ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် Apple ကုမ္ပဏီ၏ တည်ငြိမ်သောပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထုတ်ဖော်ပြောဆို

 46

Pika (NP News) - အောက်တိုဘာ ၂၅

ဘုံဖွံ့ဖြိုးတိုးတက်မှုများရရှိရန်အတွက် တရုတ်မိတ်ဖက်များနှင့် အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple ၏ တည်ငြိမ်သောပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝမ်တာအိုက အောက်တိုဘာလ(၂၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ဝမ်ဝမ်တာအိုသည် Apple ကုမ္ပဏီ၏ စီအီးအိုတင်မ်ကွတ်နှင့်တွေ့ဆုံချိန်အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် နှစ်ဘက်စလုံးသည် တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်မှု ဆက်ဆံရေးတို့အပြင် တရုတ်တွင် Apple ကုမ္ပဏီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အမြင်များကို ဖလှယ်ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါဆွေးနွေးပွဲအတွင်း တရုတ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် တင်မ်ကွတ်က ကတိပြုခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ တရုတ်ဈေးကွက်တွင် ၎င်း၏ တည်ရှိမှုကို ဆက်လက်နက်ရှိုင်းအောင် လုပ်ဆောင်ရန်နှင့် အခွင့်အလမ်းများကို ရယူနိုင်စေရန်အတွက် Apple ကိုကြိုဆိုကြောင်း ဝမ်ဝမ်တာအိုက ပြောကြားခဲ့သည်။

ဝမ်ဝမ်တာအိုက "တရုတ်နိုင်ငံအနေနဲ့ ၎င်းရဲ့စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပြီး နိုင်ငံခြားက ငွေကြေးထောက်ပံ့တဲ့ကုမ္ပဏီတွေအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။"ဟုပြောဆိုခဲ့သည်။အပြန်အလှန်အကျိုးအမြတ်နှင့် win-win ရလဒ်များအပေါ် အခြေခံသော တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများကို ဆောင်ရွက်ပေးပြီး အပြန်အလှန်ဆက်ဆံရေးများတွင် တည်ငြိမ်သောအင်အားတစ်ရပ်အဖြစ် ဆောင်ရွက်ပေးကြောင်း ဝမ်ဝမ်တာအို ကပြောကြားခဲ့သည်။

၎င်းက "အမျိုးသားလုံခြုံရေးကိုချုပ်ကိုင်တာဟာ ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်ရေးဖလှယ်မှုတွေကို ထိခိုက်စေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ပုံမှန်အစိုးရစီးပွားရေးလုပ်ငန်းဖလှယ်မှုများတွင် ပါဝင်ခြင်းဖြင့် တည်ငြိမ်ပြီးကောင်းမွန်သော တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံရေးများကို တရုတ်ဘက်က ပြန်လည်ရယူလိုကြောင်းလည်း ဝမ်ဝမ်တာအိုက ပြောကြားခဲ့သည်။

ထို့ပြင် Apple ကုမ္ပဏီသည် စီးပွားရေးနှင့်ကုန်သွယ်ရေးနယ်ပယ်တို့တွင် အမေရိကန် နှင့် တရုတ်နိုင်ငံကြား ဆယ်သွယ်ရေးနှင့်ဖလှယ်မှုတို့အတွက် တံတားတစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီအီးအိုတင်မ်ကွတ်က ပြောကြားခဲ့သည်။

Zawgyi Version;
ဘုံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ Apple ကုမၸဏီ၏ တည္ၿငိမ္ေသာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ႀကိဳဆိုေၾကာင္း တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ေအာက္တိုဘာ ၂၅

ဘုံဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရရွိရန္အတြက္ တ႐ုတ္မိတ္ဖက္မ်ားႏွင့္ အေမရိကန္နည္းပညာကုမၸဏီႀကီး Apple ၏ တည္ၿငိမ္ေသာပူးေပါင္းေဆာင္႐ြက္မႈကို ႀကိဳဆိုေၾကာင္း တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဝမ္ဝမ္တာအိုက ေအာက္တိုဘာလ(၂၅)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ဝမ္ဝမ္တာအိုသည္ Apple ကုမၸဏီ၏ စီအီးအိုတင္မ္ကြတ္ႏွင့္ေတြ႕ဆုံခ်ိန္အတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ ႏွစ္ဘက္စလုံးသည္ တ႐ုတ္-အေမရိကန္ စီးပြားေရးႏွင့္ကုန္သြယ္မႈ ဆက္ဆံေရးတို႔အျပင္ တ႐ုတ္တြင္ Apple ကုမၸဏီ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈတို႔အေပၚ အျမင္မ်ားကို ဖလွယ္ခဲ့ၾကေၾကာင္းလည္း သိရသည္။

အဆိုပါေဆြးေႏြးပြဲအတြင္း တ႐ုတ္တြင္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ရန္ တင္မ္ကြတ္က ကတိျပဳခဲ့ေၾကာင္း ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ တ႐ုတ္ေဈးကြက္တြင္ ၎၏ တည္ရွိမႈကို ဆက္လက္နက္ရႈိင္းေအာင္ လုပ္ေဆာင္ရန္ႏွင့္ အခြင့္အလမ္းမ်ားကို ရယူႏိုင္ေစရန္အတြက္ Apple ကိုႀကိဳဆိုေၾကာင္း ဝမ္ဝမ္တာအိုက ေျပာၾကားခဲ့သည္။

ဝမ္ဝမ္တာအိုက "တ႐ုတ္ႏိုင္ငံအေနနဲ႔ ၎ရဲ႕စီးပြားေရးပတ္ဝန္းက်င္ကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ၿပီး ႏိုင္ငံျခားက ေငြေၾကးေထာက္ပံ့တဲ့ကုမၸဏီေတြအတြက္ အရည္အေသြးျမင့္ဝန္ေဆာင္မႈေတြကို ဆက္လက္ေထာက္ပံ့ေပးသြားမွာပါ။"ဟုေျပာဆိုခဲ့သည္။အျပန္အလွန္အက်ိဳးအျမတ္ႏွင့္ win-win ရလဒ္မ်ားအေပၚ အေျခခံေသာ တ႐ုတ္-အေမရိကန္ စီးပြားေရးႏွင့္ကုန္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈသည္ ႏွစ္ႏိုင္ငံစလုံး၏ အက်ိဳးစီးပြားမ်ားကို ေဆာင္႐ြက္ေပးၿပီး အျပန္အလွန္ဆက္ဆံေရးမ်ားတြင္ တည္ၿငိမ္ေသာအင္အားတစ္ရပ္အျဖစ္ ေဆာင္႐ြက္ေပးေၾကာင္း ဝမ္ဝမ္တာအို ကေျပာၾကားခဲ့သည္။

၎က "အမ်ိဳးသားလုံၿခဳံေရးကိုခ်ဳပ္ကိုင္တာဟာ ပုံမွန္စီးပြားေရးနဲ႔ ကုန္သြယ္ေရးဖလွယ္မႈေတြကို ထိခိုက္ေစႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။
ပုံမွန္အစိုးရစီးပြားေရးလုပ္ငန္းဖလွယ္မႈမ်ားတြင္ ပါဝင္ျခင္းျဖင့္ တည္ၿငိမ္ၿပီးေကာင္းမြန္ေသာ တ႐ုတ္-အေမရိကန္ စီးပြားေရးႏွင့္ကုန္သြယ္ေရးဆက္ဆံေရးမ်ားကို တ႐ုတ္ဘက္က ျပန္လည္ရယူလိုေၾကာင္းလည္း ဝမ္ဝမ္တာအိုက ေျပာၾကားခဲ့သည္။

ထို႔ျပင္ Apple ကုမၸဏီသည္ စီးပြားေရးႏွင့္ကုန္သြယ္ေရးနယ္ပယ္တို႔တြင္ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ဆယ္သြယ္ေရးႏွင့္ဖလွယ္မႈတို႔အတြက္ တံတားတစ္ခုအျဖစ္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စီအီးအိုတင္မ္ကြတ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.