BRICS အဖွဲ့မှာ အင်ဒိုနီးရှား ပါဝင်လိုနေ

 162

Pika (NP News) - အောက်တိုဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးထွက်ကုန်များ၏ (၃၅)ရာခိုင်နှုန်းကို ပိုင်ဆိုင်သည့် BRICS အဖွဲ့တွင် ပါဝင်လိုကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ယခုသီတင်းပတ်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ရုရှားနိုင်ငံ ကာဇန်မြို့တွင် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့မှုနှင့်အတူ BRICS အဖွဲ့တွင် ပါဝင်ခွင့်ရရန်အတွက် လုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ(၂၄)ရက် နှောင်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအသစ် ဆူဂျီနိုက "အင်ဒိုနီးရှားက BRICS အဖွဲ့မှာ ပါဝင်လိုတာဟာ ၎င်းရဲ့လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ထင်ရှားတဲ့သရုပ်ပြမှုတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့က အရေးကြီးတဲ့အစုအဖွဲ့တစ်ခုကို ပူးပေါင်းတာလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဖိုရမ်တိုင်းကို တက်တက်ကြွကြွနဲ့ ပါဝင်သွားမှာပါ" ဟု ပြောခဲ့သည်။

ကမ္ဘာပေါ်တွင် စတုတ္တမြောက်လူဦးရေအများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲထားသည့်နိုင်ငံလည်းဖြစ်သည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်သို့မဟုတ် အမေရိကန်ဖြစ်နေပါစေ နိုင်ငံအားလုံးနှင့်မိတ်ဖွဲ့သွားမည်ဖြစ်သော်လည်း မည်သည့်စစ်ဘက်အစုအဖွဲ့တွင်မှ ပါဝင်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတပရာဘိုအိုဆူဘီယန်တိုက ပြောကြားခဲ့သည်။

နိုင်ငံပေါင်း(၃၀)ကျော်သည် BRICSအဖွဲ့တွင်ပါဝင်လိုနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစုအဖွဲ့အား တိုးချဲ့ခြင်းကို မည်သို့လုပ်ဆောင်သွားမည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း သိရသည်။ BRICS ၏ လက်ရှိအဖွဲ့ဝင်နိုင်ငံများမှာ ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ အီရန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊တောင်အာဖရိက နှင့် ယူအေအီးတို့ဖြစ်ကြောင်း သိရသည်။

ကာဇန်မြို့တွင် ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးသည် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတို့တွင်ဖြစ်ပွားနေသော စစ်ပွဲများအပေါ်ထိတွေ့မှုများရှိခဲ့သော်လည်း ပဋိပက္ခနှစ်ခုလုံးကို အဆုံးသတ်နိုင်ရန်အတွက် အသေးစိတ်လုပ်ဆောင်ခဲ့သည့် ပုံစံအရိပ်အယောင်များကို မတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
BRICS အဖြဲ႕မွာ အင္ဒိုနီးရွား ပါဝင္လိုေန
Pika (NP News) - ေအာက္တိုဘာ ၂၅

အင္ဒိုနီးရွားႏိုင္ငံသည္ ကမာၻလုံးဆိုင္ရာစီးပြားေရးထြက္ကုန္မ်ား၏ (၃၅)ရာခိုင္ႏႈန္းကို ပိုင္ဆိုင္သည့္ BRICS အဖြဲ႕တြင္ ပါဝင္လိုေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။ယခုသီတင္းပတ္အတြင္း BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ားက ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕တြင္ ထိပ္သီးအစည္းအေဝးကို က်င္းပခဲ့မႈႏွင့္အတူ BRICS အဖြဲ႕တြင္ ပါဝင္ခြင့္ရရန္အတြက္ လုပ္ငန္းစဥ္မ်ားကို စတင္ေနၿပီျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ(၂၄)ရက္ ေႏွာင္းပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ဆူဂ်ီႏိုက "အင္ဒိုနီးရွားက BRICS အဖြဲ႕မွာ ပါဝင္လိုတာဟာ ၎ရဲ႕လြတ္လပ္ၿပီးတက္ႂကြတဲ့ ႏိုင္ငံျခားေရးမူဝါဒရဲ႕ထင္ရွားတဲ့သ႐ုပ္ျပမႈတစ္ခုပါပဲ။ ဒါက ကြၽန္ေတာ္တို႔က အေရးႀကီးတဲ့အစုအဖြဲ႕တစ္ခုကို ပူးေပါင္းတာလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ဖိုရမ္တိုင္းကို တက္တက္ႂကြႂကြနဲ႔ ပါဝင္သြားမွာပါ" ဟု ေျပာခဲ့သည္။

ကမာၻေပၚတြင္ စတုတၱေျမာက္လူဦးေရအမ်ားဆုံးျဖစ္ေသာ အင္ဒိုနီးရွားႏိုင္ငံသည္ ဘက္မလိုက္ေသာႏိုင္ငံျခားေရးမူဝါဒကို ကိုင္စြဲထားသည့္ႏိုင္ငံလည္းျဖစ္သည္။ထို႔ျပင္ အင္ဒိုနီးရွားႏိုင္ငံသည္ တ႐ုတ္သို႔မဟုတ္ အေမရိကန္ျဖစ္ေနပါေစ ႏိုင္ငံအားလုံးႏွင့္မိတ္ဖြဲ႕သြားမည္ျဖစ္ေသာ္လည္း မည္သည့္စစ္ဘက္အစုအဖြဲ႕တြင္မွ ပါဝင္မည္ မဟုတ္ေၾကာင္း အင္ဒိုနီးရွားသမၼတပရာဘိုအိုဆူဘီယန္တိုက ေျပာၾကားခဲ့သည္။

ႏိုင္ငံေပါင္း(၃၀)ေက်ာ္သည္ BRICSအဖြဲ႕တြင္ပါဝင္လိုေနေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း အစုအဖြဲ႕အား တိုးခ်ဲ႕ျခင္းကို မည္သို႔လုပ္ေဆာင္သြားမည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းလည္း သိရသည္။ BRICS ၏ လက္ရွိအဖြဲ႕ဝင္ႏိုင္ငံမ်ားမွာ ဘရာဇီး၊ တ႐ုတ္၊ အီဂ်စ္၊ အီသီယိုးပီးယား၊ အိႏၵိယ၊ အီရန္၊ ႐ုရွား၊ ေဆာ္ဒီအာေရးဗီးယား၊ေတာင္အာဖရိက ႏွင့္ ယူေအအီးတို႔ျဖစ္ေၾကာင္း သိရသည္။

ကာဇန္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ BRICS ထိပ္သီးအစည္းအေဝးသည္ အေရွ႕အလယ္ပိုင္းႏွင့္ ယူကရိန္းတို႔တြင္ျဖစ္ပြားေနေသာ စစ္ပြဲမ်ားအေပၚထိေတြ႕မႈမ်ားရွိခဲ့ေသာ္လည္း ပဋိပကၡႏွစ္ခုလုံးကို အဆုံးသတ္ႏိုင္ရန္အတြက္ အေသးစိတ္လုပ္ေဆာင္ခဲ့သည့္ ပုံစံအရိပ္အေယာင္မ်ားကို မေတြ႕ရွိခဲ့ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.