အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ အဆုံးသတ်အောင်လုပ်ဆောင်မယ်လို့ အမေရိကန်သမ္မတပြော

 555

ဂျန်ဇက် (NP News) - ဇူလိုင် ၁၅

အမေရိကန်နိုင်ငံရေးလောကမှာ နိုင်ငံရေးသမားတွေကို သတ်ဖြတ်လုပ်ကြံခြင်းမျိုး ဘယ်တော့မှအဖြစ်ခံမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ဇူလိုင် ၁၄ ရက်ကကျင်းပခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း သေနတ်သမားတစ်ဦးရဲ့သတ်ဖြတ်လုပ်ကြံခြင်းကိုခံရပြီးနောက် ဒဏ်ရာရရှိခဲ့ရာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်လျှို့ဝှက်လုံခြုံရေးအဖွဲ့တွေဟာ ဒေါ်နယ်ထရမ့်ကိုလုပ်ကြံခဲ့တဲ့ အသက် ၂ဝ အရွယ်ရှိ သေနတ်သမားကို ပစ်ခတ်သုတ်သင်နိုင်ခဲ့ပေမယ့် အဲဒီလုပ်ကြံမှုက ကမ္ဘာ့နိုင်ငံရေးလောကကို လှုပ်ခတ်မှုများစွာဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အဆိုပါလုပ်ကြံမှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲတပ်ဖွဲ့၊ အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတလောင်း မဲဆွယ်စည်းရုံးပွဲတွေကို ဇူလိုင် ၁၆ ရက်မှာ တစ်ကျော့ပြန်လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်က "အမေရိကန်နိုင်ငံအတွင်းမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လုပ်ဆောင်ရမယ်။ ဒီလိုမျိုး နိုင်ငံရေးအကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် အမေရိကန်နိုင်ငံသားအားလုံး ပူးပေါင်း ပါဝင်ရမယ်" လို့ ပြောပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ အသက် ၂ဝ အရွယ်ရှိ သေနတ်သမားရဲ့ပစ်ခတ်ခံရမှုကြောင့် ကံကောင်းစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး နားရွက်ကိုသာ သေနတ်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးအၾကမ္းဖက္မႈေတြ အဆုံးသတ္ေအာင္လုပ္ေဆာင္မယ္လို႔ အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅

အေမရိကန္ႏိုင္ငံေရးေလာကမွာ ႏိုင္ငံေရးသမားေတြကို သတ္ျဖတ္လုပ္ႀကံျခင္းမ်ိဳး ဘယ္ေတာ့မွအျဖစ္ခံမွာ မဟုတ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ ဇူလိုင္ ၁၄ ရက္ကက်င္းပခဲ့တဲ့ မဲဆြယ္စည္း႐ုံးပြဲတစ္ခုအတြင္း ေသနတ္သမားတစ္ဦးရဲ႕သတ္ျဖတ္လုပ္ႀကံျခင္းကိုခံရၿပီးေနာက္ ဒဏ္ရာရရွိခဲ့ရာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

အေမရိကန္လွ်ိဳ႕ဝွက္လုံၿခဳံေရးအဖြဲ႕ေတြဟာ ေဒၚနယ္ထရမ့္ကိုလုပ္ႀကံခဲ့တဲ့ အသက္ ၂ဝ အ႐ြယ္ရွိ ေသနတ္သမားကို ပစ္ခတ္သုတ္သင္ႏိုင္ခဲ့ေပမယ့္ အဲဒီလုပ္ႀကံမႈက ကမာၻ႔ႏိုင္ငံေရးေလာကကို လႈပ္ခတ္မႈမ်ားစြာျဖစ္လာေစခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အဆိုပါလုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲတပ္ဖြဲ႕၊ အေမရိကန္ ျပည္ထဲေရးဝန္ႀကီးဌာနတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ သမၼတေလာင္း မဲဆြယ္စည္း႐ုံးပြဲေတြကို ဇူလိုင္ ၁၆ ရက္မွာ တစ္ေက်ာ့ျပန္လုပ္ေဆာင္သြားမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဂ်ိဳးဘိုင္ဒန္က "အေမရိကန္ႏိုင္ငံအတြင္းမွာ ႏိုင္ငံေရးအၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ လုပ္ေဆာင္ရမယ္။ ဒီလိုမ်ိဳး ႏိုင္ငံေရးအၾကမ္းဖက္မႈေတြ ထပ္မံမျဖစ္ပြားေအာင္ အေမရိကန္ႏိုင္ငံသားအားလုံး ပူးေပါင္း ပါဝင္ရမယ္" လို႔ ေျပာပါ တယ္။ ေဒၚနယ္ထရမ့္ဟာ အသက္ ၂ဝ အ႐ြယ္ရွိ ေသနတ္သမားရဲ႕ပစ္ခတ္ခံရမႈေၾကာင့္ ကံေကာင္းစြာနဲ႔ အသက္ေဘးက လြတ္ေျမာက္ခဲ့ၿပီး နား႐ြက္ကိုသာ ေသနတ္ထိမွန္ဒဏ္ရာ ရခဲ့ပါတယ္။

Related news

© 2021. All rights reserved.