နျူကလီးယားဒဏ်သင့်ပြီး ဆွေမျိုး၊ မိသားစုဝင်များဆုံးရှုံးခဲ့ရဖူးသည့် ဂျပန် ဝန်ကြီးချုပ်၏ ဘဝပုံရိပ်နှင့် စိန်ခေါ်မှုများ (ဘာသာပြန်ဆောင်းပါး)

 464

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတယ်လို့ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း က ပြီးခဲ့တဲ့မေလအတွင်းဖော်ပြခဲ့ဖူးပါတယ်။ ၁၉၅၇ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ကီရှီဒါဟာ ၂၀၂၁ ခုနှစ် နောက် ပိုင်းတည်းက ဂျပန်နိုင်ငံရဲ့နိုင်ငံရေးလောကမှာ နှစ်ပေါင်း၇၀ကျော်ကြာ လွှမ်းမိုးထားတဲ့လစ်ဘ ရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန် ယူခဲ့သလို ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ခဲ့သူဖြစ်ပါတယ်။ ကီရှီဒါဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ်တာဝန်မယူခင် ဂျပန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၅ နှစ်ကျော်ကြာတာဝန်ယူခဲ့ဖူးသလို ဂျပန်ကာကွယ်ရေး ဝန်ကြီးတာဝန်တွေကိုလည်းရယူခဲ့ဖူး သူဖြစ်ပါတယ်။ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်မှာတော့ မျှော်လင့်မထားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေ ရပြီး ၎င်းရဲ့ လက်ထက်မှာ အစိုးရအဖွဲ့ဝန်ကြီးနေရာတွေအပြင် ပါတီထိပ်သီးခေါင်းဆောင်နေရာတွေ လည်း မကြာခဏ အပြောင်းအလဲဖြစ်လာခဲ့တယ်လို့ ဆိုကြပါတယ်။ ကီရှီဒါ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ပြီးနောက်ပိုင်း LDP ပါတီအပေါ် လူကြိုက်နည်းလာခဲ့တယ်လို့ မကြာသေးမီကကောက်ယူခဲ့တဲ့စစ် တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကီရှီဒါဟာ နိုင်ငံရေးသမားမိသားစုက မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ် ကလေးဘဝက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျောင်းတက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိ ကီရှီဒါရဲ့မိသားစုဝင် တွေနဲ့ဆွေမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်ကကြဲချခဲ့တဲ့ နျူကလီးယားဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေထဲပါဝင်ခဲ့ရာ နှစ်စဉ် နှစ်တိုင်း ဟီယိုရှီးမားမြို့ကို ပြန်ပြီး ဂါရဝပြုတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ ကီရှီဒါရဲ့အဖေ ဖြစ်သူနဲ့ အဘိုးဖြစ်သူတို့ဟာ နိုင်ငံရေးသမားဟောင်းတွေဖြစ် ပြီး အောက်လွှတ်တော်အမတ်တွေအဖြစ် ရွေးချယ်ခံ ခဲ့ရဖူးသူဖြစ်ပါတယ်။ ဒါ့ပြင် ဝမ်းကွဲညီအစ်ကို ဖြစ်သူတွေဟာလည်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကီရှီဒါဟာ Waseda တက္ကသိုလ်ကနေ ဥပဒေ ပညာနဲ့ ဘွဲ့ရရှိခဲ့ပြီးနောက် ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေကို ပါဝင်ခဲ့ပြီး နိုင်ငံရေးလောကိုဝင်ရောက် ခဲ့ရာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ခံခဲ့ရပါတယ်။ အောက်လွှတ်တော်ကိုယ် စားလှယ်အဖြစ်ရွေးချယ်ခံ လိုက်ရပြီးနောက်ပိုင်း ကီရှိဒါဟာ နိုင်ငံရေးလောကထဲ တစ်စိုက်မတ်မတ် ပါဝင်ခဲ့ရာ ဂျပန် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေးဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာအမျိုးမျိုး ရယူနိုင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း ဂျပန်နိုင်ငံသမိုင်းမှာ သက်တမ်းအကြာဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမိုင်းဝင်ခဲ့သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန် ယူပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ (LDP) ပါတီရဲ့ ဝန်ကြီးချုပ်လောင်း အဖြစ် ရွေးချယ်ခံရဖို့ ပါဝင်ယှဉ်ပြိုင်ခဲ့ ရာ ပြိုင်ဘက် ဆူဂါကိုရှုံးနိမ့်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့ပါတယ်။ ဆူဂါဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပေမယ့် ဂျပန်ပြည်သူတွေရဲ့အားပေး ထောက်ခံမှုကိုမျှော်လင့်သလောက် မရတဲ့အတွက် ၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကနုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်တာဝန်ယူဖို့ (LDP) ပါတီအတွင်း ပြန်လည်ရွေးချယ်ခဲ့ရာ ဖူမီယိုကီရှီဒါကို အားပေး ထောက်ခံမှုအများအပြားရှိခဲ့ပြီး ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။

ကီရှီဒါဟာလည်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို ထပ်မံရင်ဆိုင်ခဲ့ရပြီး ဂျပန်ပြည်သူတွေကြား လူကြိုက်နည်းနေဆဲဖြစ်တယ်လို့ မေလ အတွင်းပြုလုပ်ခဲ့တဲ့ NHK သတင်းဌာနရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။ ကီရှီဒါဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်းအားနည်းချက်များစွာရှိနေခဲ့ပြီး အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာတွေကိုလည်း မကြာခဏ အပြောင်းအလဲလုပ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း စားသုံးကုန်ဈေး နှုန်းတွေမြင့်တက်လာတဲ့အပြင် ဂျပန်ငွေကြေးဖြစ်တဲ့ ယန်းငွေတန်ဖိုး ကျဆင်းမှုတွေရှိလာခဲ့ရာ ပြည်သူတွေက ဝန်ကြီးချုပ် ကီရှီဒါအပေါ် စိတ်ဆိုး ဒေါသဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေက ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ စီးပွားရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲရာမှာ မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေလုပ်ဆောင် ခဲ့တယ်လို့စွပ်စွဲထားပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေးအင်အားတောင့် တင်းမှုတွေဟာ ၂၀၂၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံနောက်ရောက်ရှိလာဖွယ်ရှိနေကာ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်ရဖွယ်ရှိတယ်လို့ခန့်မှန်းသုံးသပ်ချက်တွေလည်းထွက်ပေါ်နေပါတယ်။ ပါတီအတွင်းမှာ လည်း ကီရှီဒါဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေဖြစ်ပေါ်နေပြီး ကီရှီဒါ ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူချိန်အ တွင်း(LDP )ပါတီမှာ ပါတီရန်ပုံငွေအလွဲသုံးစား လုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေဖြစ်ပေါ်လာခဲ့ပြီး စုံစမ်းစစ် ဆေးမှုတွေလုပ်ဆောင်ခဲ့ရပါတယ်။ အဆိုပါ စစ်ဆေးမှုတွေအတွင်း ပါတီထိပ်တန်း ခေါင်းဆောင်နဲ့ တခြားပါတီဝင်ဒါဇင်ချီဟာ စည်းကမ်းဖောက်ဖျက်မှုနဲ့အရေး ယူခဲ့ရပါတယ်။ ဒါပေမဲ့ ကီရှီဒါဟာ ၎င်းရဲ့ အမှားအ ယွင်းတွေကို တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုးမရှိဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကီရှီဒါဟာ အစိုးရအဖွဲ့ အတွင်းမှာသာမက ပါတီအတွင်းမှာလည်း စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် လာမယ့်နွေရာ သီအတွင်း အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ အဲဒီလိုမျိုးလုပ်ဆောင်နိုင်မှု မရှိ ဘူးဆိုရင် ပါတီခေါင်းဆောင်နေရာနဲ့ ဝန်ကြီးချုပ် နေရာတွေအတွက် မရေမရာဖြစ်လာနိုင်ပြီး အစား ထိုးခံရဖွယ်ရှိတယ်လို့ ဂျပန်နိုင်ငံရေးလေ့လာသုံးသပ် သူတွေကပြောပါတယ်။

ကီရှီဒါဟာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူချိန်အတွင်း အမေရိကန်နိုင်ငံနဲ့ အပြန်အ လှန်ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်သလိုအိမ်နီး ချင်းတွေဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကို ကောင်းမွန်စေဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ကလေးငယ်တွေ ပြုစုစောင့်ရှောက်မှု တွေနဲ့ပတ်သက် ပြီး ပိုမိုကောင်းမွန်အောင် ကူညီထောက်ပံ့ပေးနိုင်တာမျိုး မရှိတဲ့အတွက် ဂျပန်နိုင်ငံ သမိုင်းတစ်လျှောက် သားသမီးမွေးဖွားမှုနှုန်း ကျဆင်းတာတွေနဲ့လည်းရင် ဆိုင်နေခဲ့ရပါတယ်။ ကီရှီဒါဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက်မကြာမီ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခဲ့ရာ ကပ်ရောဂါအပေါ် ဂျပန် အစိုးရရဲ့တုံ့ပြန်မှုတွေက အားရကျေနပ်စရာမကောင်းတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကီရှီဒါဟာ ဂျပန်နိုင်ငံရေးသမားတွေထဲမှာ အစွန်းရောက် နိုင်ငံရေးသမားတစ်ဦး မဟုတ်ဘဲ အလယ်အလတ်ဝါဒီတစ်ဦး ဖြစ်တယ်လို့သတ်မှတ်ခံရပေမယ့် ၎င်းဟာ လက်ယာစွန်းရောက် နိုင်ငံရေးပါတီမှာ ပါဝင်နေသူဖြစ်တယ်လို့ဆိုကြပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါက ဂျပန်နိုင်ငံအတွင်း ဝင်ငွေ ကွာဟမှုတွေကိုလျှော့ချနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်ဆောင်ရမယ့် ပုံစံမျိုးလုပ်ဆောင်ရမယ့်အပြင် လူအဖွဲ့အစည်းအတွင်း စီးပွားရေးကွာဟချက်တွေ လျှော့ချနိုင်အောင် အကောင်းဆုံးကြိုးပမ်းမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့အကောင်ထည်ဖော်နိုင်စွမ်းမရှိသေးဘူး လို့ဆိုကြပါတယ်။

