အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ ကလေးနဲ့ ကားကို ပြန်ပေးစွဲသူလက်က ပြန်ယူဖို့ ကြိုးစားရင်း အမျိုးသမီး တစ်ဦး သေဆုံး

 647

ရောင်နီ (NP News) - ဇူလိုင် ၁၅

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ ကလေးနဲ့ ကားကို ပြန်ပေးစွဲသူလက်က ပြန်ယူဖို့ ကြိုးစားရင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ မိခင်ဖြစ်သူ အဲလက်ဆာ စတော့ခ်ကလီ (၂၉ နှစ်) ဟာ ကြာသပတေးနေ့ (ဇူလိုင် ၁၁ ရက်) နံနက် ၁ နာရီ ၃ဝ မိနစ်က အသက် ၆ နှစ်အရွယ် သူမရဲ့ကလေးကို ကလေးထိန်း တိုက်ခန်းမှ ခေါ်လာပြီး ကားထဲထည့်ကာ အခြားပစ္စည်းတစ်ခု မေ့ကျန်ခဲ့တာကြောင့် ကားထဲက ပြန်ထွက်ပြီး ပစ္စည်းသွားယူခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ Honda SUV ကားထဲကို ပြန်ပေးဆွဲသမားလို့ သံသယရှိသူ တစ်ဦးက ဝင်ရောက်ပြီး ကားကိုမောင်းနှင်ထွက်ပြေးဖို့ ကြိုးစားနေတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ သူမက အော်ဟစ်ရင်း ကားနောက်က ပြေးလိုက်စဉ်မှာ အဆိုပါ ကားနဲ့ပဲ ပြန်တိုက်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ အဆိုပါ ကားတိုက်မှု ဖြစ်ပြီးနောက် ပြန်ပေးဆွဲသူလညိး ထွက်ပြေးသွားခဲ့ပြီး ကလေးကိုတော့ ကားထဲမှာ အိပ်ပျော်လျက်ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးဟာ လည်း ဆေးရုံမှာ နာရီများစွာကြာ ကုသမှု ခံယူပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးခံရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အိုဟိုင္းယိုးျပည္နယ္မွာ ကေလးနဲ႔ ကားကို ျပန္ေပးစြဲသူလက္က ျပန္ယူဖို႔ ႀကိဳးစားရင္း အမ်ိဳးသမီး တစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၁၅

အေမရိကန္ႏိုင္ငံ၊ အိုဟိုင္းယိုးျပည္နယ္မွာ ကေလးနဲ႔ ကားကို ျပန္ေပးစြဲသူလက္က ျပန္ယူဖို႔ ႀကိဳးစားရင္း အမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္ကေတာ့ မိခင္ျဖစ္သူ အဲလက္ဆာ စေတာ့ခ္ကလီ (၂၉ ႏွစ္) ဟာ ၾကာသပေတးေန႔ (ဇူလိုင္ ၁၁ ရက္) နံနက္ ၁ နာရီ ၃ဝ မိနစ္က အသက္ ၆ ႏွစ္အ႐ြယ္ သူမရဲ႕ကေလးကို ကေလးထိန္း တိုက္ခန္းမွ ေခၚလာၿပီး ကားထဲထည့္ကာ အျခားပစၥည္းတစ္ခု ေမ့က်န္ခဲ့တာေၾကာင့္ ကားထဲက ျပန္ထြက္ၿပီး ပစၥည္းသြားယူခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူမရဲ႕ Honda SUV ကားထဲကို ျပန္ေပးသမားလို႔ သံသယရွိသူ တစ္ဦးက ဝင္ေရာက္ၿပီး ကားကိုေမာင္းႏွင္ထြက္ေျပးဖို႔ ႀကိဳးစားေနတာ ေတြ႕ခဲ့ပါတယ္။ အဲဒါနဲ႔ သူမက ေအာ္ဟစ္ရင္း ကားေနာက္က ေျပးလိုက္စဥ္မွာ အဆိုပါ ကားနဲ႔ပဲ ျပန္တိုက္မိၿပီး ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိခဲ့ပါတယ္။ အဆိုပါ ကားတိုက္မႈ ျဖစ္ၿပီးေနာက္ ျပန္ေပးဆြဲသူလညိး ထြက္ေျပးသြားခဲ့ၿပီး ကေလးကိုေတာ့ ကားထဲမွာ အိပ္ေပ်ာ္လ်က္ျပန္ေတြ႕ခဲ့တယ္လို႔ သိရပါတယ္။ အမ်ိဳးသမီးဟာ လည္း ေဆး႐ုံမွာ နာရီမ်ားစြာၾကာ ကုသမႈ ခံယူၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္။
တရားခံကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနၿပီး ဖမ္းဆီးခံရျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.