တရုတ်က အမေရိကန်၏ စစ်လက်နက်ထုတ်ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့

 1387

ALynn (NP News) - ဇူလိုင် ၁၃

ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်သည့် အမေရိကန်စစ်ဘက်ဆိုင်ရာလုပ်ငန်းကြီး ခြောက်ခုကို တရုတ်နိုင်ငံ တွင် နာမည်ပျက်စာရင်းသွင်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ကြေညာခဲ့သည်။
“တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို လက်နက်တွေ ထပ်မံရောင်းချမယ်လို့ အမေရိကန်က မကြာသေးမီက ကြေညာခဲ့ပါ တယ်။ ၎င်းက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကာ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေကြောင်း” ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် Anduril၊ AEVEX Aerospace၊ LKD Aerospace၊ Maritime Tactical Systems၊ Pacific Rim Defense နှင့် Pinnacle Technology ကုမ္ပဏီ ၆ ခုတို့၏ ပိုင်ဆိုင်ခွင့်အားလုံးကို နိုင်ငံအတွင်း ရပ်တန့်သွားမည်ဖြစ်သည်။ ထို့ပြင် Anduril နှင့် AEVEX ၏ အမှုဆောင် ငါးဦးကိုလည်း ပုဂ္ဂိုလ်ရေးအရ ဒဏ်ခတ် အရေးယူထားသည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုတွင် ယင်းကုမ္ပဏီများ နှင့် စီးပွားရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (သို့မဟုတ်) တရုတ်နိုင်ငံတွင် နေထိုင်သူ မည်သူမဆို ဟောင်ကောင်နှင့် မကာအို အပါအဝင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခြင်းခံရမည်ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့ထားသော ကုမ္ပဏီခြောက်ခုသည် ပျံသန်းခြင်းနှင့် ရေကြောင်းသွားလာရေး နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် ဒရုန်းများကို ထုတ်လုပ်သည်။ လွန်ခဲ့သည့်လက ဝါရှင်တန်သည် ထိုင်ပေသို့ ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ ဒရုန်းများနှင့် နည်းပညာများကို ရောင်းချရန် သဘောတူညီချက်တစ်ရပ်ကို ကြေညာခဲ့သည်။ ထို့ကြောင့် ဘေဂျင်းသည် ပင်တဂွန်ကန်ထရိုက်တာများထဲမှ အကြီးဆုံးတစ်ခုဖြစ်သည့် Lockheed Martin ကို ပိတ်ဆို့ အရေးယူထားပြီးဖြစ်သည်။

ပြည်တွင်းစစ်တွင် ကွန်မြူနစ်များ အောင်ပွဲခံပြီးနောက် ၁၉၄၉ ခုနှစ်တွင် တရုတ်ကူမင်တန် အင်အားစုများက ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ကြသည်။ ဝါရှင်တန်သည် ၁၉၇၉ ခုနှစ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် အသိအမှတ် မပြုမီအထိ ထိုင်ဝမ်ကျွန်း၏အစိုးရကို 'တရုတ်သမ္မတနိုင်ငံ' အဖြစ် အသိအမှတ်ပြုခဲ့သည်။ 'တရုတ်တစ်နိုင်ငံတည်း' မူဝါဒကို အသိအမှတ်ပြုသည့်တိုင် အမေရိကန်သည် တရုတ်ပြည်မကြီးမှ ကျူးကျော်ဝင်ရောက်မှုကို ဟန့်တားရန် အတွက် တိုင်ပေကို လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် စက်ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးခဲ့သည်။ အမေရိကန်သည် အနောက်နိုင်ငံဈေးကွက်များအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် Chip ပြားများ ၏ အဓိကအရင်း အမြစ်ဖြစ်သည့် ထိုင်ဝမ်ကျွန်းနှင့် အလွတ်သဘော သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားသည်။ ပြည်မကြီး၏တရားဝင်မူဝါဒသည် ထိုင်ဝမ်အား ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ဖြစ်သည်။

Zawgyi Version;
တ႐ုတ္က အေမရိကန္၏ စစ္လက္နက္ထုတ္ကုမၸဏီ ၆ ခုကို အေရးယူပိတ္ဆို႔
ALynn (NP News) - ဇူလိုင္ ၁၃

