၂၀၂၅ ရွေးကောက်ပွဲ၏ လုံခြုံရေးပိုင်းကို ပါတီအများစုက စိုးရိမ်မှုရှိနေ

 949

သန့်ဇင် (NP News) - ဇူလိုင် ၁၂

လက်ရှိနိုင်ငံရေးအခင်းအကျင်းအကြား ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများအနေဖြင့် လုံခြုံမှု အားနည်းမည်ကို စိုးရိမ်နေကြရကြောင်း NP News က နိုင်ငံရေးပါတီ အချို့ထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ကာကွယ်ပေးရမည့် လုံခြုံရေးကဏ္ဍသည် အဓိကလုပ်ရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ ‘ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ ပါတီတွေအတွက် လုံခြုံရေးကတော့ အထူးအရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်ပေါ့နော်။ အရင်တုန်းကလည်း ရွေး ကောက်ပွဲတွေလုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း လုံခြုံရေးအခန်းကဏ္ဍဆိုတာ ရှိခဲ့တယ်။ မဲရုံလုံခြုံရေးအခန်းကဏ္ဍလည်းရှိတယ်။ ပါတီတွေရဲ့လုံခြုံရေးကဏ္ဍလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီအခြေအနေ အချိန်အခါအရတော့ သက်သောင့် သက်သာ ဆောင်ရွက်တဲ့အနေအထားမျိုးမှာရှိတာပါ။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲကို တပ်ချုပ်ကြီးကတော့ ၂၀၂၅ မှာလုပ်မယ်ဆိုတဲ့ အခြေအနေ မျိုးကိုပြောတယ်။ အဲဒီလိုပြောတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်တွင်းနိုင်ငံရေးအခြေအနေမှာက လုံခြုံရေး အင်အား က အရင်ကလောက်နဲ့ မရတော့ဘူး။ သေသေချာချာဂရုတစိုက်လုပ်ရမယ့် အခြေအနေမျိုးကိုတော့ လိုအပ်လာနေတဲ့ အနေအထားမှာ ရှိပါတယ်’ဟု ၎င်းကပြောသည်။

နိုင်ငံရေးပါတီဝင်များ မဲဆွယ်စည်းရုံးရေး ကာလအတွင်း လူထုနှင့်တိုက်ရိုက်ထိတွေ့ရာတွင် လုံခြုံရေး အခက်အခဲများစွာဖြစ်ပေါ် နိုင်သည့်အတွက် အခြားသော မဲဆွယ်စည်းရုံးရေးနည်းလမ်းထည့်သွင်းစဉ်းစားနေရကြောင်း သိရသည်။ ‘နိုင်ငံရေးပါတီတွေအနေနဲ့က ရွေးကောက်ပွဲကိုဝင်မယ်ဆိုရင် ပါတီကမ်ပိန်းဆိုတာ မရှိမဖြစ်လိုအပ်တယ်။ ကမ်ပိန်းတွေ လုပ်ရတဲ့ အခါကျတော့လည်း လူထုကြားထဲမှာ ဆင်းပြီးတော့ လူထုနဲ့တိုက်ရိုက်ထိတွေ့ပြီး လုပ်ရတဲ့ ကမ် ပိန်းတွေက လုံခြုံရေး အရမ်းလိုအပ်နေတဲ့ အခြေအနေမျိုးဆိုရင် ပါတီကမ်ပိန်းလုပ်ရတဲ့ လုပ်ငန်း စဉ်က လျော့ရိလျော့ရဲလုပ်ရတော့မယ်။ လူတွေကြားထဲကိုလည်း တိုက်ရိုက်ဝင်ရောက်ဖို့နဲ့ လူတွေကို အဓိကထိတွေ့ဖို့ဆိုတာ ကျွန်တော်တို့မှာ တော်တော်ကို သတိဝိရိယထားပြီး ခက်ခက်ခဲခဲလုပ်ရမယ့် အခြေအနေမျိုးတွေသွားကြုံရတယ်။ အဲဒီအခါမှာ ဘယ်နည်းလမ်းကိုသုံးမှာလဲ။ ဥပမာအားဖြင့် Online ကနေ လုပ်ရတာမျိုးနဲ့ မီဒီယာ ပလက်ဖောင်းကနေလုပ်ရတာမျိုးဆိုရင်တော့ အခုကတည်းကနေစဉ်းစားနေရတာတွေရှိတယ်ပေါ့။ ဒါတွေကတော်တော်ကို ခက် ခက်ခဲခဲကျော် လွှားဖြတ်သန်းရလိမ့်မယ်’ဟု ဦးလှဌေး ကပြောသည်။

