တရုတ်က စစ်သင်္ဘောနှစ်စီးကို မကြာမီအချိန်အတွင်း လွှဲပြောင်းပေးလိမ့်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရ ထုတ်ဖော်ပြော

 2679

Pika (NP News) - စက်တင်ဘာ ၆

ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များ တိုးမြင့်လာစေရန်အတွက် စစ်သင်္ဘောနှစ်စီးကို တရုတ်နိုင်ငံက မကြာမီအချိန်အတွင်း လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက စက်တင်ဘာလ(၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ထိုင်းပင်လယ်ကွေ့တွင် တရုတ်နိုင်ငံက ၎င်း၏ စစ်ရေးဩဇာလွှမ်းမိုးမှုများကို တိုးမြှင့်နေခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က စိုးရိမ်မှုများရှိနေချိန်တွင် ယခုလိုလွှဲပြောင်းပေးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့၏ Ream ရေတပ်အခြေစိုက်စခန်းကို တရုတ်ရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံသည် Type 056C corvettes စစ်သင်္ဘောနှစ်စင်းကို လာမည့်နှစ်အစောပိုင်းတွင် လွှဲပြောင်းပေးလိမ့် မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မလီဆိုချီတာက ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောများကို ကမ္ဘောဒီးယားနိုင်ငံအတွက် အထူးတည်ဆောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် (သို့မဟုတ်) နောက်ပိုင်းတွင် ကမ္ဘောဒီးယားကို လွှဲပြောင်းပေးရန် မျှော်လင့်ထားကြောင်း မလီဆိုချီတာက ပြောကြားခဲ့သည်။ ၎င်းက "ဒီသင်္ဘောတွေ လွှဲပြောင်းပေးမယ့် တစ်ခုတည်းသောရည်ရွယ်ချက်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ပင်လယ်ပြင်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အခြားသောလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

ယခင်က အမေရိကန်၏ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဖြင့် တည်ဆောက်ခဲ့သော Ream ရေတပ်အခြေစိုက်စခန်းကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် တရုတ်နိုင်ငံက ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။ အဆိုပါ အခြေစိုက်စခန်းသည် အငြင်းပွားတောင်တရုတ်ပင်လယ်အနီးရှိ ထိုင်းပင်လယ်ကွေ့တွင် မဟာဗျူဟာမြောက်နေရာ တစ်ခုကို တရုတ်နိုင်ငံအား ပေးအပ်နိုင်ကြောင်း အမေရိကန်ဖက်က ပြောကြားခဲ့သည်။
ထို့ပြင် Ream ရေတပ်အခြေစိုက်စခန်းတွင်ရှိသော (၃၆၃)မီတာရှည်သည့် ဆိပ်ခံတံတားအသစ်သည် တရုတ် လေယာဉ်တင်သင်္ဘောများဆိုက်ကပ်ရန် ရည်ရွယ်ထားသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို ကမ္ဘောဒီးယား အရာရှိများက ငြင်းဆိုထားကြောင်းလည်း သိရသည်။ Ream ရေတပ်အခြေစိုက်စခန်း တိုးချဲ့ခြင်းပထမအဆင့်မှာ ပြီးမြောက်ခဲ့ပြီး ဒုတိယအဆင့်ကို ဆက်လက်လုပ်ဆောင်နေကာ မကြာမီအချိန်အတွင်း ပြီးစီးတော့မည်ဖြစ်ကြောင်း မလီဆိုချီတာက ပြောကြားခဲ့သည်။

Zawgyi Version;
တ႐ုတ္က စစ္သေဘၤာႏွစ္စီးကို မၾကာမီအခ်ိန္အတြင္း လႊဲေျပာင္းေပးလိမ့္မည္ျဖစ္ေၾကာင္း ကေမာၻဒီးယားအစိုးရ ထုတ္ေဖာ္ေျပာ
Pika (NP News) - စက္တင္ဘာ ၆

