မန္တလေး နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

 596

Pearl (NP News) - ဇူလိုင် ၂

မန္တလေး နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်၊ နံနက် ၁ နာရီခွဲခန့်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်‌များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရန်အတွက် အငှားထားသောအိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်း (၃၂)နှစ် နှင့် တရားမဝင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရပ်ကွက်တွက် နေထိုင်သူ မန်နေဂျာ ရန်ဝင်းမြင့်(ခ)ကျန်ဝမ်ရီ(၂၁)နှစ် ၊ လောက်ကိုင်မြို့နယ်တွင်နေထိုင်သူ ကြီးကြပ်လုပ်ကိုင်သူဖြစ်သည့် လော်ကျင်းကျွမ်(၂၆)နှစ် နှင့် ဝန်ထမ်းများဖြစ်သည့် ဇင်မာထွေး(ခ)ရင်ရုံ(၁၉)နှစ် အပါအဝင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၈)ဦး၊ စုစုပေါင်း အိမ်ရှင်(၁)ဦးအပါအဝင် (၁၂)ဦးတို့ကို လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ(၆)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ(၆၃)လုံး၊ မြန်မာငွေစက္ကူ ကျပ်(၁၁၀)သိန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၈ ရက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ်(မ-၃/၂၃၂)သို့ ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားအမျိုးသား(၂၈၈)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၂၉၅)ဦးတို့အား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ(၉၀၀)လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလး ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္တို႔တြင္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူ ျမန္မာႏိုင္ငံသား(၁၂)ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား(၂၉၅)ဦးတို႔ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိ

Pearl (NP News) - ဇူလိုင္ ၂

မႏၲေလး ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္တို႔တြင္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူ ျမန္မာႏိုင္ငံသား(၁၂)ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား(၂၉၅)ဦးတို႔ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၇ ရက္၊ နံနက္ ၁ နာရီခြဲခန႔္တြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဃ)ရပ္ကြက္၊ ၆၁ လမ္းႏွင့္ ၆၂ လမ္းၾကား၊ ၁၁၇ လမ္းရွိ ကိုထင္ရွမ္း၏ေနအိမ္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္‌မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သတင္းအရ သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာ ေနအိမ္အေပၚဆုံးထပ္ရွိ ဧည့္ခန္းအတြင္း၌ Online ေလာင္းကစားျပဳလုပ္ရန္အတြက္ အငွားထားေသာအိမ္ပိုင္ရွင္ျဖစ္သူ ထင္ရွမ္း (၃၂)ႏွစ္ ႏွင့္ တရားမဝင္ Online ေလာင္းကစားလုပ္ငန္းလုပ္ကိုင္ေနသူမ်ားျဖစ္သည့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ နန္းဦးလြင္ ရပ္ကြက္တြက္ ေနထိုင္သူ မန္ေနဂ်ာ ရန္ဝင္းျမင့္(ခ)က်န္ဝမ္ရီ(၂၁)ႏွစ္ ၊ ေလာက္ကိုင္ၿမိဳ႕နယ္တြင္ေနထိုင္သူ ႀကီးၾကပ္လုပ္ကိုင္သူျဖစ္သည့္ ေလာ္က်င္းကြၽမ္(၂၆)ႏွစ္ ႏွင့္ ဝန္ထမ္းမ်ားျဖစ္သည့္ ဇင္မာေထြး(ခ)ရင္႐ုံ(၁၉)ႏွစ္ အပါအဝင္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၈)ဦး၊ စုစုေပါင္း အိမ္ရွင္(၁)ဦးအပါအဝင္ (၁၂)ဦးတို႔ကို ေလာင္းကစားျပဳလုပ္ရာတြင္ အသုံးျပဳသည့္ Laptop မ်ိဳးစုံ(၆)လုံး၊ လက္ကိုင္ဖုန္းမ်ိဳးစုံ(၆၃)လုံး၊ ျမန္မာေငြစကၠဴ က်ပ္(၁၁၀)သိန္း၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (၆)ခု၊ အျခားဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ဇြန္လ ၂၈ ရက္တြင္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ပါဆတ္ရပ္ကြက္၊ လြန္းက်ိဳင္းလမ္း၊ အိမ္အမွတ္(မ-၃/၂၃၂)သို႔ ဝင္ေရာက္ ရွာေဖြခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္အတြင္း အေထာက္အထားတစ္စုံတစ္ရာမပါရွိဘဲ တရားမဝင္ေရာက္ရွိေနသည့္ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသား(၂၈၈)ဦး၊ အမ်ိဳးသမီး(၇)ဦး၊ စုစုေပါင္း(၂၉၅)ဦးတို႔အား Online ေလာင္းကစားျပဳလုပ္ရာတြင္ အသုံးျပဳသည့္ လက္ကိုင္ဖုန္းမ်ိဳးစုံ(၉၀၀)လုံး၊ အျခားဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူ ျမန္မာႏိုင္ငံသား(၁၂)ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား(၂၉၅)ဦးတို႔ကို ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးလိုအပ္ေသာ စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.