အိန္ဒိယကို ဆိုင်ကလုန်းမုန်တိုင်းဒါနာဝင်ရောက်တိုက်ခတ်မှုနဲ့အတူ လူသန်းချီနေရပ်စွန့်ခွာတိမ်းရှောင်နေရ

 375

Pika (NP News) - အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်းဒါနာဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လျှပ်စစ်ဓါတ်အားလိုင်းများနှင့် သစ်ပင်များ ကျိုးကျပျက်စီးသွားမှုနှင့်အတူ ပိုမိုပြင်းထန်သောရာသီဥတုကို ကြုံတွေ့ရနိုင်ကြောင်း အောက်တိုဘာလ(၂၅)ရက်တွင် တာဝန်ရှိသူများက သတိပေးပြောခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းဒါနာ၏ ဗဟိုချက်က အရှေ့ဖက်ပိုင်းကမ်းရိုးတန်းကိုမရောက်ရှိမီ အိုဒီရှာ နှင့် အနောက်ဘန်ဂေါပြည်နယ်တို့မှ လူပေါင်းအနည်းဆုံး(၁ ဒသမ ၁) သန်းကို ဘေးလွတ်ကင်းရာ မုန်တိုင်းခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ဒါနာတိုက်ခတ်မှုနှင့်အတူ ကမ်းရိုးတန်းမြို့ဖြစ်သည့်ပူရီတွင် ပျက်စီးဆုံးရှုံးများစွာရှိခဲ့ကြောင်း ခရိုင်အရာရှိ ဆစ်ဒါ့တ်ဆွိမ်းက ပြောကြားခဲ့သည်။ ၎င်းက "သစ်ပင်တွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ အတော်များများ ကျိုးကျပျက်စီးသွားပါတယ်။ ဒါ့ပြင် ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေအတော်များများလည်း ပျက်စီးသွားပါတယ်" ဟု ပြောခဲ့သည်။

သို့သော်လည်း ဆိုင်ကလုန်းမုန်တိုင်းဒါနာဝင်ရောက်တိုက်ခတ်မှုအတွင်း လူသေဆုံးမှု ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ အစီရင်ခံခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ထို့ပြင် ပင်လယ်ရေမျက်နှာပြင်သည် (၁ ဒသမ ၁၅) မီတာအထိ မြင့်တက်လာခဲ့ပြီး ကမ်းရိုးတန်းဒေသအချို့တွင် ရေကြီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် ဆိုင်ကလုန်းမုန်တိုင်းဒါနာ၏ လေတိုက်နှုန်းသည် တစ်နာရီလျှင် (၁၂၀)ကီလိုမီတာနှုန်းအထိ ရှိခဲ့ကြောင်း ကာလကတ္တားမြို့အခြေစိုက် မိုးလေဝသဗျူရိုမှ ခန့်မှန်းသူ ဆိုမီနက်ဒတ်တာက ပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းဒါနာတိုက်ခတ်မှုကြောင့် ကမ္ဘာ့အကြီးဆုံးဒီရေတောဖြစ်သည့် Sundarbans တွင် သစ်ပင်ရာချီလဲကျပျက်စီးသွားခဲ့ကြောင်း အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီး ဘန်ကင်းချန်ဒရာဟက်ဇရာက ပြောကြားခဲ့သည်။ ၎င်းက "ဆိုင်ကလုန်းမုန်တိုင်းဒါနာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ နေအိမ်ရာချီ ပျက်စီးခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ရုပ်ကြွင်းလောင်စာများကို မီးရှို့မှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုများကြောင့် ကမ္ဘာကြီးနွေးလာမှုနှင့်အတူ မုန်တိုင်းများမှာ ပိုမိုအားကောင်းလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောခဲ့သည်။

Zawgyi Version;
အိႏၵိယကို ဆိုင္ကလုန္းမုန္တိုင္းဒါနာဝင္ေရာက္တိုက္ခတ္မႈနဲ႔အတူ လူသန္းခ်ီေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရ
Pika (NP News) - ေအာက္တိုဘာ ၂၅

