Red Velvet အဖွဲ့ဝင် ဆယ်လ်ဂီလေဆိပ်မှာ မန်နေဂျာကို High Heel ပေးစီးခဲ့ခြင်းအတွက် ပရိသတ်ကို ပြန်တောင်းပန်ခဲ့ရ

 2264

ရောင်နီ (NP News) - ဇူလိုင် ၁၄

တောင်ကိုရီးယားအမျိုးသမီး K POP အဖွဲ့ Red Velvet ရဲ့အဖွဲ့ဝင် ဆယ်လ်ဂီဟာ မကြာသေးခင်က လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က Red Velvet အဖွဲ့ဟာ ထိုင်ဝမ်၊ ကာအိုရှီအန်းရှိ K-Mega Concert ကို ဖျော်ဖြေရေးအတွက် သွားရောက်ဖို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာချိန်က ဆယ်လ်ဂီဟာ ပထမ စပွန်ဆာပေးထား တဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ခဲ့ပေမယ့် ကာအိုရှီအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာချိန်မှာတော့ သူမဟာ မန်နေဂျာတစ်ဦးနဲ့ ဖိနပ်လဲစီးခဲ့တာကို ပရိသတ်အချို့က သတိပြုမိခဲ့ပါတယ်။ အဆိုပါ ဒေါက်ဖိနပ်ဟာ မန်နေဂျာအတွက် အရမ်းကြီးနေပုံပေါက်နေတာကြောင့် ဆယ်လ်ဂီဟာ သူမ သက်တောင့်သက်သာဖြစ်စေဖို့ မန်နေဂျာကို ဒုက္ခခံခိုင်းခဲ့တယ်လို့ ပရိသတ်တချို့က စွပ်စွဲဒေါသထွက်ခဲ့ကြပါတယ်။
ဒီအတွက် ဇူလိုင်လ ၁၃ ရက်မှာ ဆယ်လ်ဂီက က Instagram Stories မှာ ဒီအဖြစ်အပျက်အတွက် ကိုယ်တိုင်ကိုယ် ကျ အခုလိုတောင်းပန်ခဲ့ပါတယ်။ "မနေ့က လေဆိပ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ လူတော်တော်များများကို စိတ်ပျက် စေခဲ့တဲ့အတွက် တောင်းပန်ချင်ပါတယ်၊ အဲဒီတုန်းက ပွဲအတွက် လေ့ကျင့်နေရင်းနဲ့ ခြေထောက်မှာ အရည်ကြည်ဖု တွေ ပေါက်နေခဲ့တယ်။ ဒါပေမယ့် ဒေါက်ဖိနပ်က အရမ်းမမြင့်တာကြောင့် အင်ချွန်းလေဆိပ်မှာတုန်းကတော့ အဆင်ပြေမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့်မို့လို့ ပေါ့ပေါ့ဆဆပဲ ဖိနပ်အရံထည့်လာဖို့ မေ့ခဲ့ပါတယ်။ လမ်းလျှောက်နေရင်း ခြေဖဝါးက ဒဏ်ရာကြောင့် လမ်းလျှောက်ရတာ ခက်ခဲနေတာကို မန်နေဂျာက မြင်တဲ့အခါ၊ နောက်ပိုင်းမှာ ဖျော်ဖြေဖို့ ခက်ခဲမှာ စိုးတာကြောင့်၊ ဖိနပ်တွေ လဲလှယ်စီးဖို့ သူမက အကြံပေးခဲ့တာဖြစ်တယ်။ ခြေဖဝါးနာလို့၊ တခြားအဖြေကို မစဉ်းစားနိုင်ဘဲ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့မိပြီး စိတ်ပျက်ခဲ့ရတဲ့ အတွက် ပရိသတ်ကို တောင်းပန်ပါတယ်" လို့ ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

Redvelvet အဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကစ ပွဲဦးထွက်လာပြီး ယနေ့အထိ လူကြိုက်များတဲ့ K POP အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

Zawgyi Version;
Red Velvet အဖြဲ႕ဝင္ ဆယ္လ္ဂီေလဆိပ္မွာ မန္ေနဂ်ာကို High Heel ေပးစီးခဲ့ျခင္းအတြက္ ပရိသတ္ကို ျပန္ေတာင္းပန္ခဲ့ရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၄

