ပြင်သစ်နိုင်ငံမှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ ခက်ခဲရုန်းကန်ရဖွယ်ရှိနေ
486
ဂျန်ဇက် (NP News) - ဇူလိုင် ၁၅
ပြင်သစ်နိုင်ငံရှိ လက်ဝဲစွန်းရောက်ပါတီတွေဟာ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ဆိုရှယ်လစ်ပါတီခေါင်းဆောင်တစ်ဦးက လက်ဝဲစွန်းပါတီတွေရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စာချုပ်ချုပ်ဆိုနိုင်ရေးဟာ လတ်တလောမှာ မဖြစ်နိုင်သေးကြောင်း ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်မှာ လက်ယာစွန်းပါတီတွေ မဲအများဆုံးရရှိခဲ့ပေမယ့် လွှတ်တော်ရွေးကောက်ပွဲ ဒုတိယအကျော့မှာတော့ လက်ဝဲစွန်းပါတီတွေ ပြန်လည် အနိုင်ရခဲ့ကာ လွှတ်တော်အတွင်း မဲအများဆုံးရရှိတဲ့ပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဝဲစွန်းပါတီတွေဟာ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့နဲ့ ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မျိုးမရတဲ့အတွက် အခြားပါတီတွေနဲ့ ညွန့်ပေါင်း ဖွဲ့စည်းရမှာဖြစ်စပါတယ်။
လက်ယာပါတီတစ်ခုဖြစ်တဲ့ Socialist Party (PS) ပါတီခေါင်းဆောင်က "ဇူလိုင် ၁၈ ရက်မတိုင်အထိ လက်ဝဲပါတီ တွေကြား ညွန်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးစာချုပ်ချုပ်ဆိုနိုင်မှာ မဟုတ်သေးဘူး" လို့ ပြောပါတယ်။ ပြင်သစ် နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို ဇူလိုင် ၁၈ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပြင်သစ်လွှတ်တော်အတွင်း မဲအများဆုံးရရှိထားတဲ့ ပါတီတွေထဲမှာ အလယ်လတ်လမ်းစဉ်ပါတီ၊ လက်ဝဲပါတီ၊ လက်ယာပါတီတွေ ဦးဆောင်နေရာ အဲဒီပါတီတွေကြား ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲရှိလာနိုင်ကြောင်း သိရပါတယ်။
Zawgyi Version;
ျပင္သစ္ႏိုင္ငံမွာ ၫြန္႔ေပါင္းအစိုးရဖြဲ႕စည္းႏိုင္ဖို႔ ခက္ခဲ႐ုန္းကန္ရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၅
ျပင္သစ္ႏိုင္ငံရွိ လက္ဝဲစြန္းေရာက္ပါတီေတြဟာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ေပမယ့္ ၫြန္႔ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ဖို႔ ႐ုန္းကန္ေနရေၾကာင္း သိရပါတယ္။ ဆိုရွယ္လစ္ပါတီေခါင္းေဆာင္တစ္ဦးက လက္ဝဲစြန္းပါတီေတြရဲ႕ ၫြန္႔ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးဟာ လတ္တေလာမွာ မျဖစ္ႏိုင္ေသးေၾကာင္း ေျပာပါတယ္။
ျပင္သစ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း က်င္းပခဲ့တဲ့လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ပထမအဆင့္မွာ လက္ယာစြန္းပါတီေတြ မဲအမ်ားဆုံးရရွိခဲ့ေပမယ့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့မွာေတာ့ လက္ဝဲစြန္းပါတီေတြ ျပန္လည္ အႏိုင္ရခဲ့ကာ လႊတ္ေတာ္အတြင္း မဲအမ်ားဆုံးရရွိတဲ့ပါတီအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ဝဲစြန္းပါတီေတြဟာ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ဖို႔နဲ႔ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ႏိုင္ဖို႔ လုံေလာက္တဲ့ မဲအေရအတြက္ မ်ိဳးမရတဲ့အတြက္ အျခားပါတီေတြနဲ႔ ၫြန္႔ေပါင္း ဖြဲ႕စည္းရမွာျဖစ္စပါတယ္။
လက္ယာပါတီတစ္ခုျဖစ္တဲ့ Socialist Party (PS) ပါတီေခါင္းေဆာင္က "ဇူလိုင္ ၁၈ ရက္မတိုင္အထိ လက္ဝဲပါတီ ေတြၾကား ၫြန္ေပါင္းအစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ေရးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မွာ မဟုတ္ေသးဘူး" လို႔ ေျပာပါတယ္။ ျပင္သစ္ ႏိုင္ငံမွာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္က်င္းပမယ့္ လႊတ္ေတာ္အစည္းအေဝးကို ဇူလိုင္ ၁၈ ရက္မွာျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ ျပင္သစ္လႊတ္ေတာ္အတြင္း မဲအမ်ားဆုံးရရွိထားတဲ့ ပါတီေတြထဲမွာ အလယ္လတ္လမ္းစဥ္ပါတီ၊ လက္ဝဲပါတီ၊ လက္ယာပါတီေတြ ဦးေဆာင္ေနရာ အဲဒီပါတီေတြၾကား ပူးေပါင္းေဆာင္႐ြက္ဖို႔ အခက္အခဲရွိလာႏိုင္ေၾကာင္း သိရပါတယ္။