ကီရှီဒါက “ဂျပန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားတွေကို ကန့်သတ်ထားတဲ့ လူတချို့နဲ့ အဖွဲ့ စည်းတချို့ရတာမျိုးမဖြစ်သင့်ဘူး၊ စီးပွားရေးလုပ်ငန်းမှာပါဝင် လုပ်ကိုင်နေသူအားလုံး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ် ဆောင်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။ ကီရှီဒါဟာ နျူကလီးယား စွမ်းအင်နည်းပညာလုပ် ဆောင်ခြင်း ကိုအားပေးသူတစ်ဦးဖြစ်သလို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ပိုမိုကောင်းမွန်စေဖို့ တက္ကသိုလ်တွေကို အမေရိကန်ဒေါ်လာ ၉၀ ဘီလျံကျော်ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုထားသူ ဖြစ်ပါတယ်။ ကီရှီဒါဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တစ်ဦးရဲ့သမီး ဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး သားသုံးဦးမွေးဖွားခဲ့ကာ အလုပ်နဲ့ပတ်သက်လာရင် သားဖြစ်သူတွေကိုလည်း ခပ်ပြတ်ပြတ် ဆက်ဆံ တတ်သူတစ်ဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက သားအကြီးဆုံးဖြစ်သူ ရှိတာရိုကီ ရှီဒါကို အမှားယွင်း တွေလုပ်ဆောင်မိတဲ့အတွက် ၎င်း ရဲ့မူဝါဒရေးရာအတွင်းရေးမှူးရာထူးကနေ ထုတ်ပယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရခြင်းဟာ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေရှိနိုင်ပေမယ့် ကီရှီဒါဟာ အဲဒီ စိန်ခေါ်မှုတွေနဲ့ ခက်ခဲမှုတွေကို ဝန်ကြီးချုပ် သက်တမ်း အတွင်းအောင်မြင်စွာကျော်ဖြတ်ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးချယ်ခံရမလား၊ ပါတီအကြီး အကဲနဲ့ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ဖို့ဖိအားပေးခံရမလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

zawgyi version
န်ဴကလီးယားဒဏ္သင့္ၿပီး ေဆြမ်ိဳး၊ မိသားစုဝင္မ်ားဆုံးရႈံးခဲ့ရဖူးသည့္ ဂ်ပန္ ဝန္ႀကီးခ်ဳပ္၏ ဘဝပုံရိပ္ႏွင့္ စိန္ေခၚမႈမ်ား (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွိဒါရဲ႕အနာဂတ္ဟာ မေရမရာျဖစ္ေနတယ္လို႔ ကမာၻေက်ာ္ တိုင္းမ္ မဂၢဇင္း က ၿပီးခဲ့တဲ့ေမလအတြင္းေဖာ္ျပခဲ့ဖူးပါတယ္။ ၁၉၅၇ ခုႏွစ္မွာေမြးဖြားခဲ့တဲ့ ကီရွီဒါဟာ ၂၀၂၁ ခုႏွစ္ ေနာက္ ပိုင္းတည္းက ဂ်ပန္ႏိုင္ငံရဲ႕ႏိုင္ငံေရးေလာကမွာ ႏွစ္ေပါင္း၇၀ေက်ာ္ၾကာ လႊမ္းမိုးထားတဲ့လစ္ဘ ရယ္ ဒီမိုကရက္တစ္ပါတီ (LDP) ရဲ႕ ဥကၠ႒အျဖစ္တာဝန္ ယူခဲ့သလို ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူ ခဲ့သူျဖစ္ပါတယ္။ ကီရွီဒါဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္မယူခင္ ဂ်ပန္ႏိုင္ငံရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္ ၅ ႏွစ္ေက်ာ္ၾကာတာဝန္ယူခဲ့ဖူးသလို ဂ်ပန္ကာကြယ္ေရး ဝန္ႀကီးတာဝန္ေတြကိုလည္းရယူခဲ့ဖူး သူျဖစ္ပါတယ္။ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္မွာေတာ့ ေမွ်ာ္လင့္မထားတဲ့စိန္ေခၚမႈေတြကိုရင္ဆိုင္ေန ရၿပီး ၎ရဲ႕ လက္ထက္မွာ အစိုးရအဖြဲ႕ဝန္ႀကီးေနရာေတြအျပင္ ပါတီထိပ္သီးေခါင္းေဆာင္ေနရာေတြ လည္း မၾကာခဏ အေျပာင္းအလဲျဖစ္လာခဲ့တယ္လို႔ ဆိုၾကပါတယ္။ ကီရွီဒါ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူ ၿပီးေနာက္ပိုင္း LDP ပါတီအေပၚ လူႀကိဳက္နည္းလာခဲ့တယ္လို႔ မၾကာေသးမီကေကာက္ယူခဲ့တဲ့စစ္ တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ ကီရွီဒါဟာ ႏိုင္ငံေရးသမားမိသားစုက ေမြးဖြားခဲ့သူျဖစ္ၿပီး ငယ္စဥ္ ကေလးဘဝက အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာေက်ာင္းတက္ေရာက္ခဲ့သူ ျဖစ္ပါတယ္။

