ထရမ့်ထက် ဘိုင်ဒန် သမ္မတဖြစ်လာမည့်အရေးကို နေတိုးအဖွဲ့ ပိုမိုစိုးရိမ်လာနေ

 410

ALynn (NP News) - ဇူလိုင် ၁၅

ဝါရှင်တန်တွင်ကျင်းပနေသော နေတိုးထိပ်သီး အစည်းအဝေးတွင် နေတိုးအရာရှိများသည် ရီပတ် ဘလစ်ကန်မှ ဒေါ်နယ်ထရမ့် သမ္မတနေရာကို ပြန် လည်သိမ်းပိုက်ပါက အစုအဖွဲ့ကို မည်ကဲ့သို့ ပြောင်း လဲနိုင်သည်ထက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ပျော့ညံ့သောအခြေအနေများကို များစွာပို၍ စိုးရိမ် နေပုံရသည်ဟု ဇူလိုင်လ ၁၁ ရက်တွင် သတင်းရင်းမြစ်များကို ကိုးကား၍ Politico က ဖော်ပြခဲ့သည်။
အသက် ၈၁ နှစ်အရွယ် သမ္မတ၏ စိတ်အခြေ အနေနှင့်ပတ်သက်၍ ကာလရှည်ကြာ စိုးရိမ်ပူပန်မှု များသည် လွန်ခဲ့သည့်နှစ်ပတ်က ထရမ့်နှင့်ပတ်သက် ၍ ၎င်း၏တုန်လှုပ်ချောက်ချားဖွယ် အချေအတင် ပြောဆိုမှုများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ မီဒီယာ အများအပြားသည် မကြာခဏ စကားလုံးများ ရှုပ် ထွေးကာ စာကြောင်းများပြီးဆုံးအောင် မပြောနိုင်ခဲ့သော ဘိုင်ဒန်ကို စကားကိုဗလုံးဗထွေးနှင့် ရှေ့ နောက် ညီညွတ်အောင် မပြောတတ်သူအဖြစ် ဖော်ပြကြသည်။ ဘိုင်ဒန်ကိုယ်တိုင်က ပြိုင်ပွဲမှထွက်ရန် အစီအစဉ်မရှိဟု ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုထားပြီး ဒီမိုကရက်များကြားတွင်လည်း အစားထိုးမည့် ကိုယ်စားလှယ်လောင်းကို ရှာဖွေရန် အခက်တွေ့နေခဲ့သည်။
Politico ၏ အဆိုအရ သမ္မတ၏ သိသာထင်ရှားသော အားနည်းချက်များကြောင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ထရမ့်ကို ရှုံးနိုင်သည်ဟု ခန့်မှန်းနေ ကြပြီး ဥရောပနိုင်ငံများအနေဖြင့် နေတိုးအပေါ် ပိုမို ရန်လိုသော ထရမ့်အာဏာရသွားမည့်အရေးကိုလည်း စိုးရိမ်လာကြသည်။ ဘိုင်ဒန်နှင့်ပတ်သက်၍ စိုးရိမ်မှု များသည် ထိပ်သီးအစည်းအဝေးမှ လူအများကို အာရုံပြောင်းစေကာ နေတိုးအရာရှိအချို့က စိတ်ပျက်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘိုင်းဒန်သည် နေတိုးအား “ ကမ္ဘာ့လုံခြုံရေးအတွက် ခံတပ်” အဖြစ် ယူဆခဲ့သော်လည်း ထရမ့် ကမူ အစုအဖွဲ့အပေါ် ဝေဖန်မှုများပြုလုပ်ခဲ့သည်။ ထရမ့်သည် ဘုံကာကွယ်ရေးအသုံးစရိတ်အတွက် နေတိုးမဟာမိတ်များ၏ ပေးဆောင်ရန် ပျက်ကွက်မှုအတွက် အကြိမ်ကြိမ် အပြစ်တင်ခဲ့သည်။ ဖေဖော် ဝါရီလတွင် ထရမ့်သည် ကာကွယ်ရေးအသုံးစရိတ် တွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းမရှိပါက အနောက်နိုင်ငံ ခေါင်းဆောင်များကို ၎င်းသမ္မတရာထူးကို ထမ်းဆောင်သည့်အခါ ရုရှားကို အကုန်လိုက်လျောပေးမည် ဟု ထရမ့်က အခိုင်အမာပြောကြားခဲ့သည်။ ထို့ ကြောင့် ဘိုင်ဒန်အစိုးရနှင့် နေတိုးအထွေထွေအတွင်း ရေးမှူး Jens Stoltenberg တို့က ပြစ်တင်ရှုတ်ချခဲ့ သည်။
ယခုလအစောပိုင်းတွင်မူ ထရမ့်ပြန်လည်အရွေးခံရပါက နေတိုးကို ယူကရိန်းနှင့် ဂျော်ဂျီယာသို့ တပ် ဖွဲ့များ တိုးချဲ့ခြင်းမပြုရန် ရုရှားနှင့်သဘောတူညီချက်တစ်ရပ် ညှိနှိုင်းသွားမည့်အရေး ထည့်သွင်းစဉ်း စားနေသည်ဟု Politico က ဖော်ပြခဲ့သည်။

Zawgyi Version;
ထရမ့္ထက္ ဘိုင္ဒန္ သမၼတျဖစ္လာမည့္အေရးကို ေနတိုးအဖြဲ႕ ပိုမိုစိုးရိမ္လာေန
ALynn (NP News) - ဇူလိုင္ ၁၅

