ဇီလန်စကီးက ယူကရိန်းဝန်ကြီးချုပ်အား ထုတ်ပယ်နိုင်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြ

 1040

Alynn (NP News) - ဇူလိုင်လ ၁၁

ယူကရိန်းဝန်ကြီးချုပ် Denis Shmigal ၏ နေရာကို မကြာမီ အစားထိုးပစ်တော့မည်ဟု ပြည်တွင်းသတင်းဌာန Ukrainskaya Pravda က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်) တွင် ထုတ်ပြန်ခဲ့သည့် ရှည်လျားသော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်၊ Maidan အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အခြားသော ဝန်ကြီးချုပ်များထက် ရာထူးကို ကြာကြာ ထိန်းသိမ်းထားနိုင်သည့် Shmigal သည် သမ္မတဇီလန်စကီးနှင့် သင့်မြတ်မှုမရှိကြောင်း သိရသည်။ ယူကရိန်း ခေါင်းဆောင်သည် ယေဘူယျအားဖြင့် ၎င်းအား ထောက်ခံအားပေးမှုမရှိသောသူများ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအရ အထင်ကြီးမှုမရှိသောသူများကို မနှစ်သက်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

“ဇီလန်စကီး၏ စိတ်ခံစားချက်နှင့် လိုက်လျောညီထွေမှုမရှိသောသူများသည် ၎င်းတို့၏ ရပ်တည်ချက်များကိုလည်း ဆုံးရှုံးရတတ်ကြောင်း” သတင်းရင်းမြစ်များက ဖော်ပြထားသည်။ အစီရင်ခံစာတွင် ဇီလန်စကီးနှင့် Shmigal ၏ ဆက်ဆံရေးသည် ယခင်က ထုတ်ပယ်ခံခဲ့ရသော စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး Valery Zaluzhny နှင့် ဇီလန်စကီးကြား ဆက်ဆံရေးနှင့်တူညီကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်နိုင်ခြေသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးပြုပြင်ပြောင်းလဲမှုများကြောင့် ကိယက်ဗ် နှင့် အနောက်နိုင်ငံတို့ကြား တင်းမာမှုများနှင့်လည်း ဆက်စပ်မှုရှိနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ သည်။ ယူကရိန်း၏ အနောက်အုပ်စု ကျောထောက်နောက်ခံများသည် တစ်ခုခုကို အဆက်မပြတ်လိုချင်နေပြီး တစ်ခုခုကို တောင်းဆိုနေခြင်းမှာ ဇီလန်စကီးနှင့် ၎င်း၏ အစိုးရအဖွဲ့များအတွက် ဒေါသထွက်စရာတစ်ခုဖြစ်နေ ကြောင်း Ukrainskaya Pravda က ဆိုသည်။

Shmigal သည် ဇီလန်စကီးနှင့် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ကို ဒေါသထွက်စေသည့် ယူကရိန်း၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် တရားစီရင်ရေးမဏ္ဍိုင်ကို အပြောင်းအလဲများ ပါဝင်သော “ပြုပြင်ပြောင်းလဲရေး အစီအစဉ်” အား လက်မှတ်ရေးထိုးခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ Shmigal အား ပထမအဆင့် ဒုတိယ၀န်ကြီးချုပ် Yulia Sviridenko ဖြင့် အစားထိုးနိုင်သည်ဟု သတင်းစာက ဖော်ပြခဲ့သည်။
သူမသည် နိုင်ငံခြားခရီးများ ပုံမှန်သွားလေ့ရှိသည့် ီလန်စကီး၏ဇနီး Elena နှင့် ရင်းနှီးသော ဆက်ဆံရေးရှိ ကြောင်း သိရသည်။

Sviridenko သည် ယူကရိန်းအထက်တန်းလွှာများအပေါ် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကင်းမဲ့သော်လည်း သူမသည် ယူကရိန်းနိုင်ငံအပေါ် "၁၀၀ ရာခိုင်နှုန်း သစ္စာစောင့်သိသူ" အဖြစ် ရှုမြင်ခံရကြောင်း Ukrainskaya Pravda က ဖော်ပြခဲ့သည်။ ကိယက်ဗ်၏ အနောက်တိုင်း ကျောထောက်နောက်ခံများသည်လည်း သူမအား နှစ်သက်မှုရှိကြောင်း တွေ့ရသည်။

Zawgyi Version;
ဇီလန္စကီးက ယူကရိန္းဝန္ႀကီးခ်ဳပ္အား ထုတ္ပယ္ႏိုင္ေၾကာင္း ျပည္တြင္းမီဒီယာတစ္ခုမွ ေဖာ္ျပ
Alynn (NP News) - ဇူလိုင္လ ၁၁

ယူကရိန္းဝန္ႀကီးခ်ဳပ္ Denis Shmigal ၏ ေနရာကို မၾကာမီ အစားထိုးပစ္ေတာ့မည္ဟု ျပည္တြင္းသတင္းဌာန Ukrainskaya Pravda က ဗုဒၶဟူးေန႔ (ဇူလိုင္လ ၁၀ ရက္) တြင္ ထုတ္ျပန္ခဲ့သည့္ ရွည္လ်ားေသာ စုံစမ္းစစ္ေဆးေရး အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

