အင်္ဂလိပ်ရေလက်ကြားမှာ လှေတစ်စင်းတိမ်းမှောက်ပြီး အနည်းဆုံး (၁၂)ဦးသေဆုံး

 394

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅

ဗြိတိန်နဲ့ ပြင်သစ်ကို ပိုင်းခြားထားတဲ့ အင်္ဂလိပ်ရေလက်ကြားမှာ စက်တင် ဘာလ ၃ ရက်နေ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်ခဲ့တယ်လို့ ယူဆရတဲ့ လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်ရေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ လူ ၆၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ၁၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ပြီး ၂ဦးပျောက်ဆုံးနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီလှေဟာ ပြင်သစ်မြောက်ပိုင်းကနေ ဗြိတိန်ဘက် ဦးတည်ပြီး သွားနေခဲ့တာဖြစ်ပြီး လှေပေါ် လိုက်ပါလာသူတွေက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာနဲ့ ပတ်သက်ပြီး အတိအကျမသိဘူးလို့ ဆိုပါတယ်။

ဒါဟာ "အခုနှစ်အတွင်း အဲဒီရေလက်ကြားမှာ လူသေမှုအများဆုံး ဖြစ်တယ်" လို့ ဗြိတိန်အများပြည်သူရုပ်သံလွှင့်ဌာန BBC က ဖော်ပြခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းကလာသူတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒုက္ခသည်အဖြစ် လျှောက်ထားဖို့နဲ့ တခြားအကြောင်းရင်းတွေကြောင့် လှေငယ်စီးပြီး ဗြိတိန်ထဲ ခိုးဝင်ဖို့ ဆက်ပြီးကြိုးပမ်းနေကြဆဲဖြစ်သလို အန္တရာယ်ရှိတဲ့ အဲဒီပင်လယ်ပြင် ဖြတ်သန်းမှုတွေမှာ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ဗြိတိန်နဲ့ ပြင်သစ်အစိုးရတို့က သံသယရှိနေပါတယ်။

zawgyi version
အဂၤလိပ္ေရလက္ၾကားမွာ ေလွတစ္စင္းတိမ္းေမွာက္ၿပီး အနည္းဆုံး (၁၂)ဦးေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅

ၿဗိတိန္နဲ႔ ျပင္သစ္ကို ပိုင္းျခားထားတဲ့ အဂၤလိပ္ေရလက္ၾကားမွာ စက္တင္ ဘာလ ၃ ရက္ေန႔က တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို တင္ေဆာင္ခဲ့တယ္လို႔ ယူဆရတဲ့ ေလွတစ္စင္း တိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံး လူ ၁၂ ဦး ေသဆုံးခဲ့တယ္လို႔ ျပင္သစ္ေရေၾကာင္းအာဏာပိုင္ေတြက ေျပာပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ လူ ၆၅ ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေပမဲ့ ၁၂ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူေတြထဲမွာ ကေလးငယ္ေတြလည္းပါဝင္ၿပီး ၂ဦးေပ်ာက္ဆုံးေနတယ္လို႔ ျပင္သစ္အာဏာပိုင္ေတြက ေျပာပါတယ္။ အဲဒီေလွဟာ ျပင္သစ္ေျမာက္ပိုင္းကေန ၿဗိတိန္ဘက္ ဦးတည္ၿပီး သြားေနခဲ့တာျဖစ္ၿပီး ေလွေပၚ လိုက္ပါလာသူေတြက ဘယ္သူလဲ၊ ဘယ္ကလဲဆိုတာနဲ႔ ပတ္သက္ၿပီး အတိအက်မသိဘူးလို႔ ဆိုပါတယ္။

ဒါဟာ "အခုႏွစ္အတြင္း အဲဒီေရလက္ၾကားမွာ လူေသမႈအမ်ားဆုံး ျဖစ္တယ္" လို႔ ၿဗိတိန္အမ်ားျပည္သူ႐ုပ္သံလႊင့္ဌာန BBC က ေဖာ္ျပခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္းကလာသူေတြ အပါအဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြဟာ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားဖို႔နဲ႔ တျခားအေၾကာင္းရင္းေတြေၾကာင့္ ေလွငယ္စီးၿပီး ၿဗိတိန္ထဲ ခိုးဝင္ဖို႔ ဆက္ၿပီးႀကိဳးပမ္းေနၾကဆဲျဖစ္သလို အႏၲရာယ္ရွိတဲ့ အဲဒီပင္လယ္ျပင္ ျဖတ္သန္းမႈေတြမွာ ရာဇဝတ္ဂိုဏ္းအဖြဲ႕အစည္းေတြ ပါဝင္ပတ္သက္ေနႏိုင္တယ္လို႔ ၿဗိတိန္နဲ႔ ျပင္သစ္အစိုးရတို႔က သံသယရွိေနပါတယ္။

Related news

© 2021. All rights reserved.