ရွေးကောက်ပွဲပြန်လည်ဖော်ဆောင်ရာတွင် လက်ရှိနစကအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေသည့် NUG လက် အောက်ခံ PDF အဖွဲ့အစည်းများက နိုင်ငံရေးပါတီများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း ဒီမိုကရက် တစ်ပါတီ(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက NP News သို့ပြောသည်။

‘EAO တွေက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းမပွားဘူးလေ။ သူတို့ကလက်ရှိရွေးကောက်ပွဲကို သွားချင်တာ။ ဒါပေမဲ့ NUG လက်အောက်မှာရှိနေတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲကို သပိတ်မှောက်တာ။ လက်ရှိအစိုးရကိုသပိတ်မှောက်တဲ့အတွက် နိုင်ငံရေးပါတီတွေက နိုင်ငံရေးပါတီ ဥပဒေအရ လက်ရှိကာလမှာတက် လာတဲ့ နစကအစိုးရမှာ မှတ်ပုံတင်ထားတာ။ နိုင်ငံရေးပါတီရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲဝင်ပြိုင်ဖို့လေ။ ဒါပေမဲ့ NUG လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေက ကျွန်တော်တို့အတွက် အများကြီးစိန်ခေါ်မှုဖြစ်တာပေါ့။ သူတို့က ရွေးကောက်ပွဲကိုလက်မခံတဲ့လူလေ။ လက်ရှိအစိုးရ တောင်မှတာဝန်ရှိတဲ့ ပြန်ကြားရေးဒုဝန်ကြီးက ပြောတယ်လေ။ နိုင်ငံသားတစ်ဦးချင်းကို သူတို့မကာ ကွယ်နိုင်ဘူးလို့ပြောခဲ့တာပဲလေ။ အမတ်လုပ်မယ့် လူတွေက တော်တော်လေးကို စိုးရိမ်ရတာပေါ့'ဟု ၎င်းကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့်အတွက် အပိုင်းလိုက်ခွဲကာ ပြုလုပ်ဖွယ်ရှိနေကြောင်း သိရသည်။ ‘ရွေးကောက်ပွဲကို ၂၀၂၅ မှာလုပ်ပေးမယ်ဆိုပေမယ့် ကျွန်တော် သုံးသပ်ကြည့်တာတော့ ရန်ကုန်တိုင်းတို့၊ ဧရာဝတီတိုင်းတို့၊ ပဲခူးတချို့နေရာတို့၊ တနင်္သာရီတိုင်းတချို့တစ်နေရာတို့၊ မန္တလေးတိုင်း တချို့နေရာတို့၊ နောက်တစ်ခါ နေပြည်တော် ကောင်စီနယ်မြေတို့လောက်ပဲ တင်းတင်းမာမာ လုပ် နိုင်လို့ရမယ်’ဟု ဦးတင်ဆွေကပြောသည်။

zawgyi version
၂၀၂၅ ေ႐ြးေကာက္ပြဲ၏ လုံၿခဳံေရးပိုင္းကို ပါတီအမ်ားစုက စိုးရိမ္မႈရွိေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၂

