မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး

 242

ယွန်း (NP News) - အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ(၂၄)ရက်တွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများမှာသာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၁၅၀ ဒသမ ၁၈၁) ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း (၅၃)ခုအနက် ယခုဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၁၁) တွင် ရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့အကြား ဒီဂျစ်တယ်မှုခင်းသိပ္ပံဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေထောက်ပံ့ရေးစီမံချက် စသည့်နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သောဓာတ်ငွေ့အမျိုးအစား ရေပလတ်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ သတၱမေျမာက္ကုန္သြယ္ဖက္ႏိုင္ငံအျဖစ္ ရပ္တည္ေနသည့္ အိႏၵိယႏိုင္ငံႏွင့္ နားလည္မႈစာခြၽန္လႊာ(၅)ခုကို ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုး

ယြန္း (NP News) - ေအာက္တိုဘာ ၂၅

အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ သတၱမေျမာက္ကုန္သြယ္ဖက္ႏိုင္ငံအျဖစ္ ရပ္တည္ေနၿပီး နားလည္မႈစာခြၽန္လႊာ(၅)ခုကို ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

၂၀၂၄ ခုႏွစ္၊ အိႏၵိယနည္းပညာ ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္၏ ႏွစ္ (၆၀) ျပည့္ အထိမ္းအမွတ္အခမ္းအနားကို ေအာက္တိုဘာ(၂၄)ရက္တြင္ ေနျပည္ေတာ္ရွိျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂ ၌ က်င္းပျပဳလုပ္ခဲ့ရာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ နည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားမွာသာမက အျခားက႑မ်ားတြင္လည္း တိုးတက္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ကုန္သြယ္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိျခင္းေၾကာင့္ ႏွစ္ႏိုင္ငံ၏ စီးပြားေရးက႑အသီးသီးအတြက္ အက်ိဳးျပဳလ်က္ရွိေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။

အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ သတၱမေျမာက္ကုန္သြယ္ဖက္ႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိၿပီး ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ စုစုေပါင္း ကုန္သြယ္မႈပမာဏအေနျဖင့္ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၁၅၀ ဒသမ ၁၈၁) ရွိခဲ့ေၾကာင္း သိရသည္။ထို႔ျပင္ ျမန္မာႏိုင္ငံ၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသည့္ ႏိုင္ငံ၊ ေဒသေပါင္း (၅၃)ခုအနက္ ယခုဇန္နဝါရီလအထိ ရင္းႏွီးျမႇဳပ္ႏွံမႈစာရင္းအရ အိႏၵိယႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ အဆင့္ (၁၁) တြင္ ရွိေနေၾကာင္း နစကဥကၠ႒က ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ ျမန္မာႏိုင္ငံ ႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား ဒီဂ်စ္တယ္မႈခင္းသိပၸံဓာတ္ခြဲခန္းအဆင့္ျမႇင့္တင္ေရးစီမံခ်က္၊ ျမန္မာႏိုင္ငံ အုပ္ခ်ဳပ္ေရးပညာဖြံ႕ၿဖိဳးမႈသင္တန္းေက်ာင္းအတြက္ သင္ၾကားေရးအေထာက္အကူျပဳ ပစၥည္းကိရိယာမ်ားေထာက္ပံ့ေပးျခင္းစီမံခ်က္၊ ျမန္မာႏိုင္ငံအလယ္ပိုင္း၊ အပူပိုင္းေဒသရွိ မိုးေခါင္ေရရွားမႈႀကဳံေတြ႕ေနရသည့္ေက်း႐ြာမ်ား၌ ဆိုလာစြမ္းအင္အသုံးျပဳ၍ ေက်းလက္ေရေထာက္ပံ့ေရးစီမံခ်က္ စသည့္နားလည္မႈ စာခြၽန္လႊာတို႔ကို ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ အသိဉာဏ္တုဆိုင္ရာ ဓာတ္ခြဲခန္းတည္ေဆာက္ျခင္းစီမံခ်က္၊ ျမန္မာ့ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လယ္ယာစိုက္ပ်ိဳးေရးစြန႔္ပစ္ပစၥည္းမ်ားျဖင့္ ေႏွးေကြးေသာ Pyrolysis ျပဳလုပ္ၿပီး ကတၱရာကင္းစင္ၿပီး ေျခာက္ေသြ႕ေသာဓာတ္ေငြ႕အမ်ိဳးအစား ေရပလတ္စတစ္ Pyrolysis ျဖစ္စဥ္မ်ားမွရရွိေသာ ေလာင္စာမ်ားအား ေပါင္းစပ္သုံးစြဲျခင္းျဖစ္စဥ္အား စမ္းသပ္ေလ့လာျခင္းစီမံခ်က္ စသည့္နားလည္မႈ စာခြၽန္လႊာမ်ားကိုလည္း လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Abhay Thakur အပါအဝင္ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.