ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှာ အသက် ၁၄ နှစ်အရွယ်လူငယ်က လူတစ်ဦးကို ဓားနဲ့ထိုးမှုဖြစ်ပွား

 367

ရောင်နီ(NP News) - ဇူလိုင် ၃

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်မှာ ဇူလိုင်လ ၂ ရက်က အသက် ၁၄ နှစ်အရွယ်လူငယ်က လူတစ်ဦးကို မီးဖိုးချောင်သုံးဓားနဲ့ လည်ပင်းကို ထိုးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

ဓားထိုးခံရသူကတော့ အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးရုံအရေးပေါ် တင်လိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးနောက် Camperdown ကျောင်းဝင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးရောက်ရှိစစ်ဆေးခဲ့ပြီး တက္ကသိုလ်အဆောက်အအြွ အများအပြားကို ပိတ်ဆို့ထားခဲ့ရတယ်လို့ တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်နေရာမှာလည်း မီးဖိုချောင်သုံး ဓားတစ်ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နယူးဆောက်ဝေး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ အဆိုပါ ဓားထိုးပြစ်မှုကျူးလွန်သူနဲ့ ဓားထိုးခံရသူဟာ သူစိမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူ အမျိုးသားကိုတော့ နောက်ပိုင်းမှာ Royal Prince Alfred Hospital အနီး ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိ ၎င်းဟာ စိတ်ကျန်းမာရေး ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

zawgyi version
ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီတကၠသိုလ္မွာ အသက္ ၁၄ ႏွစ္အ႐ြယ္လူငယ္က လူတစ္ဦးကို ဓားနဲ႔ထိုးမႈျဖစ္ပြား
ေရာင္နီ(NP News) - ဇူလိုင္ ၃

ဩစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီတကၠသိုလ္မွာ ဇူလိုင္လ ၂ ရက္က အသက္ ၁၄ ႏွစ္အ႐ြယ္လူငယ္က လူတစ္ဦးကို မီးဖိုးေခ်ာင္သုံးဓားနဲ႔ လည္ပင္းကို ထိုးခဲ့မႈျဖစ္ပြားခဲ့ပါတယ္။

ဓားထိုးခံရသူကေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ေဆး႐ုံအေရးေပၚ တင္လိုက္ရတယ္လို႔ သိရပါတယ္။ အဆိုပါ ျဖစ္ရပ္ၿပီးေနာက္ Camperdown ေက်ာင္းဝင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြ အျမန္ဆုံးေရာက္ရွိစစ္ေဆးခဲ့ၿပီး တကၠသိုလ္အေဆာက္အႁအြ အမ်ားအျပားကို ပိတ္ဆို႔ထားခဲ့ရတယ္လို႔ တကၠသိုလ္တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ အခင္းျဖစ္ေနရာမွာလည္း မီးဖိုေခ်ာင္သုံး ဓားတစ္ေခ်ာင္း သိမ္းဆည္းရမိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

နယူးေဆာက္ေဝး ရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူရဲ႕ ေျပာၾကားခ်က္အရ အဆိုပါ ဓားထိုးျပစ္မႈက်ဴးလြန္သူနဲ႔ ဓားထိုးခံရသူဟာ သူစိမ္းေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကိုေတာ့ ေနာက္ပိုင္းမွာ Royal Prince Alfred Hospital အနီး ဖမ္းဆီးႏိုင္ခဲ့ၿပီး လက္ရွိ ၎ဟာ စိတ္က်န္းမာေရး ကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.