လက္ရွိႏိုင္ငံေရးအခင္းအက်င္းအၾကား ေ႐ြးေကာက္ပြဲက်င္းပရာတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လုံၿခဳံမႈ အားနည္းမည္ကို စိုးရိမ္ေနၾကရေၾကာင္း NP News က ႏိုင္ငံေရးပါတီ အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။ ေ႐ြးေကာက္ပြဲကို ၂၀၂၅ ခုႏွစ္အတြင္း က်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားထားသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီမ်ားကို ကာကြယ္ေပးရမည့္ လုံၿခဳံေရးက႑သည္ အဓိကလုပ္ရမည့္ ကိစၥတစ္ရပ္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးက ေျပာသည္။ ‘ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ကေတာ့ ပါတီေတြအတြက္ လုံၿခဳံေရးကေတာ့ အထူးအေရးႀကီးတဲ့ ကိစၥတစ္ရပ္ ျဖစ္တယ္ေပါ့ေနာ္။ အရင္တုန္းကလည္း ေ႐ြး ေကာက္ပြဲေတြလုပ္ခဲ့ပါတယ္။ လုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာလည္း လုံၿခဳံေရးအခန္းက႑ဆိုတာ ရွိခဲ့တယ္။ မဲ႐ုံလုံၿခဳံေရးအခန္းက႑လည္းရွိတယ္။ ပါတီေတြရဲ႕လုံၿခဳံေရးက႑လည္း ရွိတယ္။ ဒါေပမဲ့ အဲဒီတုန္းကေတာ့ အဲဒီအေျခအေန အခ်ိန္အခါအရေတာ့ သက္ေသာင့္ သက္သာ ေဆာင္႐ြက္တဲ့အေနအထားမ်ိဳးမွာရွိတာပါ။ ဒါေပမဲ့ လာမယ့္ေ႐ြးေကာက္ပြဲကို တပ္ခ်ဳပ္ႀကီးကေတာ့ ၂၀၂၅ မွာလုပ္မယ္ဆိုတဲ့ အေျခအေန မ်ိဳးကိုေျပာတယ္။ အဲဒီလိုေျပာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ျပည္တြင္းႏိုင္ငံေရးအေျခအေနမွာက လုံၿခဳံေရး အင္အား က အရင္ကေလာက္နဲ႔ မရေတာ့ဘူး။ ေသေသခ်ာခ်ာဂ႐ုတစိုက္လုပ္ရမယ့္ အေျခအေနမ်ိဳးကိုေတာ့ လိုအပ္လာေနတဲ့ အေနအထားမွာ ရွိပါတယ္’ဟု ၎ကေျပာသည္။

ႏိုင္ငံေရးပါတီဝင္မ်ား မဲဆြယ္စည္း႐ုံးေရး ကာလအတြင္း လူထုႏွင့္တိုက္႐ိုက္ထိေတြ႕ရာတြင္ လုံၿခဳံေရး အခက္အခဲမ်ားစြာျဖစ္ေပၚ ႏိုင္သည့္အတြက္ အျခားေသာ မဲဆြယ္စည္း႐ုံးေရးနည္းလမ္းထည့္သြင္းစဥ္းစားေနရေၾကာင္း သိရသည္။ ‘ႏိုင္ငံေရးပါတီေတြအေနနဲ႔က ေ႐ြးေကာက္ပြဲကိုဝင္မယ္ဆိုရင္ ပါတီကမ္ပိန္းဆိုတာ မရွိမျဖစ္လိုအပ္တယ္။ ကမ္ပိန္းေတြ လုပ္ရတဲ့ အခါက်ေတာ့လည္း လူထုၾကားထဲမွာ ဆင္းၿပီးေတာ့ လူထုနဲ႔တိုက္႐ိုက္ထိေတြ႕ၿပီး လုပ္ရတဲ့ ကမ္ ပိန္းေတြက လုံၿခဳံေရး အရမ္းလိုအပ္ေနတဲ့ အေျခအေနမ်ိဳးဆိုရင္ ပါတီကမ္ပိန္းလုပ္ရတဲ့ လုပ္ငန္း စဥ္က ေလ်ာ့ရိေလ်ာ့ရဲလုပ္ရေတာ့မယ္။ လူေတြၾကားထဲကိုလည္း တိုက္႐ိုက္ဝင္ေရာက္ဖို႔နဲ႔ လူေတြကို အဓိကထိေတြ႕ဖို႔ဆိုတာ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ကို သတိဝိရိယထားၿပီး ခက္ခက္ခဲခဲလုပ္ရမယ့္ အေျခအေနမ်ိဳးေတြသြားႀကဳံရတယ္။ အဲဒီအခါမွာ ဘယ္နည္းလမ္းကိုသုံးမွာလဲ။ ဥပမာအားျဖင့္ Online ကေန လုပ္ရတာမ်ိဳးနဲ႔ မီဒီယာ ပလက္ေဖာင္းကေနလုပ္ရတာမ်ိဳးဆိုရင္ေတာ့ အခုကတည္းကေနစဥ္းစားေနရတာေတြရွိတယ္ေပါ့။ ဒါေတြကေတာ္ေတာ္ကို ခက္ ခက္ခဲခဲေက်ာ္ လႊားျဖတ္သန္းရလိမ့္မယ္’ဟု ဦးလွေဌး ကေျပာသည္။

