ရန်ကုန်တိုင်းလွှတ်တော်ဝင်း၊ အိမ်တော်ဝင်းနှင့် ဝင်ဒါမီယာဝင်းတို့ကို လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် စတင်နေ

 9260

မြူနစ် (NP News) - ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်း၊ အိမ်တော်ဝင်းနှင့် ဝင်ဒါမီယာဝင်းတို့ကို လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါလွှတ်တော်၊ အိမ်တော်ဝင်းနှင့် ဝင်ဒါမီယာဝင်းတို့ကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် လိုအပ်သော ပြင်ဆင်မှုများဆောင်ရွက်ရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊ လွှတ်တော်နှင့် နေအိမ်အဆောက်အအုံများ ထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)က ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များအတွင်း တပ်ဆင်ရန်နှင့် အစားထိုးရန် လေအေးပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူကာ လုပ်ငန်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း ဝန်ကြီးဌာနကဆိုသည်။ ထို့ကြောင့် လေအေးပေးစက်နှင့်ဆက်စပ် ပစ္စည်းများဝယ်ယူကာ တပ်ဆင်ခြင်း၊ အစား ထိုးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင် ဒါတင် သွင်းနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။

‘အမှန်ကတော့ အဲဒီပစ္စည်းတွေက သက်တမ်းတစ်ခု ကုန်သွားပြီဆိုရင် အသစ်ပြန် မွမ်းမံတဲ့သဘောရှိပါတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲလည်း လုပ်ဖို့ရှိတော့ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်လည်း အရွေးချယ် ခံဖို့ရှိတယ်၊ နောက် တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေလည်း အစည်းအဝေးတက်ဖို့ရှိမှာပေါ့။ အဲဒါတွေကြောင့် လုပ်တာဖြစ်မှာပါ။ ရွေးကောက်ပွဲက တော့ သေချာလုပ်မယ်ဆိုတဲ့သဘောလို့လည်း ယူဆရတာပေါ့’ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ယာယီ ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက NP News ကို သုံးသပ်ပြောကြားသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည့်အတွက် လွှတ်တော်အစည်း အဝေးများ ပေါ်ပေါက်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင် ခြင်းမျိုးဖြစ်နိုင်ကြောင်း လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းကလည်း NP News ကို သုံးသပ်ပြောကြားသည်။

"၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတယ်။ အဲဒီတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လွှတ်တော်တွေ ခေါ်ရတော့မှာဖြစ်တဲ့အတွက် လွှတ်တော်တွေကို ပြင်ဆင်ထိန်းသိမ်းဖို့ဆိုတာက တကယ် တမ်းတော့ ဟိုတုန်းကဆိုရင် တစ်နှစ်တစ်ခါ အိမ်တော်ထိန်းအဖွဲ့က လုပ်နေကျလေ။ မနှစ်ကလည်း နည်းနည်းလုပ်တယ်ပေါ့။ အခုကတော့ ရွေးကောက်ပွဲ ကိုလုပ်မယ်လို့ ကြေညာထားပြီဖြစ်တဲ့အတွက် ပြင်ဆင်ထိန်းသိမ်းတာက လုပ်ရတော့မှာပေါ့။ ပြန်လည် ပြင်ဆင်တဲ့ဟာက လုပ်ရတော့မှာပေါ့။ နံပါတ်တစ် ကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ ပြင်တာဖြစ်နိုင် တယ်။ ဒါမှမဟုတ်ရင် ငါးနှစ်သက်တမ်းစေ့တာ ဖြစ်တဲ့အတွက် ပြင်တာလည်းဖြစ်နိုင်တယ်"ဟု လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ်အတွင်း၌ အထွေထွေရွေး ကောက်ပွဲကို ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် နေကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ထုတ်ဖော်အသိပေးထားသည်။ နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် ပြင်ဆင်နေပြီး လွှတ်တော်အဆောက်အအုံဝင်းများကိုလည်း ကြိုတင်ပြင်ဆင်နေလျက်ရှိကြောင်း တွေ့ရှိ ရသည်။ ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်းအတွင်း ရှိ သမ္မတနားနေဆောင်နှင့် လွှတ်တော်ရေးရာဆောင်များကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ပြင်ဆင်မှုများ ပြုလုပ် သွားရန် ဆောင်ရွက်နေလျက်ရှိသည်။

zawgyi version
ရန္ကုန္တိုင္းလႊတ္ေတာ္ဝင္း၊ အိမ္ေတာ္ဝင္းႏွင့္ ဝင္ဒါမီယာ ဝင္းတို႔ကို လိုအပ္သည့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ရန္ စတင္ေန
ျမဴနစ္ (NP News) - ဇူလိုင္ ၁၂