အသက္ ၆၆ ႏွစ္အ႐ြယ္ရွိ ကီရွီဒါရဲ႕မိသားစုဝင္ ေတြနဲ႔ေဆြမ်ိဳးေတြဟာ ဒုတိယကမာၻစစ္အတြင္း အေမရိကန္ စစ္တပ္ကႀကဲခ်ခဲ့တဲ့ န်ဴကလီးယားဗုံးဒဏ္ေၾကာင့္ ေသဆုံးခဲ့ရသူေတြထဲပါဝင္ခဲ့ရာ ႏွစ္စဥ္ ႏွစ္တိုင္း ဟီယိုရွီးမားၿမိဳ႕ကို ျပန္ၿပီး ဂါရဝျပဳတာမ်ိဳးေတြ လုပ္ေလ့ရွိတယ္လို႔ဆိုပါတယ္။ ကီရွီဒါရဲ႕အေဖ ျဖစ္သူနဲ႔ အဘိုးျဖစ္သူတို႔ဟာ ႏိုင္ငံေရးသမားေဟာင္းေတြျဖစ္ ၿပီး ေအာက္လႊတ္ေတာ္အမတ္ေတြအျဖစ္ ေ႐ြးခ်ယ္ခံ ခဲ့ရဖူးသူျဖစ္ပါတယ္။ ဒါ့ျပင္ ဝမ္းကြဲညီအစ္ကို ျဖစ္သူေတြဟာလည္း ဂ်ပန္အစိုးရအဖြဲ႕မွာ ဝန္ႀကီးေတြအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ ကီရွီဒါဟာ Waseda တကၠသိုလ္ကေန ဥပေဒ ပညာနဲ႔ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ ဘ႑ာေရးနဲ႔ ေငြေၾကးလုပ္ငန္းေတြကို ပါဝင္ခဲ့ၿပီး ႏိုင္ငံေရးေလာကိုဝင္ေရာက္ ခဲ့ရာ ၁၉၉၃ ခုႏွစ္မွာ က်င္းပတဲ့ အေထြေထြေ႐ြးေကာက္ပြဲအတြင္း ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ ပထမဆုံးအႀကိမ္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ ေအာက္လႊတ္ေတာ္ကိုယ္ စားလွယ္အျဖစ္ေ႐ြးခ်ယ္ခံ လိုက္ရၿပီးေနာက္ပိုင္း ကီရွိဒါဟာ ႏိုင္ငံေရးေလာကထဲ တစ္စိုက္မတ္မတ္ ပါဝင္ခဲ့ရာ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွင္ဇိုအာေဘးဦးေဆာင္တဲ့အစိုးရအဖြဲ႕မွာ ဝန္ႀကီးေနရာအမ်ိဳးမ်ိဳး ရယူႏိုင္ခဲ့ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ဂ်ပန္ႏိုင္ငံသမိုင္းမွာ သက္တမ္းအၾကာဆုံး ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ သမိုင္းဝင္ခဲ့သူျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ ယူၿပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္မွာ (LDP) ပါတီရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္း အျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ ရာ ၿပိဳင္ဘက္ ဆူဂါကိုရႈံးနိမ့္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္လာမယ့္ အခြင့္အေရးနဲ႔လြဲေခ်ာ္ခဲ့ပါတယ္။ ဆူဂါဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရေပမယ့္ ဂ်ပန္ျပည္သူေတြရဲ႕အားေပး ေထာက္ခံမႈကိုေမွ်ာ္လင့္သေလာက္ မရတဲ့အတြက္ ၂၀၂၁ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ရာထူးကႏုတ္ထြက္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္တာဝန္ယူဖို႔ (LDP) ပါတီအတြင္း ျပန္လည္ေ႐ြးခ်ယ္ခဲ့ရာ ဖူမီယိုကီရွီဒါကို အားေပး ေထာက္ခံမႈအမ်ားအျပားရွိခဲ့ၿပီး ဝန္ႀကီး ခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။