ေ႐ြးေကာက္ပြဲျပန္လည္ေဖာ္ေဆာင္ရာတြင္ လက္ရွိနစကအစိုးရကိုဆန႔္က်င္တိုက္ခိုက္ေနသည့္ NUG လက္ ေအာက္ခံ PDF အဖြဲ႕အစည္းမ်ားက ႏိုင္ငံေရးပါတီမ်ားအတြက္ အဓိကစိန္ေခၚမႈတစ္ရပ္ ျဖစ္ေနေၾကာင္းလည္း ဒီမိုကရက္ တစ္ပါတီ(ျမန္မာ)မွ ဒုတိယဥကၠ႒ ဦးတင္ေဆြက NP News သို႔ေျပာသည္။

‘EAO ေတြက ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အျငင္းမပြားဘူးေလ။ သူတို႔ကလက္ရွိေ႐ြးေကာက္ပြဲကို သြားခ်င္တာ။ ဒါေပမဲ့ NUG လက္ေအာက္မွာရွိေနတဲ့ PDF လက္နက္ကိုင္အဖြဲ႕ေတြက ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္တာ။ လက္ရွိအစိုးရကိုသပိတ္ေမွာက္တဲ့အတြက္ ႏိုင္ငံေရးပါတီေတြက ႏိုင္ငံေရးပါတီ ဥပေဒအရ လက္ရွိကာလမွာတက္ လာတဲ့ နစကအစိုးရမွာ မွတ္ပုံတင္ထားတာ။ ႏိုင္ငံေရးပါတီရဲ႕ ရည္႐ြယ္ခ်က္က ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔ေလ။ ဒါေပမဲ့ NUG လက္ေအာက္မွာရွိတဲ့ အဖြဲ႕အစည္းေတြက ကြၽန္ေတာ္တို႔အတြက္ အမ်ားႀကီးစိန္ေခၚမႈျဖစ္တာေပါ့။ သူတို႔က ေ႐ြးေကာက္ပြဲကိုလက္မခံတဲ့လူေလ။ လက္ရွိအစိုးရ ေတာင္မွတာဝန္ရွိတဲ့ ျပန္ၾကားေရးဒုဝန္ႀကီးက ေျပာတယ္ေလ။ ႏိုင္ငံသားတစ္ဦးခ်င္းကို သူတို႔မကာ ကြယ္ႏိုင္ဘူးလို႔ေျပာခဲ့တာပဲေလ။ အမတ္လုပ္မယ့္ လူေတြက ေတာ္ေတာ္ေလးကို စိုးရိမ္ရတာေပါ့'ဟု ၎ကေျပာသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်င္းပျပဳလုပ္ႏိုင္ျခင္းမရွိေသးသည့္အတြက္ အပိုင္းလိုက္ခြဲကာ ျပဳလုပ္ဖြယ္ရွိေနေၾကာင္း သိရသည္။ ‘ေ႐ြးေကာက္ပြဲကို ၂၀၂၅ မွာလုပ္ေပးမယ္ဆိုေပမယ့္ ကြၽန္ေတာ္ သုံးသပ္ၾကည့္တာေတာ့ ရန္ကုန္တိုင္းတို႔၊ ဧရာဝတီတိုင္းတို႔၊ ပဲခူးတခ်ိဳ႕ေနရာတို႔၊ တနသၤာရီတိုင္းတခ်ိဳ႕တစ္ေနရာတို႔၊ မႏၲေလးတိုင္း တခ်ိဳ႕ေနရာတို႔၊ ေနာက္တစ္ခါ ေနျပည္ေတာ္ ေကာင္စီနယ္ေျမတို႔ေလာက္ပဲ တင္းတင္းမာမာ လုပ္ ႏိုင္လို႔ရမယ္’ဟု ဦးတင္ေဆြကေျပာသည္။

Related news

© 2021. All rights reserved.