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဝင္း၊ အိမ္ေတာ္ဝင္းႏွင့္ ဝင္ဒါမီယာဝင္းတို႔ကို လိုအပ္သည့္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါလႊတ္ေတာ္၊ အိမ္ေတာ္ဝင္းႏွင့္ ဝင္ဒါမီယာဝင္းတို႔ကို ယခု ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္၏ ေငြလုံးေငြရင္း အသုံးစရိတ္ျဖင့္ လိုအပ္ေသာ ျပင္ဆင္မႈမ်ားေဆာင္႐ြက္ရန္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီး ဌာန၊ လႊတ္ေတာ္ႏွင့္ ေနအိမ္အေဆာက္အအုံမ်ား ထိန္းသိမ္းေရးအဖြဲ႕(ရန္ကုန္)က ေဆာင္႐ြက္ေနျခင္းျဖစ္သည္။ အဆိုပါလုပ္ငန္းစဥ္မ်ားအတြင္း တပ္ဆင္ရန္ႏွင့္ အစားထိုးရန္ ေလေအးေပးစက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဝယ္ယူကာ လုပ္ငန္းေဆာင္ ႐ြက္သြားမည္ျဖစ္ ေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။ ထို႔ေၾကာင့္ ေလေအးေပးစက္ႏွင့္ဆက္စပ္ ပစၥည္းမ်ားဝယ္ယူကာ တပ္ဆင္ျခင္း၊ အစား ထိုးျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္မ်ားအေနျဖင့္ အိတ္ဖြင့္တင္ ဒါတင္ သြင္းႏိုင္ေၾကာင္းလည္း ဖိတ္ေခၚထားသည္။

‘အမွန္ကေတာ့ အဲဒီပစၥည္းေတြက သက္တမ္းတစ္ခု ကုန္သြားၿပီဆိုရင္ အသစ္ျပန္ မြမ္းမံတဲ့သေဘာရွိပါတယ္။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲလည္း လုပ္ဖို႔ရွိေတာ့ အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္လည္း အေ႐ြးခ်ယ္ ခံဖို႔ရွိတယ္၊ ေနာက္ တစ္ခုက လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း အစည္းအေဝးတက္ဖို႔ရွိမွာေပါ့။ အဲဒါေတြေၾကာင့္ လုပ္တာျဖစ္မွာပါ။ ေ႐ြးေကာက္ပြဲက ေတာ့ ေသခ်ာလုပ္မယ္ဆိုတဲ့သေဘာလို႔လည္း ယူဆရတာေပါ့’ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ယာယီ ဥကၠ႒ ဦးျမင့္ေမာင္ထြန္းက NP News ကို သုံးသပ္ေျပာၾကားသည္။

လာမည့္ ၂၀၂၅ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပမည္ျဖစ္သည့္အတြက္ လႊတ္ေတာ္အစည္း အေဝးမ်ား ေပၚေပါက္လာမည္ျဖစ္၍ ႀကိဳတင္ျပင္ဆင္ ျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း လႊတ္ေတာ္အမတ္ေဟာင္း ေဒၚစႏၵာမင္းကလည္း NP News ကို သုံးသပ္ေျပာၾကားသည္။

"၂၀၂၅ မွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ေျပာထားတယ္။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ လႊတ္ေတာ္ေတြ ေခၚရေတာ့မွာျဖစ္တဲ့အတြက္ လႊတ္ေတာ္ေတြကို ျပင္ဆင္ထိန္းသိမ္းဖို႔ဆိုတာက တကယ္ တမ္းေတာ့ ဟိုတုန္းကဆိုရင္ တစ္ႏွစ္တစ္ခါ အိမ္ေတာ္ထိန္းအဖြဲ႕က လုပ္ေနက်ေလ။ မႏွစ္ကလည္း နည္းနည္းလုပ္တယ္ေပါ့။ အခုကေတာ့ ေ႐ြးေကာက္ပြဲ ကိုလုပ္မယ္လို႔ ေၾကညာထားၿပီျဖစ္တဲ့အတြက္ ျပင္ဆင္ထိန္းသိမ္းတာက လုပ္ရေတာ့မွာေပါ့။ ျပန္လည္ ျပင္ဆင္တဲ့ဟာက လုပ္ရေတာ့မွာေပါ့။ နံပါတ္တစ္ ကေတာ့ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုလို႔ ျပင္တာျဖစ္ႏိုင္ တယ္။ ဒါမွမဟုတ္ရင္ ငါးႏွစ္သက္တမ္းေစ့တာ ျဖစ္တဲ့အတြက္ ျပင္တာလည္းျဖစ္ႏိုင္တယ္"ဟု လႊတ္ေတာ္အမတ္ေဟာင္း ေဒၚစႏၵာမင္းက ေျပာသည္။

လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း၌ အေထြေထြေ႐ြး ေကာက္ပြဲကို က်င္းပႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ ေနေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ထုတ္ေဖာ္အသိေပးထားသည္။ နစကအစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပရန္ ျပင္ဆင္ေနၿပီး လႊတ္ေတာ္အေဆာက္အအုံဝင္းမ်ားကိုလည္း ႀကိဳတင္ျပင္ဆင္ေနလ်က္ရွိေၾကာင္း ေတြ႕ရွိ ရသည္။ ထို႔ျပင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ ေနျပည္ေတာ္၊ ျပည္ေထာင္စုလႊတ္ေတာ္ဝင္းအတြင္း ရွိ သမၼတနားေနေဆာင္ႏွင့္ လႊတ္ေတာ္ေရးရာေဆာင္မ်ားကို ယခု ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း၌ ေငြလုံးေငြရင္း အသုံးစရိတ္ျဖင့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ သြားရန္ ေဆာင္႐ြက္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.