ယူကရိန်း၏ သမ္မတပူတင်အပေါ် လုပ်ကြံရန်ခြိမ်းခြောက်မှုများအား ရုရှားတုံ့ပြန်

 1354

ALynn (NP News) - ဇူလိုင် ၁၄

ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “ရုရှားသည် သမ္မတဗလာဒီမာပူတင် အား လုပ်ကြံရန် ခြိမ်းခြောက်မှုများ အပါအဝင် ယူကရိန်းအစိုးရထံမှလာသောအန္တရာယ်များကို သတိပြုမိကြောင်း” ပြောကြားခဲ့သည်။ ယူကရိန်းထောက်လှမ်းရေးဦးစီးဌာန၏ အကြီးအကဲဖြစ်သော Kirill Budanov က မကြာသေးမီ က အင်တာဗျူးတစ်ခုအတွင်း ရုရှားခေါင်းဆောင်ကို ခြိမ်းခြောက်သော မှတ်ချက်များအပေါ်အခြေခံ၍ ပြောရေး ဆိုခွင့်ရှိသူက ထိုသို့ ထုတ်ဖော် ပြောကြားလာခြင်းဖြစ်သည်။ မော်စကိုသည်ခြိမ်းခြောက်မှုများကို သတိပြုမိပြီး ကြိုတင်အစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု Peskov က ပြေကြားခဲ့သည်။

“ကိယက်ဗ်မှလာသည့် ခြိမ်းခြောက်မှုအားလုံးမှာ ထင်ရှားကြောင်း၊ ထို့ကြောင့် ရုရှားသမ္မတ၏ လုံခြုံရေးကို သင့်လျော်သောအဆင့်တွင် အသင့်ပြင်ဆင်ထားကြောင်း” ပြောရေးဆိုခွင့်ရှိသူက စနေနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ရုရှားမီဒီယာများထံ ပြောကြားခဲ့သည်။

မော်စကို၏ အကြမ်းဖက်သမားများနှင့် အစွန်းရောက်စာရင်းတွင်ပါဝင်သည့် Budanov က “ကိယက်ဗ်သည် ရုရှားသမ္မတအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေကြောင်း၊ ၎င်းအား ရုရှားသမ္မတကို လုပ်ကြံရန် စေခိုင်းခဲ့ ကြောင်း” အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ထပ်သတင်းအချက် အလက်များကိုမူ ထပ်မံဖော်ပြခဲ့ခြင်းမရှိပါ။
ရုရှား-ယူကရိန်းပဋိပက္ခအတွင်း အနောက်တိုင်းမီဒီယာများက ပူတင်၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်၍ မကြာခဏဖော်ပြခဲ့သည်။ ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလက ဗြိတိန်မီဒီယာတစ်ခုဖြစ်သည့် The Sun က ရုရှားသမ္မတ၏ မော်တော်ယာဉ်တန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် အစောပိုင်းကလည်း ဂျာမန်မီဒီယာတစ်ခုက ရုရှားသမ္မတသည် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ထုတ် ရေးသားခဲ့သည်။ ထိုအချိန်က ကရင်မလင်သည် ထိုသို့သောသတင်းအချက်အလက်များကို အခြေအမြစ်မရှိ ကြောင်း ဖော်ပြ၍ ပယ်ချခဲ့သည်။

Zawgyi Version;
ယူကရိန္း၏ သမၼတပူတင္အေပၚ လုပ္ႀကံရန္ၿခိမ္းေျခာက္မႈမ်ားအား ႐ုရွားတုံ႔ျပန္
ALynn (NP News) - ဇူလိုင္ ၁၄

ကရင္မလင္နန္းေတာ္ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က “႐ုရွားသည္ သမၼတဗလာဒီမာပူတင္ အား လုပ္ႀကံရန္ ၿခိမ္းေျခာက္မႈမ်ား အပါအဝင္ ယူကရိန္းအစိုးရထံမွလာေသာအႏၲရာယ္မ်ားကို သတိျပဳမိေၾကာင္း” ေျပာၾကားခဲ့သည္။ ယူကရိန္းေထာက္လွမ္းေရးဦးစီးဌာန၏ အႀကီးအကဲျဖစ္ေသာ Kirill Budanov က မၾကာေသးမီ က အင္တာဗ်ဴးတစ္ခုအတြင္း ႐ုရွားေခါင္းေဆာင္ကို ၿခိမ္းေျခာက္ေသာ မွတ္ခ်က္မ်ားအေပၚအေျခခံ၍ ေျပာေရး ဆိုခြင့္ရွိသူက ထိုသို႔ ထုတ္ေဖာ္ ေျပာၾကားလာျခင္းျဖစ္သည္။ ေမာ္စကိုသည္ၿခိမ္းေျခာက္မႈမ်ားကို သတိျပဳမိၿပီး ႀကိဳတင္အစီအမံမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိသည္ဟု Peskov က ေျပၾကားခဲ့သည္။

“ကိယက္ဗ္မွလာသည့္ ၿခိမ္းေျခာက္မႈအားလုံးမွာ ထင္ရွားေၾကာင္း၊ ထို႔ေၾကာင့္ ႐ုရွားသမၼတ၏ လုံၿခဳံေရးကို သင့္ေလ်ာ္ေသာအဆင့္တြင္ အသင့္ျပင္ဆင္ထားေၾကာင္း” ေျပာေရးဆိုခြင့္ရွိသူက စေနေန႔ (ဇူလိုင္လ ၁၃ ရက္) တြင္ ႐ုရွားမီဒီယာမ်ားထံ ေျပာၾကားခဲ့သည္။

ေမာ္စကို၏ အၾကမ္းဖက္သမားမ်ားႏွင့္ အစြန္းေရာက္စာရင္းတြင္ပါဝင္သည့္ Budanov က “ကိယက္ဗ္သည္ ႐ုရွားသမၼတအား လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းေနေၾကာင္း၊ ၎အား ႐ုရွားသမၼတကို လုပ္ႀကံရန္ ေစခိုင္းခဲ့ ေၾကာင္း” အင္တာဗ်ဴးတစ္ခုတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေနာက္ထပ္သတင္းအခ်က္ အလက္မ်ားကိုမူ ထပ္မံေဖာ္ျပခဲ့ျခင္းမရွိပါ။
႐ုရွား-ယူကရိန္းပဋိပကၡအတြင္း အေနာက္တိုင္းမီဒီယာမ်ားက ပူတင္၏ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရမႈႏွင့္ ပတ္သက္၍ မၾကာခဏေဖာ္ျပခဲ့သည္။ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလက ၿဗိတိန္မီဒီယာတစ္ခုျဖစ္သည့္ The Sun က ႐ုရွားသမၼတ၏ ေမာ္ေတာ္ယာဥ္တန္းအနီးတြင္ ေပါက္ကြဲမႈျဖစ္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ ထို႔ျပင္ ၂၀၂၃ ခုႏွစ္ အေစာပိုင္းကလည္း ဂ်ာမန္မီဒီယာတစ္ခုက ႐ုရွားသမၼတသည္ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံခဲ့ရေၾကာင္း ေဖာ္ထုတ္ ေရးသားခဲ့သည္။ ထိုအခ်ိန္က ကရင္မလင္သည္ ထိုသို႔ေသာသတင္းအခ်က္အလက္မ်ားကို အေျခအျမစ္မရွိ ေၾကာင္း ေဖာ္ျပ၍ ပယ္ခ်ခဲ့သည္။

Related news

© 2021. All rights reserved.