ကီရွီဒါဟာလည္း ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ေမွ်ာ္လင့္မထားတဲ့ စိန္ေခၚမႈေတြကို ထပ္မံရင္ဆိုင္ခဲ့ရၿပီး ဂ်ပန္ျပည္သူေတြၾကား လူႀကိဳက္နည္းေနဆဲျဖစ္တယ္လို႔ ေမလ အတြင္းျပဳလုပ္ခဲ့တဲ့ NHK သတင္းဌာနရဲ႕စစ္တမ္းမွာေဖာ္ျပထားပါတယ္။ ကီရွီဒါဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္းအားနည္းခ်က္မ်ားစြာရွိေနခဲ့ၿပီး အစိုးရအဖြဲ႕အတြင္း ဝန္ႀကီးေနရာေတြကိုလည္း မၾကာခဏ အေျပာင္းအလဲလုပ္ေဆာင္ခဲ့ရတယ္လို႔ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း စားသုံးကုန္ေဈး ႏႈန္းေတြျမင့္တက္လာတဲ့အျပင္ ဂ်ပန္ေငြေၾကးျဖစ္တဲ့ ယန္းေငြတန္ဖိုး က်ဆင္းမႈေတြရွိလာခဲ့ရာ ျပည္သူေတြက ဝန္ႀကီးခ်ဳပ္ ကီရွီဒါအေပၚ စိတ္ဆိုး ေဒါသျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ျပည္သူေတြက ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကီရွီဒါဟာ စီးပြားေရးနဲ႔ပတ္သက္ၿပီး စီမံခန႔္ခြဲရာမွာ မွားယြင္းတဲ့စီမံခန႔္ခြဲမႈေတြလုပ္ေဆာင္ ခဲ့တယ္လို႔စြပ္စြဲထားၿပီး ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရးအင္အားေတာင့္ တင္းမႈေတြဟာ ၂၀၂၅ ခုႏွစ္မွာ အိႏၵိယႏိုင္ငံေနာက္ေရာက္ရွိလာဖြယ္ရွိေနကာ ကမာၻ႔အဆင့္ ၅ ေနရာမွာ ရပ္တည္ရဖြယ္ရွိတယ္လို႔ခန႔္မွန္းသုံးသပ္ခ်က္ေတြလည္းထြက္ေပၚေနပါတယ္။ ပါတီအတြင္းမွာ လည္း ကီရွီဒါဟာ ခက္ခဲတဲ့ စိန္ေခၚမႈေတြျဖစ္ေပၚေနၿပီး ကီရွီဒါ ပါတီေခါင္းေဆာင္အျဖစ္ တာဝန္ယူခ်ိန္အ တြင္း(LDP )ပါတီမွာ ပါတီရန္ပုံေငြအလြဲသုံးစား လုပ္တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြျဖစ္ေပၚလာခဲ့ၿပီး စုံစမ္းစစ္ ေဆးမႈေတြလုပ္ေဆာင္ခဲ့ရပါတယ္။ အဆိုပါ စစ္ေဆးမႈေတြအတြင္း ပါတီထိပ္တန္း ေခါင္းေဆာင္နဲ႔ တျခားပါတီဝင္ဒါဇင္ခ်ီဟာ စည္းကမ္းေဖာက္ဖ်က္မႈနဲ႔အေရး ယူခဲ့ရပါတယ္။ ဒါေပမဲ့ ကီရွီဒါဟာ ၎ရဲ႕ အမွားအ ယြင္းေတြကို တာဝန္ယူျခင္းတာဝန္ခံျခင္းမ်ိဳးမရွိဘူးလို႔ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ကီရွီဒါဟာ အစိုးရအဖြဲ႕ အတြင္းမွာသာမက ပါတီအတြင္းမွာလည္း စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့အတြက္ လာမယ့္ေႏြရာ သီအတြင္း အေကာင္းဆုံးလုပ္ေဆာင္ဖို႔ လိုအပ္ေနပါတယ္။ အဲဒီလိုမ်ိဳးလုပ္ေဆာင္ႏိုင္မႈ မရွိ ဘူးဆိုရင္ ပါတီေခါင္းေဆာင္ေနရာနဲ႔ ဝန္ႀကီးခ်ဳပ္ ေနရာေတြအတြက္ မေရမရာျဖစ္လာႏိုင္ၿပီး အစား ထိုးခံရဖြယ္ရွိတယ္လို႔ ဂ်ပန္ႏိုင္ငံေရးေလ့လာသုံးသပ္ သူေတြကေျပာပါတယ္။

ကီရွီဒါဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ယူခ်ိန္အတြင္း အေမရိကန္ႏိုင္ငံနဲ႔ အျပန္အ လွန္ဆက္ဆံေရးကို ေကာင္းမြန္ေအာင္ ထိန္းသိမ္းႏိုင္ခဲ့ေပမယ့္ ခါးသီးတဲ့ၿပိဳင္ဘက္ေတြျဖစ္သလိုအိမ္နီး ခ်င္းေတြျဖစ္တဲ့ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရး ကို ေကာင္းမြန္ေစဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။ ကေလးငယ္ေတြ ျပဳစုေစာင့္ေရွာက္မႈ ေတြနဲ႔ပတ္သက္ ၿပီး ပိုမိုေကာင္းမြန္ေအာင္ ကူညီေထာက္ပံ့ေပးႏိုင္တာမ်ိဳး မရွိတဲ့အတြက္ ဂ်ပန္ႏိုင္ငံ သမိုင္းတစ္ေလွ်ာက္ သားသမီးေမြးဖြားမႈႏႈန္း က်ဆင္းတာေတြနဲ႔လည္းရင္ ဆိုင္ေနခဲ့ရပါတယ္။ ကီရွီဒါဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူၿပီးေနာက္မၾကာမီ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားခဲ့ရာ ကပ္ေရာဂါအေပၚ ဂ်ပန္ အစိုးရရဲ႕တုံ႔ျပန္မႈေတြက အားရေက်နပ္စရာမေကာင္းတဲ့အတြက္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ကီရွီဒါဟာ ဂ်ပန္ႏိုင္ငံေရးသမားေတြထဲမွာ အစြန္းေရာက္ ႏိုင္ငံေရးသမားတစ္ဦး မဟုတ္ဘဲ အလယ္အလတ္ဝါဒီတစ္ဦး ျဖစ္တယ္လို႔သတ္မွတ္ခံရေပမယ့္ ၎ဟာ လက္ယာစြန္းေရာက္ ႏိုင္ငံေရးပါတီမွာ ပါဝင္ေနသူျဖစ္တယ္လို႔ဆိုၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ ကီရွီဒါက ဂ်ပန္ႏိုင္ငံအတြင္း ဝင္ေငြ ကြာဟမႈေတြကိုေလွ်ာ့ခ်ႏိုင္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြလုပ္ေဆာင္ရမယ့္ ပုံစံမ်ိဳးလုပ္ေဆာင္ရမယ့္အျပင္ လူအဖြဲ႕အစည္းအတြင္း စီးပြားေရးကြာဟခ်က္ေတြ ေလွ်ာ့ခ်ႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးပမ္းမယ္လို႔ ေႂကြးေၾကာ္ခဲ့ေပမယ့္ လက္ေတြ႕အေကာင္ထည္ေဖာ္ႏိုင္စြမ္းမရွိေသးဘူး လို႔ဆိုၾကပါတယ္။

ကီရွီဒါက “ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈအက်ိဳးစီးပြားေတြကို ကန႔္သတ္ထားတဲ့ လူတခ်ိဳ႕နဲ႔ အဖြဲ႕ စည္းတခ်ိဳ႕ရတာမ်ိဳးမျဖစ္သင့္ဘူး၊ စီးပြားေရးလုပ္ငန္းမွာပါဝင္ လုပ္ကိုင္ေနသူအားလုံး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုမိုလုပ္ ေဆာင္ဖို႔ လိုအပ္တယ္” လို႔ ေျပာပါတယ္။ ကီရွီဒါဟာ န်ဴကလီးယား စြမ္းအင္နည္းပညာလုပ္ ေဆာင္ျခင္း ကိုအားေပးသူတစ္ဦးျဖစ္သလို ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ေတြ ပိုမိုေကာင္းမြန္ေစဖို႔ တကၠသိုလ္ေတြကို အေမရိကန္ေဒၚလာ ၉၀ ဘီလ်ံေက်ာ္ကူညီေထာက္ပံ့ေပးမယ္လို႔ ကတိျပဳထားသူ ျဖစ္ပါတယ္။ ကီရွီဒါဟာ အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံသူ လုပ္ငန္းရွင္တစ္ဦးရဲ႕သမီး ျဖစ္သူနဲ႔လက္ထပ္ခဲ့ၿပီး သားသုံးဦးေမြးဖြားခဲ့ကာ အလုပ္နဲ႔ပတ္သက္လာရင္ သားျဖစ္သူေတြကိုလည္း ခပ္ျပတ္ျပတ္ ဆက္ဆံ တတ္သူတစ္ဦးျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္တုန္းက သားအႀကီးဆုံးျဖစ္သူ ရွိတာ႐ိုကီ ရွီဒါကို အမွားယြင္း ေတြလုပ္ေဆာင္မိတဲ့အတြက္ ၎ ရဲ႕မူဝါဒေရးရာအတြင္းေရးမႉးရာထူးကေန ထုတ္ပယ္ခဲ့ဖူးသူ ျဖစ္ပါတယ္။ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္တဲ့ ဂ်ပန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူရျခင္းဟာ ခက္ခဲမႈေတြ၊ စိန္ေခၚမႈေတြရွိႏိုင္ေပမယ့္ ကီရွီဒါဟာ အဲဒီ စိန္ေခၚမႈေတြနဲ႔ ခက္ခဲမႈေတြကို ဝန္ႀကီးခ်ဳပ္ သက္တမ္း အတြင္းေအာင္ျမင္စြာေက်ာ္ျဖတ္ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္ေ႐ြးခ်ယ္ခံရမလား၊ ပါတီအႀကီး အကဲနဲ႔ ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္ဖို႔ဖိအားေပးခံရမလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.