ချောင်းနှစ်ခွအနီးတစ်ဝိုက်ရှိ ရွာခံများကို သတင်းပေးဒလန်ဟုစွပ်စွဲ၍ အယ်စေးဝါးတို့ အဖွဲ့က ကြုံသလို ခေါ်ယူသတ်ဖြတ်မှုများ လုပ်ဆောင်နေ

 4601

Iris (NP News) - ဇူလိုင် ၆

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ အရပ်သားပြည်သူများကို သတင်းပေးဒလန်များအဖြစ် စွပ်စွဲသတ်မှတ်၍ အယ်စေးဝါးဦးဆောင်သော Lion Battalion လက်နက်ကိုင်အဖွဲ့က ခေါ်ယူသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

ချောင်းနှစ်ခွတိုက်ပွဲများအတွင်းက ရှုံးနိမ့်ခဲ့ရ သည့်ဖြစ်စဉ်အပြင် လက်ရှိကာလအထိ တပ်မတော်၏လက်နက်ကြီးပစ်ခတ်မှုများက ၎င်းတို့အုပ်စုများ ကျင်လည်ကျက်စားရာနေရာများထံ တည့်တည့်မတ်မတ် ကျရောက်ပေါက်ကွဲနေမှုများကြောင့် အယ်စေးဝါးတို့ အုပ်စုက နယ်မြေဒေသခံပြည်သူများအပေါ် အငြိုးထားလာခြင်းဖြစ်ကြောင်း ကြားသိရသည်။ "အဲဒီမှာက ဟို လက်တစ်ဖက်ပြတ်နေတဲ့တစ်ယောက်(အယ်စေးဝါး) ရယ်၊ ဗိုလ်ဆံရှည်တို့၊ ဗိုလ်စလုံးတို့ အုပ်စုတွေက ကြီးစိုးနေတာ။ ဒီလထဲမှာပဲ သူတို့ခေါ်ပြီးသတ်တာ (၂ဝ)ကျော်ပြီ။ ရန်ကုန်ကနေ အလုပ်လာလုပ်တဲ့ ကလေးတွေတောင်ပါတယ်။ မိန်းကလေးတွေလည်း အသတ်ခံရတယ်။ ချောင်းနှစ်ခွ တစ်ဝိုက်နားက ရွာတွေအကုန်လုံး ကြောက်လန့်နေကြတယ်"ဟု နယ် မြေခံသတင်းရင်းမြစ်က NP News ကို ဇွန်လ (၂၆)ရက်တွင် ပြောသည်။

