မြောက်ပိုင်းသုံးဖွဲ့နှင့်ပတ်သက်၍ ပြတ်သားသော ကြေညာချက်တစ်စောင် ပါတီ(၂၃)ခု ထုတ်ပြန်သတိပေး

 12820

မြူနစ် (NP News) - ဇူလိုင် ၁၃

ရှမ်းမြောက်လက်နက်ကိုင်(၃)ဖွဲ့မှခေါင်းဆောင်များအပါအဝင်အကြမ်း ဖက်သမားများ၏ နိုင်ငံတကာရှိ ပိုင်ဆိုင်မှုများကို ကန့်သတ်ထိန်းချုပ်နိုင်ရေးလုပ်ဆောင်ရန် နစကကို နိုင်ငံရေးပါတီများက တိုက်တွန်းထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၃)ပါတီက ယခုရက်ပိုင်းအတွင်း၌ သဘောထားကြေညာထုတ်ပြန်ကာ အထက်ပါကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သော MNDAA၊ TNLA နှင့် AA တို့ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေများအတွင်း၌ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် အကြမ်း ဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ပါတီများက ဆိုသည်။

ထို့နောက် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နှင့်အတူ ဆက်စပ်ကူညီကာ ပါဝင်ပတ်သက်နေသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ ၁၀၂၇ ဒုတိယလှိုင်း အမည်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ၂၀၂၄ ခုနှစ် ဇွန်လ၌ ထပ်မံလုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် အထက်ပါအကြမ်းဖက်သောင်း ကျန်းသူအဖွဲ့အစည်းများက အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ရေးပစ် မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများကို လက်နက် ကြီးအပါအဝင် Drop ဗုံးများဖြင့် ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ထိုအဖွဲ့အစည်းများသည် ယင်းတို့နှင့် လူမျိုးမတူသည့် တိုင်းရင်းသားမျိုးနွယ်စုများကိုလည်း ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ ခြိမ်း ခြောက်နှင်ထုတ်သည့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း ပါတီများ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)၏ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသော "နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်"ဟူသော ပြဋ္ဌာန်းချက်ကို ချိုးဖောက်နေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ရှုမြင်ကြသည်။

ထို့ကြောင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် MNDAA၊ TNLA၊ AA အပါအဝင် ၎င်းတို့နှင့် ဆက်စပ်ကူညီပေးနေသည့် အဖွဲ့အစည်းများအားလုံးကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ပါတီများက သဘောထား ထုတ်ပြန်ထားသည်။ ထို့ပြင်နိုင်ငံရေးပါတီများက အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများကို အကြမ်းဖက်အုပ်စုများအဖြစ် နိုင်ငံတွင်း၌ သာမက နိုင်ငံတကာကပါ သိရှိလက်ခံနိုင်ရေး လက်ရှိ အစိုးရက ဆောင်ရွက်သွားရန်လည်း အကြံပြုတိုက်တွန်းထားသည်။

"ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက အကြမ်း ဖက်သောင်းကျန်းသူတွေနဲ့ပတ်သက်ပြီးတော့ သုံးသပ်ထားတဲ့ဟာကို သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းတွေက အဲဒီသောင်းကျန်းသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံအတွင်းမှာ သာမက နိုင်ငံတကာပါ သိရှိနိုင်အောင် ဆက်လက် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းတာ။ နောက်ပြီးတော့ အဲဒီလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ သူတို့ ရဲ့ခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေ အဖြစ် ကြေညာပြီးတော့ သက်ဆိုင်ရာအာဆီယံ၊ နိုင် ငံတကာရဲတပ်ဖွဲ့တို့နဲ့ဆက်သွယ်ပြီးတော့ သူတို့ရဲ့တခြားနိုင်ငံမှာရှိနေတဲ့ ဥစ္စာပစ္စည်းတွေကို ကန့်သတ်တာမျိုးတွေ၊ ပြီးတော့ သူတို့ရဲ့အဆက်အသွယ်တွေကို ကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်နိုင်အောင် တိုက်တွန်းတာပါ။ ပါတီတွေအနေနဲ့ ကတော့ အစိုးရမဟုတ်တဲ့အတွက် အစိုးရကို တိုက် တွန်းတဲ့ဟာပဲ လုပ်နိုင်တာ}ဟု အမျိုးသားဒီမိုကရေ စီပါတီသစ်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကို ပြောသည်။

