အမရပူရမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းအတွင်း တာကျိုးပေါက်မှုကြောင့် အလုပ်သမား (၇)ဦး ပျောက်ဆုံး

 3046

စော (NP News) - ဇူလိုင် ၁၄

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းအတွင်း တာကျိုးပေါက်မှုကြောင့် အလုပ်သမား(၇)ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၁၄ ရက်)၊ နံနက်(၈)နာရီ ၃ဝ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာ၊ ဧရာဝတီမြစ်ဘေး၊ ရေဆိုးမြောင်းဖောက်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ခုလက်ရှိ ရှာနေတုန်းပါပဲ။ သူတို့ရေဆိုးမြောင်းထုတ်တဲ့လုပ်ငန်းလို့ သိရပါတယ်။ အဲဒီဟာကနေ မတော်တဆဖြစ်ပြီးတော့ ကာထားတဲ့ဟာက ကျိုးသွားတော့ ရေဝင်လာပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမား(၇)ဦး ပျောက်ဆုံးသွားတာပါ။ ကျွန်တော်တို့ ကြားတာကတော့ အမျိုးသား (၇)ဦးလို့ပဲ ကြားတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ဝင်ရောက်နေသောရေများကို စုပ်ထုတ်ခြင်းနှင့် ပျောက်ဆုံးနေသော အလုပ်သမား (၇)ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်အတွင်း သီးသန့် တာကျိုးပေါက်မှုကြောင့် အခြားသောလူနေရပ်ကွက်များအတွင်းသို့ ရေဝင်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
အမရပူရၿမိဳ႕နယ္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းအတြင္း တာက်ိဳးေပါက္မႈေၾကာင့္ အလုပ္သမား (၇)ဦး ေပ်ာက္ဆုံး
ေစာ (NP News) - ဇူလိုင္ ၁၄

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းအတြင္း တာက်ိဳးေပါက္မႈေၾကာင့္ အလုပ္သမား(၇)ဦး ေပ်ာက္ဆုံးေနေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၁၄ ရက္)၊ နံနက္(၈)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ အမရပူရၿမိဳ႕နယ္၊ ယက္ကန္းေတာ္ေက်း႐ြာ၊ ဧရာဝတီျမစ္ေဘး၊ ေရဆိုးေျမာင္းေဖာက္လုပ္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ခုလက္ရွိ ရွာေနတုန္းပါပဲ။ သူတို႔ေရဆိုးေျမာင္းထုတ္တဲ့လုပ္ငန္းလို႔ သိရပါတယ္။ အဲဒီဟာကေန မေတာ္တဆျဖစ္ၿပီးေတာ့ ကာထားတဲ့ဟာက က်ိဳးသြားေတာ့ ေရဝင္လာၿပီးေတာ့ အလုပ္လုပ္ေနတဲ့ အလုပ္သမား(၇)ဦး ေပ်ာက္ဆုံးသြားတာပါ။ ကြၽန္ေတာ္တို႔ ၾကားတာကေတာ့ အမ်ိဳးသား (၇)ဦးလို႔ပဲ ၾကားတာပါ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ဝင္ေရာက္ေနေသာေရမ်ားကို စုပ္ထုတ္ျခင္းႏွင့္ ေပ်ာက္ဆုံးေနေသာ အလုပ္သမား (၇)ဦးကို ရွာေဖြကယ္ဆယ္ႏိုင္ေရးအတြက္ ေရျပင္ကယ္ဆယ္ေရးပစၥည္းမ်ား အသုံးျပဳကာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းခြင္အတြင္း သီးသန႔္ တာက်ိဳးေပါက္မႈေၾကာင့္ အျခားေသာလူေနရပ္ကြက္မ်ားအတြင္းသို႔ ေရဝင္ႏိုင္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း႐ုံး) က အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.