၎င်းကိုယ်တိုင်ပင်လျှင် ပြည်မဘက်မှ မိတ်ဆွေအပေါင်းအသင်းများနှင့် နယ်မြေအခြေအနေအပေါ် စကားစပ်မိသဖြင့် ပြောဆိုခဲ့သည့် မက်ဆေ့များကို ချက်ချင်းဖျက်ပစ်ရလေ့ရှိကြောင်း အသိပေးသည်။ အထူးသဖြင့် အယ်စေးဝါးတို့ အုပ်စုက ၎င်းတို့မသင်္ကာသော ပုဂ္ဂိုလ်များကို တစ်ရွာ ဝင်တစ်ရွာထွက် ဝင်ရောက်ဖမ်းဆီးပြီးနောက် ဖုန်းများကို အသေးစိတ်ယူ၍ကြည့်ရှုကြောင်း၊ စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များနှင့် ဖုန်းပြောထားသည့် မက်ဆေ့များရှိပါက အဆိုပါပုဂ္ဂိုလ်ကို အသက်ရှင် ခွင့်ပေးလေ့မရှိကြောင်း ဆိုသည်။ "သူတို့တွေရှိတဲ့ နေရာကို တောင်ကလေးဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေက တည့်တည့်ကြီးပဲ ဆက်တိုက်ကျ နေတော့ သူတို့အတော်အထိနာတယ်။ တစ်ခေါက်ဆို ရင် သူတို့ဘက်က ဆယ့်လေးငါးယောက်လောက် ထိသွားတယ်။ သေတဲ့သူသေတယ်။ ဒဏ်ရာရတဲ့သူ လည်းရတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ သူတို့ ရှိတဲ့နေရာကို တည့်တည့်ကျလို့ အနီးအနားက ရွာသားတွေကို သူတို့က သံသယရှိနေကြတာ။ သူတို့ရှိတဲ့နေရာကို သတင်းပေးတယ်လို့ထင်နေကြတာ"ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်အဖွဲ့များက ချောင်းနှစ်ခွကျေးရွာနှင့် MCL ဘိလပ်မြေစက်ရုံဘက်ကို ခြေဦး လှည့်ခြင်းမရှိတော့သော်လည်း အဆိုပါဒေသများနှင့် ပတ်သက်၍ အငြိုးတကြီးရှိနေကြသည်ဟု သိရသည်။ အထူးသဖြင့် ချောင်းနှစ်ခွကို သိမ်းပိုက်နိုင်မှုမရှိခဲ့ခြင်း က အယ်စေးဝါးတို့အဖွဲ့ကို ထိခိုက်မှုများရှိစေခဲ့သည် ဟု ဆိုသည်။ "ဘိလပ်မြေစက်ရုံထဲက ပစ္စည်းတွေကို ဆိုရင် အယ်စေးဝါးတို့က လုပ်ချင်တိုင်းလုပ်သွားကြ တာ။ စက်ရုံက ကျန်နေတဲ့ဝန်ထမ်းတွေလည်း ပြေးကုန်ကြပြီ" ဟု သတင်းရင်းမြစ်က ပြောသည်။ ချောင်းနှစ်ခွကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ကရင်နှင့်မွန် အစပ်ဒေသများအဖြစ် ကွယ်တရို၊ ကျုံကွယ်၊ သံပုရာ၊ သဖန်းပြာကုန်း၊ ကဒုံစိ၊ ကွမ်ကသုဝ်၊ တောင်ကလေး၊ လှကဇိုင်း အစရှိသောကျေးရွာများရှိထားပြီး ချောင်း နှစ်ခွကျေးရွာတံတား ချိုးဖျက်ခံရမှုကြောင့် မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းကို သုံးစွဲ၍မရတော့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဘုရားငါးဆူ-တံခွန် တိုင်-တောင်ဒီး-ဖားပြ-အနန်းကွင်းလမ်းကို လည်းကောင်း၊ လွှစင်ကုန်းလမ်းဆုံရှိရာ လမ်းကြောင်းများကို လည်းကောင်း၊ ကျေးရွာချင်းဆက် လမ်းသွယ်များကို လည်းကောင်း အယ်စေးဝါးတို့အဖွဲ့များက လှည့် လည်သွားလာနေသည်ဟု သိရသည်။ အယ်စေးဝါးတို့ အနေဖြင့် MCL ဘိလပ်မြေစက်ရုံပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်ခဲ့မှုအတွက် ထိုင်းအစိုးရ၏ လျော်ကြေးငွေတောင်းခံမှုကိုလည်း ရှောင်လွှဲ၍နေကြောင်း နယ်မြေသတင်းရင်းမြစ်များထံမှ ကြားသိရသည်။

zawgyi version
ေခ်ာင္းႏွစ္ခြအနီးတစ္ဝိုက္ရွိ ႐ြာခံမ်ားကို သတင္းေပးဒလန္ဟုစြပ္စြဲ၍ အယ္ေစးဝါးတို႔ အဖြဲ႕က ႀကဳံသလို ေခၚယူသတ္ျဖတ္မႈမ်ား လုပ္ေဆာင္ေန
Iris (NP News) - ဇူလိုင္ ၆

က်ိဳက္မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြေက်း႐ြာအနီးတစ္ဝိုက္ရွိ ေက်း႐ြာမ်ားမွ အရပ္သားျပည္သူမ်ားကို သတင္းေပးဒလန္မ်ားအျဖစ္ စြပ္စြဲသတ္မွတ္၍ အယ္ေစးဝါးဦးေဆာင္ေသာ Lion Battalion လက္နက္ကိုင္အဖြဲ႕က ေခၚယူသတ္ျဖတ္မႈမ်ား ဆက္တိုက္လုပ္ေဆာင္လာေနေၾကာင္း နယ္ေျမခံသတင္းရင္းျမစ္မ်ားထံမွ သတင္းရရွိသည္။