ထိုင္ဝမ္သို႔ လက္နက္ေရာင္းခ်မႈတြင္ ပါဝင္သည့္ အေမရိကန္စစ္ဘက္ဆိုင္ရာလုပ္ငန္းႀကီး ေျခာက္ခုကို တ႐ုတ္ႏိုင္ငံ တြင္ နာမည္ပ်က္စာရင္းသြင္းထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေသာၾကာေန႔ (ဇူလိုင္လ ၁၂ ရက္) တြင္ ေၾကညာခဲ့သည္။
“တ႐ုတ္ႏိုင္ငံ ထိုင္ဝမ္ေဒသကို လက္နက္ေတြ ထပ္မံေရာင္းခ်မယ္လို႔ အေမရိကန္က မၾကာေသးမီက ေၾကညာခဲ့ပါ တယ္။ ၎က တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို ျပင္းထန္စြာ ခ်ိဳးေဖာက္ျခင္းျဖစ္ကာ ႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေနျခင္းျဖစ္သလို တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိခိုက္ေစေၾကာင္း” ဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည္။
အေမရိကန္၏ လုပ္ရပ္ကို တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ Anduril၊ AEVEX Aerospace၊ LKD Aerospace၊ Maritime Tactical Systems၊ Pacific Rim Defense ႏွင့္ Pinnacle Technology ကုမၸဏီ ၆ ခုတို႔၏ ပိုင္ဆိုင္ခြင့္အားလုံးကို ႏိုင္ငံအတြင္း ရပ္တန႔္သြားမည္ျဖစ္သည္။ ထို႔ျပင္ Anduril ႏွင့္ AEVEX ၏ အမႈေဆာင္ ငါးဦးကိုလည္း ပုဂၢိဳလ္ေရးအရ ဒဏ္ခတ္ အေရးယူထားသည္။
အဆိုပါ ပိတ္ဆို႔အေရးယူမႈတြင္ ယင္းကုမၸဏီမ်ား ႏွင့္ စီးပြားေရးလုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား (သို႔မဟုတ္) တ႐ုတ္ႏိုင္ငံတြင္ ေနထိုင္သူ မည္သူမဆို ေဟာင္ေကာင္ႏွင့္ မကာအို အပါအဝင္ တ႐ုတ္ႏိုင္ငံသို႔ ဝင္ေရာက္ရန္ ျပည္ဝင္ခြင့္ ဗီဇာ ျငင္းပယ္ျခင္းခံရမည္ျဖစ္သည္။

ဒဏ္ခတ္ပိတ္ဆို႔ထားေသာ ကုမၸဏီေျခာက္ခုသည္ ပ်ံသန္းျခင္းႏွင့္ ေရေၾကာင္းသြားလာေရး ႏွစ္မ်ိဳးစလုံးတြင္ အသုံးျပဳႏိုင္သည့္ ဒ႐ုန္းမ်ားကို ထုတ္လုပ္သည္။ လြန္ခဲ့သည့္လက ဝါရွင္တန္သည္ ထိုင္ေပသို႔ ေဒၚလာ သန္း ၃၆၀ တန္ဖိုးရွိ ဒ႐ုန္းမ်ားႏွင့္ နည္းပညာမ်ားကို ေရာင္းခ်ရန္ သေဘာတူညီခ်က္တစ္ရပ္ကို ေၾကညာခဲ့သည္။ ထို႔ေၾကာင့္ ေဘဂ်င္းသည္ ပင္တဂြန္ကန္ထ႐ိုက္တာမ်ားထဲမွ အႀကီးဆုံးတစ္ခုျဖစ္သည့္ Lockheed Martin ကို ပိတ္ဆို႔ အေရးယူထားၿပီးျဖစ္သည္။

ျပည္တြင္းစစ္တြင္ ကြန္ျမဴနစ္မ်ား ေအာင္ပြဲခံၿပီးေနာက္ ၁၉၄၉ ခုႏွစ္တြင္ တ႐ုတ္ကူမင္တန္ အင္အားစုမ်ားက ထိုင္ဝမ္သို႔ ထြက္ေျပးခဲ့ၾကသည္။ ဝါရွင္တန္သည္ ၁၉၇၉ ခုႏွစ္တြင္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံအျဖစ္ အသိအမွတ္ မျပဳမီအထိ ထိုင္ဝမ္ကြၽန္း၏အစိုးရကို 'တ႐ုတ္သမၼတႏိုင္ငံ' အျဖစ္ အသိအမွတ္ျပဳခဲ့သည္။ 'တ႐ုတ္တစ္ႏိုင္ငံတည္း' မူဝါဒကို အသိအမွတ္ျပဳသည့္တိုင္ အေမရိကန္သည္ တ႐ုတ္ျပည္မႀကီးမွ က်ဴးေက်ာ္ဝင္ေရာက္မႈကို ဟန႔္တားရန္ အတြက္ တိုင္ေပကို လက္နက္မ်ား၊ ခဲယမ္းမီးေက်ာက္မ်ားႏွင့္ စက္ပစၥည္းမ်ားကို ဆက္လက္ေထာက္ပံ့ေပးခဲ့သည္။ အေမရိကန္သည္ အေနာက္ႏိုင္ငံေဈးကြက္မ်ားအတြက္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းႏွင့္ Chip ျပားမ်ား ၏ အဓိကအရင္း အျမစ္ျဖစ္သည့္ ထိုင္ဝမ္ကြၽန္းႏွင့္ အလြတ္သေဘာ သံတမန္ေရးႏွင့္ စီးပြားေရးဆိုင္ရာဆက္ဆံေရးကိုလည္း ထိန္းသိမ္းထားသည္။ ျပည္မႀကီး၏တရားဝင္မူဝါဒသည္ ထိုင္ဝမ္အား ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရး ျဖစ္သည္။

Related news

© 2021. All rights reserved.