ရုရှားသမ္မတပူတင်ကိုလုပ်ကြံဖို့ ကြိုးပမ်းမယ့်အစီအစဉ်တွေကို သတိထားစောင့်ကြည့်နေဟု ရုရှားထောက်လှမ်းရေးအဖွဲ့ပြော

 834

ဂျန်ဇက် (NP News) - ဇူလိုင် ၁၅

ရုရှားအစိုးရအနေနဲ့ သမ္မတပူတင်ကိုလုပ်ကြံမှု အပါအဝင် ယူကရိန်းအစိုးရဘက်ကနေ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေအားလုံးကို ဂရုစိုက်စောင့်ကြည့်နေကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ့် က ပြောပါတယ်။

ရုရှားသမ္မတပူတင်ကို ယူကရိန်းထောက်လှမ်းရေးညွှန်ကြားရေးမှူးမှုရုံးက လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းကို ဒီမီထရီပက်ကောဗ့်က အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းက "ယူကရိန်း အစိုးရရဲ့ဖြစ်လာနိုင်တဲ့ခြိမ်းခြောက်မှုတိုင်းကို သတိထားနေပါတယ်။ သမ္မတရဲ့လုံခြုံရေးကိုလည်း အမြင့်ဆုံးထားရှိ နေပါတယ်" လို့ ပြောပါတယ်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဘူဒါနော့ဗ့်က ၎င်းတို့ဟာ ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်တွေရှိနေကြောင်း မကြာသေးမီက ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရဘက်က တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဘူဒါနော့ဗ်ဟာ ရုရှားထောက်လှမ်းရေးအဖွဲ့ ကေဂျီဘီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဘူဒါနောဗ့်က ရုရှားသမ္မတပူတင်ကို လုပ်ကြံဖို့ အကြိမ်များစွာကြိုးပမ်းခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်ဖော်ပြခြင်းမျိုး မရှိခဲ့ပါဘူး။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားထောက်လှမ်းရေးအဖွဲ့နဲ့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့တွေဟာ ပြိုင်ဘက်နိုင်ငံရဲ့နိုင်ငံခေါင်းဆောင်တွေအပြင် အဓိကအရေးပါသူတွေကို ပစ်မှတ် ထားလုပ်ကြံဖို့ ကြံစည်ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲက "ရုရှားသမ္မတပူတင်ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်သေးဘူး" လို့ ပြောပါတယ်။

Zawgyi Version;
႐ုရွားသမၼတပူတင္ကိုလုပ္ႀကံဖို႔ ႀကိဳးပမ္းမယ့္အစီအစဥ္ေတြကို သတိထားေစာင့္ၾကည့္ေနဟု ႐ုရွားေထာက္လွမ္းေရး အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅

႐ုရွားအစိုးရအေနနဲ႔ သမၼတပူတင္ကိုလုပ္ႀကံမႈ အပါအဝင္ ယူကရိန္းအစိုးရဘက္ကေန အႏၲရာယ္ေပးႏိုင္တဲ့ အေျခအေနအားလုံးကို ဂ႐ုစိုက္ေစာင့္ၾကည့္ေနေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာ့ဗ့္ က ေျပာပါတယ္။

႐ုရွားသမၼတပူတင္ကို ယူကရိန္းေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးမႈ႐ုံးက လုပ္ႀကံသတ္ျဖတ္ဖို႔ႀကိဳးပမ္းမႈေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းျခင္းကို ဒီမီထရီပက္ေကာဗ့္က အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ ၎က "ယူကရိန္း အစိုးရရဲ႕ျဖစ္လာႏိုင္တဲ့ၿခိမ္းေျခာက္မႈတိုင္းကို သတိထားေနပါတယ္။ သမၼတရဲ႕လုံၿခဳံေရးကိုလည္း အျမင့္ဆုံးထားရွိ ေနပါတယ္" လို႔ ေျပာပါတယ္။

ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ ဘူဒါေနာ့ဗ့္က ၎တို႔ဟာ ႐ုရွားသမၼတပူတင္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ အစီအစဥ္ေတြရွိေနေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရဘက္က တုံ႔ျပန္လာခဲ့တာ ျဖစ္ပါတယ္။ ဘူဒါေနာ့ဗ္ဟာ ႐ုရွားေထာက္လွမ္းေရးအဖြဲ႕ ေကဂ်ီဘီမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ဘူဒါေနာဗ့္က ႐ုရွားသမၼတပူတင္ကို လုပ္ႀကံဖို႔ အႀကိမ္မ်ားစြာႀကိဳးပမ္းခဲ့တယ္လို႔ ေျပာဆိုခဲ့ေပမယ့္ အေသးစိတ္ေဖာ္ျပျခင္းမ်ိဳး မရွိခဲ့ပါဘူး။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲေတြ စတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားေထာက္လွမ္းေရးအဖြဲ႕နဲ႔ ယူကရိန္း ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ ၿပိဳင္ဘက္ႏိုင္ငံရဲ႕ႏိုင္ငံေခါင္းေဆာင္ေတြအျပင္ အဓိကအေရးပါသူေတြကို ပစ္မွတ္ ထားလုပ္ႀကံဖို႔ ႀကံစည္ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။

ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲက "႐ုရွားသမၼတပူတင္ကို လုပ္ႀကံဖို႔ ႀကိဳးပမ္းခဲ့တယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိ မေအာင္ျမင္ေသးဘူး" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.