စွန့်ပစ်ငှက်ပျောထုတ် လူသုံးကုန်ပစ္စည်းများကို ပြည်ပအထိတင်ပို့ရန် စီစဉ်နေ

 2162

စော (NP News) - ဇူလိုင် ၁၂

စွန့်ပစ်ငှက်ပျောမှထုတ်လုပ်သော လူသုံးကုန်ပစ္စည်းများကို စီးပွားဖြစ်ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး နိုင်ငံခြား အထိတင်ပို့ရန် စီစဉ်နေကြောင်း Green BananarS CEO ဖြစ်သူ ဦးမြင့်သိန်းက NP News ကိုပြောသည်။

အဆိုပါ ငှက်ပျောပင်မှ ပစ္စည်းများထုတ်လုပ်ရာတွင် စက်မှုနှင့်လက်မှုဟူ၍ နှစ်မျိုးရှိရာ လက်မှုဖြင့်ပြုလုပ်သည့် အပိုင်းတွင် ငှက်ပျောပင်စည်၏ အပြင်ဘက်ပိုင်းအခွံတချို့ကို လူသုံးကုန်ပစ္စည်းများ အဖြစ်ထုတ်လုပ်ပြီး အတွင်းပိုင်းကို ချည်အနေဖြင့် ထုတ်လုပ်ကြောင်း သိရသည်။

‘အဓိကကတော့ ငှက်ပျော၊ နာနတ်ကနေပြီးတော့ ချည်ထုတ်တယ်။ တစ်ပိုင်းကကျတော့ ငှက်ပျောလျှော် အနေနဲ့ထုတ်တယ်။ ထွက်လာတဲ့ဟာတွေ အကုန်လုံးကို လူသုံးကုန်အနေနဲ့ ဖိနပ်၊ အိတ်၊ လူအသုံးအဆောင် ကုန်ထုတ် လိုက်ပါတယ်။ နောက်တစ်ခါ ချည်ကတော့ ပဝါတွေ၊ ပိတ်စတွေ၊ အဲဒီအနေအထားအထိ ကျွန်တော်တို့ ထုတ်လို့ ရပါတယ်’ဟု ဦးမြင့်သိန်း ကပြောသည်။

လက်ရှိတွင် စွန့်ပစ်ငှက်ပျောမှ ထုတ်လုပ်ထားသော ဖိနပ်၊ အိတ်၊ ပဝါနှင့် ပိတ်စများကို လူစိတ်ဝင်စားမှုများ နေပြီး အဝယ်လိုက်နေကြောင်း သိရသည်။ ‘ဈေးကွက်အခြေအနေကတော့ brand တစ်ခုကိုတော့ ချပြတာ နှစ်နှစ်ကျော်ကျော်ကာလထဲတော့ ရောက် လာပါပြီ။ ယုံကြည်မှုကို တော်တော်များ များရလာပြီ။ မကြာခင်မှာ စီးပွားဖြစ်ရောင်းနိုင်အောင် ကြိုးစားနေပါပြီ’ဟု ၎င်းက ဆက်လက်ပြောသည်။

လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အခက်အခဲများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ၊ စက်ယန္တရားပိုင်း ဆိုင်ရာ ပေါင်းစပ်ရန်လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။ ထို့ပြင် ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံဈေးကွက်သို့ ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်း ချနိုင်ရန်စီစဉ်ဆောင်ရွက်နေပြီး ဂျပန်နိုင်ငံသို့ နမူနာပို့ထားသော်လည်း အဆိုပါ နိုင်ငံဘက်မှ အကြောင်းပြန်စာမရသေးကြောင်း ဦးမြင့်သိန်းက ပြောသည်။

zawgyi version
စြန႔္ပစ္ငွက္ေပ်ာထုတ္ လူသုံးကုန္ပစၥည္းမ်ားကို ျပည္ပအထိတင္ပို႔ရန္ စီစဥ္ေန
ေစာ (NP News) - ဇူလိုင္ ၁၂