ပြည်ပနိုင်ငံအချို့တွင် MNDAA၊ TNLA၊ AA ခေါင်းဆောင်များ၏ ဘဏ်စာရင်းများရှိနေပြီး ၎င်းတို့ကို ကန့်သတ်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်သွားရန်လည်း ဦးခိုင်မင်းက ဆက်လက်ပြောသည်။ "နိုင်ငံတကာမှာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ရှိနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုးကန့်တို့၊ TNLA တို့၊ AA တို့က သူတို့ရဲ့ဘဏ်စာရင်းတွေက တရုတ်ပြည်မှာရှိတာပဲ။ အဓိကတော့ အဲဒါကို ရည်òန်းချင်တာပေါ့။ သူတို့ခေါင်းဆောင်ပိုင်း တွေက အဲဒီမှာပဲထားကြတာများတာကို။ တရုတ်နယ်စပ်နဲ့လည်း ဆက်စပ်နေတာကို။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တုန်းက ပထမတစ်ကြိမ် ကိုးကန့်စစ်ပွဲတုန်းက ဒီကိုးကန့်ခေါင်းဆောင်တွေရဲ့ တရုတ်ပြည်မှာရှိတဲ့ ဘဏ်စာရင်းတွေကို ပိတ်ပေးဖူးတာရှိခဲ့ဖူးတယ်။ အဲဒီဖြစ်စဉ်မျိုးကို ရည်ရွယ်တာပေါ့"ဟု ၎င်းက ထပ်မံပြောသည်။

လတ်တလောကာလတွင်TNLA၊ MNDAA ပူးပေါင်းအဖွဲ့တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်နေလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများမှာ မြင့်တက်နေလျက်ရှိသည်။

zawgyi version
ေျမာက္ပိုင္းသုံးဖြဲ႕ႏွင့္ပတ္သက္၍ ျပတ္သားေသာ ေၾကညာခ်က္တစ္ေစာင္ ပါတီ(၂၃)ခု ထုတ္ျပန္သတိေပး
ျမဴနစ္ (NP News) - ဇူလိုင္ ၁၃

ရွမ္းေျမာက္လက္နက္ကိုင္(၃)ဖြဲ႕မွေခါင္းေဆာင္မ်ားအပါအဝင္အၾကမ္း ဖက္သမားမ်ား၏ ႏိုင္ငံတကာရွိ ပိုင္ဆိုင္မႈမ်ားကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေရးလုပ္ေဆာင္ရန္ နစကကို ႏိုင္ငံေရးပါတီမ်ားက တိုက္တြန္းထားသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ (၂၃)ပါတီက ယခုရက္ပိုင္းအတြင္း၌ သေဘာထားေၾကညာထုတ္ျပန္ကာ အထက္ပါကဲ့သို႔ တိုက္တြန္းထားျခင္းျဖစ္သည္။

ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ျဖစ္ေသာ MNDAA၊ TNLA ႏွင့္ AA တို႔ သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလအတြင္းမွစတင္ကာ ရွမ္းျပည္နယ္ေျမာက္ပိုင္းနယ္ေျမမ်ားအတြင္း၌ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ အၾကမ္း ဖက္တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ဟု ပါတီမ်ားက ဆိုသည္။

ထို႔ေနာက္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ႏွင့္အတူ ဆက္စပ္ကူညီကာ ပါဝင္ပတ္သက္ေနသည့္ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ အပစ္အခတ္ရပ္စဲထားမႈကို အခြင့္ေကာင္းယူ၍ ၁၀၂၇ ဒုတိယလႈိင္း အမည္ျဖင့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို ၂၀၂၄ ခုႏွစ္ ဇြန္လ၌ ထပ္မံလုပ္ေဆာင္လာခဲ့သည္ဟု ဆိုသည္။ လက္ရွိတြင္ အထက္ပါအၾကမ္းဖက္ေသာင္း က်န္းသူအဖြဲ႕အစည္းမ်ားက အျပစ္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ျခင္း၊ စစ္ေရးပစ္ မွတ္မဟုတ္ေသာ အမ်ားျပည္သူေနထိုင္ရာ ၿမိဳ႕ႀကီးမ်ားကို လက္နက္ ႀကီးအပါအဝင္ Drop ဗုံးမ်ားျဖင့္ ပစ္ခတ္ျခင္းတို႔ကို လုပ္ေဆာင္ေနေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ထိုအဖြဲ႕အစည္းမ်ားသည္ ယင္းတို႔ႏွင့္ လူမ်ိဳးမတူသည့္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားကိုလည္း ထိန္းခ်ဳပ္ထားသည့္ နယ္ေျမအတြင္းမွ ၿခိမ္း ေျခာက္ႏွင္ထုတ္သည့္လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း ပါတီမ်ား၏ သေဘာထားထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အဆိုပါ အဖြဲ႕အစည္းမ်ားသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀ဝ၈ ခုႏွစ္)၏ ပုဒ္မ ၃၅၅ တြင္ ျပ႒ာန္းထားေသာ "ႏိုင္ငံသားတိုင္းသည္ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္အတြင္း မည္သည့္အရပ္ေဒသ၌မဆို ဥပေဒႏွင့္အညီ အေျခစိုက္ေနထိုင္ခြင့္ရွိသည္"ဟူေသာ ျပ႒ာန္းခ်က္ကို ခ်ိဳးေဖာက္ေနျခင္းသာ ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားက ရႈျမင္ၾကသည္။

