BLACKPINK အဖွဲ့ဝင် ဂျင်းနီနဲ့ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင့်နေခြင်းကို ဥပဒေအရ အရေးယူမယ်လို့ ဆို

 127

ရောင်နီ (NP News) - စက်တင်ဘာ ၇

BLACKPINK အဖွဲ့ဝင် ဂျင်းနီနဲ့ပတ်သက်ပြီး လတ်တလော မဟုတ်မမှန် သတင်းတု ထုတ်လွှင့်နေသူတွေကို ဥပဒေ အရ အရေးယူမယ်လို့ ဂျင်းနီရဲ့အေဂျင်စီ OA Entertainment က ကြေညာထားပါတယ်။

အဆိုပါ ကြေညာချက်ကို စက်တင်ဘာလ ၆ ရက်က ဂျင်းနီရဲ့အေဂျင်စီ OA Entertainment က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ "မကြာသေးခင်က၊ အနုပညာရှင်ဂျင်းနီ နဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းတုတွေ ထုတ်လွှင့်နေ တယ်ဆိုတာ ကြားသိရပါတယ်။ သတင်းတွေဟာ လုံးဝလွှဲမှားနေပြီး အနုပညာရှင် ဂျင်းနီနဲ့ ဆက်စပ်မှုမရှိဘူးဆိုတာ အခိုင်အမာ အသိပေးလိုပါတယ်။၊ ဒီလို သတင်းမှားဖြန့်ဝေတဲ့တာဝန်ရှိသူတွေကိုလည်း တရားရေး ကုမ္ပဏီမှ တစ်ဆင့် အသရေဖျက်မှုနဲ့ လုပ်ငန်းကို နှောင့်ယှက်မှုဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခြင်း အပါအဝင် ဥပဒေ အရ အရေးယူဆောင်ရွက်သွားမယ်" လို့ ဆိုပါတယ်။
"ဒါအပြင် ဒီသတင်းမှားတွေကို အခြေခံပြီး ဂျင်းနီအပေါ် အသရေဖျက်မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလိုလား အပ်တဲ့ ဆဲဆိုမှုတွေ ပြုလုပ်နေသူတွေကိုလည်း ညှာတာခြင်းမရှိ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်" လို့ ထပ်လောင်းပြောထားပါတယ်။

မကြာသေးမီက လူသိများတဲ့ စာရေးဆရာ PD ကင်ဟောင်ဂျင်းက သူ့ရဲ့ဝတ္တုအသစ်ဟာ BLACKPINK အဖွဲ့ဝင် ဂျင်းနီရဲ့ဘဝကို အခြေခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် စာရေးဆရာဟာ ဂျင်းနီရဲ့ဖခင်လား ဆိုပြီး ထင်ကြေးပေးမှုတွေ ရှိလာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျင်းနီရဲ့ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့ ODD ATELIER က ဂျင်းနီနဲ့ စာရေးဆရာဂျင် အကြား ဆက်နွယ်မှုမရှိကြောင်း အလေးပေးပြောကြားခဲ့ပြီး အဆိုပါစွပ်စွဲချက်တွေကို ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီနဲ႔ပတ္သက္ၿပီး သတင္းမွားေတြ ထုတ္လႊင့္ေနျခင္းကို ဥပေဒအရ အေရးယူမယ္လို႔ ဆို
ေရာင္နီ (NP News) - စက္တင္ဘာ ၇

BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီနဲ႔ပတ္သက္ၿပီး လတ္တေလာ မဟုတ္မမွန္ သတင္းတု ထုတ္လႊင့္ေနသူေတြကို ဥပေဒ အရ အေရးယူမယ္လို႔ ဂ်င္းနီရဲ႕ေအဂ်င္စီ OA Entertainment က ေၾကညာထားပါတယ္။

အဆိုပါ ေၾကညာခ်က္ကို စက္တင္ဘာလ ၆ ရက္က ဂ်င္းနီရဲ႕ေအဂ်င္စီ OA Entertainment က ထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။ "မၾကာေသးခင္က၊ အႏုပညာရွင္ဂ်င္းနီ နဲ႔ ပတ္သက္ၿပီး မဟုတ္မမွန္ သတင္းတုေတြ ထုတ္လႊင့္ေန တယ္ဆိုတာ ၾကားသိရပါတယ္။ သတင္းေတြဟာ လုံးဝလႊဲမွားေနၿပီး အႏုပညာရွင္ ဂ်င္းနီနဲ႔ ဆက္စပ္မႈမရွိဘူးဆိုတာ အခိုင္အမာ အသိေပးလိုပါတယ္။၊ ဒီလို သတင္းမွားျဖန႔္ေဝတဲ့တာဝန္ရွိသူေတြကိုလည္း တရားေရး ကုမၸဏီမွ တစ္ဆင့္ အသေရဖ်က္မႈနဲ႔ လုပ္ငန္းကို ေႏွာင့္ယွက္မႈဆိုင္ရာ ရာဇဝတ္မႈဆိုင္ရာ စြဲခ်က္တင္ျခင္း အပါအဝင္ ဥပေဒ အရ အေရးယူေဆာင္႐ြက္သြားမယ္" လို႔ ဆိုပါတယ္။
"ဒါအျပင္ ဒီသတင္းမွားေတြကို အေျခခံၿပီး ဂ်င္းနီအေပၚ အသေရဖ်က္မႈ၊ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈနဲ႔ မလိုလား အပ္တဲ့ ဆဲဆိုမႈေတြ ျပဳလုပ္ေနသူေတြကိုလည္း ညႇာတာျခင္းမရွိ တရားဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္" လို႔ ထပ္ေလာင္းေျပာထားပါတယ္။

မၾကာေသးမီက လူသိမ်ားတဲ့ စာေရးဆရာ PD ကင္ေဟာင္ဂ်င္းက သူ႔ရဲ႕ဝတၱဳအသစ္ဟာ BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီရဲ႕ဘဝကို အေျခခံထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ စာေရးဆရာဟာ ဂ်င္းနီရဲ႕ဖခင္လား ဆိုၿပီး ထင္ေၾကးေပးမႈေတြ ရွိလာခဲ့တာပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဂ်င္းနီရဲ႕ကိုယ္ပိုင္ေအဂ်င္စီျဖစ္တဲ့ ODD ATELIER က ဂ်င္းနီနဲ႔ စာေရးဆရာဂ်င္ အၾကား ဆက္ႏြယ္မႈမရွိေၾကာင္း အေလးေပးေျပာၾကားခဲ့ၿပီး အဆိုပါစြပ္စြဲခ်က္ေတြကို ျပတ္ျပတ္သားသားျငင္းဆိုထားပါတယ္။

Related news

© 2021. All rights reserved.