တရုတ်စစ်တပ်ရဲ့ဒုံးကျည်စမ်းသပ်မှုတွေကို လေ့လာစောင့်ကြည့်နေရဟု ထိုင်ဝမ်အစိုးရပြော

 849

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့ဟာ တရုတ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ဒုံးကျည်များဆက်တိုက် စမ်းသပ် ပစ်ခတ်နေခြင်းတွေကို အနီးကပ်စောင့်ကြည့်နေပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အမြင့်ဆုံးတပ်လှန့် ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်မှာ လိုင်ချန်တေးသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုများ ဖြစ်လာ ခဲ့ရာ ထိုင်ဝမ်ကျွန်းနားမှာ တရုတ်စစ်တပ်က မကြာခဏ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
တရုတ်ဒုံးကျည်တပ်ဖွဲ့ဟာ လက်ရှိအချိန်မှာတော့ ထိုင်ဝမ်ကျွန်းကနေ မိုင်ပေါင်း ၁၂၀၀ အကွာရှိ တရုတ်နိုင်ငံ ပိုင်နက်နေရာမှာ ဒုံးကျည်တွေစမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ဒုံးကျည်တပ်ဖွဲ့ဟာ သမာရိုးကျဒုံးကျည် တွေအပြင် နျူကလီးယားဒုံးကျည်တွေ ပိုင်ဆိုင်ထားပြီး၊ လက်ရှိအချိန်မှာတော့ ဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ် နေခြင်းဖြစ်ပါတယ်။ ထိုင်ဝမ်မှာ လီချန်တေး သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့စစ်ရေး လှုပ်ရှားမှုတွေမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်ကို ခွဲထွက်ရေးသမားအဖြစ် ဝေဖန်ပြစ်တင်ထားပြီး ထိုင်ဝမ်သမ္မတအသစ် ကလည်း တရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေကို ကာကွယ်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ် ဟာ ၎င်းတို့ပိုင်နက်ဖြစ်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းမှာဖြစ်ပေမယ့် လိုအပ်ရင် အင်အားသုံးမယ်လို့ ပြောဆိုထားသလို ထိုင်ဝမ်ကတော့ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ လိုလားနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ ဟာ ထိုင်ဝမ်ကို စစ်ရေးဖိအား၊ နိုင်ငံရေးဖိအားနဲ့ ကုန်သွယ်ရေးဖိအားပေးတာတွေ မကြာခဏလုပ်ဆောင်လျက်ရှိ တယ်လို့ ထိုင်ဝမ် အစိုးရအဖွဲ့က ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။

Zawgyi Version;
တ႐ုတ္စစ္တပ္ရဲ႕ဒုံးက်ည္စမ္းသပ္မႈေတြကို ေလ့လာေစာင့္ၾကည့္ေနရဟု ထိုင္ဝမ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ၎တို႔ဟာ တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ ဒုံးက်ည္မ်ားဆက္တိုက္ စမ္းသပ္ ပစ္ခတ္ေနျခင္းေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို အျမင့္ဆုံးတပ္လွန႔္ ထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္မွာ လိုင္ခ်န္ေတးသမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ထိုင္ဝမ္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈမ်ား ျဖစ္လာ ခဲ့ရာ ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္စစ္တပ္က မၾကာခဏ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္ဒုံးက်ည္တပ္ဖြဲ႕ဟာ လက္ရွိအခ်ိန္မွာေတာ့ ထိုင္ဝမ္ကြၽန္းကေန မိုင္ေပါင္း ၁၂၀၀ အကြာရွိ တ႐ုတ္ႏိုင္ငံ ပိုင္နက္ေနရာမွာ ဒုံးက်ည္ေတြစမ္းသပ္ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ဒုံးက်ည္တပ္ဖြဲ႕ဟာ သမာ႐ိုးက်ဒုံးက်ည္ ေတြအျပင္ န်ဴကလီးယားဒုံးက်ည္ေတြ ပိုင္ဆိုင္ထားၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ ဒုံးက်ည္ေတြကို စမ္းသပ္ပစ္ခတ္ ေနျခင္းျဖစ္ပါတယ္။ ထိုင္ဝမ္မွာ လီခ်န္ေတး သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရး လႈပ္ရွားမႈေတြျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္အစိုးရက ထိုင္ဝမ္သမၼတအသစ္ကို ခြဲထြက္ေရးသမားအျဖစ္ ေဝဖန္ျပစ္တင္ထားၿပီး ထိုင္ဝမ္သမၼတအသစ္ ကလည္း တ႐ုတ္ႏိုင္ငံရဲ႕ဖိအားေပးမႈေတြကို ကာကြယ္တုံ႔ျပန္မယ္လို႔ ေျပာဆိုထားပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ ဟာ ၎တို႔ပိုင္နက္ျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းမွာျဖစ္ေပမယ့္ လိုအပ္ရင္ အင္အားသုံးမယ္လို႔ ေျပာဆိုထားသလို ထိုင္ဝမ္ကေတာ့ ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ လိုလားေနေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံ ဟာ ထိုင္ဝမ္ကို စစ္ေရးဖိအား၊ ႏိုင္ငံေရးဖိအားနဲ႔ ကုန္သြယ္ေရးဖိအားေပးတာေတြ မၾကာခဏလုပ္ေဆာင္လ်က္ရွိ တယ္လို႔ ထိုင္ဝမ္ အစိုးရအဖြဲ႕က ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.