ကေမာၻဒီးယားႏိုင္ငံ၏ ကာကြယ္ေရးစြမ္းရည္မ်ား တိုးျမင့္လာေစရန္အတြက္ စစ္သေဘၤာႏွစ္စီးကို တ႐ုတ္ႏိုင္ငံက မၾကာမီအခ်ိန္အတြင္း လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း ကေမာၻဒီးယားအစိုးရက စက္တင္ဘာလ(၅)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထိုင္းပင္လယ္ေကြ႕တြင္ တ႐ုတ္ႏိုင္ငံက ၎၏ စစ္ေရးဩဇာလႊမ္းမိုးမႈမ်ားကို တိုးျမႇင့္ေနျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္က စိုးရိမ္မႈမ်ားရွိေနခ်ိန္တြင္ ယခုလိုလႊဲေျပာင္းေပးမည့္အစီအစဥ္ ထြက္ေပၚလာျခင္းျဖစ္သည္။ ကေမာၻဒီးယားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ၏ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံက ၎တို႔၏ Ream ေရတပ္အေျခစိုက္စခန္းကို တ႐ုတ္ရန္ပုံေငြျဖင့္ ျပန္လည္ျပင္ဆင္မြမ္းမံျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္က စိုးရိမ္ပူပန္ေနေၾကာင္းလည္း သိရသည္။

တ႐ုတ္ႏိုင္ငံသည္ Type 056C corvettes စစ္သေဘၤာႏွစ္စင္းကို လာမည့္ႏွစ္အေစာပိုင္းတြင္ လႊဲေျပာင္းေပးလိမ့္ မည္ျဖစ္ေၾကာင္း ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး မလီဆိုခ်ီတာက ေျပာၾကားခဲ့သည္။ အဆိုပါသေဘၤာမ်ားကို ကေမာၻဒီးယားႏိုင္ငံအတြက္ အထူးတည္ေဆာက္လ်က္ရွိၿပီး ၂၀၂၅ ခုႏွစ္ (သို႔မဟုတ္) ေနာက္ပိုင္းတြင္ ကေမာၻဒီးယားကို လႊဲေျပာင္းေပးရန္ ေမွ်ာ္လင့္ထားေၾကာင္း မလီဆိုခ်ီတာက ေျပာၾကားခဲ့သည္။ ၎က "ဒီသေဘၤာေတြ လႊဲေျပာင္းေပးမယ့္ တစ္ခုတည္းေသာရည္႐ြယ္ခ်က္က ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ လုံၿခဳံေရးနဲ႔ ပင္လယ္ျပင္မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြနဲ႔ အျခားေသာလူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ပံ့ပိုးကူညီႏိုင္ဖို႔အတြက္ ကေမာၻဒီးယားႏိုင္ငံရဲ႕စြမ္းရည္ေတြကို ျမႇင့္တင္ဖို႔ပဲျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

ယခင္က အေမရိကန္၏ ရန္ပုံေငြတစ္စိတ္တစ္ပိုင္းျဖင့္ တည္ေဆာက္ခဲ့ေသာ Ream ေရတပ္အေျခစိုက္စခန္းကို ျပန္လည္ျပဳျပင္မြမ္းမံရန္အတြက္ တ႐ုတ္ႏိုင္ငံက ရန္ပုံေငြေထာက္ပံ့ေပးလ်က္ရွိေၾကာင္းလည္း သိရသည္။ အဆိုပါ အေျခစိုက္စခန္းသည္ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အနီးရွိ ထိုင္းပင္လယ္ေကြ႕တြင္ မဟာဗ်ဴဟာေျမာက္ေနရာ တစ္ခုကို တ႐ုတ္ႏိုင္ငံအား ေပးအပ္ႏိုင္ေၾကာင္း အေမရိကန္ဖက္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ Ream ေရတပ္အေျခစိုက္စခန္းတြင္ရွိေသာ (၃၆၃)မီတာရွည္သည့္ ဆိပ္ခံတံတားအသစ္သည္ တ႐ုတ္ ေလယာဥ္တင္သေဘၤာမ်ားဆိုက္ကပ္ရန္ ရည္႐ြယ္ထားသည္ဆိုသည့္ စြပ္စြဲေျပာဆိုခ်က္မ်ားကို ကေမာၻဒီးယား အရာရွိမ်ားက ျငင္းဆိုထားေၾကာင္းလည္း သိရသည္။ Ream ေရတပ္အေျခစိုက္စခန္း တိုးခ်ဲ႕ျခင္းပထမအဆင့္မွာ ၿပီးေျမာက္ခဲ့ၿပီး ဒုတိယအဆင့္ကို ဆက္လက္လုပ္ေဆာင္ေနကာ မၾကာမီအခ်ိန္အတြင္း ၿပီးစီးေတာ့မည္ျဖစ္ေၾကာင္း မလီဆိုခ်ီတာက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.