၂၀၁၄ ခုႏွစ္၊ Maidan အာဏာသိမ္းမႈ ျဖစ္ပြားၿပီးေနာက္ပိုင္း အျခားေသာ ဝန္ႀကီးခ်ဳပ္မ်ားထက္ ရာထူးကို ၾကာၾကာ ထိန္းသိမ္းထားႏိုင္သည့္ Shmigal သည္ သမၼတဇီလန္စကီးႏွင့္ သင့္ျမတ္မႈမရွိေၾကာင္း သိရသည္။ ယူကရိန္း ေခါင္းေဆာင္သည္ ေယဘူယ်အားျဖင့္ ၎အား ေထာက္ခံအားေပးမႈမရွိေသာသူမ်ား (သို႔မဟုတ္) ပုဂၢိဳလ္ေရးအရ အထင္ႀကီးမႈမရွိေသာသူမ်ားကို မႏွစ္သက္ေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုသည္။

“ဇီလန္စကီး၏ စိတ္ခံစားခ်က္ႏွင့္ လိုက္ေလ်ာညီေထြမႈမရွိေသာသူမ်ားသည္ ၎တို႔၏ ရပ္တည္ခ်က္မ်ားကိုလည္း ဆုံးရႈံးရတတ္ေၾကာင္း” သတင္းရင္းျမစ္မ်ားက ေဖာ္ျပထားသည္။ အစီရင္ခံစာတြင္ ဇီလန္စကီးႏွင့္ Shmigal ၏ ဆက္ဆံေရးသည္ ယခင္က ထုတ္ပယ္ခံခဲ့ရေသာ စစ္ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး Valery Zaluzhny ႏွင့္ ဇီလန္စကီးၾကား ဆက္ဆံေရးႏွင့္တူညီေၾကာင္း ေဖာ္ျပထားသည္။

ဝန္ႀကီးခ်ဳပ္ရာထူးမွ ထုတ္ပယ္ႏိုင္ေျခသည္ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးျပဳျပင္ေျပာင္းလဲမႈမ်ားေၾကာင့္ ကိယက္ဗ္ ႏွင့္ အေနာက္ႏိုင္ငံတို႔ၾကား တင္းမာမႈမ်ားႏွင့္လည္း ဆက္စပ္မႈရွိႏိုင္ေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့ သည္။ ယူကရိန္း၏ အေနာက္အုပ္စု ေက်ာေထာက္ေနာက္ခံမ်ားသည္ တစ္ခုခုကို အဆက္မျပတ္လိုခ်င္ေနၿပီး တစ္ခုခုကို ေတာင္းဆိုေနျခင္းမွာ ဇီလန္စကီးႏွင့္ ၎၏ အစိုးရအဖြဲ႕မ်ားအတြက္ ေဒါသထြက္စရာတစ္ခုျဖစ္ေန ေၾကာင္း Ukrainskaya Pravda က ဆိုသည္။

Shmigal သည္ ဇီလန္စကီးႏွင့္ ၎၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ေဒါသထြက္ေစသည့္ ယူကရိန္း၏ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးအဖြဲ႕မ်ားႏွင့္ တရားစီရင္ေရးမ႑ိဳင္ကို အေျပာင္းအလဲမ်ား ပါဝင္ေသာ “ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္” အား လက္မွတ္ေရးထိုးခဲ့ေၾကာင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ Shmigal အား ပထမအဆင့္ ဒုတိယ၀န္ႀကီးခ်ဳပ္ Yulia Sviridenko ျဖင့္ အစားထိုးႏိုင္သည္ဟု သတင္းစာက ေဖာ္ျပခဲ့သည္။
သူမသည္ ႏိုင္ငံျခားခရီးမ်ား ပုံမွန္သြားေလ့ရွိသည့္ ီလန္စကီး၏ဇနီး Elena ႏွင့္ ရင္းႏွီးေသာ ဆက္ဆံေရးရွိ ေၾကာင္း သိရသည္။

Sviridenko သည္ ယူကရိန္းအထက္တန္းလႊာမ်ားအေပၚ ႏိုင္ငံေရးၾသဇာလႊမ္းမိုးမႈကင္းမဲ့ေသာ္လည္း သူမသည္ ယူကရိန္းႏိုင္ငံအေပၚ "၁၀၀ ရာခိုင္ႏႈန္း သစၥာေစာင့္သိသူ" အျဖစ္ ရႈျမင္ခံရေၾကာင္း Ukrainskaya Pravda က ေဖာ္ျပခဲ့သည္။ ကိယက္ဗ္၏ အေနာက္တိုင္း ေက်ာေထာက္ေနာက္ခံမ်ားသည္လည္း သူမအား ႏွစ္သက္မႈရွိေၾကာင္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.