(၆)လတာကာလအတွင်း စည်ကမ်းလိုက်နာမှုမရှိသည့် YBS ယာဉ်မောင်းများကို အရေးယူထားသည့်အမှုပေါင်း (၃၄၀၀၀)ကျော်ရှိ

 538

စော (NP News) - ဇူလိုင် ၇

(၆)လတာကာလအတွင်း စည်ကမ်းလိုက်နာမှုမရှိသည့် YBS ယာဉ်မောင်းများကို အရေးယူထားသည့်အမှုပေါင်း (၃၄၀၀၀)ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။

ယခုနှစ်(၂၀၁၄ ခုနှစ်) ဇန်နဝါရီလမှ ဇွန်လအတွင်း စည်ကမ်းလိုက်နာမှုမရှိသည့် YBS ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူထားသည့် အမှုပေါင်း (၃၄၆၅၄)မှုရှိကြောင်း YRTC ၏အချက်အလက်များအရ သိရသည်။ “အရင်နှစ်က ကျွန်တော်တို့က ဒီလောက်အရေးမယူထားဘူး။ ဒီနှစ်၊ ဇန်နဝါရီလကျမှ အဓိက လမ်းကြောင်း (၉)ကြောင်း နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်းတွေ၊ YBS တွေ စနစ်တကျဖြစ်အောင် လမ်း ကြောင်းပေါ်မှာ ဆင်းပြီးတော့ကို အရေးယူတာဖြစ်တယ်။ အရင်နှစ်တုန်းကဆိုရင် အဖွဲ့(၄)ဖွဲ့လောက်ကပဲ လမ်းကြောင်းပေါ်မှာ စစ်ဆေးပြီးတော့ ဖမ်းဆီးမှုပဲရှိတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

အဆိုပါအမှုများမှာ မှတ်သားဖမ်းဆီးမှု (၃၁၇၆၄)မှု၊ Call Center အား တိုင်ကြားမှု (၄၀၉)မှု၊ Facebook မှု (၃)မှု၊ မီးနီဖြတ်မောင်းနှင်မှု ၊ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်မှု (၁၃၃၀)မှုနှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၂၅၅)မှုတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၁၇၉)မှု၊ နယ်ကျော်မောင်းနှင်မှု (၁)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၁၀၆)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု (၃၂၉)မှု၊ မချေမငံပြောဆိုမှု (၂)မှုနှင့် အခြားမှု (၅၄)မှုတို့ဖြစ်ကြောင်း သိရသည်။

အလားတူကာလ၌ YBS ယာဉ်မတော်တဆမှုပေါင်း (၃၉)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ (၂၁)ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ (၄၂)ဦးရှိခဲ့ကြောင်း သိရသည်။

zawgyi version
(၆)လတာကာလအတြင္း စည္ကမ္းလိုက္နာမႈမရွိသည့္ YBS ယာဥ္ေမာင္းမ်ားကို အေရးယူထားသည့္အမႈေပါင္း (၃၄၀၀၀)ေက်ာ္ရွိ

ေစာ (NP News) - ဇူလိုင္ ၇

(၆)လတာကာလအတြင္း စည္ကမ္းလိုက္နာမႈမရွိသည့္ YBS ယာဥ္ေမာင္းမ်ားကို အေရးယူထားသည့္အမႈေပါင္း (၃၄၀၀၀)ေက်ာ္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC)ထံမွ သိရသည္။

ယခုႏွစ္(၂၀၁၄ ခုႏွစ္) ဇန္နဝါရီလမွ ဇြန္လအတြင္း စည္ကမ္းလိုက္နာမႈမရွိသည့္ YBS ယာဥ္ေမာင္းမ်ားကို ဖမ္းဆီးအေရးယူထားသည့္ အမႈေပါင္း (၃၄၆၅၄)မႈရွိေၾကာင္း YRTC ၏အခ်က္အလက္မ်ားအရ သိရသည္။ “အရင္ႏွစ္က ကြၽန္ေတာ္တို႔က ဒီေလာက္အေရးမယူထားဘူး။ ဒီႏွစ္၊ ဇန္နဝါရီလက်မွ အဓိက လမ္းေၾကာင္း (၉)ေၾကာင္း နဲ႔ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းခ်ိဳးေဖာက္တဲ့ ယာဥ္ေမာင္းေတြ၊ YBS ေတြ စနစ္တက်ျဖစ္ေအာင္ လမ္း ေၾကာင္းေပၚမွာ ဆင္းၿပီးေတာ့ကို အေရးယူတာျဖစ္တယ္။ အရင္ႏွစ္တုန္းကဆိုရင္ အဖြဲ႕(၄)ဖြဲ႕ေလာက္ကပဲ လမ္းေၾကာင္းေပၚမွာ စစ္ေဆးၿပီးေတာ့ ဖမ္းဆီးမႈပဲရွိတယ္”ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။

အဆိုပါအမႈမ်ားမွာ မွတ္သားဖမ္းဆီးမႈ (၃၁၇၆၄)မႈ၊ Call Center အား တိုင္ၾကားမႈ (၄၀၉)မႈ၊ Facebook မႈ (၃)မႈ၊ မီးနီျဖတ္ေမာင္းႏွင္မႈ ၊ သတ္မွတ္ကီလိုထက္ ေက်ာ္လြန္ေမာင္းႏွင္မႈ (၁၃၃၀)မႈႏွင့္ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေမာင္းႏွင္မႈ (၂၅၅)မႈတို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မဆင္မျခင္ေမာင္းႏွင္မႈ (၁၇၉)မႈ၊ နယ္ေက်ာ္ေမာင္းႏွင္မႈ (၁)မႈ၊ ရပ္နားခ်ိန္ၾကာျမင့္မႈ (၁၀၆)မႈ၊ ယာဥ္တစ္စီးႏွင့္တစ္စီး ယွဥ္ၿပိဳင္ေက်ာ္တက္ေမာင္းႏွင္မႈ (၃၂၉)မႈ၊ မေခ်မငံေျပာဆိုမႈ (၂)မႈႏွင့္ အျခားမႈ (၅၄)မႈတို႔ျဖစ္ေၾကာင္း သိရသည္။

အလားတူကာလ၌ YBS ယာဥ္မေတာ္တဆမႈေပါင္း (၃၉)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူဦးေရမွာ (၂၁)ဦးရွိခဲ့ၿပီး ဒဏ္ရာရရွိသူဦးေရ (၄၂)ဦးရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.