ေခ်ာင္းႏွစ္ခြတိုက္ပြဲမ်ားအတြင္းက ရႈံးနိမ့္ခဲ့ရ သည့္ျဖစ္စဥ္အျပင္ လက္ရွိကာလအထိ တပ္မေတာ္၏လက္နက္ႀကီးပစ္ခတ္မႈမ်ားက ၎တို႔အုပ္စုမ်ား က်င္လည္က်က္စားရာေနရာမ်ားထံ တည့္တည့္မတ္မတ္ က်ေရာက္ေပါက္ကြဲေနမႈမ်ားေၾကာင့္ အယ္ေစးဝါးတို႔ အုပ္စုက နယ္ေျမေဒသခံျပည္သူမ်ားအေပၚ အၿငိဳးထားလာျခင္းျဖစ္ေၾကာင္း ၾကားသိရသည္။ "အဲဒီမွာက ဟို လက္တစ္ဖက္ျပတ္ေနတဲ့တစ္ေယာက္(အယ္ေစးဝါး) ရယ္၊ ဗိုလ္ဆံရွည္တို႔၊ ဗိုလ္စလုံးတို႔ အုပ္စုေတြက ႀကီးစိုးေနတာ။ ဒီလထဲမွာပဲ သူတို႔ေခၚၿပီးသတ္တာ (၂ဝ)ေက်ာ္ၿပီ။ ရန္ကုန္ကေန အလုပ္လာလုပ္တဲ့ ကေလးေတြေတာင္ပါတယ္။ မိန္းကေလးေတြလည္း အသတ္ခံရတယ္။ ေခ်ာင္းႏွစ္ခြ တစ္ဝိုက္နားက ႐ြာေတြအကုန္လုံး ေၾကာက္လန႔္ေနၾကတယ္"ဟု နယ္ ေျမခံသတင္းရင္းျမစ္က NP News ကို ဇြန္လ (၂၆)ရက္တြင္ ေျပာသည္။

၎ကိုယ္တိုင္ပင္လွ်င္ ျပည္မဘက္မွ မိတ္ေဆြအေပါင္းအသင္းမ်ားႏွင့္ နယ္ေျမအေျခအေနအေပၚ စကားစပ္မိသျဖင့္ ေျပာဆိုခဲ့သည့္ မက္ေဆ့မ်ားကို ခ်က္ခ်င္းဖ်က္ပစ္ရေလ့ရွိေၾကာင္း အသိေပးသည္။ အထူးသျဖင့္ အယ္ေစးဝါးတို႔ အုပ္စုက ၎တို႔မသကၤာေသာ ပုဂၢိဳလ္မ်ားကို တစ္႐ြာ ဝင္တစ္႐ြာထြက္ ဝင္ေရာက္ဖမ္းဆီးၿပီးေနာက္ ဖုန္းမ်ားကို အေသးစိတ္ယူ၍ၾကည့္ရႈေၾကာင္း၊ စစ္တပ္ သို႔မဟုတ္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဖုန္းေျပာထားသည့္ မက္ေဆ့မ်ားရွိပါက အဆိုပါပုဂၢိဳလ္ကို အသက္ရွင္ ခြင့္ေပးေလ့မရွိေၾကာင္း ဆိုသည္။ "သူတို႔ေတြရွိတဲ့ ေနရာကို ေတာင္ကေလးဘက္ကေန ပစ္လိုက္တဲ့ လက္နက္ႀကီးေတြက တည့္တည့္ႀကီးပဲ ဆက္တိုက္က် ေနေတာ့ သူတို႔အေတာ္အထိနာတယ္။ တစ္ေခါက္ဆို ရင္ သူတို႔ဘက္က ဆယ့္ေလးငါးေယာက္ေလာက္ ထိသြားတယ္။ ေသတဲ့သူေသတယ္။ ဒဏ္ရာရတဲ့သူ လည္းရတယ္။ တိုက္ပြဲမျဖစ္ဘဲနဲ႔ သူတို႔ ရွိတဲ့ေနရာကို တည့္တည့္က်လို႔ အနီးအနားက ႐ြာသားေတြကို သူတို႔က သံသယရွိေနၾကတာ။ သူတို႔ရွိတဲ့ေနရာကို သတင္းေပးတယ္လို႔ထင္ေနၾကတာ"ဟု ၎က ေျပာသည္။

