အမေရိကန်နိုင်ငံ၊ ဘာမင်ဂမ်ပြည်နယ် နိုက်ကလပ်မှာ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

 359

ရောင်နီ (NP News) - ဇူလိုင် ၁၄

စနေနေ့(ဇူလိုင် ၁၃ ရက်) ညနှောင်းပိုင်းက အမေရိကန်နိုင်ငံ၊ ဘာမင်ဂမ်ပြည်နယ်ရှိ နိုက်ကလပ်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူလေးဦး သေဆုံးကာ လူကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ည ၁၁ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်သူဟာ တစ်ဦးတည်း ဖြစ်ဟန်ရှိတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆထားပါတယ်။ ပစ်ခတ်မှုကြောင့် နိုက်ကလပ်အတွင်း အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး အခြားအမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ အနည်းဆုံး ကိုးဦးထက်မနည်း ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖမ်းဆီးနိုင်ခြင်းလည်း မရှိသေးပါဘူး။

Gun Violence Archive မှ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်တစ်ဝန်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၉၃ ကြိမ်ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဘာမင္ဂမ္ျပည္နယ္ ႏိုက္ကလပ္မွာ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး လူ ၄ ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၁၄

စေနေန႔(ဇူလိုင္ ၁၃ ရက္) ညေႏွာင္းပိုင္းက အေမရိကန္ႏိုင္ငံ၊ ဘာမင္ဂမ္ျပည္နယ္ရွိ ႏိုက္ကလပ္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူေလးဦး ေသဆုံးကာ လူကိုးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

ည ၁၁ နာရီဝန္းက်င္က ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး ပစ္ခတ္သူဟာ တစ္ဦးတည္း ျဖစ္ဟန္ရွိတယ္လို႔ စုံစမ္းေရးမႉးေတြက ယူဆထားပါတယ္။ ပစ္ခတ္မႈေၾကာင့္ ႏိုက္ကလပ္အတြင္း အမ်ိဳးသမီးႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး အခင္းျဖစ္ေနရာမွာ ေသဆုံးသြားခဲ့ၿပီး အျခားအမ်ိဳးသားတစ္ဦးကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ဒဏ္ရာရရွိသူ အနည္းဆုံး ကိုးဦးထက္မနည္း ရွိခဲ့ၿပီး ေဆးကုသမႈ ခံယူေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ပစ္ခတ္မႈအတြက္ သံသယရွိသူကို ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးဘဲ ဖမ္းဆီးႏိုင္ျခင္းလည္း မရွိေသးပါဘူး။

Gun Violence Archive မွ အခ်က္အလက္ေတြအရ ၂၀၂၄ ခုႏွစ္အတြင္း အေမရိကန္တစ္ဝန္းမွာ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္မႈ ၂၉၃ ႀကိမ္ထက္မနည္း ရွိေနတယ္လို႔ သိရပါတယ္။

Picture

Aung Bo

16/07/2024 02:00

xdx x d xxc x xx x🤯🤯🤯🏋️‍♂️🏋️‍♂️🏋️‍♀️🏋️‍♀️🏄‍♂️🏄‍♂️🤹‍♀️🎼🎼

Related news

© 2021. All rights reserved.