နိုင်ဂျီးရီးယားနိုင်ငံမှာ စာသင်ကျောင်းတစ်ခုပြိုကျခဲ့ပြီး ကျောင်းသားအနည်း ဆုံး(၂၁)ဦးသေဆုံး

 425

Pika (NP News) - ဇူလိုင် ၁၃

ဇူလိုင်လ(၁၂)ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ စာသင်ကျောင်းတစ်ခုပြိုကျခဲ့ရာ ကျောင်းသားအနည်းဆုံး(၂၁)ဦးသေဆုံးခဲ့ပြီး အခြားကျောင်းသား(၆၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ Nuruddeen Hussain Magaji ကပြောကြားခဲ့ပါတယ်။

ကျောင်းပြိုကျပြီးနောက် ကျောင်းသား(၂၁)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ အခြားကျောင်းသား(၆၉)ဦးကို ဆေးရုံအသီးသီးကို ပို့ဆောင်ခဲ့တယ်လို့ Nuruddeen Hussain Magaji ကပြောကြားခဲ့ပါတယ်။ Plateau ပြည်နယ် Jos North ခရိုင်မှာရှိတဲ့ Saint Academy ကျောင်းမှာ ကျောင်း သားတွေက စာမေးပွဲဖြေဆိုနေချိန်အတွင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် မိဘအများအပြားဟာ ၎င်းတို့ရဲ့ကလေးတွေကို လိုက်ရှာနေတာကို တွေ့မြင်ခဲ့ရတယ်လို့ အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက "Plateau ပြည်နယ် Jos North ခရိုင် Busa Buji ရပ်ကွက်မှာရှိတဲ့ Saint Academy ကျောင်းရဲ့ နှစ်ထပ်အဆောက်အအုံတစ်ခုဟာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းမှာပြိုကျခဲ့ပြီး ကျောင်းသားအများအပြားသေဆုံးခဲ့ပါတယ်။ NEMA နဲ့ အခြားအေဂျင်စီတွေဟာ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။

Plateau ပြည်နယ်မှာ သုံးရက်လောက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒီလိုဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြိုကျမှုဘာကြောင့်ဖြစ်ပွားရတာလဲဆိုတဲ့ အချက်ကိုတော့ ယခုအချိန်အထိရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ စာသင္ေက်ာင္းတစ္ခုၿပိဳက်ခဲ့ၿပီး ေက်ာင္းသားအနည္း ဆုံး(၂၁)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၁၃

ဇူလိုင္လ(၁၂)ရက္ေန႔က ႏိုင္ဂ်ီးရီးယားႏိုင္ငံအလယ္ပိုင္းမွာ စာသင္ေက်ာင္းတစ္ခုၿပိဳက်ခဲ့ရာ ေက်ာင္းသားအနည္းဆုံး(၂၁)ဦးေသဆုံးခဲ့ၿပီး အျခားေက်ာင္းသား(၆၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ၾကက္ေျခနီအဖြဲ႕ေျပာေရး ဆိုခြင့္ရွိသူ Nuruddeen Hussain Magaji ကေျပာၾကားခဲ့ပါတယ္။

ေက်ာင္းၿပိဳက်ၿပီးေနာက္ ေက်ာင္းသား(၂၁)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာေတြရရွိခဲ့တဲ့ အျခားေက်ာင္းသား(၆၉)ဦးကို ေဆး႐ုံအသီးသီးကို ပို႔ေဆာင္ခဲ့တယ္လို႔ Nuruddeen Hussain Magaji ကေျပာၾကားခဲ့ပါတယ္။ Plateau ျပည္နယ္ Jos North ခ႐ိုင္မွာရွိတဲ့ Saint Academy ေက်ာင္းမွာ ေက်ာင္း သားေတြက စာေမးပြဲေျဖဆိုေနခ်ိန္အတြင္း ၿပိဳက်မႈျဖစ္ပြားခဲ့ၿပီးေနာက္ မိဘအမ်ားအျပားဟာ ၎တို႔ရဲ႕ကေလးေတြကို လိုက္ရွာေနတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔ ေအအက္ဖ္ပီသတင္းေထာက္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အမ်ိဳးသားအေရးေပၚစီမံခန႔္ခြဲေရးေအဂ်င္စီက "Plateau ျပည္နယ္ Jos North ခ႐ိုင္ Busa Buji ရပ္ကြက္မွာရွိတဲ့ Saint Academy ေက်ာင္းရဲ႕ ႏွစ္ထပ္အေဆာက္အအုံတစ္ခုဟာ ဇူလိုင္လ(၁၂)ရက္ေန႔ နံနက္ပိုင္းမွာၿပိဳက်ခဲ့ၿပီး ေက်ာင္းသားအမ်ားအျပားေသဆုံးခဲ့ပါတယ္။ NEMA နဲ႔ အျခားေအဂ်င္စီေတြဟာ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္"လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Plateau ျပည္နယ္မွာ သုံးရက္ေလာက္ မိုးသည္းထန္စြာ႐ြာသြန္းၿပီးေနာက္ ဒီလိုျဖစ္ရပ္ျဖစ္ပြားခဲ့တာလို႔ ေဒသခံတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း ၿပိဳက်မႈဘာေၾကာင့္ျဖစ္ပြားရတာလဲဆိုတဲ့ အခ်က္ကိုေတာ့ ယခုအခ်ိန္အထိရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.