စြန႔္ပစ္ငွက္ေပ်ာမွထုတ္လုပ္ေသာ လူသုံးကုန္ပစၥည္းမ်ားကို စီးပြားျဖစ္ေရာင္းခ်ႏိုင္ဖို႔ ႀကိဳးစားေနၿပီး ႏိုင္ငံျခား အထိတင္ပို႔ရန္ စီစဥ္ေနေၾကာင္း Green BananarS CEO ျဖစ္သူ ဦးျမင့္သိန္းက NP News ကိုေျပာသည္။

အဆိုပါ ငွက္ေပ်ာပင္မွ ပစၥည္းမ်ားထုတ္လုပ္ရာတြင္ စက္မႈႏွင့္လက္မႈဟူ၍ ႏွစ္မ်ိဳးရွိရာ လက္မႈျဖင့္ျပဳလုပ္သည့္ အပိုင္းတြင္ ငွက္ေပ်ာပင္စည္၏ အျပင္ဘက္ပိုင္းအခြံတခ်ိဳ႕ကို လူသုံးကုန္ပစၥည္းမ်ား အျဖစ္ထုတ္လုပ္ၿပီး အတြင္းပိုင္းကို ခ်ည္အေနျဖင့္ ထုတ္လုပ္ေၾကာင္း သိရသည္။

‘အဓိကကေတာ့ ငွက္ေပ်ာ၊ နာနတ္ကေနၿပီးေတာ့ ခ်ည္ထုတ္တယ္။ တစ္ပိုင္းကက်ေတာ့ ငွက္ေပ်ာေလွ်ာ္ အေနနဲ႔ထုတ္တယ္။ ထြက္လာတဲ့ဟာေတြ အကုန္လုံးကို လူသုံးကုန္အေနနဲ႔ ဖိနပ္၊ အိတ္၊ လူအသုံးအေဆာင္ ကုန္ထုတ္ လိုက္ပါတယ္။ ေနာက္တစ္ခါ ခ်ည္ကေတာ့ ပဝါေတြ၊ ပိတ္စေတြ၊ အဲဒီအေနအထားအထိ ကြၽန္ေတာ္တို႔ ထုတ္လို႔ ရပါတယ္’ဟု ဦးျမင့္သိန္း ကေျပာသည္။

လက္ရွိတြင္ စြန႔္ပစ္ငွက္ေပ်ာမွ ထုတ္လုပ္ထားေသာ ဖိနပ္၊ အိတ္၊ ပဝါႏွင့္ ပိတ္စမ်ားကို လူစိတ္ဝင္စားမႈမ်ား ေနၿပီး အဝယ္လိုက္ေနေၾကာင္း သိရသည္။ ‘ေဈးကြက္အေျခအေနကေတာ့ brand တစ္ခုကိုေတာ့ ခ်ျပတာ ႏွစ္ႏွစ္ေက်ာ္ေက်ာ္ကာလထဲေတာ့ ေရာက္ လာပါၿပီ။ ယုံၾကည္မႈကို ေတာ္ေတာ္မ်ား မ်ားရလာၿပီ။ မၾကာခင္မွာ စီးပြားျဖစ္ေရာင္းႏိုင္ေအာင္ ႀကိဳးစားေနပါၿပီ’ဟု ၎က ဆက္လက္ေျပာသည္။

လူသုံးကုန္ပစၥည္းမ်ားထုတ္လုပ္ရာတြင္ အခက္အခဲမ်ားအေနျဖင့္ နည္းပညာပိုင္းဆိုင္ရာ၊ စက္ယႏၲရားပိုင္း ဆိုင္ရာ ေပါင္းစပ္ရန္လိုအပ္ေနေသးေၾကာင္း ၎ကေျပာသည္။ ထို႔ျပင္ ျပည္ပေဈးကြက္အေနျဖင့္ ထိုင္းႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံေဈးကြက္သို႔ ထုတ္ကုန္ပစၥည္းမ်ား တင္ပို႔ေရာင္း ခ်ႏိုင္ရန္စီစဥ္ေဆာင္႐ြက္ေနၿပီး ဂ်ပန္ႏိုင္ငံသို႔ နမူနာပို႔ထားေသာ္လည္း အဆိုပါ ႏိုင္ငံဘက္မွ အေၾကာင္းျပန္စာမရေသးေၾကာင္း ဦးျမင့္သိန္းက ေျပာသည္။

Related news

© 2021. All rights reserved.