ၃၉ ဦး မူးဝေခြင်းနဲ့ ပျို့အန်ခြင်းတို့ ခံစားခဲ့ရပြီး ၁၄ ဦး လေကြောင်းဘေးအန္တရာယ်ကုသရေးဌာနမှာ ကုသမှုခံယူနေရကာ နောက်တစ်ဦးက တော့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ထိခိုက်သူအားလုံးဟာ လေဆိပ်မှာ လည်ပတ်နေတဲ့ ကုမ္ပဏီသုံးခုက ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် နိုင်ငံရဲ့လေကြောင်းခရီးစဉ်ကို အနှောင့် အယှက်မဖြစ်စေပါဘူးလို့ ၎င်းတို့က ဆိုပါတယ်။

zawgyi version
မေလးရွား ကြာလာလမ္ပူေလဆိပ္မွာ ဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ လူ (၃၉)ဦး မူးေဝေအာ့အန္ ျဖစ္ခဲ့ရ
ေရာင္နီ (NP News) - ဇူလိုင္ ၆

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူေလဆိပ္ရဲ႕ အင္ဂ်င္နီယာဌာနတစ္ခုမွာ ဇူလိုင္လ ၄ ရက္က ေရနံဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ လူ ၃၉ ဦး မူးေဝေအာ့အန္ျဖစ္ခဲ့တယ္လို႔ မေလးရွားအေရးေပၚဝန္ေဆာင္မႈ အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ေဒသခံ ကယ္ဆယ္ေရးအရာရွိ မိုဟာမက္နာခိုင္ရီဆမ္ဆူမင္က ေရနံဓာတ္ေငြ႕ရဲ႕ ပုပ္အက္အက္ အနံ႔အသက္ေၾကာင့္ စုစုေပါင္း လူ ၃၉ ဦး မူးေဝျခင္းနဲ႔ ပ်ိဳ႕အန္ျခင္းတို႔ ခံစားခဲ့ရၿပီး ၁၄ ဦး ေလေၾကာင္းေဘးအႏၲရာယ္ကုသေရးဌာနမွာ ကုသမႈခံယူေနရကာ ေနာက္တစ္ဦးက ေတာ့ ေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။

ထိခိုက္သူအားလုံးဟာ ေလဆိပ္မွာ လည္ပတ္ေနတဲ့ ကုမၸဏီသုံးခုက ဝန္ထမ္းေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ႏိုင္ငံရဲ႕ေလေၾကာင္းခရီးစဥ္ကို အေႏွာင့္ အယွက္မျဖစ္ေစပါဘူးလို႔ ၎တို႔က ဆိုပါတယ္။

Related news

© 2021. All rights reserved.