ထို႔ေၾကာင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ရွိသည့္ MNDAA၊ TNLA၊ AA အပါအဝင္ ၎တို႔ႏွင့္ ဆက္စပ္ကူညီေပးေနသည့္ အဖြဲ႕အစည္းမ်ားအားလုံးကို လုံးဝလက္မခံဘဲ ဆန႔္က်င္ကန႔္ကြက္ေၾကာင္း ပါတီမ်ားက သေဘာထား ထုတ္ျပန္ထားသည္။ ထို႔ျပင္ႏိုင္ငံေရးပါတီမ်ားက အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို အၾကမ္းဖက္အုပ္စုမ်ားအျဖစ္ ႏိုင္ငံတြင္း၌ သာမက ႏိုင္ငံတကာကပါ သိရွိလက္ခံႏိုင္ေရး လက္ရွိ အစိုးရက ေဆာင္႐ြက္သြားရန္လည္း အႀကံျပဳတိုက္တြန္းထားသည္။

"ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြက အၾကမ္း ဖက္ေသာင္းက်န္းသူေတြနဲ႔ပတ္သက္ၿပီးေတာ့ သုံးသပ္ထားတဲ့ဟာကို သက္ဆိုင္ရာအစိုးရအဖြဲ႕ အစည္းေတြက အဲဒီေသာင္းက်န္းသူေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို ႏိုင္ငံအတြင္းမွာ သာမက ႏိုင္ငံတကာပါ သိရွိႏိုင္ေအာင္ ဆက္လက္ ေဆာင္႐ြက္ႏိုင္ဖို႔ တိုက္တြန္းတာ။ ေနာက္ၿပီးေတာ့ အဲဒီလိုမ်ိဳး အၾကမ္းဖက္အဖြဲ႕အစည္းေတြရဲ႕ သူတို႔ ရဲ႕ေခါင္းေဆာင္ေတြကို အၾကမ္းဖက္သမားေတြ အျဖစ္ ေၾကညာၿပီးေတာ့ သက္ဆိုင္ရာအာဆီယံ၊ ႏိုင္ ငံတကာရဲတပ္ဖြဲ႕တို႔နဲ႔ဆက္သြယ္ၿပီးေတာ့ သူတို႔ရဲ႕တျခားႏိုင္ငံမွာရွိေနတဲ့ ဥစၥာပစၥည္းေတြကို ကန႔္သတ္တာမ်ိဳးေတြ၊ ၿပီးေတာ့ သူတို႔ရဲ႕အဆက္အသြယ္ေတြကို ကန႔္သတ္ထိန္းခ်ဳပ္တာမ်ိဳးေတြ လုပ္ႏိုင္ေအာင္ တိုက္တြန္းတာပါ။ ပါတီေတြအေနနဲ႔ ကေတာ့ အစိုးရမဟုတ္တဲ့အတြက္ အစိုးရကို တိုက္ တြန္းတဲ့ဟာပဲ လုပ္ႏိုင္တာ}ဟု အမ်ိဳးသားဒီမိုကေရ စီပါတီသစ္မွ ဒုတိယဥကၠ႒ ဦးခိုင္မင္းက NP News ကို ေျပာသည္။

ျပည္ပႏိုင္ငံအခ်ိဳ႕တြင္ MNDAA၊ TNLA၊ AA ေခါင္းေဆာင္မ်ား၏ ဘဏ္စာရင္းမ်ားရွိေနၿပီး ၎တို႔ကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေရး လုပ္ေဆာင္သြားရန္လည္း ဦးခိုင္မင္းက ဆက္လက္ေျပာသည္။ "ႏိုင္ငံတကာမွာ သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြ ရွိႏိုင္တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုးကန႔္တို႔၊ TNLA တို႔၊ AA တို႔က သူတို႔ရဲ႕ဘဏ္စာရင္းေတြက တ႐ုတ္ျပည္မွာရွိတာပဲ။ အဓိကေတာ့ အဲဒါကို ရည္òန္းခ်င္တာေပါ့။ သူတို႔ေခါင္းေဆာင္ပိုင္း ေတြက အဲဒီမွာပဲထားၾကတာမ်ားတာကို။ တ႐ုတ္နယ္စပ္နဲ႔လည္း ဆက္စပ္ေနတာကို။ သမၼတႀကီး ဦးသိန္းစိန္လက္ထက္တုန္းက ပထမတစ္ႀကိမ္ ကိုးကန႔္စစ္ပြဲတုန္းက ဒီကိုးကန႔္ေခါင္းေဆာင္ေတြရဲ႕ တ႐ုတ္ျပည္မွာရွိတဲ့ ဘဏ္စာရင္းေတြကို ပိတ္ေပးဖူးတာရွိခဲ့ဖူးတယ္။ အဲဒီျဖစ္စဥ္မ်ိဳးကို ရည္႐ြယ္တာေပါ့"ဟု ၎က ထပ္မံေျပာသည္။

လတ္တေလာကာလတြင္TNLA၊ MNDAA ပူးေပါင္းအဖြဲ႕တို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ လားရႈိးၿမိဳ႕တို႔တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ေနလ်က္ရွိၿပီး ယင္းတိုက္ပြဲမ်ားေၾကာင့္ အရပ္သားျပည္သူထိခိုက္ေသဆုံးမႈမ်ားမွာ ျမင့္တက္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.