Disney ရဲ့ Snow White live action Trailer Youtube မှာ dislike ၁ သန်းကျော်ထိရရှိ

 434

ရောင်နီ (NP News) - စက်တင်ဘာ ၃

Disney ရဲ့ “Snow White” live action trailer ဟာ Youtube မှာ ထုတ်လွှင့်ပြသခဲ့ပြီး သီတင်း ၃ ပတ်အကြာမှာ dislike ၁ သန်းကျော်ထိ ရရှိလာခဲ့တယ်လို့ သိရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ like အရေအတွက်ကတော့ 84 k သာ ရှိခဲ့ပြီး ထက်ဝက်မက ကွာဟနေပါတယ်။

ဒါ့အပြင် Trailer ဗီဒီယိုမှာ မှတ်ချက်ပေါင်း ၅၀,၀၀၀ ကျော်ထိရှိခဲ့ပြီး အမုန်းပွားတဲ့ မှတ်ချက်တွေ များနေတာ တွေ့ရပါတယ်။ လူကြိုက်အများဆုံး ဂန္ဓဝင် ကာတွန်းကားတစ်ခုဖြစ်တဲ့ Snow White အတွက် ဇာတ်ကောင်နေရာ ကို ပရိသတ်က အများကြီး မျှော်လင့်ခဲ့ကြပေမယ့် Disney ကတော့ Snow White စံနှုန်းနဲ့ မပြည့်မီဘူးလို့ ပရိသတ် တွေ ယူဆကြတဲ့ သရုပ်ဆောင် ရေချယ်ဇဂ်လာကို Snow White ကာရိုက်တာ Snow White အဖြစ် ရွေးချယ်ခဲ့ပါ တယ်။ ပိုဆိုးတာကတော့ ဇဂ်လာဟာ ၂၀၂၃ ခုနှစ်က "Snow White" ပုံပြင်ကို သဘောမကျကြောင်း ထုတ်ဖော် ပြောခဲ့ဖူးသလို Prince Charming ကို လည်း "stalker" အဖြစ် ပြောခဲ့ပါတယ်။ ဒါကြောင့် အခု Snow Whte Trailer ဗီဒီယိုမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး "live action ကို လုံးဝမကြည့်ဘူး" ဆိုတဲ့မှတ်ချက်တွေပါ တွေ့လာရပါ တယ်။

Snow White live action ရဲ့ Evil Queen ကာရိုက်တာ နေရာကိုတော့ Wonder woman သရုပ်ဆောင် ဂဲလ်ဂါဒေါ့ က ပါဝင်သွားမှာဖြစ်ပါတယ်။ Forbes သတင်းဌာနရဲ့အဆိုအရ Disney ဟာ Snow White live action အတွက် ဒေါ်လာ ၂၀၉ သန်းသုံးစွဲထားတယ်လို့ သိရပါတယ်။

Zawgyi Version;
Disney ရဲ႕ Snow White live action Trailer Youtube မွာ dislike ၁ သန္းေက်ာ္ထိရရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၃

Disney ရဲ႕ “Snow White” live action trailer ဟာ Youtube မွာ ထုတ္လႊင့္ျပသခဲ့ၿပီး သီတင္း ၃ ပတ္အၾကာမွာ dislike ၁ သန္းေက်ာ္ထိ ရရွိလာခဲ့တယ္လို႔ သိရပါတယ္။ ဆန႔္က်င္ဘက္အေနနဲ႔ like အေရအတြက္ကေတာ့ 84 k သာ ရွိခဲ့ၿပီး ထက္ဝက္မက ကြာဟေနပါတယ္။

ဒါ့အျပင္ Trailer ဗီဒီယိုမွာ မွတ္ခ်က္ေပါင္း ၅၀,၀၀၀ ေက်ာ္ထိရွိခဲ့ၿပီး အမုန္းပြားတဲ့ မွတ္ခ်က္ေတြ မ်ားေနတာ ေတြ႕ရပါတယ္။ လူႀကိဳက္အမ်ားဆုံး ဂႏၶဝင္ ကာတြန္းကားတစ္ခုျဖစ္တဲ့ Snow White အတြက္ ဇာတ္ေကာင္ေနရာ ကို ပရိသတ္က အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ Disney ကေတာ့ Snow White စံႏႈန္းနဲ႔ မျပည့္မီဘူးလို႔ ပရိသတ္ ေတြ ယူဆၾကတဲ့ သ႐ုပ္ေဆာင္ ေရခ်ယ္ဇဂ္လာကို Snow White ကာ႐ိုက္တာ Snow White အျဖစ္ ေ႐ြးခ်ယ္ခဲ့ပါ တယ္။ ပိုဆိုးတာကေတာ့ ဇဂ္လာဟာ ၂၀၂၃ ခုႏွစ္က "Snow White" ပုံျပင္ကို သေဘာမက်ေၾကာင္း ထုတ္ေဖာ္ ေျပာခဲ့ဖူးသလို Prince Charming ကို လည္း "stalker" အျဖစ္ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ အခု Snow Whte Trailer ဗီဒီယိုမွာ ေဝဖန္မႈေတြ ျမင့္တက္ေနၿပီး "live action ကို လုံးဝမၾကည့္ဘူး" ဆိုတဲ့မွတ္ခ်က္ေတြပါ ေတြ႕လာရပါ တယ္။

Snow White live action ရဲ႕ Evil Queen ကာ႐ိုက္တာ ေနရာကိုေတာ့ Wonder woman သ႐ုပ္ေဆာင္ ဂဲလ္ဂါေဒါ့ က ပါဝင္သြားမွာျဖစ္ပါတယ္။ Forbes သတင္းဌာနရဲ႕အဆိုအရ Disney ဟာ Snow White live action အတြက္ ေဒၚလာ ၂၀၉ သန္းသုံးစြဲထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.