အိႏၵိယႏိုင္ငံ အေရွ႕ပိုင္းကမ္း႐ိုးတန္းကို ဆိုင္ကလုန္းမုန္တိုင္းဒါနာဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ လွ်ပ္စစ္ဓါတ္အားလိုင္းမ်ားႏွင့္ သစ္ပင္မ်ား က်ိဳးက်ပ်က္စီးသြားမႈႏွင့္အတူ ပိုမိုျပင္းထန္ေသာရာသီဥတုကို ႀကဳံေတြ႕ရႏိုင္ေၾကာင္း ေအာက္တိုဘာလ(၂၅)ရက္တြင္ တာဝန္ရွိသူမ်ားက သတိေပးေျပာခဲ့သည္။

ဆိုင္ကလုန္းမုန္တိုင္းဒါနာ၏ ဗဟိုခ်က္က အေရွ႕ဖက္ပိုင္းကမ္း႐ိုးတန္းကိုမေရာက္ရွိမီ အိုဒီရွာ ႏွင့္ အေနာက္ဘန္ေဂါျပည္နယ္တို႔မွ လူေပါင္းအနည္းဆုံး(၁ ဒသမ ၁) သန္းကို ေဘးလြတ္ကင္းရာ မုန္တိုင္းခိုလႈံရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္းလည္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္း ဒါနာတိုက္ခတ္မႈႏွင့္အတူ ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္သည့္ပူရီတြင္ ပ်က္စီးဆုံးရႈံးမ်ားစြာရွိခဲ့ေၾကာင္း ခ႐ိုင္အရာရွိ ဆစ္ဒါ့တ္ဆြိမ္းက ေျပာၾကားခဲ့သည္။ ၎က "သစ္ပင္ေတြနဲ႔ လွ်ပ္စစ္ဓါတ္အားလိုင္းေတြ အေတာ္မ်ားမ်ား က်ိဳးက်ပ်က္စီးသြားပါတယ္။ ဒါ့ျပင္ ကမ္းေျခတစ္ေလွ်ာက္မွာရွိတဲ့ ဆိုင္ခန္းေတြအေတာ္မ်ားမ်ားလည္း ပ်က္စီးသြားပါတယ္" ဟု ေျပာခဲ့သည္။

သို႔ေသာ္လည္း ဆိုင္ကလုန္းမုန္တိုင္းဒါနာဝင္ေရာက္တိုက္ခတ္မႈအတြင္း လူေသဆုံးမႈ ရွိ/မရွိ ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ အစီရင္ခံျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ ပင္လယ္ေရမ်က္ႏွာျပင္သည္ (၁ ဒသမ ၁၅) မီတာအထိ ျမင့္တက္လာခဲ့ၿပီး ကမ္း႐ိုးတန္းေဒသအခ်ိဳ႕တြင္ ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္တိုက္ခတ္ခ်ိန္တြင္ ဆိုင္ကလုန္းမုန္တိုင္းဒါနာ၏ ေလတိုက္ႏႈန္းသည္ တစ္နာရီလွ်င္ (၁၂၀)ကီလိုမီတာႏႈန္းအထိ ရွိခဲ့ေၾကာင္း ကာလကတၱားၿမိဳ႕အေျခစိုက္ မိုးေလဝသဗ်ဴ႐ိုမွ ခန႔္မွန္းသူ ဆိုမီနက္ဒတ္တာက ေျပာၾကားခဲ့သည္။

ဆိုင္ကလုန္းမုန္တိုင္းဒါနာတိုက္ခတ္မႈေၾကာင့္ ကမာၻ႔အႀကီးဆုံးဒီေရေတာျဖစ္သည့္ Sundarbans တြင္ သစ္ပင္ရာခ်ီလဲက်ပ်က္စီးသြားခဲ့ေၾကာင္း အေနာက္ဘန္ေဂါျပည္နယ္ဝန္ႀကီး ဘန္ကင္းခ်န္ဒရာဟက္ဇရာက ေျပာၾကားခဲ့သည္။ ၎က "ဆိုင္ကလုန္းမုန္တိုင္းဒါနာေၾကာင့္ ကမ္း႐ိုးတန္းေဒသေတြမွာ ေနအိမ္ရာခ်ီ ပ်က္စီးခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

႐ုပ္ႂကြင္းေလာင္စာမ်ားကို မီးရႈိ႕မႈႏွင့္အတူ ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ ကမာၻႀကီးေႏြးလာမႈႏွင့္အတူ မုန္တိုင္းမ်ားမွာ ပိုမိုအားေကာင္းလာႏိုင္ေၾကာင္း သိပၸံပညာရွင္မ်ားက သတိေပးေျပာခဲ့သည္။

Related news

© 2021. All rights reserved.