ေတာင္ကိုရီးယားအမ်ိဳးသမီး K POP အဖြဲ႕ Red Velvet ရဲ႕အဖြဲ႕ဝင္ ဆယ္လ္ဂီဟာ မၾကာေသးခင္က ေလဆိပ္မွာ ျဖစ္ပြားခဲ့တဲ့အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ေတာင္းပန္စကား ဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၁၂ ရက္က Red Velvet အဖြဲ႕ဟာ ထိုင္ဝမ္၊ ကာအိုရွီအန္းရွိ K-Mega Concert ကို ေဖ်ာ္ေျဖေရးအတြက္ သြားေရာက္ဖို႔ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္ရွိလာခ်ိန္က ဆယ္လ္ဂီဟာ ပထမ စပြန္ဆာေပးထား တဲ့ ေဒါက္ျမင့္ဖိနပ္ကို ဝတ္ဆင္ခဲ့ေပမယ့္ ကာအိုရွီအန္းအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္ရွိလာခ်ိန္မွာေတာ့ သူမဟာ မန္ေနဂ်ာတစ္ဦးနဲ႔ ဖိနပ္လဲစီးခဲ့တာကို ပရိသတ္အခ်ိဳ႕က သတိျပဳမိခဲ့ပါတယ္။ အဆိုပါ ေဒါက္ဖိနပ္ဟာ မန္ေနဂ်ာအတြက္ အရမ္းႀကီးေနပုံေပါက္ေနတာေၾကာင့္ ဆယ္လ္ဂီဟာ သူမ သက္ေတာင့္သက္သာျဖစ္ေစဖို႔ မန္ေနဂ်ာကို ဒုကၡခံခိုင္းခဲ့တယ္လို႔ ပရိသတ္တခ်ိဳ႕က စြပ္စြဲေဒါသထြက္ခဲ့ၾကပါတယ္။
ဒီအတြက္ ဇူလိုင္လ ၁၃ ရက္မွာ ဆယ္လ္ဂီက က Instagram Stories မွာ ဒီအျဖစ္အပ်က္အတြက္ ကိုယ္တိုင္ကိုယ္ က် အခုလိုေတာင္းပန္ခဲ့ပါတယ္။ "မေန႔က ေလဆိပ္မွာျဖစ္ခဲ့တဲ့အျဖစ္အပ်က္နဲ႔ လူေတာ္ေတာ္မ်ားမ်ားကို စိတ္ပ်က္ ေစခဲ့တဲ့အတြက္ ေတာင္းပန္ခ်င္ပါတယ္၊ အဲဒီတုန္းက ပြဲအတြက္ ေလ့က်င့္ေနရင္းနဲ႔ ေျခေထာက္မွာ အရည္ၾကည္ဖု ေတြ ေပါက္ေနခဲ့တယ္။ ဒါေပမယ့္ ေဒါက္ဖိနပ္က အရမ္းမျမင့္တာေၾကာင့္ အင္ခြၽန္းေလဆိပ္မွာတုန္းကေတာ့ အဆင္ေျပမယ္လို႔ ထင္ခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ ေပါ့ေပါ့ဆဆပဲ ဖိနပ္အရံထည့္လာဖို႔ ေမ့ခဲ့ပါတယ္။ လမ္းေလွ်ာက္ေနရင္း ေျခဖဝါးက ဒဏ္ရာေၾကာင့္ လမ္းေလွ်ာက္ရတာ ခက္ခဲေနတာကို မန္ေနဂ်ာက ျမင္တဲ့အခါ၊ ေနာက္ပိုင္းမွာ ေဖ်ာ္ေျဖဖို႔ ခက္ခဲမွာ စိုးတာေၾကာင့္၊ ဖိနပ္ေတြ လဲလွယ္စီးဖို႔ သူမက အႀကံေပးခဲ့တာျဖစ္တယ္။ ေျခဖဝါးနာလို႔၊ တျခားအေျဖကို မစဥ္းစားႏိုင္ဘဲ ညံ့ဖ်င္းတဲ့ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ခဲ့မိၿပီး စိတ္ပ်က္ခဲ့ရတဲ့ အတြက္ ပရိသတ္ကို ေတာင္းပန္ပါတယ္" လို႔ ျပန္လည္ေျဖရွင္းခဲ့တာျဖစ္ပါတယ္။

Redvelvet အဖြဲ႕ဟာ ၂၀၁၄ ခုႏွစ္ကစ ပြဲဦးထြက္လာၿပီး ယေန႔အထိ လူႀကိဳက္မ်ားတဲ့ K POP အဖြဲ႕ တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.