လက္နက္ကိုင္အဖြဲ႕မ်ားက ေခ်ာင္းႏွစ္ခြေက်း႐ြာႏွင့္ MCL ဘိလပ္ေျမစက္႐ုံဘက္ကို ေျခဦး လွည့္ျခင္းမရွိေတာ့ေသာ္လည္း အဆိုပါေဒသမ်ားႏွင့္ ပတ္သက္၍ အၿငိဳးတႀကီးရွိေနၾကသည္ဟု သိရသည္။ အထူးသျဖင့္ ေခ်ာင္းႏွစ္ခြကို သိမ္းပိုက္ႏိုင္မႈမရွိခဲ့ျခင္း က အယ္ေစးဝါးတို႔အဖြဲ႕ကို ထိခိုက္မႈမ်ားရွိေစခဲ့သည္ ဟု ဆိုသည္။ "ဘိလပ္ေျမစက္႐ုံထဲက ပစၥည္းေတြကို ဆိုရင္ အယ္ေစးဝါးတို႔က လုပ္ခ်င္တိုင္းလုပ္သြားၾက တာ။ စက္႐ုံက က်န္ေနတဲ့ဝန္ထမ္းေတြလည္း ေျပးကုန္ၾကၿပီ" ဟု သတင္းရင္းျမစ္က ေျပာသည္။ ေခ်ာင္းႏွစ္ခြေက်း႐ြာႏွင့္ အနီးတစ္ဝိုက္တြင္ ကရင္ႏွင့္မြန္ အစပ္ေဒသမ်ားအျဖစ္ ကြယ္တ႐ို၊ က်ဳံကြယ္၊ သံပုရာ၊ သဖန္းျပာကုန္း၊ ကဒုံစိ၊ ကြမ္ကသုဝ္၊ ေတာင္ကေလး၊ လွကဇိုင္း အစရွိေသာေက်း႐ြာမ်ားရွိထားၿပီး ေခ်ာင္း ႏွစ္ခြေက်း႐ြာတံတား ခ်ိဳးဖ်က္ခံရမႈေၾကာင့္ မုဒုံ-ၾကာအင္းဆိပ္ႀကီးလမ္းကို သုံးစြဲ၍မရေတာ့ေၾကာင္း သိရသည္။

ယင္းအတြက္ေၾကာင့္ ဘုရားငါးဆူ-တံခြန္ တိုင္-ေတာင္ဒီး-ဖားျပ-အနန္းကြင္းလမ္းကို လည္းေကာင္း၊ လႊစင္ကုန္းလမ္းဆုံရွိရာ လမ္းေၾကာင္းမ်ားကို လည္းေကာင္း၊ ေက်း႐ြာခ်င္းဆက္ လမ္းသြယ္မ်ားကို လည္းေကာင္း အယ္ေစးဝါးတို႔အဖြဲ႕မ်ားက လွည့္ လည္သြားလာေနသည္ဟု သိရသည္။ အယ္ေစးဝါးတို႔ အေနျဖင့္ MCL ဘိလပ္ေျမစက္႐ုံပိုင္ပစၥည္းမ်ားကို အလြဲသုံးစားလုပ္ခဲ့မႈအတြက္ ထိုင္းအစိုးရ၏ ေလ်ာ္ေၾကးေငြေတာင္းခံမႈကိုလည္း ေရွာင္လႊဲ၍ေနေၾကာင္း နယ္ေျမသတင္းရင္းျမစ္မ်ားထံမွ ၾကားသိရသည္။

Related news

© 2021. All rights reserved.