အီရတ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော တူကီယဲ၏ နောက်ဆုံးစစ်ဆင်ရေးကို မကြာခင် အဆုံးသတ်သွားတော့မည်ဖြစ်ကြောင်း သမ္မတအာဒိုဂန်ပြော

 1082

ALynn (NP News) - ဇူလိုင် ၁၄

အီရတ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော တူကီယဲ၏ နောက်ဆုံးစစ်ဆင်ရေးကို မကြာမီအဆုံးသတ် တော့မည်ဟု သမ္မတအာဒိုဂန်က ပြောကြားခဲ့သည်။ စနေနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် စစ်ဘက်အကယ်ဒမီကျောင်းတွင် ဘွဲ့ရ စစ်သည်များအား မိန့်ခွန်းပြောရာတွင် အာဒိုဂန်သည် “၂၀၂၂ ခုနှစ်၊ ဧပြီလက စတင်ခဲ့သော Claw-Lock အမည်ရှိ စစ်ဆင်ရေးသည် အောင်မြင်သွားပြီဖြစ်ကြောင်း၊ ကာ့ဒ်တိုက်ခိုက်ရေးသမားများအနေဖြင့် တူကီယဲနိုင်ငံ၏ နယ်နိမိတ်အတွင်း လှုပ်ရှားရဲတော့မည်မဟုတ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

တူရကီခေါင်းဆောင်က စစ်ဆင်ရေးအဆုံးသတ်အတွက် အချိန်အတိအကျကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါ။ ထို့ပြင် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ စစ်မြေပြင်အခြေအနေများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ခြင်း မရှိပါ။ ပြီးခဲ့သည့်လများအတွင်းက ၎င်းနယ်မြေများတွင် တူကီယဲက လေကြောင်းစစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ တူကီယဲတပ်ဖွဲ့များသည် အီရတ်အခြေစိုက် Kurk Kurk Workers ပါတီ (PKK) ၏ လက်နက် ကိုင်အဖွဲ့များကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ အမေရိကန်နှင့်အီးယူက PKK အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထားသည်။ ၎င်းအဖွဲ့သည် ၁၉၈၄ ခုနှစ်တွင်တူကီယဲအစိုးရကို ပထမဆုံး အကြိမ် လက်နက်စွဲ ကိုင် တော်လှန်ခဲ့သည်။

ထို့နောက် တူကီယဲအစိုးရသည် အီရတ်မြောက်ပိုင်းတွင် ခြေကုပ်ယူထားသော PKK တို့ကို ၁၉၉ဝ ပြည့်နှစ်များ အလယ်လောက်ကစ၍ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားနိုင်ငံသို့ပါ စစ်ဆင်ရေးက ကျယ်ပြန့်လာခဲ့သည်။ ထိုစစ်ဆင်ရေးများသည် ကာ့ဒ်လက်နက်ကိုင်အဖွဲ့များနှင့် ISIS စစ်သွေးကြွအုပ်စုများကို ပစ်မှတ်ထားကြောင်းသိရသည်။ ဆယ်စုနှစ်များအတွင်း ၎င်းစစ်ဆင်ရေးကြောင့် လူ ၄၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ ပြီး အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ် Zakho ခရိုင်ရှိ အပန်းဖြေစခန်းတစ်ခုတွင် ၂ဝ၂၂ ခုနှစ် ဇူလိုင်လက တူကီယဲတို့၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ခရီးသွား ၈ ဦး သေဆုံးခဲ့ရသည်။
ဆီးရီးယားတွင် တူကီယဲတပ်ဖွဲ့များသည် PKK ၏ အခွဲတစ်ခုအဖြစ် သတ်မှတ်ထားသည့် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPG) နှင့် ကာ့ဒ်လူမျိုးများဦးဆောင်သော အမေရိကန်မဟာမိတ် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

Zawgyi Version;
အီရတ္ေျမာက္ပိုင္းတြင္ ဆင္ႏႊဲေနေသာ တူကီယဲ၏ ေနာက္ဆုံးစစ္ဆင္ေရးကို မၾကာခင္ အဆုံးသတ္သြားေတာ့မည္ျဖစ္ေၾကာင္း သမၼတအာဒိုဂန္ေျပာ
ALynn (NP News) - ဇူလိုင္ ၁၄

