တောင်ကိုရီးယားမှာ အမျိုးသားတစ်ဦး အခကြေးငွေယူပြီး အစားထိုးဝင်ရောက် စစ်မှုထမ်းခြင်းကြောင့် အဖမ်းခံခဲ့ရ

 133

ရောင်နီ (NP News) - အောက်တိုဘာ ၁၇

တောင်ကိုရီးယားမှာ အခြားလူတစ်ဦးရဲ့မဖြစ်မနေ စစ်မှုထမ်းရမယ့် တာဝန်ကို အခကြေးငွေယူကာ လူစားထိုး စစ်မှုထမ်းစာရင်းသွင်းခဲ့တဲ့ လူငယ်တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်ဟာ ၁၉၇၀ ခုနှစ်ကစ စတင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ လူအင်အား စီမံခန့်ခွဲရေး (MMA) သက်တမ်းတလျှောက်မှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဂျို လို့ အမည်ရှိတဲ့ အသက် (၂၀) နှစ် အရွယ်ရှိ အမျိုးသားဟာ အဆိုပါ တောင်ကိုရီးယားရဲ့ မဖြစ်မနေ စစ်မှုထမ်း ဥပဒေမှာ ချိုးဖောက်မှုများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပါတယ်။ ဂျို ဟာ ကိုယ်ရေးကိုယ်တာ အထောက်အထားတွေ လိမ်လည်ပြီး အခြားလူတစ်ဦးအစား တာဝန်ထမ်းဆောင် ခဲ့တယ်လို့ ချွန်ချောင်း ခရိုင်တရားရုံးက အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဂျို ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဂမ်ဝမ် ပြည်နယ်ရှိ လေ့ကျင့်ရေးစင်တာမှာ အသက် (၂၀)နှစ်အရွယ် ချိုင် လို့ခေါ်တဲ့ အမျိုးသားရဲ့ နေရာမှာ လူသစ်အဖြစ် စာရင်းသွင်းဖို့ သဘောတူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပါတယ်။

ချိုင်နဲ့ ဂျို ဟာ အွန်လိုင်းမှာ တွေ့ဆုံခဲ့ပြီး ချိုင်က သူ့ရဲ့စစ်မှုထမ်းအတွက် ရတဲ့လစာကို ခွဲဝေပေးမယ်ဆိုကာ လူစားဝင်ဖို့ ကမ်းလှမ်းခဲ့ပြီး နှစ်ဦး သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
မှန်ကန်တဲ့ သက်သေခံ စစ်ဆေးမှုမရှိခြင်းကြောင့် ဂျိုဟာ စက်တင်ဘာလအထိ သုံးလနီးပါးကြာတဲ့အထိ အစားထိုး စစ်မှုထမ်းခြင်းအတွက် ဖမ်းဆီး မခံခဲ့ရပါဘူး။ ချိုင်ကတော့ လက်ရှိ ဖမ်းဆီးခံထားရခြင်း မရှိသေးပေမယ့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဂျို ကတော့ စစ်တပ်က စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေးတဲ့အပြင် စစ်မှုထမ်းအတွက် လခကလည်း အရင်ထက် ပိုများတာကြောင့် ချိုင် နေရာမှာ တာဝန်ထမ်းဆောင်ဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၄ အတွင်း တောင်ကိုရီးယားစစ်တပ်ရဲ့ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ ပုဂ္ဂလိကဒုတိယတန်းစား လစဉ်လုပ်ခဟာ ဝမ် ၆၄၀,၀၀၀ ထိ ရရှိပါတယ်။ ဒီပမာဏဟာ အပြင် အနိမ့်ဆုံးလုပ်ခလစာထက် သိသိသာသာ နည်းနေပေမယ့် ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ စစ်သား အနိမ့်ဆုံးလစာ ဝမ် ၁၂၉,၄၀၀ ထက်တော့ ငါးဆထိ ပိုများလာခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် MMA ဟာ ပိုမိုတင်းကျပ်တဲ့ သက်သေခံစိစစ်တဲ့ လုပ်ငန်းစဉ်ကို ကျင့်သုံးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယားမွာ အမ်ိဳးသားတစ္ဦး အခေၾကးေငြယူၿပီး အစားထိုးဝင္ေရာက္ စစ္မႈထမ္းျခင္းေၾကာင့္ အဖမ္းခံခဲ့ရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၇

ေတာင္ကိုရီးယားမွာ အျခားလူတစ္ဦးရဲ႕မျဖစ္မေန စစ္မႈထမ္းရမယ့္ တာဝန္ကို အခေၾကးေငြယူကာ လူစားထိုး စစ္မႈထမ္းစာရင္းသြင္းခဲ့တဲ့ လူငယ္တစ္ဦးကို အာဏာပိုင္မ်ားက ဖမ္းဆီးခဲ့ပါတယ္။