ဝါရွင္တန္တြင္က်င္းပေနေသာ ေနတိုးထိပ္သီး အစည္းအေဝးတြင္ ေနတိုးအရာရွိမ်ားသည္ ရီပတ္ ဘလစ္ကန္မွ ေဒၚနယ္ထရမ့္ သမၼတေနရာကို ျပန္ လည္သိမ္းပိုက္ပါက အစုအဖြဲ႕ကို မည္ကဲ့သို႔ ေျပာင္း လဲႏိုင္သည္ထက္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္၏ ေပ်ာ့ညံ့ေသာအေျခအေနမ်ားကို မ်ားစြာပို၍ စိုးရိမ္ ေနပုံရသည္ဟု ဇူလိုင္လ ၁၁ ရက္တြင္ သတင္းရင္းျမစ္မ်ားကို ကိုးကား၍ Politico က ေဖာ္ျပခဲ့သည္။
အသက္ ၈၁ ႏွစ္အ႐ြယ္ သမၼတ၏ စိတ္အေျခ အေနႏွင့္ပတ္သက္၍ ကာလရွည္ၾကာ စိုးရိမ္ပူပန္မႈ မ်ားသည္ လြန္ခဲ့သည့္ႏွစ္ပတ္က ထရမ့္ႏွင့္ပတ္သက္ ၍ ၎၏တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ အေခ်အတင္ ေျပာဆိုမႈမ်ားေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့သည္။ မီဒီယာ အမ်ားအျပားသည္ မၾကာခဏ စကားလုံးမ်ား ရႈပ္ ေထြးကာ စာေၾကာင္းမ်ားၿပီးဆုံးေအာင္ မေျပာႏိုင္ခဲ့ေသာ ဘိုင္ဒန္ကို စကားကိုဗလုံးဗေထြးႏွင့္ ေရွ႕ ေနာက္ ညီၫြတ္ေအာင္ မေျပာတတ္သူအျဖစ္ ေဖာ္ျပၾကသည္။ ဘိုင္ဒန္ကိုယ္တိုင္က ၿပိဳင္ပြဲမွထြက္ရန္ အစီအစဥ္မရွိဟု ျပတ္ျပတ္သားသား ထုတ္ေဖာ္ေျပာဆိုထားၿပီး ဒီမိုကရက္မ်ားၾကားတြင္လည္း အစားထိုးမည့္ ကိုယ္စားလွယ္ေလာင္းကို ရွာေဖြရန္ အခက္ေတြ႕ေနခဲ့သည္။
Politico ၏ အဆိုအရ သမၼတ၏ သိသာထင္ရွားေသာ အားနည္းခ်က္မ်ားေၾကာင့္ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲတြင္ ထရမ့္ကို ရႈံးႏိုင္သည္ဟု ခန႔္မွန္းေန ၾကၿပီး ဥေရာပႏိုင္ငံမ်ားအေနျဖင့္ ေနတိုးအေပၚ ပိုမို ရန္လိုေသာ ထရမ့္အာဏာရသြားမည့္အေရးကိုလည္း စိုးရိမ္လာၾကသည္။ ဘိုင္ဒန္ႏွင့္ပတ္သက္၍ စိုးရိမ္မႈ မ်ားသည္ ထိပ္သီးအစည္းအေဝးမွ လူအမ်ားကို အာ႐ုံေျပာင္းေစကာ ေနတိုးအရာရွိအခ်ိဳ႕က စိတ္ပ်က္ခဲ့ၾကသည္ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ဘိုင္းဒန္သည္ ေနတိုးအား “ ကမာၻ႔လုံၿခဳံေရးအတြက္ ခံတပ္” အျဖစ္ ယူဆခဲ့ေသာ္လည္း ထရမ့္ ကမူ အစုအဖြဲ႕အေပၚ ေဝဖန္မႈမ်ားျပဳလုပ္ခဲ့သည္။ ထရမ့္သည္ ဘုံကာကြယ္ေရးအသုံးစရိတ္အတြက္ ေနတိုးမဟာမိတ္မ်ား၏ ေပးေဆာင္ရန္ ပ်က္ကြက္မႈအတြက္ အႀကိမ္ႀကိမ္ အျပစ္တင္ခဲ့သည္။ ေဖေဖာ္ ဝါရီလတြင္ ထရမ့္သည္ ကာကြယ္ေရးအသုံးစရိတ္ တြင္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံျခင္းမရွိပါက အေနာက္ႏိုင္ငံ ေခါင္းေဆာင္မ်ားကို ၎သမၼတရာထူးကို ထမ္းေဆာင္သည့္အခါ ႐ုရွားကို အကုန္လိုက္ေလ်ာေပးမည္ ဟု ထရမ့္က အခိုင္အမာေျပာၾကားခဲ့သည္။ ထို႔ ေၾကာင့္ ဘိုင္ဒန္အစိုးရႏွင့္ ေနတိုးအေထြေထြအတြင္း ေရးမႉး Jens Stoltenberg တို႔က ျပစ္တင္ရႈတ္ခ်ခဲ့ သည္။
ယခုလအေစာပိုင္းတြင္မူ ထရမ့္ျပန္လည္အေ႐ြးခံရပါက ေနတိုးကို ယူကရိန္းႏွင့္ ေဂ်ာ္ဂ်ီယာသို႔ တပ္ ဖြဲ႕မ်ား တိုးခ်ဲ႕ျခင္းမျပဳရန္ ႐ုရွားႏွင့္သေဘာတူညီခ်က္တစ္ရပ္ ညႇိႏႈိင္းသြားမည့္အေရး ထည့္သြင္းစဥ္း စားေနသည္ဟု Politico က ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.