အီရတ္ေျမာက္ပိုင္းတြင္ ဆင္ႏႊဲေနေသာ တူကီယဲ၏ ေနာက္ဆုံးစစ္ဆင္ေရးကို မၾကာမီအဆုံးသတ္ ေတာ့မည္ဟု သမၼတအာဒိုဂန္က ေျပာၾကားခဲ့သည္။ စေနေန႔ (ဇူလိုင္လ ၁၃ ရက္) တြင္ စစ္ဘက္အကယ္ဒမီေက်ာင္းတြင္ ဘြဲ႕ရ စစ္သည္မ်ားအား မိန႔္ခြန္းေျပာရာတြင္ အာဒိုဂန္သည္ “၂၀၂၂ ခုႏွစ္၊ ဧၿပီလက စတင္ခဲ့ေသာ Claw-Lock အမည္ရွိ စစ္ဆင္ေရးသည္ ေအာင္ျမင္သြားၿပီျဖစ္ေၾကာင္း၊ ကာ့ဒ္တိုက္ခိုက္ေရးသမားမ်ားအေနျဖင့္ တူကီယဲႏိုင္ငံ၏ နယ္နိမိတ္အတြင္း လႈပ္ရွားရဲေတာ့မည္မဟုတ္ေၾကာင္း” ထည့္သြင္း ေျပာၾကားခဲ့သည္။

တူရကီေခါင္းေဆာင္က စစ္ဆင္ေရးအဆုံးသတ္အတြက္ အခ်ိန္အတိအက်ကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါ။ ထို႔ျပင္ အီရတ္ေျမာက္ပိုင္းႏွင့္ ဆီးရီးယားရွိ စစ္ေျမျပင္အေျခအေနမ်ားႏွင့္ပတ္သက္၍ ရွင္းရွင္းလင္းလင္းေဖာ္ျပခဲ့ျခင္း မရွိပါ။ ၿပီးခဲ့သည့္လမ်ားအတြင္းက ၎နယ္ေျမမ်ားတြင္ တူကီယဲက ေလေၾကာင္းစစ္ဆင္ေရးမ်ားကို အရွိန္ျမႇင့္ လုပ္ေဆာင္ခဲ့သည္။ တူကီယဲတပ္ဖြဲ႕မ်ားသည္ အီရတ္အေျခစိုက္ Kurk Kurk Workers ပါတီ (PKK) ၏ လက္နက္ ကိုင္အဖြဲ႕မ်ားကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့သည္။ အေမရိကန္ႏွင့္အီးယူက PKK အဖြဲ႕ကို အၾကမ္းဖက္ အုပ္စုအျဖစ္ သတ္မွတ္ထားသည္။ ၎အဖြဲ႕သည္ ၁၉၈၄ ခုႏွစ္တြင္တူကီယဲအစိုးရကို ပထမဆုံး အႀကိမ္ လက္နက္စြဲ ကိုင္ ေတာ္လွန္ခဲ့သည္။

ထို႔ေနာက္ တူကီယဲအစိုးရသည္ အီရတ္ေျမာက္ပိုင္းတြင္ ေျခကုပ္ယူထားေသာ PKK တို႔ကို ၁၉၉ဝ ျပည့္ႏွစ္မ်ား အလယ္ေလာက္ကစ၍ တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ ၂၀၁၅ ခုႏွစ္တြင္ ဆီးရီးယားႏိုင္ငံသို႔ပါ စစ္ဆင္ေရးက က်ယ္ျပန႔္လာခဲ့သည္။ ထိုစစ္ဆင္ေရးမ်ားသည္ ကာ့ဒ္လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ISIS စစ္ေသြးႂကြအုပ္စုမ်ားကို ပစ္မွတ္ထားေၾကာင္းသိရသည္။ ဆယ္စုႏွစ္မ်ားအတြင္း ၎စစ္ဆင္ေရးေၾကာင့္ လူ ၄၀,၀၀၀ ထက္မနည္း ေသဆုံးခဲ့ ၿပီး အီရတ္ႏိုင္ငံေျမာက္ပိုင္း ကာ့ဒ္ Zakho ခ႐ိုင္ရွိ အပန္းေျဖစခန္းတစ္ခုတြင္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လက တူကီယဲတို႔၏ ပစ္ခတ္မႈေၾကာင့္ ကေလးတစ္ဦးအပါအဝင္ ခရီးသြား ၈ ဦး ေသဆုံးခဲ့ရသည္။
ဆီးရီးယားတြင္ တူကီယဲတပ္ဖြဲ႕မ်ားသည္ PKK ၏ အခြဲတစ္ခုအျဖစ္ သတ္မွတ္ထားသည့္ ကာ့ဒ္ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (YPG) ႏွင့္ ကာ့ဒ္လူမ်ိဳးမ်ားဦးေဆာင္ေသာ အေမရိကန္မဟာမိတ္ ဆီးရီးယားဒီမိုကရက္တစ္ တပ္ဖြဲ႕မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့သည္။

Related news

© 2021. All rights reserved.