ဒီလိုအျဖစ္အပ်က္ဟာ ၁၉၇၀ ခုႏွစ္ကစ စတင္ခဲ့တဲ့ စစ္ဘက္ဆိုင္ရာ လူအင္အား စီမံခန႔္ခြဲေရး (MMA) သက္တမ္းတေလွ်ာက္မွာ ပထမဆုံးျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္ ျဖစ္ပါတယ္။ ဂ်ိဳ လို႔ အမည္ရွိတဲ့ အသက္ (၂၀) ႏွစ္ အ႐ြယ္ရွိ အမ်ိဳးသားဟာ အဆိုပါ ေတာင္ကိုရီးယားရဲ႕ မျဖစ္မေန စစ္မႈထမ္း ဥပေဒမွာ ခ်ိဳးေဖာက္မႈမ်ားစြာနဲ႔ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရပါတယ္။ ဂ်ိဳ ဟာ ကိုယ္ေရးကိုယ္တာ အေထာက္အထားေတြ လိမ္လည္ၿပီး အျခားလူတစ္ဦးအစား တာဝန္ထမ္းေဆာင္ ခဲ့တယ္လို႔ ခြၽန္ေခ်ာင္း ခ႐ိုင္တရား႐ုံးက ေအာက္တိုဘာ ၁၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဂ်ိဳ ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လက ဂမ္ဝမ္ ျပည္နယ္ရွိ ေလ့က်င့္ေရးစင္တာမွာ အသက္ (၂၀)ႏွစ္အ႐ြယ္ ခ်ိဳင္ လို႔ေခၚတဲ့ အမ်ိဳးသားရဲ႕ ေနရာမွာ လူသစ္အျဖစ္ စာရင္းသြင္းဖို႔ သေဘာတူခဲ့တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေတြ႕ရွိခဲ့ပါတယ္။

ခ်ိဳင္နဲ႔ ဂ်ိဳ ဟာ အြန္လိုင္းမွာ ေတြ႕ဆုံခဲ့ၿပီး ခ်ိဳင္က သူ႔ရဲ႕စစ္မႈထမ္းအတြက္ ရတဲ့လစာကို ခြဲေဝေပးမယ္ဆိုကာ လူစားဝင္ဖို႔ ကမ္းလွမ္းခဲ့ၿပီး ႏွစ္ဦး သေဘာတူခဲ့တယ္လို႔ ဆိုပါတယ္။
မွန္ကန္တဲ့ သက္ေသခံ စစ္ေဆးမႈမရွိျခင္းေၾကာင့္ ဂ်ိဳဟာ စက္တင္ဘာလအထိ သုံးလနီးပါးၾကာတဲ့အထိ အစားထိုး စစ္မႈထမ္းျခင္းအတြက္ ဖမ္းဆီး မခံခဲ့ရပါဘူး။ ခ်ိဳင္ကေတာ့ လက္ရွိ ဖမ္းဆီးခံထားရျခင္း မရွိေသးေပမယ့္ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ိဳ ကေတာ့ စစ္တပ္က စားနပ္ရိကၡာ၊ အမိုးအကာနဲ႔ အဝတ္အထည္ေတြ ေထာက္ပံ့ေပးတဲ့အျပင္ စစ္မႈထမ္းအတြက္ လခကလည္း အရင္ထက္ ပိုမ်ားတာေၾကာင့္ ခ်ိဳင္ ေနရာမွာ တာဝန္ထမ္းေဆာင္ဖို႔ သေဘာတူခဲ့တယ္လို႔ ေျပာပါတယ္။ ၂၀၂၄ အတြင္း ေတာင္ကိုရီးယားစစ္တပ္ရဲ႕ အနိမ့္ဆုံး အဆင့္ျဖစ္တဲ့ ပုဂၢလိကဒုတိယတန္းစား လစဥ္လုပ္ခဟာ ဝမ္ ၆၄၀,၀၀၀ ထိ ရရွိပါတယ္။ ဒီပမာဏဟာ အျပင္ အနိမ့္ဆုံးလုပ္ခလစာထက္ သိသိသာသာ နည္းေနေပမယ့္ ၂၀၁၅ ခုႏွစ္က ရရွိခဲ့တဲ့ စစ္သား အနိမ့္ဆုံးလစာ ဝမ္ ၁၂၉,၄၀၀ ထက္ေတာ့ ငါးဆထိ ပိုမ်ားလာခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ေၾကာင့္ MMA ဟာ ပိုမိုတင္းက်ပ္တဲ့ သက္ေသခံစိစစ္တဲ့ လုပ္ငန္းစဥ္ကို က်င့္သုံးသြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.