နီပေါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကားနှစ်စီး မြစ်ထဲထိုးကျတဲ့အဖြစ်ပျက်အတွင်း လူပေါင်း ၅၅ ဦး သေဆုံးဖွယ်ရှိနေ
1191
ဂျန်ဇက် (NP News) - ဇူလိုင် ၁၅
နီပေါနိုင်ငံမှာရေကြီးမြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် မြစ်ထဲထိုးကျခဲ့တဲ့ ဘတ်(စ်)ကားနှစ်စီးပေါ်မှာ လိုက်ပါသွားသူတွေအနက်မှ လူပေါင်း ၅၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ရာ အသက်ရှင်လွတ်မြောက်ဖွယ်မရှိကြောင်း နီပေါအာဏာပိုင်တွေက ပြောပါတယ်။
နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရေကြီးမြေပြိုမှုတွေဖြစ်လာခဲ့ရာ မြစ်ဘေးနားမှာ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ ဘတ်(စ်)ကားနှစ်စီးဟာ မြစ်ထဲ ထိုးကျသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါခရီးသည်တင်ဘတ်(စ်)ကားနှစ်စီးအပေါ်မှာ ခရီးသည် ၆၅ ဦး လိုက်ပါသွားခဲ့ပြီး လက်ရှိအချိန်အထိ လူပေါင်း ၅၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။
နီပေါနိုင်ငံ ချစ်ဝမ်ဒေသရဲတပ်ဖွဲ့အကြီးအကဲက " ပျောက်ဆုံးနေသူတွေကို အသက်ရှင်ရက်ပြန်တွေ့နိုင်မယ် မထင်တော့ဘူး။ လက်ရှိအချိန်မှာ အဲဒီပျောက်ဆုံးသူတွေအားလုံးရဲ့ရုပ်အလောင်းကိုသာ ပြန်တွေ့ဖို့ အာရုံစိုက်ရတော့မှာဖြစ်တယ်" လို့ပြောပါတယ်။
နီပေါကယ်ဆယ်ရေးသမားတွေဟာ ဘက်ကားနှစ်စီးပေါ်မှာ လိုက်ပါသွားသူတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ အရှိန်မြင့်ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အနည်းဆုံး ရုပ်အလောင်း ၇ လောင်းသာ ပြန်လည်တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကို မကြာခဏတွေ့ကြုံရပြီး မုတ်သုံရာသီရောက်ရှိချိန်မှာ ရေကြီး၊မြေပြိုမှုတွေ မကြာခဏဖြစ်ပွားခဲ့ရာ ဇွန်လနောက်ပိုင်းကတည်းက လူပေါင်း ၁ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Zawgyi Version;
နီေပါႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ကားႏွစ္စီး ျမစ္ထဲထိုးက်တဲ့အျဖစ္ပ်က္အတြင္း လူေပါင္း ၅၅ ဦး ေသဆုံးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅
နီေပါႏိုင္ငံမွာေရႀကီးေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ျမစ္ထဲထိုးက်ခဲ့တဲ့ ဘတ္(စ္)ကားႏွစ္စီးေပၚမွာ လိုက္ပါသြားသူေတြအနက္မွ လူေပါင္း ၅၅ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ရာ အသက္ရွင္လြတ္ေျမာက္ဖြယ္မရွိေၾကာင္း နီေပါအာဏာပိုင္ေတြက ေျပာပါတယ္။
နီေပါႏိုင္ငံမွာ ၿပီးခဲ့တဲ့သီတင္းပတ္က ေရႀကီးေျမၿပိဳမႈေတြျဖစ္လာခဲ့ရာ ျမစ္ေဘးနားမွာ ျဖတ္သန္းေမာင္းႏွင္ခဲ့တဲ့ ဘတ္(စ္)ကားႏွစ္စီးဟာ ျမစ္ထဲ ထိုးက်သြားခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါခရီးသည္တင္ဘတ္(စ္)ကားႏွစ္စီးအေပၚမွာ ခရီးသည္ ၆၅ ဦး လိုက္ပါသြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ လူေပါင္း ၅၅ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
နီေပါႏိုင္ငံ ခ်စ္ဝမ္ေဒသရဲတပ္ဖြဲ႕အႀကီးအကဲက " ေပ်ာက္ဆုံးေနသူေတြကို အသက္ရွင္ရက္ျပန္ေတြ႕ႏိုင္မယ္ မထင္ေတာ့ဘူး။ လက္ရွိအခ်ိန္မွာ အဲဒီေပ်ာက္ဆုံးသူေတြအားလုံးရဲ႕႐ုပ္အေလာင္းကိုသာ ျပန္ေတြ႕ဖို႔ အာ႐ုံစိုက္ရေတာ့မွာျဖစ္တယ္" လို႔ေျပာပါတယ္။
နီေပါကယ္ဆယ္ေရးသမားေတြဟာ ဘက္ကားႏွစ္စီးေပၚမွာ လိုက္ပါသြားသူေတြကို ျပန္လည္ရွာေဖြႏိုင္ဖို႔ အရွိန္ျမင့္ႀကိဳးပမ္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အနည္းဆုံး ႐ုပ္အေလာင္း ၇ ေလာင္းသာ ျပန္လည္ေတြ႕ရွိထားတယ္လို႔ ဆိုပါတယ္။ နီေပါႏိုင္ငံဟာ သဘာဝေဘးအႏၲရာယ္ကို မၾကာခဏေတြ႕ႀကဳံရၿပီး မုတ္သုံရာသီေရာက္ရွိခ်ိန္မွာ ေရႀကီး၊ေျမၿပိဳမႈေတြ မၾကာခဏျဖစ္ပြားခဲ့ရာ ဇြန္လေနာက္ပိုင္းကတည္းက လူေပါင္း ၁ဝဝ ေက်ာ္ ေသဆုံးထားေၾကာင္း သိရပါတယ္။